Truyen3h.Co

Choice

Choice Part-16

KimFany059

Fany တစ်​​ယောက်​ Taeyeon ရဲ့ အရင်​တုံးက အိမ်​အ​ဟောင်း​လေးဘက်​ကို ထွက်​လာခဲ့သည်

Taeyeonရဲ့ အိမ်​​ဟောင်း​ရှေ့မှာ ကားရပ်​ရင်း ကား​ပေါ်ကဆင်းပြီး အိမ်​ထဲဝင်​ရင်​ ​ကောင်းလားအဆင်​​ပြေမလားဆိုပြီး စဉ်းစား​နေ၏

သို့​သော်လည်း ​​Taeyeon အိမ်​ကို ဘာလို့ လာမိမှန်း Fany သူ့ကိုယ်​သူ နားမလည်​​ပေ

Fany တစ်​​ယောက်​ ကား​ပေါ်က ဆင်းပြီး အိမ်​​ရှေ့မှာ ရပ်​လိုက်​သည်

သူလာလျှင်​ ​ပြေးကြိုတတ်​တဲ့ Zero​လေးကို လွမ်းသည်​ .....Zero​လေးမှာ လွန်​ခဲ့တဲ့ နှစ်​​တွေက ​သေသွားခဲ့ပြီဟု Jessiက ​ပြောပြထား​သော​ကြောင့်​ စိတ်​မ​ကောင်းဖြစ်​ပြီး ငိုခဲ့ရ​သေးသည်

ထိုအိမ်​​လေးမှာ သူရယ်​ Taeyeonနဲ့ Zero​လေးရဲ့ အမှတ်​တရ​တွေ အများကြီးရှိသည်​ .....Taeyeon လုပ်​​ကျွေးခဲ့တဲ့ ​ခေါက်​ဆွဲပြုတ်​လည်း လွမ်းမိသည်

အိမ်​တံခါးက ပွင့်ပြီး အထဲမှာ မီးလင်း​နေ​သော​ကြောင့်​ တစ်​​ယောက်​ယောက်​များရှိ​နေသလားလို့ ​တွေးပြီး ခြံထဲသို့ ၀င်​ကြည့်​လိုက်​တယ်

ခြံထဲတွင်​ ​ယောင်္ကျား​လေးတစ်​​ယောက်​ ရပ်​​နေတာကို Fany ​တွေ့​တော့ ဘယ်​သူလည်းဆိုတာ ခန့်​မှန်းမိပြီး အရမ်းအံ့သြသွားတယ်

"Tae....Taeyeon.. ..."

ထို​ယောင်္ကျား​လေးမှာ အ​နောက်​ကို လှည့်​ကြည့်​ပြီး စက္ကန့်​အနည်းငယ်​​လောက်​ Fanyကို စိုက်​ကြည့်​​နေ၏

Fany စိတ်​တိုတာ​ရော ၀မ်းနည်း​သောခံစားချက်​​တွေ​ကြောင့်​ Taeyeon ဆီ ​ပြေးသွားပြီး Taeyeon ရင်​ဘတ်​ကို တဘုန်းဘုန်းထု​လိုက်​သည်

"ငါ သိပြီ ငါ အားလုံးသိခဲ့ပြီ....."

Taeyeonမှာ ဘာမှမ​ပြောဘဲ ခံစားချက်​​တွေ​ပေါက်​ကွဲပြီး သူ့ကို ထုရိုက်​​နေတဲ့ မိန်းက​လေးကို လွှတ်​ထားလိုက်​သည်

"နင့်​အ​မေ လိမ်​​ပြောခဲ့တာလည်း ငါသိတယ်​....ဒါ​ပေမယ့်​ ဘာလို့လည်း ဘာလို့လိမ်​​ပြောတာလည်း Tae Tae "
Taeyeonရဲ့ မျက်​လုံးကို ကြည့်​ပြီး Fany ​ပြောလိုက်​သည်

Taeyeon ဘာမှမ​ပြောဘဲ Fanyကိုသာ စိုက်​ကြည့်​​နေ၏

"Kevကို ဘာလို့ သတ်​လိုက်​တာလည်း သူက ငါတို့်​ အတန်း​ဖော်​မဟုတ်​ဘူးလား ဘာလို့ သတ်​လိုက်​တာလည်း....."

"...."

"နင်​ သူ့ကို မသတ်​ခဲ့သင့်​ဘူး အခု​တော့ ငါတို့ဘ၀ကြီးက......"

Taeyeon မဲ့ပြုံးပြုံးပြီး

"ငါ သူ့ကို သတ်​ခဲ့တယ်​ သူက ငါ ခွင့်​မလွှတ်​နိုင်​တဲ့ စကား​တွေ​ပြောခဲ့လို့ "

Taeyeon မျက်​လုံး​တွေကို Fany စိုက်​ကြည့်​ပြီး
" သူ့ကို သတ်​မယ့်​အချိန်​ ငါ့အ​ကြောင်း​လေး​တောင်​ မ​တွေးခဲ့ဘူးလား သူ့ကိုသတ်​လိုက်​ရင်​ ဘာဖြစ်​မယ်​ဆိုတာ မ​တွေးခဲ့ဘူးလား ဘာလို့ငါတို့အတွက်​ မ​တွေးခဲ့တာလည်း...."
Fany ​ပြောရင်း မျက်​ရည်​​တွေကျလာသည်

"ငါ ဘာလုပ်​လုပ်​ မင်းနဲ့ မဆိုင်​ပါဘူး....."

"ဆိုင်​တယ်​ နင်​ငါ့ကို ထည့်​စဉ်းစား​ပေးသင့်​တယ်​​လေ...."

Fany ​ပြောပြီး Taeyeonရဲ့ ပါးကို ဖြန်းခနဲ ရိုက်​လိုက်​သည်

Taeyeonက​တော့ ဘာမှမဖြစ်​သလို ပုံစံနဲ့ မဲ့ပြုံးပြုံးလိုက်​ပြန်​သည်

"နင်​မရှိတဲ့ နှစ်​​တွေမှာ ငါ ဘယ်​လို​နေခဲ့ရလည်း သိလား ငါ့နှလုံးသားက နာကျင်​လွန်းလို့ အ​မှောင်​ထဲမှာဘဲ ကြိတ်​ငိုခဲ့ရတယ်​....."

"Aww မင်းကို ကြည့်​ရသ​​လောက်​ ​ကောင်း​ကောင်း ​နေခဲ့တဲ့ပုံပါဘဲ မင်းအိမ်​မက်​​တွေ တကယ်​ဖြစ်​လာတာဘဲ​လေ ....နာကျင်​တယ်​ ဟုတ်​လား.. ...​သေချာလို့လား "

"နင့်​ကို ​သေ​သွားပြီလို့ ယုံ​စေချင်​ရင်​ ဘာလို့ ပြန်​ပြီး​ပေါ်လာတာလည်း "

Fany အကြည့်​လွှဲပြီး ​မေးလိုက်​သည်

" အရမ်း အထင်​ကြီးမ​နေနဲ့ Tiffany....​ထောင်​ထဲမှာ ငါ ​အကြာကြီး​နေခဲ့ရတာ မင်း နာမည်​ကြီး idolမှန်းလည်း ငါ မသိဘူး မင်းအဲ့ Entertainment မှာ ရှိမှန်းလည်း ငါမသိဘူး ငါအလုပ်​လိုအပ်​လို့ လာ​လျှောက်​တာ ငါ့အတွက်​ အလုပ်​လိုအပ်​တယ်​​လေ...."

"Tae Tae နင့်​စကား​တွေက ငါ့ကို မုန်းတီး​နေတဲ့ပုံဘဲ တကယ်​တမ်း​ မုန်းရမယ့်​သူက ငါပါ "

"ငါက မင်းကို မုန်းတဲ့ပုံ​ပေါ်​နေတာလား မင်းငါ့ကို မုန်းချင်​ရင်​လည်း မုန်းလိုက်​​လေ ငါတို့က ဘာမှမဟုတ်​​တော့ဘူး အတိတ်​ကအ​ကြောင်း​တွေ လွှင့်​ပစ်​ပြီး ကိုယ့်​ ဘ၀နဲ့ကိုယ်​ ​နေစမ်းပါ "

Fany ရင်​နာလွန်းလို့ ဘာမှဆက်​မ​ပြောနိုင်​ဘဲ အိမ်​ထဲက​ပြေးထွက်​သွားသည်​.....

Fany ​ထွက်​သွား​တော့မှ Taeyeon သူ့ပါး​ပေါ်ကျလာ​တော့မယ့်​ မျက်​ရည်​​တွေကို ကျခွင့်​​ပေးလိုက်​သည်

Bạn đang đọc truyện trên: Truyen3h.Co