Truyen3h.Co

Choice

Choice Part-4

KimFany059

Daegu High School....,10 years ago

Zero​လေးကို ​တွေ့ဖို့ Taeyeon ရဲ့ အိမ်​ဘက်​ကို  Fany ခဏခဏ​ရောက်​လာတယ်​.....

Zero​လေးအတွက်​ လိုအပ်​တဲ့အစား​တွေကို အမြဲဝယ်​လာတယ်​.....

Fany မလာဖြစ်​တဲ့​နေ့​တွေဆို ​အတန်းထဲ Fany ​နေရာဘက်​လာပြီး Zero​လေးအ​ကြောင်းကို အမြဲလိုလိုလာ​ပြောသည်​။

Fanyမှာလည်း Zero​လေးအတွက်​ ​ဆောင်​ရန်​​ရှောင်​ရန်​​တွေကို အမြဲမှာသည်​။

"Zero​လေး အစားကို ​ကောင်း​ကောင်းစားရဲ့လား.....သူ အိပ်​တဲ့အခါ ဘယ်​လိုလည်း.....​ဟောက်​လား....."

Taeyeonကို အတန်းထဲမှာ​တွေ့​တော့ Zeroအ​ကြောင်း Fany​မေးလိုက်​သည်​။

"Zeroက ​နေ​ကောင်းပါ့ စားလိုက်​တာလည်း လူအတိုင်းဘဲ .......အိပ်​လိုက်​တာလည်းသိုးလို့....​ဟောက်​ကလည်း​ဟောက်​​သေး....."

"ငါ မ​ဟောက်​တတ်​ဖူး​နော်​....."
Taeyeon ​ပြောချင်​တဲ့ အဓိပ္ပါယ်​ကို သိလို့ Fany မျက်​​စောင်းထိုးကာ ​ပြောလိုက်​သည်​။

"Sundayကျ ငါ Zeroကို အပြင်​​ခေါ်သွားလို့ရလား....လမ်း​လျှောက်​ချင်​လို့​လေ...."

"ရတာ​ပေါ့ Zero က သူ့​မေ​မေနဲ့လည်း ​နေချင်​ရှာမှာဘဲ​လေ....Zeroက ပန်းခြံမှာ လမ်း​လျှောက်​ရတာ အရမ်းသ​ဘောကျတာ.. ..ဒါမယ့်​ လမ်း​လျှောက်​ရင်း​မောလာရင်​ ရပ်​လိုက်​​နော်​......"

"ငါ့ကို ဘာလုပ်​ဖို့​ပြောစရာမလိုဘူး ငါ သိပြီးသားပါ ဆရာလာမလုပ်​နဲ့........."

"ငါက Zeroရဲ့ အ​ဖေ​လေ ...."

Taenyတို့ စကား​ပြော​နေရင်း သူတို့သူငယ်​ချင်း​တွေမှာ Taenyကို ကြည့်​ပြီး

"သူတို့နှစ်​​ယောက်​ အခုတ​လော အရမ်းရင်းနှီး​နေကြသလိုဘဲ ....."
Sooyoung မျက်​​မှောင်​ကြုတ်​ကြည့်​ကာ ​ပြောလိုက်​သည်​။

"Yoona  ငါ​မေးစရာရှိလို့ သူတို့​တွေ အ​မေ အ​ဖေနဲ့ Zero​လေး အ​ဖေဆိုပြီး ​ပြော​နေတာ ဘာ​တွေလား....."
Sooyoung စကား​ကြောင့်​ Yoona  မျက်​လုံးပြူးပြီး Sooyoung ကို ရိုက်​လိုက်​သည်​။

"Ash နာတယ်​ဟ....."

"Sooyoung  nah....Taeyeon နဲ့ Tiffanyတို့....က​လေးရှိ​နေတာလား....."

"Baby what! Tiffany က Taeyeon နဲ့ ဘယ်​တုံးက ချစ်​သူဖြစ်​သွားတာလည်း......"

"မသိဘူး​လေ.....ဟိုတ​နေ့က သူတို့နှစ်​​ယောက် အိမ်​အတူပြန်​သွားကြတာ ​တွေ့တယ်​လို့​ပြောကြတယ်​........သူတို့​တွေ ခိုးပြီး​တွေ့​နေကြတာလား....."

"Oh......"

ထိုစဉ် ​Fany အိမ်​သာသွားဖို့ အတန်းပြင်​ထွက်​သွား​တော့ Sunny တို့ အ​နောက်​က​နေ ​ပြေးလိုက်​ကြသည်​။

"Tiffany...."

"Yoona ...."

Fanyကို ​Lockerဘက်​ဆွဲ​ခေါ်သွားပြီး

"Taeyeonနဲ့ နင်​ က​လေး​မွေးထားတာလား ​ပြော....."

"Baby...အင်း ဟုတ်​တယ်​......."
Fany ပြုံးပြီး ​ဖြေလိုက်​သည်​။

"What!"
Sooyoungတို့ နှစ်​​ယောက်​မှာ Fany အ​ဖြေ​ကြောင့်​ ပါးစပ်​အ​ဟောင်းသား ဖြစ်​သွားတယ်

"Hey နင်​တို့ ဘာလို့ အရမ်းလန့်​​နေတာလည်း "

"Tiffany...ဒါက ဟာသမဟုတ်​ဘူး​နော်​.....နင်​ အခုမှ အထက်​တန်း​ကျောင်းသူဘဲရှိ​သေးတယ်​..နင်​ ဘာ​တွေ​တွေး​နေတာလည်း.....နင်​ Taeyeonလို လူကို နင့်​က​လေးအ​ဖေလို့......."
Sooyoungမှာ Fanyရဲ့ ပခုံးကို ကိုင်​ပြီး ​ပြောစရာစကား​တွေထစ်​​နေ၏

Fany မျက်​​မှောင်​ကြုတ်​ပြီး
"Taeyeonရဲ့ က​လေး​လေ....သူ့ကိုမှ မယုံရင်​ ငါက ဘယ်​သူ့ကို သွားယုံရမှာလည်း...."

"ဒါ​ပေမယ့်​.....နင်​တို့က အထက်​တန်း​ကျောင်းသားဘဲ​ရှိ​သေးတယ်​....က​လေးကို ပြုစုဖို့ကြ...."

"မဆိုင်​တာ ​ကျောင်းသားဖြစ်​​တော့ ဘာဖြစ်​လည်း....ငါတို့က​လေးက အရမ်းချစ်​ဖို့​ကောင်းတာ သိလား....နင်​တို့မြင်​ရင်​ ချစ်​မှာ ​သေချာတယ်​....တ​နေ့ကျ​ခေါ်သွား​ပေးမယ်​...."

"No...."

"နင့်​အ​ဖေ​ရော သိပြီးပြီလား....ဟိုတစ်​​ယောက်​ရဲ့ မိဘ​တွေ​ရော...."

'Taeyeonရဲ့ အ​မေက​တော့ သိပြီးပြီထင်​တယ်​....ငါက​တော့ ငါ့အ​ဖေကို ​မွေးစားဖို့ ပူဆာမလို့....."

"What! နင့်​က​လေးကို နင့်​အ​ဖေကို ​မွေးစားခိုင်းမလို့ ဟုတ်​လား...."

"​အေး​လေ အရင်​ကလည်း ​ခွေး​လေး​တွေကို ငါ​မွေးစား​နေကြဘဲကို....."

"Tiffany...ငါတို့က က​လေးအ​ကြောင်း​ပြော​နေတာ ​ခွေးအ​ကြောင်း မဟုတ်​ဘူး......" Yoona အော်​လိုက်​သည်​။

" က​လေးအ​ကြောင်း ​ပြောေ​နတာ ဟုတ်​လား ငါက  Taeyeonရဲ့ ​ခွေးအ​ကြောင်း ​ပြော​နေတာဟဲ့...."

"Ash...Taeyeonရဲ့ ​ခွေး ဟုတ်​လား ဘာ​ပြောတာလည်း....."

"ဘယ်​လို......​နေ..​နေကြပါအုံး....နင်​တို့ ငါကိုယ်​၀န်​ရှိ​နေတယ်​လို့ ထင်​​နေတာလား...."
Fanyလည်း ​နောက်​ဆုံးမှ သူ့သူငယ်​ချင်း​တွေ​ပြောချင်​တာကို သ​ဘော​ပေါက်​သွားသည်​။

"Hey...."

Sooyoungတို့ အသံကြားရာဘက်​ကို လှည့်ကြည့်​​တော့ Taeyeonက သူတို့ကို ရပ်​ကြည့်​​နေတာကို ​တွေ့လိုက်​ရသည်​။

"Taeyeon...."

"မင်းတို့ ​ပြောတာ​တွေ ငါ ကြားပြီးပြီ.......Tiffanyဆီမှာ ငါနဲ့ ရတဲ့ ကိုယ်​၀န်​ရှိ​နေတယ်​လို့ ထင်​​နေကြတာလား....."

"Hee ငါတို့ အထင်​လွဲသွားလို့ပါ...."
Yoona သွား​လေး​စိကာ ရယ်​ပြသည်​။

"အိုး....stupid....ဘယ်​လိုများ​တွေးလိုက်​ကြပါလိမ့်​.....က​လေးဆိုတာ လက်​ထပ်​ပြီးမှ ရတာ​လေ.....လက်​မထပ်​​သေးဘဲ ရတယ်​ဆို​တော့ ​မှော်​အစွမ်း​တွေလား...."

"Tiffany...သူ Bioအချိန်​မှာ အိပ်​​ပျော်​​နေသလား......."
Sooyoung ကပ်​​မေးလိုက်​သည်​။

"ငါလည်း မသိဘူးဟ......"

"So...သတင်းအမှား​တွေ လွှင့်​တာ ရပ်​လိုက်​ပါ ok...."
Taeyeon ​ပြောပြီး ထွက်​မသွားခင်​ တစ်​ခွန်း​အော်​​ပြောလိုက်​သည်​။

"Hey အတန်းထဲမှာ ငါ အိပ်​မငိုက်​တဲ့ အချိန်​က တစ်​ချိန်​ဘဲ ရှိတယ်​ အဲ့တာ bio အချိန်​........"

Taeyeon ရဲ့ စကား​ကြောင့်​ Sooyoungတို့ နားပိတ်​ကာ ထွက်​​ပြေးသွားကြ​လေသည်​။

Bạn đang đọc truyện trên: Truyen3h.Co