Truyen3h.Co

Choice

Choice Part-10

KimFany059

Flashback

"Woo Woo အရမ်းကို ကြည်​နူးစရာ​ကောင်းတဲ့ မြင်​ကွင်း​လေးဘဲ......"

Kev လက်​ခုပ်​တီးပြီး ​ပြောကာ သူ့သူငယ်​ချင်းအုပ်​စုနဲ့အတူ Taeyeonတို့ဆီ ​လျှောက်​လာ၏

Taeyeon လည်း ​Fanyကို သူ့​နောက်​ကို ပို့ပြီး
"Kev မင်း ဘာလိုချင်​တာလည်း....ဒီမှာ ရှိမ​နေသင့်​ဘူးထင်​တယ်​ မင်း သူ့အနားကပ်​ခွင့်​မရှိဘူး... "

"Kim Taeyeon.....ဒါ ​ကျောင်းမှာ မဟုတ်​ဘူး​လေ....hk hk"

"Kev....."

"ငါ့နှာ​ခေါင်းရိုး မင်း​ကြောင့်​ ကျိုးခဲ့တာ မှတ်​မိလား.....မင်းကို ငါ့လိုဖြစ်​​အောင်​ လုပ်​မယ်​...."

Kev သူ့နှာ​ခေါင်းကို တို့ပြပြီး ​​ပြောလိုက်​သည်

"Baby...ကိုယ်​တို့ မပြီးပြတ်​​သေးတဲ့ ကိစ္စ​တွေ ရှိ​သေးတယ်​​နော်​ "
Fanyကို ကြည့်​ကာ ​ရိသဲ့သဲ့အသံနဲ့ ​ပြောလိုက်​သည်

"ထွက်​သွား မဟုတ်​ရင်​ ငါ ရဲကို ဖုန်းဆက်​လိုက်​မှာ​နော်​ ...."

"Haha ​ကျောင်းက​တောင်​ ထုတ်​ခံထားရတာ ငါ ဘာကိုမှ ဂရုမစိုက်​ဘူး ​ထောင်​ထဲ​ရောက်​ရင်​ ​ရောက်​ပါ​စေ လက်​စား​ချေစရာရှိတာ​တော့ ​ချေမယ်​..........ပြီး​တော့ Tiffany မင်း.....ဟိုတ​နေ့က ကိစ္စပြန်​ဆက်​ကြတာ​ပေါ့."

Fany ​ကြောက်​ပြီး အသား​တွေတုန်​​နေ​ပေမယ့်​ Taeyeonမှာ သူ့ချစ်​သူရဲ့ လက်​ကို ဆုပ်​ကိုင်​ထားသည်

"Kev....မင်း ပါးစပ်​ပိတ်​ထားစမ်း Fany အသားကို အိမ်​မက်​ထဲ​တောင်​ ထိဖို့မကြိုးစားနဲ့......"

"Oh ....Romeoလို ဖြစ်​​အောင် လုပ်​​နေတာလား ​​Kim Taeyeon......"

"Fany...ငါ ​ပြေးလို့ ​ပြောတာနဲ့ ​ပြေး​နော်​......"
Fany နားသို့ Taeyeon ကပ်​​ပြောလိုက်​သည်

"နင်​က​ရော...."
Fany သူ့ချစ်​သူကို စိတ်​ပူပြီး ​မေးလိုက်​သည်

"စိတ်​မပူပါနဲ့  ငါ အချိန်​နည်းနည်းဆွဲထားပြီးတာနဲ့ ​ပြေးမှာပါ...."

"No No နင့်​ကိုငါ ထားမသွားနိုင်​ဘူး....."

"ငါ သူတို့ကို ထိန်းထားနိုင်​ပါတယ်​ နင်​​ပြေးပါဆို....."

"ငါ နင့်​ကို မထားခဲ့နိုင်​ဘူးဆို......."

"Drama​တွေချိုးတာ ပြီးကြပြီလား ခင်​ဗျာ့......"
Kev ​ပြောင်​​ချော်​​ချော်​နဲ့  ​မေးလိုက်​သည်

"Kev....မင်း နှာ​ခေါင်းရိုးအပြင်​ ကျန်​တာ ငါချိုး​ပေးရအုံးမလား...."
Taeyeon ​အော်​လိုက်​သည်

"Fany မင်း ဒီမှာရှိရင်​ ငါ့အတွက်​ အဆင်​​မ​ပြေဘူး...."
Taeyeon ​ပြောလိုက်​သည်

"ငါ့အရိုး​တွေ မချိုးခင်​ မင်းနှာ​ခေါင်းရိုး.......ငါချိုးပြမယ်​...."
Taeyeon ကို ​ဘေစ့်​​ဘောတုတ်​တံနဲ့ Kev ရိုက်​ချလိုက်​သည်

"Fany ​ပြေး..... "

Taeyeon သူ့ကို ရိုက်​တဲ့ တုတ်​တံ​တွေကို လက်​နဲ့ကာကာ ​အော်​လိုက်​သည်

Fanyလည်း တစ်​စုံတစ်​​ယောက်​ကို ​အကူအညီ​တောင်းဖို့ ​ပြေးသွား​လေသည်

Fany​နောက်ကို ​ပြေးလိုက်ဖို့ ကြိုးစားတဲ့ ​​Kevရဲ့ ​ခြေ​ထောက်​ကို Taeyeon လှမ်းဆွဲလိုက်​ပြီး လဲကျသွား​လေသညိ

Fany ​ပြေးရင်း အ​နောက်​လှည့်​ကြည့်​​တော့ ​သွေးအိုင်​​တွေထဲ လဲကျပြီး ၀ိုင်းရိုက်​ခံ​နေရတဲ့ Taeyeonကို ​တွေ့လိုက်​ရသည်​....

"No...Fany ပြန်​လှည့်​မလာနဲ့......."

Fany မှာ Taeyeon ရဲ့ စကားကို နားမ​ထောင်​ဘဲ အ​နောက်​ပြန်​လှည့်​လာကာ အနားရှိ ခဲလုံး​တွေနဲ့ ပစ်​​ပေါက်​​လေသည်

"Tiffany.....ဟိုတ​နေ့ညက ကိစ္စ​လေး လတ်​စသတ်​ရ​အောင်​ပါဆို..."

Taeyeonကို ​ဆောင့်​ကန်​ပြီး Kev ​ပြောလိုက်​သည်

"Hey....."

ထိုစဉ်​ ရုံးဝတ်​စုံနဲ့ ၀န်​ထမ်းတစ်​​ယောက်​ ဖြတ်​သွားရင်း Taeyeonတို့ကို မြင်​ပြီး ​အော်​လိုက်​သည်

"Hello ရဲစခန်းကပါလား...."

Kevတို့မှာ ရဲ​တွေ​ရောက်​လာမှာဆိုးပြီး အမြန်​ထွက်​​ပြေးသွားကြ၏

Fanyမှာ Taeyeonကို အမြန်​​ပွေ့ထူပြီး
"Tae...."

"Fany မင်း အဆင်​​ပြေလား ဘာမှမခိုက်​မိဘူးမလား....."

"အရူး ငါ ဘာမှမဖြစ်​ဘူး ဖြစ်​တာ နင်​ဟဲ့...."
Fany ငိုပြီး ​ပြော​လေသည်

"ငါ့ကို စိတ်​မပူပါနဲ့ .. ..ငါ ဘာမှမဖြစ်​ပါဘူး.. ..."

🚑🚑🚑🚑🚑🚑🚑🚑🚑🚑🚑🚑🚑🚑🚑
Taeyeon တစ်​​ယောက်​ အခု ​ဆေးရုံကို ​ရောက်​​နေသည်

Fany အ​ဖေမှာလည်း စိတ်​​တွေတိုပြီး သူ့သမီးကို သူ့အကို Leoနဲ့အတူ နိုင်​ငံခြားမှာ ပညာသင်​လွှတ်​ဖို့ စီစဉ်​​နေတယ်​....

Fanyမှာလည်း သူ့ချစ်​သူကို မထားခဲ့နိုင်​လို့ ငြင်းဆန်​​နေသည်​....

Mr.Hwang မှာ သူ့သမီးကို ကာကွယ်​​ပေးရင်​ လက်​​မောင်းရိုးကျိုးပြီး ​ခေါင်းကွဲသွားတဲ့ Taeyeonကို ​လူနာလာ​မေး​လေသည်

Mr.Hwang အခန်းတံခါးကို ​ခေါက်​လိုက်​သည်

"Nae...."

Mr.Hwang အခန်းတံခါးကို ဖွင့်​လိုက်​​တော့ ကုတင်​​ပေါ်မှာ လှဲ​နေတဲ့ Taeyeonနဲ့ သူတို့ကို ​ကျော​ပေးကာ Taeyeonကို အသီး​ကျွေး​နေတဲ့ အမျိုးသမီးကို ​တွေ့လိုက်​ရသည်

"Ah....."

"Taeyeon မင်း သက်​သာရဲ့လား....."

Mr.Hwangမှာ ပြုံးပြီး ​မေးလိုက်​​သော်​လည်း သူ့ကိုလှည့်​ကြည့်​တဲ့ မိန်းမရဲ့ မျက်​နှာလည်းမြင်​​ရော ချက်​ချင်း ရုပ်​တည်​သွားသည်

"Tiffanyကို ကာကွယ်​​ပေးလို့ ​ကျေးဇူးပါ ပြန်​ကြစို့ သမီး...."

"Appa..."

"Tiffany Hwang ငါ စကားကို နှစ်​ခါမ​ပြောချင်​ဘူး​နော်​....."

Mr.Hwangမှာ သူ့သမီးကို ​ဆောင့်​ဆွဲပြီး အခန်း​ထဲက ထွက်​သွား​လေသည်

"Appa...."

"Taeyeonကို ထပ်​​တွေ့စရာမလို​တော့ဘူး.....ပြီး​တော့ LAမသွားချင်​ဘူးဆိုရင်​ မနက်​ဖြန်​ တခြား​ကျောင်းကို ​ပြောင်းရမယ်​..."

"What! Appa အဲ့လို လုပ်​လို့မရဘူး​လေ.... "

Fany ရုန်း​ပေမယ့်​ မရ​ဘဲ ကားထဲသို့ ဆွဲသွင်းခြင်းခံလိုက်​ရသည်

Taeyeonမှာလည်း ကုတင်​​ပေါ်က​နေ အူ​ကြောင်​​ကြောင်​ဖြင့်​ ကျန်​ခဲ့​လေသည်

Bạn đang đọc truyện trên: Truyen3h.Co