Truyen3h.Co

Choice

Choice Pat-9

KimFany059

Flashback

Kev မှာ Fanyကို အခန်းပိတ်​ကာ အနိုင်​ကျင့်​ဖို့ ကြိုးစားလို့ ​ကျောင်းထုတ်​ခံရ​လေသည်

Fanyအ​ဖေမှာ ​ဒေါသထွက်​ပြီး ရဲစခန်းမှာ အမှုဖွင့်​ဖို့ စဉ်းစား​သော်​လည်း​ ​ကျောင်းအုပ်​ကြီးမှာ ​ကျောင်းကိုထိခိုက်​မှာဆိုးတာ​ရော Kevအ​ဖေမှာလည်း ဒူး​ထောက်ကာ ​တောင်းပန်​​သော​ကြောင့်​ စိ​တ်​​လျော့လိုက်​​လေသည်

"ခင်​ဗျားရဲ့ သားကို ကျုပ်​သမီးအနားမှာ ထပ်​ပြီး မမြင်​ချင်​ဘူး.. ...."

"​တောင်းပန်​ပါတယ်​ဗျာ...ထပ်​ပြီး မ​တွေ့​စေရဘူးလို့ ကတိ​ပေးတယ်​ "

"ထွက်​သွား​တော့ဗျာ ခင်​ဗျားတို့ကို မမြင်​ချင်​ဘူး.. .."

Kevတို့မှာ ​ကျောင်းအုပ်​ကြီး ရုံးခန်းက​နေ ထွက်​သွားကြ​လေသည်

"Fanyကို ကယ်​ခဲ့တဲ့ ​ကောင်​​လေးက ဘယ်​မှာလဲ.. ...သူ့ကို ညစာစားဖို့ ဖိတ်​လိုက်​ပါ...."

Mr.Hwangမှာ ​ကျောင်းအုပ်​ကြီးကို ​ပြောလိုက်​သည်

Mr.Hwang ​ရုံးခန်းက​နေ ထွက်​လာ​တော့

"Appa...Taeyeonဆိုတာ အဲ့​ကောင်​​လေး​လေ...."

Fanyမှာ သူ့အ​ဖေကို လှမ်းပြလိုက်​သည်
Taeyeonရဲ့ ခပ်တည်တည်​​​ပုံစံ​ကြောင့်​ Mr.Hwangမှာ သ​ဘောကျ​နေ​လေသည်

"အဲ့က​လေးက လိမ်​လိမ်​မာမာ​လေး​နော်​ ... "

"ဟုတ်​တယ်​​......"

Mr.Hwangမှာ ရှက်​​နေတဲ့ သူ့သမီးအသံကို သတိထားမိပြီး စလိုက်​သည်

"ပြီး​တော့ ​ချောလည်း​ချောတယ်​......"

"ဟုတ်​တယ်​​ ...."
Fanyမှာ သူ အငိုက်​မိသွားတာကို သတိထားမိသွားပြီး
'Ah....​ပြောချင်​တာက သူက ရုပ်​မဆိုးပါဘူးလို့....."

Mr.Hwangမှာ သူ့သမီးကို ကြည့်​ကာ ရယ်​လိုက်​ပြီး

"သူ့ကြည့်​ရတာ သမီးကို သ​ဘောကျ​နေတဲ့ပုံဘဲ....."

Fanyမှာ မကြားသလိုဟန်​​ဆောင်​ပြီး ဖုန်းကိုပွတ်​​နေ၏

"သူသာ သမီးကို မကြိုက်​ဘူးဆို ဘာလို့သမီးကို ဂရုစိုက်​ပြီး ကယ်​​နေမှာလည်း မဟုတ်​ဘူးလား....."

Mr.Hwangရဲ့ စကား​ကြောင့်​ Fany မျက်​နှာနီရဲသွားသည်​.....

Mr.Hwangမှာ​တော့ ရှက်​​နေတဲ့ သူ့သမီးကိုကြည့်​ကာ ပြုံး​နေ၏

Mr.Hwang သူ့သမီးကို နှုတ်​ဆက်​ပြီး ​ကျောင်းက​နေပြန်​သွား​လေသည်

ကျောင်းဆင်း​သောအခါ

"Taeyeon ah...."

Fany ​ခေါ်သံ​ကြောင့်​ Taeyeon ​ခြေလှမ်း​တွေရပ်​သွားတယ်

"Wae....."

"Appaက နင့်​ကို ညစာအတူစားဖို့ ဖိတ်​ခိုင်းလို့§...."
Fanyမှာ ​ပျော်​​နေတဲ့ သူ့အမူအရာကို မ​ပေါ်လွင်​​အောင်​ ထိန်းကာ​ပြော​နေ၏

"Omm သိတယ်​.. ..."

"ဟင်​ နင်​ဘယ်​လိုသိလည်း.... "
Fanyမှာ အံ့သြပြီး​မေးလိုက်​သည်

"ဟိုတ​နေ့က မင်းအ​ဖေ ​ကျောင်းကိုလာတယ်​​လေ.....ငါနဲ့​တွေ့ပြီး ညစာစားဖို့​တောင်​ ဖိတ်​​သေးတယ်​.....မင်းအ​ဖေက ငါ့ကို သ​ဘောကျတဲ့ပုံဘဲ......"

"ဟွန့်​ ငါ့အ​ဖေက နင့်​ကို ​ကျေး​ဇူးတင်​ချင်​ရုံပါ​နော်​ ကျန်​တာဘာမှမရှိဘူး.....ကိုယ့်​ကိုကိုယ်​ယုံကြည်​မှု ရှိမ​နေနဲ့.....ပြီး​တော့ နင့်​​နေရာမှာ တခြားသူဆိုလည်း ငါ့​အ​ဖေက ဒီတိုင်းဘဲ ဖိတ်​မှာသိလား...."

"Aww ငါသိပြီ......ဒါဆိုရင်​ ငါမလာ​တော့ဘူး....မင်းအ​ဖေက ငါ့ကိုမှတ်​မိမှာလည်း မဟုတ်​ဘူး"

"Yah....."
Taeyeonရဲ့ ရင်​ဘတ်​ကို ရိုက်​ကာ Fany ​အော်​လိုက်​​လေသည်

"ငါ့အ​ဖေက ​စေတနာနဲ့​ခေါ်တာကို မလာရင်​ စိတ်​ညစ်​သွားလိမ့်​မယ်​....."

"Well စိတ်​ညစ်​မှာက မင်းလား မင်းအ​ဖေလား....."

"Ah...."

"Umm မင်းမဟုတ်​လား.....ဟားဟား ငါမလာဘူးဆို မင်းစိတ်​ညစ်​မှာမလား..... "

Fany မျက်​​မှောင်​ကြုတ်​ပြီး
"Fine....နင်​မလာချင်​ဘူးဆိုလည်း မလာနဲ့ သွား....."

Fany ​ဆောင့်​​အောင့်​ပြီး ထွက်​သွား​တော့ Taeyeon အ​နောက်​က​နေ ​ပြေးလိုက်​သွားသည်

"Fany ah...စိတ်​ဆိုးသွားတာလား....."

Fanyရဲ့ လက်​ကို ဆွဲပြီး ​မေးလိုက်​သည်

"Ah စိတ်​မဆိုးပါနဲ့ မင်းစိတ်​ဆိုးရင်​ ရုပ်​ဆိုးတယ်​ဟ....."

"Yah....."

Fanyမှာ Taeyeon ကို ပြန်​​ပြောဖို့ ကြည့်​လိုက်​​ပေမယ့်​ ​နေ​ရောင်​​အောက်​မှာ ဖြူ ဥ​နေတဲ့ မင်းသား​လေးလို ရုပ်​ရှင်​ထဲကလို effectထည့်​စရာမလိုဘဲ အ​ရောင်​​တွေ​တောက်​​နေတဲ့ Taeyeonကို ​ငေးကြည့်​​နေမိ၏

Taeyeonက​တော့ မသိဘဲ သူစလိုက်​လို့ Fany စိတ်​ဆိုးသွားတယ်​ထင်​ပြီး
"Ah sorry ငါ အဲ့လို​ပြောတာမဟုတ်​ပါဘူး......မင်းက ​ချောတယ်​.....စိတ်​ဆိုး​နေရင်​​တောင်​မှ ​ချောတယ်​ ဘယ်​လို​နေ​နေ​ချောတယ်​......"

Taeyeon စကား​ကြောင့်​ Fany မျက်​လုံး အ​ရောင်​လက်​သွားပြီး ရုတ်​တရက်​ Taeyeon ကို နမ်းလိုက်​​သည်

Taeyeonမှာ အစက အူ​ကြောင်​ကြောင်​ ဖြစ်​​နေ​ပေမယ့်
"Fany မင်းကို ကိုယ်​ အရမ်းချစ်​တယ်​....."

Fanyရဲ့ခါးကို ဖက်​ကာပြန်​နမ်းလိုက်​သည်

Taenyတို့ အကြင်​နာ​ပေး​​နေကြတာကို Kevမှာ ​မလှမ်းမကမ်းက ရပ်​ကြည့်​ပြီး မဲ့ပြုံးပြုံးလိုက်​​လေသည်

Bạn đang đọc truyện trên: Truyen3h.Co