Truyen3h.Co

Choice

Choice Part-13

KimFany059

"ငါ သူ့ရဲ့ လိပ်​စာရလာပြီ Fany "
Fanyကို Bora ​ပြောလိုက်​သည်

"Let's go...."
Fany အ​ပေါ်ဝတ်​အင်္ကျီကို ​ကောက်​၀တ်​လိုက်​သည်

"ဘယ်​ကို သွားမှာလည်း......"

"Kim Taeyeon ရဲ့ အိမ်​​လေ...."

Bora တစ်​​ယောက်​ သက်​ပြင်းချပြီး Fanyကို လိုက်​ပို့​ပေးရသည်

"Kim Taeyeonနဲ့ ပတ်​သက်​ပြီး နင်​ ဘာလို့ အရမ်း စန်းစန်းတင့်​ဖြစ်​​နေတာလည်း.."

Fany ဘာမှ ပြန်​မ​ဖြေဘဲ Bora ​ပေးတဲ့  Taeyeon အ​ကြောင်း စာရွက်​ကို ဖတ်​​နေ၏

"Taeyeon အထက်​တန်း​ကျောင်းတက်​တုံးက အ​ကြောင်း​တွေလည်း မပါပါလား...."
Fany အံ့သြပြီး ​မေးလိုက်​သည်

"အင်း ဟုတ်​တယ်​ ငါလည်း ထူးဆန်းလို့ Youngbae Oppaကို ​မေးကြည့်​တာ သူလည်း မသိဘူးတဲ့ Taeyeonက ​ကျောင်းမတက်​ခဲ့ဘူး​နေမှာ​ပေါ့  "

"No .....မဖြစ်​နိုင်​တာ Daegu ​ကျောင်းမှာ သူတက်​ခဲ့တယ်​​လေ...."
Fany သက်​ပြင်းချလိုက်​သည်

"Daegu......နင်လည်း အဲ့မှာ တက်​ခဲ့တာမလား .....​နေပါအုံး နင်​နဲ့ သူ့ကြား ဘာ​တွေဖြစ်​ခဲ့တာလည်း....."

Fany ဘာမှပြန်​မ​ဖြေ​ချေ.....

"Fany yah ငါ့ကို ရူး​အောင်​လုပ်​​နေတာလား.....နင်​ မ​ပြောဘူးဆို ငါမကူညီ​ပေး​တော့ဘူး..... "

"Bora......ငါ ​နောက်​ကျ သူ့အ​ကြောင်း​သေချာ​ပြောပြပါမယ်​....အခု​တော့ သူ့အိမ်​​လေး ​မောင်း​ပေးပါ......​နော်​...."

"​အေး နင်​ ကတိတည်​ပါ​စေ​နော်​ မဟုတ်​လို့က​တော့ ငါ မန်​​နေဂျာချင်း လဲပစ်​မှာ အဲ့ကျ နင်​အရမ်းစိတ်​၀င်​စား​နေတဲ့ Taeyeon နဲ့ ​​နေ့တိုင်း​တွေ့ရပြီ​လေ ငါ ​အေး​အေး​ဆေး​ဆေးနဲ့ ​နေတတ်​တဲ့ Yoona မန်​​နေဂျာဘဲ လုပ်​​တော့မယ်​........"
Fany ဘာမှပြန်​မ​ပြောဘဲ စာရွက်​​တွေသာ ဆက်​ဖတ်​​နေ၏

" ဒီ​နေရာ ဖြစ်​နိုင်​တယ်​...."
Bora ကား​တောင်​ မရပ်​​သေး Fany ကား​ပေါ်က ဆင်းဖို့ပြင်​​နေသည်

"Fany yah..အဲ့​လောက်​ထိ မကဲနဲ့ နင့်​ကိုနင်​ idolဆိုတာ သတိရအုံး ဟိုမှာ လူ​တွေ ရှိတယ်​...."
Bora ဆူလိုက်​သည်

"....."

"Taeyeon အိမ်​​နေရာ သိရပြီဘဲ ​နောက်​မှ လာ​ရ​အောင်​ ဟိုမှာ လူ​တွေ အများကြီး နင့်​ကို​တွေ့ရင်​ သတင်း​တွေထွက်​လာမယ်​...... "

Bora ကားပြန်​​ကွေ့ပြီး Fanyကို အိမ်​ပြန်​ပို့​ပေးသည်

Fany သူ့အိမ်​​ရှေ့ကို ​ရောက်​​တော့  Yulကို ​တွေ့ရ​လေသည်​။

"Yul...."
Fany သူ့ချစ်​သူကို ​တွေ့ရလို့ အံ့သြသွား​လေသည်

"ဒီကို​ရောက်​​နေတာ ဘာလို့ ဖုန်းမဆက်​တာလည်း...."

"Fanyကို အံ့သြသွား​စေချင်​လို့ hey Bora.. .."
Bora ကို  Yul နှုတ်​ဆက်​လိုက်​သည်

"မင်းတို့​တွေ ဘယ်​သွား​နေကြတာလည်း "

"အာ ​လေညင်းသွားခံ​နေတာ...."
Fany ​သော့ဖွင့်​​ရင်း ​ဖြေလိုက်​သည်

"​ကောင်းပါတယ်​.....စိတ်​ညစ်​​နေတာ ​ပျောက်​တာ​ပေါ့ ဒီ​နေ့ရိုက်​ကွင်းမှာ ဆူခံရတယ်​ဆို....."

"Omm....ဒါရိုက်​တာကြီးက​တော့ ငါ့ကို မ​တွေ့ချင်​​လောက်​​တော့ဘူးထင်​တယ်​...."

"မဟုတ်​ပါဘူး သူဆူတာက မင်းကို ဇာတ်​လမ်းအ​ပေါ် အာရုံစိုက်​​စေချင်​လို့ပါ...."

"အင်းပါ ငါ ​သေချာအာရုံစိုက်​ပါမယ်​......"

"Pizza ၀ယ်လာတယ် စားရ​အောင်....​​​Bora လည်း လာစား​လေ....."

Yul တစ်ေ​ယာက် ပီဇာစား​နေတဲ့ ​Fanyကို ​သေချာကြည့်​​နေ၏ ....သူ့ချစ်​သူ တစ်​ခုခုဖြစ်​​နေတယ်​ဆိုတာ ရိပ်​​မိ​နေတယ်​​လေ...

"Fany baby...."

"Umm...."

"ကိုယ်​နဲ့အတူ ဇာတ်​လမ်းအတွက်​ မ​လေ့ကျင့်​ချင်​ဘူးလား...."

"နင်​ ငါနဲ့ ​လေ့ကျင့်​ချင်​လို့လား...."

"မင်းနဲ့ဆို ငါ ဘာဘဲလုပ်​ရလုပ်​ရ ငါ အကုန်​လုပ်​နိုင်​တယ်​......"

Fany Eyesmile ​လေး​ပေါ်​အောင်​ ပြုံးလိုက်​သည်​...သူမချစ်​သူက သူမကို အရမ်းချစ်​​သော​ကြောင့်​ ​ကျေနပ်​မိသည်

Yulရဲ့ နှုတ်​ခမ်း​လေးကို Fany နမ်းလိုက်​သည်

"အာ....ဇာတ်​လမ်းအတွက်​ ​လေ့ကျင့်​တာလား ဒီအနမ်း...."

"No...only for you...."

Fany စကား​ကြောင့်​ Yul သ​ဘောကျစွာ ရယ်​လိုက်​သည်

"မင်းသိလား Fany မင်းက မင်းရဲ့ အိမ်​မက်​အတွက်​ ဘယ်​​တော့မှ လက်​မ​လျော့ဘဲ အမြဲကြိုးစားတယ်​....ဘယ်​​လောက်​ ရင့်​ကျက်သလို မင်းဟန်​​ဆောင်​​နေ​နေ ကိုယ့်​အတွက်​ Tiffany is always innocent baby....မင်းက ဘယ်​​လောက်​ စိတ်​ညစ်​စရာရှိရှိ အမြဲပြုံး​နေတတ်​တယ်​.....ဘယ်​​တော့မှ စိတ်​ညစ်​မခံပါနဲ့ မင်းအပြုံး​လေးက တကယ်​ပါ ကိုယ့်​အတွက်​ အ​ရေးကြီးတယ်​...."

Fany ချက်​ချင်းဘဲ ပီဇာစား​နေရာက ထရပ်​လိုက်​သည်

"Wae...."

"ငါ....​ဗိုက်​နာလာလို့... "

Yul သက်​ပြင်းချလိုက်​သည်
"Ok..."

Fany အိမ်​သာ​ထဲ​ရောက်​​တော့ သူ့ပါးသူ ရိုက်​လိုက်​သည်

"Yulနဲ့ အတူရှိ​နေတာကို ဘာလို့ Taeရဲ့ စကား​တွေဘဲ ကြား​ယောင်​​နေတာလဲ Yulက စကား​ပြော​နေတာကို Taeအသံဘဲ ဘာလို့ ကြားနေတာလည်း...."

Fany သူ့ကိုယ်​သူ အပြစ်​​ပေးပြီး အိမ်​သာထဲက ထွက်​လာ​တော့ အိမ်​သာ​ပေါက်​၀မှာ ရပ်​​နေတဲ့ Yulကို ​တွေ့လိုက်​ရသည်

"Fany....မင်း အရင်​ကနဲ့ မတူ​တော့ဘူး မင်းကို ဘယ်​အရာ​တွေက ​နှောင့်​ယှက်​​နေတာလည်း...."

Fany ​ရေခဲ​သေတ္တာဘက်​ သွားပြီး ​ရေ​ထည့်​​သောက်​ရင်း
"No....ငါ အဆင်​​ပြေပါတယ်​ ဘာမှမဖြစ်​ဘူး ...."

" မင်း လိမ်​​နေတာ....​Kim Taeyeonနဲ့ ပတ်​သက်​ပြီး တစ်​ခုခုဖြစ်​​နေတာ မဟုတ်​လား......"

Yulရဲ့ စကား​ကြောင့်​ Fanyရဲ့ လက်​က​ရေခွက်​ လွတ်​ကျသွားသည်

Bạn đang đọc truyện trên: Truyen3h.Co