Choice Part-5
Degu High School...., 10 Years Ago
Taeyeon နဲ့အတူ အပြင်ထွက်ရလျှင် Fany စိတ်ထဲ ပျော်နေတတ်သည် .....Taeyeon နဲ့အတူတူ အချိန်ဖြုန်းရတာကို Fany နှစ်သက်သည်
Taeyeonက ကောင်မလေးတွေကြားမှာ ရေပန်းစားနာမည်ကြီးတာကို Fany သဘောမကျပေ
"Yah သူတို့လာပေးတဲ့ မုန့်တွေ ဘာလို့စားနေတာလည်း...."
Taeyeon ကောင်မလေးတစ်ယောက်က သူ့ကို လာပေးတဲ့ ပေါင်မုန့်ကို ကိုက်ပြီး Fany အား ကြည့်လိုက်သည်
"ငြင်းလိုက်ရင် သူတို့ ၀ယ်ထားတာတွေ အလကားဖြစ်မှာဆိုးလို့....."
"Ash...."
ရက်တွေ အတော်ကြာပြီးနောက် Taeyeon တို့ တစ်ယောက်ကို တစ်ယောက် သံယောဇဉ် ရှိနေကြပြီလေ
တစ်နေ့ Fany ကျောင်းတွင် အတန်းထဲမှ အိမ်သာဘက်ကို သွားစဉ် တစ်စုံတစ်ယောက်က သူသွားမည့် လမ်းကို ပိတ်ထားသည်....
"Kev ထပ်ပြီး နင်ဘဲလား....."
Fany သူ့ကို တားတဲ့ကောင်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်
Kevဆိုတာ Fanyတို့ အတန်းထဲက ကောင်လေးပါ....သူက အုပ်စုလိုက် Fanyကို အနိုင်ကျင့်တတ်သည်
"မင်းမှာ ချစ်သူရနေပြီဆို....."
"နင်နဲ့ မဆိုင်ပါဘူး ....ဖယ်....."
"No...."
Kevကို တွန်းပြီး သွားပေမယ့် Kevမှာ ရအောင် လိုက်ပိတ်သည်
"Yah နင်ဘာလိုချင်လို့လည်း....."
Fany စိတ်ရှုပ်လာလို့ မေးလိုက်သည်....
"မင်းက ငါ ဘာလိုချင်လို့လည်းလို့ မေးတယ်ပေါ့...."
Kev ပြောပြီး ရယ်လိုက်သည် ....
"Hey မင်းတို့ ကောင်တွေကြားလား.....သူက ငါ့ကို ဘာလိုချင်လည်းလို့ မေးတယ် ....."
Kev သူ့သူငယ်ချင်းတွေကိုပါ ပြောလိုက်သည်
"ငါ မင်းနဲ့ လုပ်ချင်တာတွေ အများကြီး.. ...ဒါပေမယ့် ရိုးရိုးရှင်းရှင်းလေးနဲ့ စရအောင် ...."
"Fany....မင်း ဒီရောက်နေတာဘဲ...."
Kev ဘေးနား ၀င်ရပ်ပြီး Taeyeon ပြောလိုက်သည်
"Taeyeon nah...."
Taeyeon ရုတ်တရက် ရောက်လာလို့ Fany အရမ်းပျော်သွားတယ်....
"အတန်းသွားတက်ရအောင်...."
Fanyရဲ့ လက်ကို Taeyeon လှမ်းဆွဲပေမယ့် kev က တားလိုက်သည်
"Kev....ငါ မရိုင်းချင်ဘူးနော်....."
"Fanyကို ငါနဲ့ ထားပြီး မင်း သွားလို့ရတယ် ...."
"Wow ဟာသဘဲ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ.. .....ဆရာမ Song Ji Hyo က သူ့ကို တွေ့ချင်တယ် ပြောလို့ ငါသူ့ကို လိုက်ရှာနေတာ....."
ဆရာမ Song Ji Hyo က ဒေါသအိုးမို့ Kevကြောက်ပြီး ဖယ်ပေးလိုက်သည်
Kevကို ထားပြီး Fanyတို့ ထွက်လာကြရင်း
"ဆရာမက တကယ်ခေါ်တာလား...."
Taeyeon ခေါင်းခါပြသည်
"ငါ လိမ်ခဲ့တာ......"
"Gomawo.. .Kevက တကယ် စိတ်ပျက်ဖို့ကောင်းတယ် ...."
"စိတ်ထဲထားမနေနဲ့.....သူက မင်းကို သဘောကျနေတာ....."
"နင် ဘယ်လိုသိတာလည်း....."
Fany မျက်ခုံးပင့်ကာ မေးလိုက်သည်။
Taeyeon ပခုံးတွန့်ပြပြီး
"ဒီတိုင်း သိတာလေ...."
Taeyeon ပြောတာ မှန်သည် Kevက Fanyကို သဘောကျနေတာပါ ....Taeyeonနဲ့ တွဲနေတယ်ဆိုပြီး သတင်းတွေ ထွက်နေလို့ မနာလိုပြီး လာရန်ရှာခြင်း ဖြစ်သည်။
Taeyeon တစ်ယောက်တည်း အိမ်ကို ပြန်လာချိန် kevတို့ အနောက်က လိုက်လာလေသည်။
"Kim Taeyeon...."
Taeyeon သူ့နာမည်ခေါ်သံကြားလို့ လှည့်ကြည့်တော့ Kevနဲ့ ကျောင်းသားနှစ်ယောက်ကို တွေ့လိုက်ရသည်။
"Kevတို့ပါလား မင်းတို့အိမ်က ဒီနားမှာလား ....."
"No....ငါမင်းကို သတိပေးစရာရှိလို့......"
Kev ရှေ့ကို တိုးလာပြီး ပြောလိုက်သည်။
"မနက်ဖြန်မှ ပြောပါ့လား ဒါမှမဟုတ် Email ပို့လိုက်လေ....."
Taeyeonရဲ့ ဗိုက်ကို Kev ပိတ်ထိုးလိုက်တော့ Taeyeon လဲကျသွားလေသည်။
"မင်းကို ဒါလေးပေးချင်တာကို...."
Taeyeon ကို နောက်တခါ ဆောင့်ကန်ပြီး
"Tiffanyနဲ့ ဝေးဝေးမှာနေ......"
'မင်းက သူနဲ့ အမျိုးမို့ ငါ့ကို လာသတိပေးနေတာလည်း...."
Kev ဒေါသထွက်ပြီး Taeyeon ပေါ်တက်ခွကာ ထိုးလိုက်သည်။
"Fanyကို တကယ်ချစ်တယ်ဆို ငါ့ကိုထိုးကြိတ်မယ့်အစား သူမင်းကို ပြန်ကြိုက်လာအောင် ကြိုးစားသင့်တယ်...."
"ဒါ ပထမဆုံး မင်းကို သတိပေးတာဘဲ...."
Taeyeon ကို အဖွဲ့လိုက် အားရပါးရ ထိုးနှက်ပြီးနောက် ကျေနပ်မှ ထွက်သွားကြလေသည်။
အခုအပိုင်းတွေကတော့ Taenyတို့ တွေ့ခဲ့တဲ့ အပိုင်း ကို ပြန်ရှင်းပြနေတာနော် 😁😁 Flashback မို့ မပျင်းသွားကြပါနဲ့လို့
Bạn đang đọc truyện trên: Truyen3h.Co