Choice Part-3
Flashback...... at Daegu Highschool
Fany တစ်ယောက် ကျောင်းခေါ်မိုးပေါ်ကို ပြေးတက်လာသည်။ ကံကောင်းစွာဖြင့် ခေါင်မိုးထပ်တံခါးက လော့မချထားပေ.....
Fany ခေါင်မိုးထပ်သို့ ရောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ ငိုလေ၏
"Prince yah.....ဘာလို့ အစောကြီး ထွက်သွားတာလည်း ဟာ....."
Fany မနက်ကတည်းက အတန်းထဲမှာ ငိုချင်စိတ်ကို ထိန်းထားပေမယ့် အခုတော့ ဘယ်လိုမှ ထိန်းမရလို့ ခေါင်မိုးထပ်ကို ပြေးတက်လာလေသည်။
"ဘာလို့ ငိုနေတာလည်း....."
Fany ငိုနေရင်း ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် လန့်သွားလေသည်။
Fany ဘေးနားကို ကြည့်လိုက်တော့ ကောင်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။
"Yah .....နင် ဘာလုပ်နေတာလည်း.....ငါ့နောက်လိုက်လာတာလား...."
Fany ကောင်လေးကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်
Fanyနဲ့ မလှမ်းမကမ်းမှာ ကောင်လေးတစ်ယောက်က ထိုင်နေသည်။ Fany စ၀င်လာတုံးက ကောင်လေးက သေတ္တာတွေနဲ့ ကွယ်နေသောကြောင့် မမြင်ရပေ.....
"ရော် ဘယ်သူက မင်း နောက် လိုက်လာလို့လည်း
....မင်းဝင်မလာခင်ကတည်းက ငါ ဒီမှာ ရှိနေတာ....."
ကောင်လေး သမ်းပြီး ပြောလိုက်သည်။
"မင်း ချစ်သူကောင်လေးနဲ့ လမ်းခွဲလာလို့လား...."
"Yah Kim Taeyeon....."
"မင်း ငါ့ရဲ့ နာမည်ကို သိတယ်ပေါ့......."
"ငါလား....အင်းပေါ့ သိတယ်....."
Taeyeonက အတန်းထဲမှာ အမြဲ စာလိုက်မလုပ်ဘဲ အိပ်လိုက် အပြင်ထွက်လိုက်နဲ့မို့ Fany သတိထားမိပြီး မှတ်မိနေခြင်း ဖြစ်သည်။
"နင့်နာမည်ဘဲ သိတာ မထင်နဲ့.....ငါ အတန်းထဲက လူတွေ အားလုံးရဲ့ နာမည်ကိုပါ မှတ်မိတယ်......"
Fany ထပ်ပြီး ပြောလိုက်သည်။
"ငါကတော့ ဆရာမတွေရဲ့ နာမည်ဘဲ မှတ်မိတယ်...."
Taeyeon ပြောပြီး ရယ်လိုက်သည်။
"နင် ငါ့ကို လှောင်နေတာလား......"
Fany မျက်စောင်းထိုးပြီး မေးလိုက်သည်
"ငါ......မင်းရဲ့ မျက်ရည်တွေ သုတ်လိုက်ပါအုံး......"
Fany ရှက်သွားပြီး မျက်ရည်တွေ သုတ်လိုက်သည်။
ပြီးနောက် Taeyeon နား သွားပြီး
"Please ငါ ငိုတဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့နော်....."
"ငါ မပြောပါဘူး......"
"Gomawo...."
Taeyeonကို Fany ပြုံးပြပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
"ဒါပေမယ့် အခြေအနေတစ်ခုအရ....."
"ဘာ...."
"မင်း ဘာလို့ ငိုနေတာလည်းဆိုတာ ပြောပြ....ပြီးတော့ Princeက ဘယ်သူလည်း"
"Yah ငါ ငိုနေတာကို ချောင်းနားထောင်နေတာလား....."
Taeyeon ပခုံးတွန့်ပြပြီး
"No......ငါ နားမထောင်ပါဘူး .....မင်းရဲ့ ငိုသံကြောင့် ငါ နိုးလာတာလေ......ငါ ခွေးအကြောင်း အိမ်မက်မက်နေတာ.......အဲ့ခွေးလေးက ချိုချဉ်အဖြစ် ပြောင်းသွားလို့ ငါစားလိုက်တာ....."
Fany သူ့ခွေးလေးကို သတိရပြီး မျက်ရည်တွေကျလာပြန်သည်။ သို့သော် မျက်ရည်တွေကို သုတ်လိုက်ပြီး
"နင် တော်တော်စပ်စုတာဘဲ ငါ့ခွေးလေးကြောင့် ငိုနေတာ သူဆုံးသွားတာ နှစ်ရက်ရှိပြီလေ......သ့းကိုငါ အရမ်း လွမ်းနေလို့....ကဲ....ကျေနပ်ပြီလား "
Taeyeon မတ်တပ်ထလိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ
"ငိုနေရုံနဲ့ သေသွားတဲ့ခွေးလေးက မင်းဆီ ပြန်ရောက်လာမှာ မဟုတ်ဘူး.. ...energyတွေ မဖြုန်းပါနဲ့ကွာ......"
Taeyeonကို Fany တွန်းလိုက်ပြီး
"ငါ့ကို မနှစ်သိမ့်ပေးချင်တောင် စကားနာတွေနဲ့ မပြောပါနဲ့.. ....Princeကို သူငယ်ငယ်ကတည်းက စောင့်ရှောက်လာတာဟဲ့....."
"မင်းကို ငါ puppy 10ကောင်ပေးမယ်လေ....."
"မလိုပါဘူး ငါ့ဘာသာငါ ၀ယ်နိုင်တယ်......"
"ဒါဆိုလည်း ပြီးတာဘဲ ငါ အိပ်နေတာကို မနှောင့်ယှက်နဲ့တော့....."
Fany ပွစိပွစိပြောကာ ခေါင်မိုးထပ်က ထွက်သွားလိုက်သည်။
ခေါင်မိုးထပ်မှာ တွေ့ပြီး ရက်အနည်းငယ်အကြာ Fany ကျောင်းဆင်းတော့ နားကြပ်တပ်ကာ အိမ်သို့ ပြန်လာလေသည်။
သို့သော် သစ်ပင်တစ်ပင်ပေါ်က လူတစ်ယောက် ခုန်ဆင်းလာလို့ Fany လန့်သွားတယ်
"ကဲ မင်း ဘာမှမဖြစ်တော့ဘူး....."
Fany ကြည့်လိုက်တော့ Taeyeonက ညစ်ပတ်နေတဲ့ အနက်ရောင် puppyလေးကို ချီပြီး စကားပြောနေတာကို တွေ့လိုက်ရသည်။
"Kim Taeyeon......နင် ဘာလုပ်နေတာလည်း ဘာလို့ သစ်ပင်ပေါ်က ခုန်ဆင်းလာတာလည်း.....နင့်ကြောင့် ငါ အရမ်းလန့်သွားတာဘဲ....."
"ဒီကလေးကို ခွေးအကြီးကြီးက လိုက်ကိုက်တာလေ.....သစ်ပင်ပေါ်တက်ပြေးပြီး ဘယ်လိုပြန်ဆင်းရမှာ သူမသိဘူး.......အဲ့တာကြောင့် ငါ သစ်ပင်ပေါ်တက်ပြီး သူ့ကိုသွားကယ်တာ......"
Fanyကို ရှင်းပြလိုက်သည်။
"ကဲ မင်းအခု လုံခြုံသွားပြီနော် ကလေး....."
Puppyလေးကို ကြည့်ပြီး Taeyeon တစ်ခုခုကို တွေးမိသွားတယ်
"ငါ မင်းကို puppy ၁၀ကောင် ၀ယ်ပေးမယ်လို့ ပြောဖူးတယ်လေ....ရော့ ဒီမှာတစ်ကောင်...."
Fany လက်ကာ လိုက်ပြီး
"No....ဒီလို ညစ်ပတ်နေတဲ့ puppyကို အိမ်ခေါ်သွားလို့ မရဘူး.. ..ငါ့အဖေက သူ့ကိုနှင်ထုတ်လိမ့်မယ်...."
"Aww Ok...မင်း သူ့ကို မလိုချင်ဘူးဆိုလည်း ငါဘဲ စောင့်ရှောက်လိုက်ပါမယ်....puppyလေးရေ.....ကင်ချီခေါက်ဆွဲစားရအောင်....."
Puppyလေးကို ကိုင်မြှောက်ပြီး Taeyeon ပြောလိုက်သည်။
"Wait....နင် နောက်နေတာလား....ခွေးတွေက ကင်ချီမှ မစားနိုင်တာ.....နင် သူ့ကို သတ်နေတာလား...."
Taeyeon innocent ပုံစံလေးဖြင့်
"Puppyတွေကို တစ်ခါမှ မမွေးဖူးတော့ သူတို့ ဘာစားမှန်း ငါမသိဘူး...."
"နံပါတ် ၁....နင့်ခွေးက တစ်ချို့ အစားအစာတွေနဲ့ တည့်မတည့်သိရမယ်......ခွေးတွေအတွက် အစားအစာတွေက အများကြီးပါ..... နင် ကြိုက်တာရွေးလို့ရတယ်.....အစိုလား အခြောက်လား...နောက်ပြီး......"
"Stop......လိုက်မှတ်လို့ကို မရဘူး....puppy....မင်းက အသုံးမကျတဲ့ ခွေးလား.....No No...မဟုတ်ဘူးမလား.....အဲ့မမ ပြောတာတွေကို မင်းကို ၀ယ်ကျွေးချင်ပေမယ့်......ငါက ဆင်းရဲတယ်....အဲ့တော့ ကင်ချီခေါက်ဆွဲဘဲ စားကြစို့ သွားစို့...."
ခွေးလေးကို ပြောလိုက်ပြီး လှည့်ထွက်သွားတယ်
"Wait.. .နင် သူ့ကို ကင်ချီခေါက်ဆွဲကျွေးလို့ မရဘူးနော်...ငါပြောတာ ကြားရဲ့လား Kim Taeyeon......"
Fany အော်ပြီး ခွေးလေးကို စိတ်ပူလို့ Taeyeon နောက်လိုက်သွားတယ်....
"ဘာလို့ ငါ့နောက်လိုက်တာလည်း...."
Taeyeon လှည့်မကြည့်ဘဲ မေးလိုက်သည်။
"နင် ကင်ချီတကယ်ကျွေးလား မကျွေးလားသိချင်လို့....."
"Tiffanyရယ် ငါက မလိမ်တတ်ပါဘူး တကယ်ကျွေးမှာ....ကင်ချီခေါက်ဆွဲက စားလို့ကောင်းတယ်....သူ ကြိုက်မှာပါ...."
Taeyeon စနောက်နေတာပါလို့ Fany တွေးနေပေမယ့် Taeyeonရဲ့ အိမ်ရှေ့ရောက်တော့ ....Fany တွေးထားသလို မဟုတ်ပေ..... Taeyeon ပြောတဲ့အတိုင်းပင် Taeyeonတို့က ဆင်းရဲသည်။ အိမ်က သိပ်လည်းမကျယ် သိပ်လည်းမကျဉ်းပေ.....
"အထဲဝင်လာမှာလား....."
Taeyeon puppyလေးကို ကိုင်ပြီး မေးလိုက်သည်။
"Wait...."
Fany နှုတ်ခမ်းကို ကိုက်ပြီး သူ့ပန်းရောင်နာရီလေးကို ကြည့်လိုက်သည်။
"ခွေးဆိုင်သွားမယ်....လိုက်ခဲ့ "
"ဘာအတွက်လည်း....."
"Puppyအတွက် အစာတွေ သွားဝယ်မလို့လေ....နင့်ရဲ့ ကင်ချီတွေနဲ့ ခွေးလေးသေသွားမှာကို ငါ မလိုလားဘူး......"
"ငါ့ကင်ချီတွေက အရသာရှိ...."
Taeyeonရဲ့ စကားတောင်မဆုံးသေး Taeyeonရဲ့လက်ကို ဆွဲပြီး Fany ခေါ်သွားလေသည်။
~~~~~~±~~~~~~~~±~~~~~~~±~~~~
Puppyဆိုင်က အစာတွေ ၀ယ်လာပြီး ခွေးလေးကို ကျွေးရင်း Fany ခွေးလေးရဲ့ အမွှေးတွေကို လက်နဲ့ပွတ်ပေးနေ၏
"စားနော်...ကလေး...အားရပါးရ စား...."
Taeyeon သူ့အိမ်ထဲကနေ ပန်းကန်နှစ်လုံးနဲ့ ထွက်လာလေသည်။
"ရော့ ကင်ချီခေါက်ဆွဲ.....ငါကိုယ်တိုင်လုပ်ထားတာ...."
Fany ပန်းကန်ကို လှမ်းယူပြီး Taeyeon အိမ်ရှေ့က အုတ်ခုံပေါ်မှာ ထိုင်လိုက်သည်။
Taeyeonလည်း Fanyဘေးနား ၀င်ထိုင်ပြီး
"Puppyလေးကို ဘယ်လိုခေါ်ချင်လည်း....."
Fany ကို ကြည့်ပြီး မေးလိုက်သည်။
"နင့်ရဲ့ခွေးလေးဘဲ နင်ခေါ်ချင်သလိုခေါ်ပေါ့...."
"မငိးအဖေကို မဖျောင်းဖျချင်ဘူးလား....."
"ငါ ကြိုးစားကြည့်မယ်...ဒါပေမယ့် အာမမခံဘူးနော်...."
Fany ခေါက်ဆွဲစားရင်း ပြောလိုက်သည်။
"ရပါတယ်....ငါ ဒီကလေးကို စောင့်ရှောက်ထားပါမယ်......မင်း သူ့ကို တွေ့ချင်ရက် လာတွေ့ပေါ့....ပြီးတော့ မင်းက သူ့ကို အမေတစ်ယောက်လို ဂရုစိုက်နေတာတွေ့လို့ သူ့နာမည်ဘယ်လိုပေးမလည်းဆိုပြီး ငါမေးကြည့်တာ...."
Taeyeonရဲ့ စကားကြောင့် Fanyမျက်နှာကြီး နီရဲသွားလေသည်။
"Umm....Zeroလို့ ခေါ်ကြမလား....."
"Zero....umm...ကောင်းပြီလေ..... Zeroလေးရေ.....ဒီနေ့ကစပြီး မင်းရဲ့ Appaဖြစ်ပေးမယ် ...."
Taeyeonရဲ့ စကားကြောင့် Fany နှလုံးခုန်မြန်လာလို့ ခေါက်ဆွဲကိုသာ ငုံ့စားနေတော့သည်။
Bạn đang đọc truyện trên: Truyen3h.Co