Truyen3h.Co

Char Tate

Part 7

KimFany059

#unicode

"Hello ငယ်.."

"Yuu Chan ဘာအချိုးတွေ ချိုးနေတာလည်း "

"ကိုယ် ရှင်းပြ..."

"ဘာမှ မရှင်းပြနဲ့ ငယ့်ကွယ်ရာမှာ Yuu Chan ဖြစ်ချင်သလို ဖြစ်နေတာ ဖောက်ပြန်နေတာ မသိဘူး ထင်နေတာလား"

"ငယ်....ကိုယ် ပြောတာ နားထောင်ပါအုံး "

"ဘာ ဆင်ခြေဆင်လက်ပေးတာကိုမှ ငယ် နားမထောင်နိုင်ဘူး Yuu Chan "

"ငယ်က ခု ကိုယ်နဲ့ လမ်းခွဲချင်လို့ ဇွတ် ကလန်လဆန်လုပ်နေတာလား...."

"ဘယ်လို Yuu Chan ငယ်ကို စိတ်မရှည်တော့ဘူးဘဲ.....တကယ်က Yuu Chanကိုယ်တိုင်က ငယ်နဲ့ လမ်းခွဲချင်နေလို့ ခုလို စိတ်မရှည်နေတာ ကောင်းပြီ Yuu Chanနဲ့ လမ်းခွဲပေးမယ်...ဒါဘဲ ထပ်မဆက်သွယ်ပါနဲ့တော့ "

Karina ပြောပြီး ဖုန်းချပစ်ကာ ထိုင်ငိုလိုက်သည်

Yuu Chan ဖုန်းထပ်ဆက်မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကိုကြည့်နေပေမယ့် Yuu Chan ဘက်က ဆက်သွယ်လာခြင်း မရှိပေ

"အင်း....လုပ်ရက်တယ်နော် Yuu Chan. ....သုံးနှစ်သံယောဇဥ်က ဘာမှမဟုတ်သလိုဘဲ "

Karina မျက်ရည်တွေကို သုတ်ပြီး ရေရွတ်လိုက်သည်

ထို့နောက် မျက်နှာသစ်ပြီး ထွက်လာတော့ Winterကို အခန်းထဲတွင် မတွေ့ရတော့ပေ

"အယ် ချာတိတ် ဘယ်ရောက်သွားတာလည်း "

Winterကို မတွေ့ရသောကြောင့် Karina အခန်းအပြင်ကို ထွက်လာပြီး ဧည့်ခန်းထဲ ရုပ်ရှင်ကြည့်နေတဲ့ သူမ အမေကို မေးလိုက်သည်

"Omma Winterကို တွေ့မိသေးလား "

"ခုနလေးတင်ဘဲ နေမကောင်းလို့ဆိုပြီး အိမ်ပြန်သွားတယ် သမီးက မသိဘူးလား "

Jessicaက မေးတော့ Karina ခေါင်းကုတ်ပြီး ဖြေလိုက်သည်

"အာ သမီးက tolietထဲ ရောက်နေလို့ "

"ကြည့်ရတာ သူ တော်တော်နေမကောင်းဘူးထင်တယ် သမီးကိုတောင် ဘာမှမပြောဘဲ ထွက်သွားတယ်ဆိုတော့...."

Jessicaရဲ့ စကားကြောင့် Karina စိတ်မကောင်းဖြစ်သွားတယ်

"Minjeong သမီး ပြန်လာတာ စောလှချည်လား "

ဧည့်ခန်းထဲ ဂိမ်းဆော့နေတဲ့ Taeyeonမှာ အိမ်ထဲဝင်လာတဲ့ Winterကို

"ဟုတ် Daddy ဒီနေ့ သင်ခန်းစာနည်းလို့ "

Winter လိမ်ပြောလိုက်ပေမယ့် Taeyeon ကတော့ သူ့သမီး မျက်နှာပျက်နေတာကို သတိထားမိသည်

"Karinaလေးနဲ့ ရန်ဖြစ်လာတာလား သမီး "

"မဟုတ်ပါဘူး သူကဖြင့် သူ့ချစ်သူနဲ့ သာယာပြီး chawကိုတောင် ဂရုမစိုက်ဘူး "

Winterရဲ့ စကားကြောင့် Winter ဘာဖြစ်နေတယ်ဆိုတာ Taeyeon ရိပ်မိသွားသည်

"Aww ချစ်သူရှိတာများ Minjeongရယ် လက်ထပ်ထားတာမှ မဟုတ်တာ ဘာ ဂရုစိုက်စရာလိုလို့လည်း...Daddyတောင် Karinaရဲ့ Appaဆီကနေ သမီးရဲ့ Mommy Fanyကို ရအောင်လုလာတာလေ....ငါ့သမီးလည်း Appa သွေးပါတယ်ဆို Karinaကို ရအောင်လု "

"ဟုတ်..ဟင် Daddyကလည်း Chaw. .."

Winter ခေါင်းညိတ်ပြီးမှ ပြန်သတိရပြီး ငြင်းမယ်လုပ်တော့ Taeyeonက လက်ကာရင်း ရယ်လိုက်သည်

"ငြင်းမယ်မကြံပါနဲ့ Minjeongရယ် သမီး Karinaကို ကြိုက်နေမှန်း Daddy သိပါတယ် "

"အာ...."

"ဒါကြောင့်မို့ တစ်ခုခုဆို Daddyပြော Daddy အကြံပေးမယ်.. Mommyတော့ သွားမပြောနဲ့ ပညာရှာရမယ့်အချိန် ဘလဘလနဲ့ တော်ကီပွားနေမယ် "

"ဟုတ် Daddy. ....ဒါနဲ့ မေးစရာရှိလို့ "

"မေးလေ.. "

"Aunty Jessicaက Daddyရဲ့ Exဆို...Mommyကို Karina ရဲ့ Appaဆီက လုလာမယ်ဆိုတော့ Chaw နားမလည်လို့ "

"Aww ဒီလိုလေ သမီးရ....Jessicaက အစောပိုင်းထဲက Yulကို ကြိုက်နေတာ ဒါပေမယ့် Yulက သမီးရဲ့ Mommyနဲ့ တွဲတော့ Jessicaက ရွဲ့ပြီး Daddy နဲ့ လာတွဲတာပေါ့ကွယ်....နောက်တော့ နှစ်ယောက်လုံး သည်းမခံနိုင်တာနဲ့ စနှိုက်ကြော်ရင်း ခုလို ညားကုန်ကြတာဘဲ '

"Daddyတို့ ဇာတ်လမ်းကလည်း K Dramaကျလို့ "

"ဟားဟား တကယ်ချစ်ရင် သူများလက်ထဲပျော်ပါစေ ဘာညာနဲ့ နောက်မဆုတ်ရဘူး ကိုယ့်အပိုင်ဖြစ်ဖို့ လုကိုလုယူရမှာ မှတ်ထားနော် Minjeong "

"ဟုတ် Daddy. ..ဒါဆို Chaw သွားနားတော့မယ်နော် Good Night Daddy "

"Good Nightပါ..."

နောက်တစ်နေ့ မနက် Winter ကောလိပ်ကိုသွားဖို့ Taeyeonနဲ့ အတူ အိမ်ပြင်ကို ထွက်လာစဥ် Taeyeonရဲ့ ကားဘီးတစ်ဘီးက ပေါက်နေတာကို တွေ့လိုက်ရသည်

"ဟာ ကားဘီးပေါက်နေတာဘဲ ဒုက္ခပါဘဲ ဘယ်လိုလုပ်ရပါ့... "

"ကားဘီးပေါက်နေလို့လား Aunty. .."

Karinaမှာ ကောလိပ်သွားဖို့ အိမ်ထဲက ထွက်လာစဥ် Winterတို့ နှစ်ယောက် ကုန်းကုန်းကွကွနဲ့ ဖြစ်နေတာကို သတိထားမိလို့ မေးလိုက်သည်

"ဟုတ်တယ် သမီး...သမီးလည်း ကောလိပ်ကို သွားမှာ မဟုတ်လား Winterလေးကို ခေါ်သွားပေးပါလား "

Taeyeonရဲ့ စကားကြောင့် Winterမှာ မျက်လုံးပြူးသွားသည်

"ရပါတယ် Aunty Taeyeon chawနဲ့သူက ကောလိပ်အတူတူဘဲကို လာ ချာတိတ် သွားရအောင်..."

"Daddy သွားပြီနော် '

Karinaက ကားပေါ်တက်သွားတော့ Taeyeonမှာ သူ့သမီးကို လက်မထောင်ပြပြီး ကားပေါ်တက်သွားတဲ့အချိန်ထိ ပြုံးကြည့်နေသည်

ကားပေါ်တွင် အရင်က စကားတရစပ်ပြောတတ်တဲ့ Winter တစ်ယောက် ငြိမ်နေသောကြောင့် Karina ကားမောင်းရင်း Winterရဲ့ နဖူးကို လက်နဲ့စမ်းလိုက်သည်

Karinaရဲ့ အပြုအမူကြောင့် Winter လန့်ပြီး ရင်ခုန်သွားသည်

"အဖျားတော့ မရှိတော့ပါဘူး မနေ့က နေမကောင်းလို့ဆို ချာတိတ် "

Karinaက မေးတော့ Winterမှာ စိတ်လှုပ်ရှားလို့ စကားတွေ ထစ်နေသည်

"ဟုတ် ဟုတ်တယ် မမ "

"တို့တောင် မသိလိုက်ရလို့ စိတ်မကောင်းဖြစ်သွားသေးတယ်...."

Karinaက ပြောတော့ Winterမှာ အားနာသွားပြီး Karina ဘက်လှည့်လာသည်

"စိတ်မကောင်းမဖြစ်ပါနဲ့ မမရ... Chaw သက်သာသွားပါပြီ....အယ် ဒါနဲ့ ဒီနေ့ မမ မိတ်ကပ်တွေ နည်းနည်းပိုလိမ်းထားသလားလို့ ချစ်သူနဲ့ ဒိတ်မလို့လား "

Winterကမေးတော့ Karinaမှာ ကားမောင်းရင်း ခေါင်းခါပြသည်

"အာ မဟုတ်ပါဘူး  မနေ့ကဘဲ တို့ချစ်သူနဲ့ လမ်းခွဲလိုက်တာ....အဲ့တာ ငိုထားမှန်း Ommaတို့ မသိအောင် မိတ်ကပ်ပို လိမ်းလာတာ ချာတိတ်နော် Ommaတို့ကို သွားမပြောနဲ့ "

Karina ရဲ့ စကားကြောင့် Winterမှာ ပျော်သွားသလို Karina ငိုခဲ့ရတယ် ကြားတော့လည်း စိတ်မကောင်းဖြစ်သွားသည်

"မပြောပါဘူး ကတိပေးတယ် မမ စိတ်ချ Kim Winterက နှုတ်လုံပါတယ် "

"ဟုတ်ပါပြီ ဒါဆို နှုတ်ပိတ်ခ အနေနဲ့ မုန့်ဝယ်ကျွေးမယ်လေ "

"အာညီး....မုန့်နဲ့တော့ မရဘူးလေ "

Winter မျက်ခုံးပင့်ပြီး ပြောတော့ Karinaက ကားမောင်းရင်း ဇက်ကလေးပုသွားသည်

"ဒါဆို တို့က ဘာလုပ်ပေးရမလည်း ချာတိတ်...."

"စနေနေ့ကျ ကစားကွင်း လိုက်ပို့ပေး "

Winterရဲ့ စကားကြောင့် Karina သဘောကျပြီး ရယ်လေသည်

"အဟား ချာတိတ်က ကစားကွင်း သွားချင်တာလား ကလေးကျနေရော.....ဟုတ်ပါပြီ လိုက်ပို့ပေးပါမယ် "

Karina ရဲ့ စကားကြောင့် Winter ပျော်ပြီး လက်ခုပ်ထတီးလေသည်

"တကယ်နော် မမ "

"ဒါပေါ့ ချာတိတ်ရ"

"Yeah ကစားကွင်းမရောက်တာကြာပြီ "

Karina တစ်ယောက် တစ်ညလုံး Yuu Chan ကြောင့် စိတ်ညစ်ပြီး ငိုခဲ့ရပေမယ့် Winterရဲ့ ကလေးဆန်တဲ့ အပြုအမူလေးတွေကြောင့် ပြုံးရယ်နိုင်သွားခဲ့သည်

#Tbc

ဒီနေ့ အမြို့မြို့အနယ်နယ်က ကျဆုံးသွားတဲ့ အာဇာနည်များ အားလုံး rest in peace ပါ😭ကောင်းရာဘုံမှာ ငြိမ်းချမ်းစွာ အနားယူကြပါ🙏🙏

#zawgyi

"Hello ငယ္.."

"Yuu Chan ဘာအခ်ိဳးေတြ ခ်ိဳးေနတာလည္း "

"ကိုယ္ ရွင္းျပ..."

"ဘာမွ မရွင္းျပနဲ႕ ငယ့္ကြယ္ရာမွာ Yuu Chan ျဖစ္ခ်င္သလို ျဖစ္ေနတာ ေဖာက္ျပန္ေနတာ မသိဘူး ထင္ေနတာလား"

"ငယ္....ကိုယ္ ေျပာတာ နားေထာင္ပါအုံး "

"ဘာ ဆင္ေျခဆင္လက္ေပးတာကိုမွ ငယ္ နားမေထာင္နိုင္ဘူး Yuu Chan "

"ငယ္က ခု ကိုယ္နဲ႕ လမ္းခြဲခ်င္လို႔ ဇြတ္ ကလန္လဆန္လုပ္ေနတာလား...."

"ဘယ္လို Yuu Chan ငယ္ကို စိတ္မရွည္ေတာ့ဘူးဘဲ.....တကယ္က Yuu Chanကိုယ္တိုင္က ငယ္နဲ႕ လမ္းခြဲခ်င္ေနလို႔ ခုလို စိတ္မရွည္ေနတာ ေကာင္းၿပီ Yuu Chanနဲ႕ လမ္းခြဲေပးမယ္...ဒါဘဲ ထပ္မဆက္သြယ္ပါနဲ႕ေတာ့ "

Karina ေျပာၿပီး ဖုန္းခ်ပစ္ကာ ထိုင္ငိုလိုက္သည္

Yuu Chan ဖုန္းထပ္ဆက္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႕ ဖုန္းကိုၾကည့္ေနေပမယ့္ Yuu Chan ဘက္က ဆက္သြယ္လာျခင္း မရွိေပ

"အင္း....လုပ္ရက္တယ္ေနာ္ Yuu Chan. ....သုံးႏွစ္သံေယာဇဥ္က ဘာမွမဟုတ္သလိုဘဲ "

Karina မ်က္ရည္ေတြကို သုတ္ၿပီး ေရ႐ြတ္လိုက္သည္

ထို႔ေနာက္ မ်က္ႏွာသစ္ၿပီး ထြက္လာေတာ့ Winterကို အခန္းထဲတြင္ မေတြ႕ရေတာ့ေပ

"အယ္ ခ်ာတိတ္ ဘယ္ေရာက္သြားတာလည္း "

Winterကို မေတြ႕ရေသာေၾကာင့္ Karina အခန္းအျပင္ကို ထြက္လာၿပီး ဧည့္ခန္းထဲ ႐ုပ္ရွင္ၾကည့္ေနတဲ့ သူမ အေမကို ေမးလိုက္သည္

"Omma Winterကို ေတြ႕မိေသးလား "

"ခုနေလးတင္ဘဲ ေနမေကာင္းလို႔ဆိုၿပီး အိမ္ျပန္သြားတယ္ သမီးက မသိဘူးလား "

Jessicaက ေမးေတာ့ Karina ေခါင္းကုတ္ၿပီး ေျဖလိုက္သည္

"အာ သမီးက tolietထဲ ေရာက္ေနလို႔ "

"ၾကည့္ရတာ သူ ေတာ္ေတာ္ေနမေကာင္းဘူးထင္တယ္ သမီးကိုေတာင္ ဘာမွမေျပာဘဲ ထြက္သြားတယ္ဆိုေတာ့...."

Jessicaရဲ႕ စကားေၾကာင့္ Karina စိတ္မေကာင္းျဖစ္သြားတယ္

"Minjeong သမီး ျပန္လာတာ ေစာလွခ်ည္လား "

ဧည့္ခန္းထဲ ဂိမ္းေဆာ့ေနတဲ့ Taeyeonမွာ အိမ္ထဲဝင္လာတဲ့ Winterကို

"ဟုတ္ Daddy ဒီေန႕ သင္ခန္းစာနည္းလို႔ "

Winter လိမ္ေျပာလိုက္ေပမယ့္ Taeyeon ကေတာ့ သူ႕သမီး မ်က္ႏွာပ်က္ေနတာကို သတိထားမိသည္

"Karinaေလးနဲ႕ ရန္ျဖစ္လာတာလား သမီး "

"မဟုတ္ပါဘူး သူကျဖင့္ သူ႕ခ်စ္သူနဲ႕ သာယာၿပီး chawကိုေတာင္ ဂ႐ုမစိုက္ဘူး "

Winterရဲ႕ စကားေၾကာင့္ Winter ဘာျဖစ္ေနတယ္ဆိုတာ Taeyeon ရိပ္မိသြားသည္

"Aww ခ်စ္သူရွိတာမ်ား Minjeongရယ္ လက္ထပ္ထားတာမွ မဟုတ္တာ ဘာ ဂ႐ုစိုက္စရာလိုလို႔လည္း...Daddyေတာင္ Karinaရဲ႕ Appaဆီကေန သမီးရဲ႕ Mommy Fanyကို ရေအာင္လုလာတာေလ....ငါ့သမီးလည္း Appa ေသြးပါတယ္ဆို Karinaကို ရေအာင္လု "

"ဟုတ္..ဟင္ Daddyကလည္း Chaw. .."

Winter ေခါင္းညိတ္ၿပီးမွ ျပန္သတိရၿပီး ျငင္းမယ္လုပ္ေတာ့ Taeyeonက လက္ကာရင္း ရယ္လိုက္သည္

"ျငင္းမယ္မႀကံပါနဲ႕ Minjeongရယ္ သမီး Karinaကို ႀကိဳက္ေနမွန္း Daddy သိပါတယ္ "

"အာ...."

"ဒါေၾကာင့္မို႔ တစ္ခုခုဆို Daddyေျပာ Daddy အႀကံေပးမယ္.. Mommyေတာ့ သြားမေျပာနဲ႕ ပညာရွာရမယ့္အခ်ိန္ ဘလဘလနဲ႕ ေတာ္ကီပြားေနမယ္ "

"ဟုတ္ Daddy. ....ဒါနဲ႕ ေမးစရာရွိလို႔ "

"ေမးေလ.. "

"Aunty Jessicaက Daddyရဲ႕ Exဆို...Mommyကို Karina ရဲ႕ Appaဆီက လုလာမယ္ဆိုေတာ့ Chaw နားမလည္လို႔ "

"Aww ဒီလိုေလ သမီးရ....Jessicaက အေစာပိုင္းထဲက Yulကို ႀကိဳက္ေနတာ ဒါေပမယ့္ Yulက သမီးရဲ႕ Mommyနဲ႕ တြဲေတာ့ Jessicaက ႐ြဲ႕ၿပီး Daddy နဲ႕ လာတြဲတာေပါ့ကြယ္....ေနာက္ေတာ့ ႏွစ္ေယာက္လုံး သည္းမခံနိုင္တာနဲ႕ စႏွိုက္ေၾကာ္ရင္း ခုလို ညားကုန္ၾကတာဘဲ '

"Daddyတို႔ ဇာတ္လမ္းကလည္း K Dramaက်လိဳ႕ "

"ဟားဟား တကယ္ခ်စ္ရင္ သူမ်ားလက္ထဲေပ်ာ္ပါေစ ဘာညာနဲ႕ ေနာက္မဆုတ္ရဘူး ကိုယ့္အပိုင္ျဖစ္ဖို႔ လုကိုလုယူရမွာ မွတ္ထားေနာ္ Minjeong "

"ဟုတ္ Daddy. ..ဒါဆို Chaw သြားနားေတာ့မယ္ေနာ္ Good Night Daddy "

"Good Nightပါ..."

ေနာက္တစ္ေန႕ မနက္ Winter ေကာလိပ္ကိုသြားဖို႔ Taeyeonနဲ႕ အတူ အိမ္ျပင္ကို ထြက္လာစဥ္ Taeyeonရဲ႕ ကားဘီးတစ္ဘီးက ေပါက္ေနတာကို ေတြ႕လိုက္ရသည္

"ဟာ ကားဘီးေပါက္ေနတာဘဲ ဒုကၡပါဘဲ ဘယ္လိုလုပ္ရပါ့... "

"ကားဘီးေပါက္ေနလို႔လား Aunty. .."

Karinaမွာ ေကာလိပ္သြားဖို႔ အိမ္ထဲက ထြက္လာစဥ္ Winterတို႔ ႏွစ္ေယာက္ ကုန္းကုန္းကြကြနဲ႕ ျဖစ္ေနတာကို သတိထားမိလို႔ ေမးလိုက္သည္

"ဟုတ္တယ္ သမီး...သမီးလည္း ေကာလိပ္ကို သြားမွာ မဟုတ္လား Winterေလးကို ေခၚသြားေပးပါလား "

Taeyeonရဲ႕ စကားေၾကာင့္ Winterမွာ မ်က္လုံးျပဴးသြားသည္

"ရပါတယ္ Aunty Taeyeon chawနဲ႕သူက ေကာလိပ္အတူတူဘဲကို လာ ခ်ာတိတ္ သြားရေအာင္..."

"Daddy သြားၿပီေနာ္ '

Karinaက ကားေပၚတက္သြားေတာ့ Taeyeonမွာ သူ႕သမီးကို လက္မေထာင္ျပၿပီး ကားေပၚတက္သြားတဲ့အခ်ိန္ထိ ၿပဳံးၾကည့္ေနသည္

ကားေပၚတြင္ အရင္က စကားတရစပ္ေျပာတတ္တဲ့ Winter တစ္ေယာက္ ၿငိမ္ေနေသာေၾကာင့္ Karina ကားေမာင္းရင္း Winterရဲ႕ နဖူးကို လက္နဲ႕စမ္းလိုက္သည္

Karinaရဲ႕ အျပဳအမူေၾကာင့္ Winter လန့္ၿပီး ရင္ခုန္သြားသည္

"အဖ်ားေတာ့ မရွိေတာ့ပါဘူး မေန႕က ေနမေကာင္းလို႔ဆို ခ်ာတိတ္ "

Karinaက ေမးေတာ့ Winterမွာ စိတ္လႈပ္ရွားလို႔ စကားေတြ ထစ္ေနသည္

"ဟုတ္ ဟုတ္တယ္ မမ "

"တို႔ေတာင္ မသိလိုက္ရလို႔ စိတ္မေကာင္းျဖစ္သြားေသးတယ္...."

Karinaက ေျပာေတာ့ Winterမွာ အားနာသြားၿပီး Karina ဘက္လွည့္လာသည္

"စိတ္မေကာင္းမျဖစ္ပါနဲ႕ မမရ... Chaw သက္သာသြားပါၿပီ....အယ္ ဒါနဲ႕ ဒီေန႕ မမ မိတ္ကပ္ေတြ နည္းနည္းပိုလိမ္းထားသလားလို႔ ခ်စ္သူနဲ႕ ဒိတ္မလို႔လား "

Winterကေမးေတာ့ Karinaမွာ ကားေမာင္းရင္း ေခါင္းခါျပသည္

"အာ မဟုတ္ပါဘူး  မေန႕ကဘဲ တို႔ခ်စ္သူနဲ႕ လမ္းခြဲလိုက္တာ....အဲ့တာ ငိုထားမွန္း Ommaတို႔ မသိေအာင္ မိတ္ကပ္ပို လိမ္းလာတာ ခ်ာတိတ္ေနာ္ Ommaတို႔ကို သြားမေျပာနဲ႕ "

Karina ရဲ႕ စကားေၾကာင့္ Winterမွာ ေပ်ာ္သြားသလို Karina ငိုခဲ့ရတယ္ ၾကားေတာ့လည္း စိတ္မေကာင္းျဖစ္သြားသည္

"မေျပာပါဘူး ကတိေပးတယ္ မမ စိတ္ခ် Kim Winterက ႏႈတ္လုံပါတယ္ "

"ဟုတ္ပါၿပီ ဒါဆို ႏႈတ္ပိတ္ခ အေနနဲ႕ မုန့္ဝယ္ေကြၽးမယ္ေလ "

"အာညီး....မုန့္နဲ႕ေတာ့ မရဘူးေလ "

Winter မ်က္ခုံးပင့္ၿပီး ေျပာေတာ့ Karinaက ကားေမာင္းရင္း ဇက္ကေလးပုသြားသည္

"ဒါဆို တို႔က ဘာလုပ္ေပးရမလည္း ခ်ာတိတ္...."

"စေနေန႕က် ကစားကြင္း လိုက္ပို႔ေပး "

Winterရဲ႕ စကားေၾကာင့္ Karina သေဘာက်ၿပီး ရယ္ေလသည္

"အဟား ခ်ာတိတ္က ကစားကြင္း သြားခ်င္တာလား ကေလးက်ေနေရာ.....ဟုတ္ပါၿပီ လိုက္ပို႔ေပးပါမယ္ "

Karina ရဲ႕ စကားေၾကာင့္ Winter ေပ်ာ္ၿပီး လက္ခုပ္ထတီးေလသည္

"တကယ္ေနာ္ မမ "

"ဒါေပါ့ ခ်ာတိတ္ရ"

"Yeah ကစားကြင္းမေရာက္တာၾကာၿပီ "

Karina တစ္ေယာက္ တစ္ညလုံး Yuu Chan ေၾကာင့္ စိတ္ညစ္ၿပီး ငိုခဲ့ရေပမယ့္ Winterရဲ႕ ကေလးဆန္တဲ့ အျပဳအမူေလးေတြေၾကာင့္ ၿပဳံးရယ္နိုင္သြားခဲ့သည္

#Tbc

ဒီေန႕ အၿမိဳ႕ၿမိဳ႕အနယ္နယ္က က်ဆဳံးသြားတဲ့ အာဇာနည္မ်ား အားလုံး rest in peace ပါ😭ေကာင္းရာဘုံမွာ ၿငိမ္းခ်မ္းစြာ အနားယူၾကပါ🙏🙏

Bạn đang đọc truyện trên: Truyen3h.Co