Choice Part-14
"Fany....ကိုယ်တို့ တွဲနေတာ တစ်နှစ်ကျော်ရှိပြီနော်....မင်း ဘာတွေတွေးနေတာလည်း...မင်း တစ်ခုခုဖြစ်နေတယ်ဆိုတာ ငါသိတယ် ပြီးတော့ Kim Taeyeonနဲ့ ပတ်သက်နေတယ် မဟုတ်လာ....."
Fany ကို စိုက်ကြည့်ပြီး Yul ပြောလိုက်သည်
Fanyမှာ Yul အကြည့်ကို ရှောင်ဖို့ကြိုးစားသည်
"ကိုယ့်ကို ကြည့်ပါ Fany..... "
Fany ရဲ့ မေးစေ့ကို ကိုင်ပြီး Yul ပြောလိုက်သည်
"Kim Taeyeonက မင်းအတွက် သူစိမ်းမဟုတ်ဘူးဆိုတာ ကိုယ်သိတယ်....သူဟာ မင်းအတွက် တော်တော်အရေးပါမယ်.. ....သူဘယ်သူလည်း....."
Fany ဘာမှပြန်မဖြေပေ....သူ့အဖြေဟာ Yulကို နာကျင်စေမယ်ဆိုတာ သိနေတယ်လေ
Yul သက်ပြင်းချပြီး ဆိုဖာပေါ် ပစ်ထိုင်လိုက်သည်
"ကိုယ်သိပါတယ် လူတိုင်းမှာ လျို့ဝှက်ချက်ရှိတာ မင်း ကိုယ့်ကို မပြောဘဲ လျို့ဝှက်ချက်အဖြစ် ထားမယ်ဆိုလည်း မင်းသဘောပါ "
Yulမှာ သူ့ချစ်သူကို တော်တော်ချစ်ရှာသည်....မဖြေချင်တဲ့မေးခွန်းကို ဇွတ်မမေးပေ....
"Kim Taeyeon...သူက အရင်က ငါ့ချစ်သူ...."
Fany သက်ပြင်းချပြီး အမှန်တိုင်းပြောပြလိုက်သည်
"အခု SMမှာ အလုပ်လုပ်နေတဲ့ Taeyeonကို မင်းရည်းစားဟောင်းလို့ ထင်နေတာလား...."
"ငါ...ငါလည်း ဝေခွဲမရတော့ဘူး....."
"မင်း သူ့ကို သေချာမေးသင့်တယ်
"ငါမေးတယ် နှစ်ခါတောင်မေးတယ် သူက မဟုတ်ဘူးလို့ပြောတယ်...."
Yul သူချစ်တဲ့ကောင်မလေးကို ကြည့်ပြီး ရင်ထဲနာကျင်နေပေမယ့် ဟန်ဆောင်ကာ ဖုံးဖိရင်း
"သူ့မိသားစုတွေကို မေးကြည့်လေ......"
"No...မဖြစ်နိုင်ဘူး.. ..သူ့အဖေကလည်း သေသွားပြီ သူ့အမေလည်း လွန်ခဲ့တဲ့နှစ်က အနုကြမ်းစီးခံရပြီး ဆုံးသွားတယ်တဲ့...."
"Oh စိတ်မကောင်းစရာဘဲ သူ့မှာ တခြားဆွေမျိုးတွေရော မရှိဘူးလား "
"No...."
Fany ခေါင်းခါလိုက်သည်
ထို့နောက် စကားသံတွေတိတ်သွားပြီး နှစ်ယောက်လုံးကြားထဲသို့ တိတ်ဆိတ်ခြင်းများ ၀င်ရောက်လာသည်
Fanyကို အခုလို မြင်နေရတာ Yul မကြိုက်ပေ ....မုန်းသည်....Taeyeon ဆိုတာ ဘာကောင်လည်း ဘာလို့ အခုလို သူတို့ဘ၀ထဲဝင်လာရတာလည်း ..
"LAကို မင်းရောက်နေတဲ့ အချိန် သူဆုံးသွားတယ်လို့ပြောတယ်နော်...ကျောင်းတုံးက သူငယ်ချင်းတွေကို မမေးကြည့်ဘူးလား သူတို့သိလောက်မှာပါ...."
"..."
"Fany ah.....Taeyeon အကြောင်းကို စိတ်ဝင်စားနေသေးတယ်ဆိုရင် မင်းသူ့ကို ချစ်နေသေးတာဘဲ....."
Yul ကြိုးစားပြီး သူ့ရင်ထဲက ခံစားချက်ကို ပြောလိုက်သည်
"မင်း ကိုယ့်ကို တကယ်ချစ်ရင် အတိတ်က ရည်းစားကို အတိတ်မှာ ထားခဲ့လိုက်ပါ....အကယ်၍ သူအသက် ရှင်နေသေးရင် မင်းရွေးချယ်လို့ရပါတယ်.. .....ဒါပေမယ့် မင်းဘာကိုဘဲ ရွေးချယ်ချယ် ကိုယ်ကတော့ မင်းကို ချစ်နေအုံးမှာဘဲ...."
Yul ပြောပြီး အိမ်ထဲက ထွက်သွားလိုက်သည်
Bạn đang đọc truyện trên: Truyen3h.Co