Choice Part-15
Flashback
"Fany ah...."
"Humm....."
ကျောင်းခေါင်မိုးပေါ်တွင် Taenyတို့ အတူ ထိုင်ကာ စကားပြောနေကြ၏
"ကိုယ်....ကိုယ်တို့ လမ်းခွဲရအောင်....."
"What! Tae Tae ဘာပြောလိုက်တယ်.. ...."
"ကိုယ်တို့ လမ်းခွဲရအောင်လို့....."
"တော်တော့......မကြားချင်ဘူး.......ငါ့ဘေးနားမှာ အမြဲနေသွားမယ်ဆိုတဲ့ ကတိကို မေ့သွားပြီလား Tae...."
Taeyeon ၀မ်းနည်းတဲ့ အပြုံးနဲ့ ပြုံးလိုက်ပြီး
"မှတ်မိတာပေါ့ ကိုယ် မင်းကို ပြောခဲ့တာဘဲ ဘယ်မေ့မှာလည်း.... "
Fanyရဲ့ ဆံပင်လေးကို သပ်ပေးရင်း ပြောလိုက်သည်
"ဒါပေမယ့် ကိုယ် ဘယ်သူလည်းဆိုတာ မင်းသိရင် ကိုယ့်ကိုမုန်းလိမ့်မယ်....."
Fany မျက်မှောင်ကြုတ်လိုက်ပြီး
"ဘာပြောတာလည်း.....နင်က Kim Taeyeon ငါ့ချစ်သူလေ......ငါက ဘာလို့မုန်းရမှာလည်း "
Taeyeon မျက်နှာလေးညိုးနေ၏
'Tae Tae ငါ တကယ် စိတ်ရှုပ်လာပြီ......ဒါပေမယ့် ဘာဖြစ်နေနေ ငါ နင့်ကို မမုန်းဘူး Tae.....ငါက နင့်အပိုင်ဘဲ ဟုတ်တယ်မလား.... "
Fany ကို Taeyeonဖက်လိုက်ပြီး
"မင်းပြောတဲ့ စကားတွေကို ကိုယ်မှတ်မိနေမှာပါ.....မင်းသိလား ကိုယ်တို့ကို ကံကြမ္မာက မျက်နှာသာမပေးဘူးဟ "
"Yah ဘာလို့ ဒီလို ခွဲခွာရမယ့် စကားတွေဘဲ ပြောနေတာလည်း "
"ကိုယ်ဟာ Kim Soo Man "
Taeyeon ရုတ်တရက် ဖွင့်ပြောလိုက်သည်
Fany ထိုနာမည်ကို ရင်းရင်းနှီးနှီးကြားဖူးသည် ....သို့သော် ဘယ်နေရာတွင် ကြားဖူးမှန်း မမှတ်မိပေ....
"ဘာကို ပြောချင်တာလည်း....
"မင်းအမေကို တက္ကစီနဲ့ တိုက်မိတာ ကိုယ့်အဖေလေ..."
Fany ထိုအခါမှ မှတ်မိသွားသည်....လွန်ခဲ့တဲ့ ငါးနှစ်ခန့်က သူ့အမေ စားသောက်ဆိုင်က ထွက်လာတုံး တက္ကစီတစ်စီး သူ့အမေကို ၀င်တိုက်ခဲ့တယ်လေ
" မင်းအဖေက တရားရုံးကို လာတုံးက ကိုယ့်အမေကို မြင်ဖူးခဲ့တယ်လေ ဆေးရုံမှာ မင်းအဖေ ချက်ချင်း ထွက်သွားတာ မှတ်မိလား.....အဲ့တာကိုယ့်အမေကို မြင်ပြီး မှတ်မိသွားလို့ ....ကိုယ် တောင်းပန်ပါတယ် "
Fany အခုမှ သူ့အဖေက သူ့ချစ်သူကို ခါးခါးသီးသီးဖြစ်နေလည်းဆိုတာ နားလည်သွားသည်.....
ထို့နောက် Fany ထိုနေရာမှ ထကာ ပြေးထွက်လာခဲ့သည်....
သူအမုန်းဆုံးသူရဲ့သားက သူ့ချစ်သူဖြစ်နေတယ်.....
Fany စိတ်ညစ်ပြီး နိုင်ငံခြားကို တစ်လကျော်လောက်သွားနေသည်......ပြန်လာသောအခါ Kim Taeyeonဆုံးသွားပြီဟူသော သတင်းသာကြားခဲ့ရပြီး Taeyeon အရိပ်အယောင်ကို မမြင်ရခဲ့ပေ
End of Flashback
Yul ပြောသလို Fany တစ်ယောက် Deguကို ပြန်သွားလိုက်သည်
ကံကောင်းချင်တော့ ကော်ဖီဆိုင် တစ်ခုတွင် Jessiနဲ့ တွေ့လေသည်
'Hey Jessi....'
"Tiffany!"
Fany တစ်ယောက် အံ့သြနေတဲ့ Jessi ကို ဘယ်သူမှသူတို့ကို မရိပ်မိခင် ကားပေါ်ကို ဆွဲခေါ်လာသည်
ကားပေါ်တွင်
"Taeyeon မတော်တဆဖြစ်ပြီး ဆုံးသွားတဲ့ အကြောင်းလေး ရှင်းပြပေးပါလား Jessi....plz ...."
Jessi အံ့သြတဲ့ အမူအရာဖြင့်
" နင် ဘာပြောလိုက်တာလည်း Taeyeon က ဆုံးသွားတယ်ဟုတ်လား ဘယ်တုံးကလည်း "
"ဟင် သူ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သေသွားတာမဟုတ်ဘူးလား...."
"ဘယ်လို ဆယ်နှစ်က ဟုတ်လား နင်ပြောတာတွေ ငါနားမလည်တော့ဘူး သူသေပြီလို့ နင့်ကို ဘယ်သူကပြောလည်း...."
" ဟာ ငါ သူ့အုတ်ဂူကို တွေ့ခဲ့တယ်နော် .."
Jessi စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး
" သူမသေပါဘူးဟ လွန်ခဲ့တဲ့ ဆယ်နှစ်က Kevကို သတ်လို့ သူ ထောင်ထဲရောက်နေတာပါဟ"
"What!"
"LAကို နင်ထွက်သွားတဲ့နေ့က သူတို့တွေ့ပြီး ရန်ဖြစ်ကြတယ်တဲ့ နောက် Kevကို သူ ဓားနဲ့ထိုးလိုက်တယ်လို့ သတင်းကြားတာဘဲ....."
"No Taeyeon က လူတစ်ယောက်ကို လွယ်လွယ်နဲ့ သတ်မယ့်သူမဟုတ်ဘူး ပြီးတော့ သူ့အုတ်ဂူကို ငါတွေ့ခဲ့တယ်လေ "
"Fany ah အုတ်ဂူက သူဖန်တီးခဲ့တာ သူထောင်ထဲရောက်နေတယ်ဆိုတာ နင့်ကို မသိစေချင်လို့...."
"No.....No....."
Fany စိတ်ဆွေအရမ်းရှုပ်ထွေးနေသည် အဖြစ်မှန်က ဘာမှန်းသေချာမသိတော့ပေ
Bạn đang đọc truyện trên: Truyen3h.Co