Truyen3h.Co

Choice

Choice Part-12

KimFany059

Fanyတစ်​​ယောက်​ ရိုက်​ကူး​ရေးပြီး​တော့ သူ့အ​ဖေဆီကို အလည်​သွားသည်​....

Mr.Hwang မှာ ​ခြောက်​နှစ်​နီးပါး​လောက်​ သူ့ကိုလာမ​တွေ့တာကြာပြီဖြစ်​တဲ့ သူ့သမီးကို မြင်​လိုက်​ရ​တော့ အံ့သြသွားသည်

"Tiffany သမီး ဘာလာလုပ်​တာလည်း.... "

"ဒီနားမှာ ရိုက်​ကူး​ရေးရှိလို့ ကြုံတုံး Appaကို လာ​တွေ့တာ.. ."
Fany လိမ်​​ပြောလိုက်​သည်

အမှန်​တော့ ​Fanyက Mr.Hwang ကို သတိရလို့ လာ​တွေ့ခြင်းမဟုတ်​....သူ့အခန်းထဲက ထပ်​​ခိုး​ပေါ်မှာ ဖွက်​ထားတဲ့ ​သေတ္တာဘူး​လေးကို လာယူခြင်းဖြစ်​သည်

~~~~~~~~~~~~ ~~~~~~~~~~~
"နင်​ ဒါကို မမှတ်​မိဘူးလား ​ပြောပါ...."

SM rooftopမှာ ရပ်​ရင်း Fany ဓာတ်​ပုံ​တွေကို  Taeyeon အား ​ပေးလိုက်​သည်

Taeyeon ဓာတ်​ပုံကို ကြည့်​လိုက်​သည်

"စိတ်​၀င်​စားစရာဘဲ ဒီ​တော့ သူက မင်းရဲ့ချစ်​သူ​ပေါ့ ..."

Fany ​ခေါင်းညိတ်​ပြီး
"ငါတို့အတွက်​ အဲ့တုံးက အရာအားလုံး ခက်​ခဲခဲ့​ပေမယ့်​ ငါတို့ အရမ်း​ပျော်​ခဲ့ကြတယ်​ ငါလည်း အရမ်း​ပျော်​ခဲ့တယ်​....ပြီး​တော့ ဓာတ်​ပုံထဲက ငါ့လက်​​ချောင်းကိုကြည့်​ အ၀တ်​အစားအပိုင်းအစ​လေး ပတ်​ထားတယ်​​လေ....."

Taeyeon ဓာတ်​ပုံကို ကြည့်​လိုက်​သည်​.....

"နင် ငါ့ကို​​​propose လုပ်​တုံးက လက်​စွပ်​ မရှိလို့ဆိုပြီး နင့်​​ကျောင်းအင်္ကျီကိုဖြဲပြီး ငါ့လက်​​ချောင်းမှာ ပတ်​​ပေးတာ​လေ...."

Taeyeonကို ကြည့်​ပြီး Fany​ပြောလိုက်​သည်

"ကြည့်​ရတာ အဲ့​ကောင်​​လေးက မင်းအတွက်​ ​တော်​​တော်​ အ​ရေးပါတဲ့ ပုံဘဲ....."

"သူက ငါ့အတွက်​ အရာအားလုံးပါ...."

Taeyeon မဲ့ပြုံးပြုံးလိုက်​ပြီး
"သူက မင်းအတွက်​ အရာအားလုံး ဖြစ်​ခဲ့တာမဟုတ်​လား...Tiffany shii...."

Taeyeon မဲ့ပြုံးပြုံးပြတာကို Fany ကြည့်​ပြီး အရမ်းစိတ်​လှုပ်​ရှားသွားတယ်​....

"Taeyeon nah .....နင်က တကယ်​ကို ​Kim Taeyeon အစစ်​ဘဲ "
Taeyeonရဲ့ ရင်​ဘတ်​ကို ရိုက်​ရင်း Fany​ပြောလိုက်​သည်

"ဘာလို့လည်း ဘာလို့ ငါ့အ​ပေါ် ဒီလိုလုပ်​ရက်​တာလည်း....ဘာလို့ ငါ့ကိုမသိသလို ဟန်​​ဆောင်​​နေတာလည်း...."

Taeyeonမှာ Fany ကို တွန်းလိုက်​ပြီး
"အကယ်​၍ ငါက မင်းရဲ့ အတိတ်​က Kim Taeyeonဆိုရင်​ ဘာဆက်​လုပ်​မလည်း....မင်းအတွက်​ ဘာ​တွေ​ကောင်းလာမှာမို့လို့လည်း... "

" နင် တကယ်​ဘဲ....​Taeyeonမဟုတ်​လား...​ပြောပါ ဘာလို့ ​သေသွားပြီဆိုပြီး ဟန်​​ဆောင်​ခဲ့တာလည်း.ငါ့ကို ဘာလို့ ....."
Taeyeon ရဲ့ လက်​​မောင်းကို Fanyရိုက်​ပြီး ​မေးလိုက်​သည်

"ကြည့်​ရတာ မင်းက မင်းရဲ့  Taeyeon အ​ကြောင်းကို ​သေချာမသိ​သေးဘူးဘဲ...."
Taeyeon ပြုံးပြီး ​ပြောလိုက်​သည်

"​ကျေးဇူးပြုပြီး ငါ့ကို အခုလို ​အေးတိ​အေးစက်​ကြီး
မဆက်ဆံပါနဲ့ နင်​တကယ်​ဘဲ...​Taeyeon အစစ်​မဟုတ်​လား..."

"ဟုတ်​တယ်​ ငါဘဲ ငါက Kim Taeyeon ဒါ​ပေမယ့်​ မင်းရဲ့ချစ်​သူ​တော့မဟုတ်​ဘူး...."

Taeyeon ​ပြောပြီး rooftopက ထွက်​လာခဲ့သည်

Fany တစ်​​ယောက်​ စိတ်​​တွေ ​တော်​​တော်​​လေး ရှုပ်​​ထွေး​နေ၏..

Director Lee Eung Bokမှာ  Fany ရုပ်​ရှင်​ရိုက်​ရင်း အမှား​တွေချည်းခဏခဏ လုပ်​​နေလို့ သီးသန့်​​ခေါ်​ပြော​လေသည်

"Tiffany မင်းက တက်​ကြွပြီး​ပျော်​တတ်​ရွှင်​တတ်လို့ Jangmi ဇာတ်​​ကောင်​​နေရာက​နေ သရုပ်​​ဆောင်​ခိုင်းတာ​နော်​ မင်း ဒီဇာတ်​​ကောင်​ကို ​သေချာအသက်​သွင်းနိုင်​မယ်​လို့ ငါယုံခဲ့တာ...."
Director အသံမှာ စိတ်​ပျက်​​နေတဲ့ပုံ ​ပေါ်​နေ၏

"ကျွန်​မ ​တောင်းပန်းပါတယ်​ "
Fany မှာ ​တောင်းပန်​ရုံမှ အပ ဘာမှမလုပ်​နိုင်​​ပေ

"​တောင်းပန်​ပါတယ်​ရှင်​.... Fanyက သီချင်း​တွေနဲ့​ရော အခုရက်​ပို်​င်း ​တော်​​တော်​​လေးပင်​ပန်း​နေလို့ပါ....ဟိုတ​လောကမှ ​ဆေးရုံကဆင်းလာရတာ​လေ  "
Boraပါ ၀င်​ပြီး ​တောင်းပန်​လိုက်​သည်

Director
"အကယ်​၍ ​နောက်​ထပ်​  Jangmi​နေရာကို ​သေချာမလုပ်​နိုင်​ဘူးဆိုရင်​ Kim Jiwonကိုဘဲ အစားထိုးရလိမ့်​မယ်​..."

"No ကျွန်မ ​တောင်းပန်​ပါတယ်​ရှင်​ ​​Fany​သေချာလုပ်​နိုင်​မှာပါ "
Bora ထပ်​ပြီး ​တောင်းပန်​လိုက်​သည်

~~~~~~~~~~ ~~~~~~~~
"Fany yah နင်​ဘာဖြစ်​​နေတာလည်း "

Bora ကား​မောင်းရင်း ​မေးလိုက်​သည်​ သို့​သော်​ Fanyက​တော့ ဘာမှပြန်​မ​ပြောဘဲ ကားအပြင်​ကိုသာ ​ငေးကြည့်​​နေ၏

"Tiffany Hwang......."
Bora အာပြဲကြီးနဲ့ ​အော်​လိုက်​သည်

"Bora ငါ့ကို အဲ့​လောက်​ထိ ​အော်​ဖို့လိုလို့လား.....

"လိုတာ​ပေါ့ နင်​စိတ်​နဲ့လူနဲ့ကို မကပ်​ဘူး..."

"Bora နင်​ငါ့ကို တစ်​ခုကူညီ​ပေးပါလား "

"​ပြောပါ ငါဘာကူညီရမလည်း.... "
Bora​မေးလိုက်​သည်

"Kim Taeyeon သူ့အ​ကြောင်းစုံစမ်း​ပေး...."

"Yoona ရဲ့managerအသစ်​မလား....နင်​ ဘာ​တွေဖြစ်​​နေတာလည်း "

"Please....ငါမရူးခင်​အမြန်​ကူညီ​ပေးပါ..."
Fany သက်​ပြင်းချကာ ​ပြောလိုက်​သည်

Bạn đang đọc truyện trên: Truyen3h.Co