Choice Part-11
Fany မှာ Kim Taeyeonနဲ့ ပတ်သက်ပြီး သိချင်စိတ် အရမ်းပြင်းပြနေ၏....ဒါပေမယ့် Taeyeon အကြောင်း ဘယ်သူမှ မသိပေ....
Yoonaရဲ့ မန်နေဂျာအသစ်က Kim Taeyeonလို့ Bora ပြောဖူးသည်
Taeyeonဆိုတဲ့ ကောင်လေးက ကျောင်းတုံးက Taeyeon မဟုတ်ရင်တောင် Fany သူ့ကို တွေ့ချင်နေမိသည်
အဲ့ကောင်လေးဟာ Taeyeon ဟုတ်မဟုတ်ဆိုတာ Fany အတည်ပြုချင်သည်....သို့သော် schedule တွေနဲ့ ပြည့်နေသောကြောင့် အခွင့်အရေး မရခဲ့ပေ....
အားလပ်ရက်တစ်ရက် ရတော့ Yoona ရဲ့ Drama ရိုက်ကွင်းဆီသို့ Fany ရောက်လာခဲ့တယ်
"Yoona.....Yoon...."
Fanyမှာ Yoona မိတ်ကပ်ပြင်တဲ့ အခန်းထဲ ၀င်လာရင်း ရင်တွေခုန်နေ၏
"Unnie...."
Yoona မှာ သူ့လက်ကို ဝှေ့ ယမ်းပြလိုက်သည်....stylist တစ်ယောက်ကတော့ Yoonaရဲ့ ဆံပင်ကို ပြင်ဆင်ပေးနေ၏
အခန်းထဲမှာ ရှိတဲ့ လူအားလုံးကို နှုတ်ဆက်ပြီးနောက် Yoona ဆီ Fany လာလေသည်...သို့သော် အခန်းထဲတွင် Kim Taeyeonကို မတွေ့ရသောကြောင့် ထူးဆန်းနေ၏....
"Yoong..Drama....အခြေအနေ ဘယ်လိုလည်း......."
"Good.....ဒါနဲ့ ဖုန်းထဲမှာ chawရဲ့ မန်နေဂျာ အသစ်ကို တွေ့ချင်တယ်လို့ ပြောတယ်နော် ဘာလို့လည်း...."
Fanyမှာ ချောင်းဟန့်လိုက်ပြီး
"ငါ သူ့ကို မေးစရာရှိလို့ပါ humm....သူ ဘယ်မှာလဲ.. ..."
"ကားထဲက အ၀တ်အစားတွေ သွားယူနေတာ ပြန်လာမှာ ခဏစောင့် ဒီမှာ ထိုင်လေ Unnie...."
Yoona သူ့ဘေးနားက ခုံအလွတ်ကို လက်ညှိုးထိုးပြသည်
Fanyလည်း သူ့ညီမဘေးနား ၀င်ထိုင်လိုက်သည်
"Unnie...ဟိုတခါ ဆေးရုံတက်တုံးက chaw မလာနိုင်လို့ တောင်းပန်ပါတယ်....ရိုက်ကွင်းတွေ ဆက်နေလို့......"
"ရပါတယ် ငါ နားလည်ပါတယ်....ငါတို့နှစ်ယောက်လုံးက အတူတူပဲ တခါတခါ ငါဘာလို့ မင်းသမီးလုပ်မိတာလည်းလို့ တွေးမိသေးတယ်...."
"Unnieက အဆိုတော်လည်း လုပ်တယ်ဆိုတော့ chaw ထက် ပိုပင်ပန်းမှာပေါ့ နားချိန်တောင် ရှိပါ့မလား.. .."
"စာချုပ်တစ်ခါ ချုပ်မိတာနဲ့ ငါတို့ ထွက်ပြေးလို့ မရဘူးလေ....."
Fanyရယ်ပြီး ပြောလိုက်သည်
"ဒါကတော့ ....ဒါပေမယ့် အခုအလုပ်ကို သဘောကျတယ် အကယ်၍ chaw မင်းသမီးသာ မဖြစ်ခဲ့ဘူးဆို အခုဘာဖြစ်နေမယ်မသိ.... Unnieရော ဘယ်လိုလည်း...."
Fany ပခုံးတွန့်ပြပြီး ရယ်လိုက်သည်
"Unnie နဲ့ chawက အတူတူပါဘဲ ဒါနဲ့ Bora Unnieရော....."
"SMမှာ ကျန်ခဲ့တာ ငါက ငါ့ညီမလေး နင့်ကို လာတွေ့တာ......."
Yoona ရုတ်တရက် မျက်မှောင်ကြုတ်ပြီး
"Unnie....Chawရဲ့ Taeyeon Oppaကို လာခိုးတာတော့ မဟုတ်ပါဘူးနော် ...."
"Oh...no no Bora ငါ့အတွက် အကောင်းဆုံး မန်နေဂျာပါ .."
"Aww...."
"ဒါနဲ့ Kim Taeyeonက ဘယ်လိုလည်း...."
"ဟင် Unnie ဘာမေးချင်တာလည်း......"
"ငါ မေးချင်တာက သူ့အကြောင်းဟာ သူ့မိဘ သူ့ကျောင်း သူ့.... "
"Unnie ... Oppaကို မခိုးဘူးဆိုတာ သေချာတယ်နော်....ကြည့်ရတာ သူ့အကြောင်း တော်တော်စိတ်ဝင်စားနေတာဘဲ...."
"What! ငါက သူ့ကို ယုံရလား သိချင်လို့ပါ ငါ့ညီမလေး ဘ၀အတွက်...."
"Unnie...သူက မန်နေဂျာပါ chawနဲ့ လက်ထပ်မယ့်သူလည်း မဟုတ် ပြောရင်း Oppaလာနေပြီ ဟိုမှာ§....."
Yoona မေးငေါ့ပြရာကြည့်တော့ အင်္ကျီတွေကိုင်ပြီး ၀င်လာတဲ့ Taeyeon ကို တွေ့လိုက်ရသည်
"Taeyeon ah...."
Fany ထရပ်ပြီး ရေရွတ်လိုက်သည်
အသက်တွေဘယ်လောက်ကြီးလာ ကြီးလာ Kim Taeyeonကိုတော့ Fany သေချာမှတ်မိနေတယ်...တကယ် သူသိခဲ့တဲ့ Taeyeon အစစ်ပါ....
မန်နေဂျာ Taeyeonမှာ Fany ကို ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်
"ဒီမှာ မင်းရဲ့အ၀တ်အစားတွေ......."
Yoonaကို အ၀တ်အစားတွေ ပေးလိုက်သည်
"Gomawo Oppa....aww ဒါနဲ့ Fany Unnieက Oppaနဲ့ စကားပြောချင်လို့တဲ့... "
"ကျွန်တော် ကူညီပေးရမယ့်ကိစ္စရှိလို့လား Tiffany shii "
Taeyeon သူ့ကို စိုက်ကြည့်နေတဲ့ Fanyကို မေးလိုက်သည်
Fany မှာ Taeyeonရဲ့ မျက်နှာကို သေချာကြည့်နေရာမှ ရပ်လိုက်ပြီး
"Umm မေးစရာရှိလို့ သီးသန့်စကားပြောလို့ရလား......"
Taeyeonမှာ Yoonaကို လှမ်းကြည့်တော့ Yoona ခေါင်းညိတ်ပြလေသည်
အခန်းထဲက ထွက်လာပြီးနောက် လူမရှိတဲ့ ခြံထဲတွင်
"Taeyeon.. ..နင် မဟုတ်လား...ငါ့ Taeyeon...."
Fanyကို Taeyeon ကြည့်ပြီး
"Tiffany shii ဘာတွေပြောနေတယ်ဆိုတာ ကျွန်တော် နားမလည်ဘူး...."
"Kim Taeyeon အစစ်ပါ....နင် မဟုတ်လား....i
Taeyeonရဲ့ မျက်နှာကို Fany ကိုင်ပြီး မေးလိုက်သည်
"ဘာလုပ်တာလည်း ...."
Taeyeon Fanyရဲ့ လက်ကို ဖယ်ချလိုက်သည်
Fany မှာ မျက်ရည်တွေကျလာပြီး
"ဘာလို့လည်း ဘာလို့ ဆယ်နှစ်ကျော်ထိ အသေတစ်ယောက်လို ဟန်ဆောင်နေခဲ့တာလည်း....."
"Tiffany Shii....."
"Kim Taeyeon....ဘာလို့ ငါ့ကို မမှတ်မိရတာလည်း.....Tae Tae yah...."
"တကယ် ဘာဖြစ်နေမှန်း မသိတော့ဘူး tiffany shii "
"လိမ်ညာနေတာ ရပ်တော့ Kim Taeyeon....ကမ္ဘာပေါ်မှာ နာမည်တူ ရုပ်တူ အသံတူ ပုံစံတူ လူနှစ်ယောက် အတူမရှိနိုင်ဘူး....လိမ်နေတာ တော်တော့ဟာ နင့်ရှေ့မှာ ငါ့ကိုမှတ်မိဖို့ တောင်းပန်ရတာ ဘယ်လောက် နာကျင်ရလည်း သိလား...."
Fanyမှာ မိတ်ကပ်တွေပျက်လည်း ဂရုမစိုက် Taeyeonရဲ့ လက်မောင်းကို လှုပ်ရမ်းပြီး
"Tae...ဘာလို့ ငါ့ကို အခုလိုလုပ်ရတာလည်းဟာ....ဘာလို့လည်း...."
Taeyeon ဘာမှမပြောပေ...
"ငါ့ကို မမှတ်မိဘူးလား ငါက နင့်ရဲ့ Fanyလေ....ငါတို့ အတူတူ မွေးခဲ့တဲ့ zero လေးရော မမှတ်မိဘူးလား.....Kim Taeyeon...."
"Sorry Tiffany မင်း ငါ့ကို တစ်ယောက်ယောက်နဲ့မှားနေပြီ...."
Taeyeon ပြောပြီး ငိုနေတဲ့ကောင်မလေးကို ထားကာ ထွက်သွားလေသည်
Bạn đang đọc truyện trên: Truyen3h.Co