Part 8
#unicode
Winterနဲ့ Karina နှစ်ယောက်တည်းဆိုရင် Karina အနေရခက်မှာဆိုးလို့ Winterမှာ Ningningတို့ကိုပါ ကစားကွင်းကို လိုက်ခဲ့ဖို့ ခေါ်လေသည်
အရမ်းတက်ကြွနေတဲ့ Winterကို Giselleကြည့်ပြီး Karinaကို သဘောကျနေတယ်ဆိုတာ ရိပ်မိနေတယ်လေ
ဒါကြောင့်လည်း ကစားကွင်းသွားဖို့ Giselle အိမ်ကို Karinaတို့ လာခေါ်တော့ Winterကို ကားရှေ့ခန်းမှာဘဲ Karina ဘေးနား ထိုင်စေပြီး သူမကတော့ Ningningနဲ့အတူ ကားနောက်ခန်းမှာဘဲ ထိုင်လိုက်သည်
"Love is so amazing. ..."
ကား ရေဒီယိုဖွင့်ဖွင့်ချင်း ကြားလိုက်ရတဲ့ တီးလုံးသံကြောင့် Karina မှာ သူမ သဘောကျသော idolရဲ့ သီချင်းဖြစ်နေသောကြောင့် လိုက်ဆိုလေသည်
"You're my Starlight....... "
Winterမှာ Karinaကို လက်ညိုးထိုးပြီး သီချင်းလိုက်ဆိုတော့ Karinaကလည်း ကားမောင်းရင်း ကိုယ်လုံးလေး လှုပ်ပြီး Winterနဲ့အတူ သီချင်းလိုက်ဆိုလေသည်
Ningningနဲ့ Giselleမှာ လက်ပိုက်ပြီး ရှေ့က နှစ်ယောက်ကို ကြည့်ရင်း ခေါင်းတခါခါနဲ့ ဖြစ်နေကြသည်
"Aigoo ငါတို့က သူတို့ဒိတ်ဖို့ လိုက်ပေးရတဲ့ ရုပ်ရှင်ထဲက အရံဇာတ်ကောင်တွေကျနေတာဘဲ "
Giselleရဲ့ စကားကြောင့် Ningningမှာ သဘောကျပြီ အာပြဲနဲ့ထရယ်လေသည်
Ningning ရဲ့ ရယ်သံကြောင့် အရှေ့မှာ သီချင်း ဆိုရင်း ကြည်နူးနေတဲ့ Winterတို့မှာ လန့်ပြီး နောက်ကို လှည့်ကြည့်ကြသည်
"ဘာမှမဟုတ်ဘူးရယ် အမ Giselleရဲ့ ဟာသကြောင့် ရယ်တာပါ နင်တို့ဘာသာဆက်ကြည့်နူးနေ"
Ningningက လက်ခါပြပြီး ပြောလိုက်သေကြောင့် Winterတို့မှာ ရှက်သွားလေသည်
ကစားကွင်းကိုရောက်တော့ သူမလက်ကို ဆွဲပြီး ကစားကွင်းထဲ ပြေးဝင်သွားတဲ့ Winter နောက်ကို Karina တစ်ယောက် ပါသွားပြန်သည်
Karinaမှာ ချစ်သူနဲ့ ပူပူနွေးနွေး လမ်းခွဲထားပေမယ့် Winter ကျေးဇူးကြောင့် စိတ်မညစ်နိုင်ဘဲ ပြုံးရွှင်နေရလို့ စိတ်ထဲကနေ Winterကို ကျေးဇူးတင်မိနေသည်
"ရိုလာကိုစတာစီးရအောင်ဟေး"
ရိုလာကိုစတာရှေ့မှာ ရပ်လိုက်ပြီး ပြောလိုက်တဲ့ Winterရဲ့ စကားကြောင့် Karina နှလုံးတစ်ခုလုံး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်
ဘာလို့လည်းဆိုတော့ ငယ်ငယ်ကတည်းက ရိုလာကိုစတာ စီးရတာကို Karina က ကြောက်ခဲ့တာလေ
"Karinaက..."
"ရပါတယ် ငါ စီးလိုက်မယ် "
အကြောင်းသိနေတဲ့ Giselleက ဝင်ပြောနေပေမယ့် Karinaက စီးမယ်လို့ ပြောသောကြောင့် Giselle အံ့သြသွားသည်
"ဒါဆို အားလုံးစီးမယ် မဟုတ်လား Chaw လက်မှတ်သွားဖြတ်လိုက်မယ် "
"ငါ.."
"Giselleလည်း စီးမယ်တဲ့ ချာတိတ် ဖြတ်လိုက်နော် "
Giselle ဘာမှဆက်မပြောနိုင်အောင် Karinaမှာ Giselleရဲ့ ခြေထောက်ကို တက်နင်းလိုက်သည်
"ဟုတ် မမ "
Winter နဲ့ Ningning လက်မှတ်သွားဖြတ်တဲ့အချိန် Giselleမှာ Karinaရဲ့ လက်မောင်းကို ရိုက်ပြီး ရန်လုပ်လိုက်သည်
"Yah နင့်ဘာသာနင် အဲ့ကလေးအကြိုက် လိုက်စီးရင် စီးပေါ့ ဘယ်နဲ့ကြောင့် ငါ့ပါ စီးခိုင်းရတာလည်း ကြောက်ပါတယ်ဆိုမှ "
"ငါလည်း ကြောက်တာဘဲ ငြင်းရမှာ အားနာလို့ "
"Yuu Chanနဲ့တောင် ရိုလာကိုစတာ မစီးတဲ့ နင်က ဒီကလေးနဲ့ကျမှ ဘယ်လိုတွေဖြစ် "
Giselleကပြောတော့ Karina မှာ ဘာဖြေရမှန်းမသိ ဖြစ်သွားသည်
"လက်မှတ် ဖြတ်ပြီးပြီ လာ မမ"
Winterနဲ့ Karinaမှာ ရှေ့မှာထိုင်ပြီး Ningningနဲ့ Giselleကတော့ အနောက်မှာ ထိုင်ကြသည်
ရိုလာကိုစတာပေါ် ရောက်ကတည်းက Giselleမှာ မျက်လုံးမှိတ်ထားပြီး လက်ကိုင်ကိုသာ သေချာကိုင်ထားသည်
Karinaမှာလည်း ခါးပတ်ပတ်ထားပြီး မျက်လုံး ဇွတ်မှိတ်ထားချိန် Winterက သူမလက်ကို လာကိုင်သောကြောင့် Karina မျက်လုံးဖွင့်ပြီး Winter ကို ကြည့်လိုက်သည်
"မကြောက်ပါနဲ့ Chaw ရှိနေတာဘဲ Chaw လက်ကိုသာ သေချာကိုင်ထားနော် "
Karinaမှာ ခေါင်းညိတ်ပြပြီး Winterနဲ့ အကြည့်ချင်းဆုံနေချိန် ရိုလာကိုစတာမှာ ဝုန်းခနဲ ထွက်ချသောကြောင့် Karina တစ်ယောက် အော်လေသည်
"အား!!! '
Karinaမှာ ကြောက်လွန်းလို့ Winter ရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အော်လေသည်
Winterမှာ Karina ရဲ့ လက်ကို ကိုင်ထားပြီး ပြုံးစိစိနဲ့ ဖြစ်နေသည်
"ဝေါ့.... "
ရိုလာကိုစတာပေါ်က ဆင်းဆင်းချင်း အန်ချတဲ့ Karinaကို Winter တော်တော်လေး စိတ်ပူသွားသည်
"အယ် မ ဖြစ်ရဲ့လား ရလား နေအုံး Chaw အအေးသွားဝယ်ပေးမယ် ခဏစောင့်နော် "
"Kim Winter ကျွန်မလည်း မူးနေလို့ ကျွန်မအတွက်ပါ ဝယ်ခဲ့ပေးပါအုံး "
Ningningကို မှီရင်း Giselleတစ်ယောက် ပြောသောကြောင့် Winterမှာ ခေါင်းညိတ်ပြီး
"Ok Ningningရေ အမတို့ကို တွဲပြီး ဟိုခုံတန်းမှာ ထိုင်ခိုင်းလိုက်အုံး ငါ သူတို့အတွက် သံပုရာရည် သွားဝယ်လိုက်အုံးမယ် "
Winter ပြောပြီး သံပုရာသီးဝယ်ဖို့ ထွက်သွားသည်
"Karina ကောင်းမှုကြောင့် ငါ့မှာ နတ်ပြည်တက်ရပြီလို့ ထင်နေတာ "
Giselleမှာ သူမ အိတ်ထဲက ရှူဆေးဗူးကို ထုတ်ရှူရင်း Karinaကို ရန်လုပ်နေသည်
Karinaမှာ စပ်ဖြီးဖြီးနဲ့ Giselle လက်ထဲက ရှူဆေးဗူးကို လှမ်းယူတော့ Giselleမှာ Karinaရဲ့ လက်ကို ရိုက်ချသည်
"လာမရှူနဲ့ သွား နင့်ချာတိတ်ကိုဘဲ ရှူနေ "
"ဟယ် နင်ကလည်း "
Ningning မှာ Karinaတို့ကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရသည်
ခဏကြာတော့ အအေးဗူးတွေနဲ့ Winter တစ်ယောက် ပြန်ရောက်လာသည်
သံပုရာရည်သောက်နေတဲ့ Karina ကို Winter တစ်ယောက် တစိမ့်စိမ့်ကြည့်ရင်း Karina နဖူးမှာ ချွေးတွေ ထွက်နေတာကို သတိထားမိပြီး တစ်ရှူးနဲ့ သုတ်ပေးလေသည်
"Aigoo ငါ့မမ တော်တော်ကြောက်ခဲ့ပုံရတယ် ချွေးတွေချည်းဘဲ....တောင်းပန်ပါတယ်နော် ရိုလာကိုစတာ စီးရတာ ကြောက်တတ်မှန်း မသိဘဲ စီးခိုင်းခဲ့မိလို့ "
"အာ ရပါတယ် ချာတိတ်ရ တို့လည်း ကြောက်ပေမယ့် စီးကြည့်ချင်နေတာပါ တောင်းပန်စရာမလိုပါဘူး "
"သေနတ်ပစ်မလား မမအတွက် Chaw အရုပ်ရအောင် ယူပေးမယ် "
"ကောင်းပြီလေ သွားပစ်ကြမယ် လာ "
လေသနတ်ပစ်ဖို့ ထထွက်သွားတဲ့ Winrinaတို့ နှစ်ယောက်ကို ကြည့်ပြီး Ningningမှာ Giselle ရဲ့ စကားကို ထောက်ခံလိုက်သည်
"အမ ပြောသလိုဘဲ Chawတို့က ဇာတ်ရံတွေကျလို့ ဂါး "
"လာ ငါတို့နှစ်ယောက် သူတို့နောက်မလိုက်ဘဲ တခြားနေရာတွေ သွားဆော့ကြမယ် "
Ningningရဲ့ လက်ကိုဆွဲပြီး Giselleမှာ တခြားဘက်ကို ခေါ်သွားသည်
Winrinaတို့ကတော့ အရုပ်ရဖို့အရေး အာရုံစိုက်နေရလို့ Giselleတို့ကိုတောင် သတိမရတော့ပေ
နောက်ဆုံး တစ်ချက်ထိမှန်ပြီးနောက် Karina လိုချင်တဲ့ အရုပ်ရသွားလို့ Karinaမှာ ပျော်ပြီး Winter ကို ဖက်လေသည်
"Gomawo. .."
Winterမှာ Karinaဆီက ဖက်ခံရသောကြောင့် ရင်တွေအရမ်းခုန်လာသည်
"ရ ရပါတယ်..ဟို မမ chawတို့ ဓာတ်ပုံအတူတူရိုက်ရအောင် "
Winterမှာ photohouseလေးကို လက်ညိုးထိုးပြတော့ Karinaလည်း ဓာတ်ပုံအတူရိုက်ဖို့ သဘောတူလိုက်သည်
ဓာတ်ပုံရိုက်ဖို့ အထဲကိုရောက်တော့ ပိုစ့်ပေးဖို့ ကြိုးစားနေတဲ့ ဟမ်းစတားလေးနဲ့တူတဲ့ Winterကို ကြည့်ပြီး Karina တစ်ယောက် အူယားလာတာနဲ့ ရွတ်ခနဲ Winterရဲ့ ပါးလေးကို နမ်းလိုက်သည်
ချလပ်!
ရုတ်တရက်အနမ်းခံရလို့ Winter တစ်ယောက် ရှက်ပြီး မျက်နှာနီရဲသွားတော့ Karinaက ရယ်လေသု်
ချလပ်!
Winter တစ်ယောက် Karinaကို ပြန်နမ်းမယ်လုပ်တဲ့ချိန် Karinaက လျှာထုတ်ပြောင်ပြပြီး ရှောင်လေသည်
ချလပ်!
ဖလင်သုံးခု ကုန်သွားတော့ Winterတို့ ထွက်လာကြသည်
ဓာတ်ပုံသုံးပုံကို Winter ကောက်ယူလိုက်ပြီး သူမကို Karinaက နမ်းတဲ့ပုံလေးကို ယူလိုက်သည်
"Chawက ဒီတစ်ပုံယူမယ် မမက ဒီနှစ်ပုံယူနော် "
Karinaမှာ အထဲတုံးက အူယားလို့ နမ်းခဲ့ပြီးမှ အခု ပြန်တွေးပြီး ရှက်လို့ Winterကို မကြည့်ရဲဘဲ ဖြစ်နေသည်
"ဟိုနှစ်ယောက် ဘယ်ရောက်သွားလည်းမသိဘူး ခုမှ သတိရတယ် "
Winterရဲ့ စကားကြောင့် Karinaမှာ Giselleတို့ကို သတိရသွားသည်
"အယ် ဟုတ်သား သွားရှာရအောင် လာ ချာတိတ် "
Winrinaတို့လည်း Giselleတို့ကို လိုက်ရှာကြလေသည်
#tbc
#zawgyi
"Love is so amazing. ..."
"You're my Starlight....... "
"Karinaက..."
"ရပါတယ် ငါ စီးလိုက်မယ် "
"ငါ.."
"ဟုတ် မမ "
"အား!!! '
"ဝေါ့.... "
"ဟယ် နင်ကလည်း "
"Gomawo. .."
ချလပ်!
ချလပ်!
ချလပ်!
#tbc
Bạn đang đọc truyện trên: Truyen3h.Co