Truyen3h.Co

Choice

ChoicePart-6

KimFany059

Flashback 10years ago....

Kevက​တော့  Taeyeonကို ထိုးကြိတ်​ခဲ့လို့ Taeyeon သူ့ကို ​ကြောက်​သွားမယ်​ ထင်​ခဲ့​ပေမယ့်​ Taeyeonက​တော့ ဂရု​တောင်​ မစိုက်​ခဲ့​ပေ....

"Tae ​နေမ​ကောင်းဘူးလား......"
Taeyeonကို ကြည့်​ပြီး  Fany ​မေးလိုက်​သည်​။

"​နေ့လည်​စာလည်း သိပ်​မစားဘူး......."

"ငါ ဗိုက်​မဆာလို့...."
Taeyeon ဗိုက်​ဆာ​သော်​လည်း အစာအိမ်​က အကန်​ခံထားရလို့ အရမ်းနာ​နေတာလေ...ဒါ​ပေမယ့်​ Fany စိတ်​ပူမှာဆိုးလို့ လိမ်​​ပြောလိုက်​သည်​။

Taeyeon လက်​နဲ့ကာခဲ့လို့ မျက်​နှာက ဘာမှမဖြစ်​​ပေမယ့်​ ရင်​ဘတ်​...၀မ်းဗိုက်​နဲ့ ​​ကျောပြင်​မှာ​တော့ အညိုအမဲ​တွေ စွဲ​နေ​လေရဲ့

"Ah ....စားပါဟ ပါးစပ်​ဟ...."
Fany ခွံ့​ကျွေးလိုက်​သည်

Fanyကို Taeyeonစိုက်​ကြည့်​​လိုက်​သည်​။ သူ့အ​မေကလွဲပြီး သူ့ကို ဂရုစိုက်​တဲ့သူ မရှိခဲ့ဘူး​လေ....

Taeyeon ​ကျေနပ်​ပီတိဖြာပြီး ပြုံးလိုက်​မိတယ်

"ဘာလို့ ပြုံး​နေတာလည်း ...."

"Nothing.. .."

Fany ရုတ်​တရက်​ Taeyeon ရဲ့ နဖူးကို လက်​နဲ့စမ်းလိုက်​သည်​ Taeyeon မှာ သူ့နဖူး​ပေါ် Fany လက်​​ရောက်​လာ​တော့ ကျင်​စက်​နဲ့ တို့ခံလိုက်​ရသလို တုန်​ခါသွား​လေသည်​။

"ဘာလုပ်​တာလည်း ....."

"အဖျားရှိမရှိ စမ်းကြည့်​တာပါ...."
Fany နှုတ်​ခမ်း​ထော်​ပြီး ​ပြောလိုက်​သည်​။

"မဖျားပါဘူးဟ...."
Taeyeon ရှက်​ပြီး မျက်​နှာကြီးနီရဲသွား​လေ၏

"နင့်​ပုံစံက ထူးဆန်း​နေသလိုဘဲ ​နေ​ကောင်းတာ​သေချာလို့လား...."

Taeyeonမှာ Fany ​ကျေနပ်​​အောင်​ ​နေ့လည်​ စာကို အံကြိတ်​ကာ စားပြ​လေ၏

Taeny တို့ကို တ​နေရာက ကြည့်​​နေတဲ့ Kevမှာ ​ဒေါသ​တွေ ထွက်​​နေ​လေရဲ့

နောက်​တ​နေ့မနက်​ locker ထဲ စာတစ်​​စောင်​​တွေ့လို့  Fany ​ဘေးနားဝန်းကျင်​ကို တစ်​ချက်​ကြည့်​လိုက်​သည်​။

"Kim Taeyeonကို မထိခိုက်​​စေချင်​ဘူးဆိုရင်​ ​ကျောင်းက အ​ဆောင်​​ဟောင်းဆီ ည​နေ​လေးနာရီကျ လာခဲ့ပါ ဘယ်​သူ့ကိုမှ ​ပြောဖို့ မကြိုးစားနဲ့ မဟုတ်​ရင်​ မနက်​ဖြန်​ Kim Taeyeon အ​လောင်းကို ​ကျောင်း​ရှေ့​တွေ့ရလိမ့်​မယ်​....."

စာက ကွန်​ပျူ တာနဲ့ ​ရေးထား​သော​ကြောင့်​ ဘယ်​သူ့လက်​ချက်​မှန်း Fany မသိ​ပေ.....ဒါ​ပေမယ့်​ Taeyeonတစ်​ခုခုဖြစ်​မှာကို​တော့  Fany အရမ်းစိတ်​ပူ​နေတယ်​.....

"Hello...."
Fany ည​နေ အတန်းဖျက်​ပြီး ​ကျောင်းအ​ဆောင်​​ဟောင်းထဲသို့ ၀င်​လာ​လေသည်​။

ထိုစဉ်​ အ​နောက်​က​နေ လူတစ်​​ယောက်​ ​ရောက်​လာပြီး Fany ပါးစပ်​ ကို လက်​နဲ့ပိတ်​လိုက်​သည်​။

Fany ​အော်​​ပေမယ့်​ ပါးစပ်​ကို အတင်းအကြပ်​ပိတ်​ခံရ​သော​ကြောင့်​ မ​အော်​နိုင်​​ပေ

"ရှူး....ဘာလို့ ​အော်​​နေတာလည်း ဒီ​နေရာမှာ မင်းနဲ့ ငါ နှစ်​​ယောက်ဘဲ ရှိတာ ....."

Fany အသံပိုင်​ရှင်​ကို သိသွားတယ်

"Tiffany Hwang မင်းကို ငါ ​ချစ်​တယ်​....မင်းသိထား ငါ့ဆီက​နေ ဘယ်​​ကောင်​ကမှ လုမယူရဘူး မင်းက ငါ့အပိုင်​ဘဲ...."

Kevရဲ့ ​ခြေ​ထောက်​ကို တက်​နင်းပြီး Fany ထွက်​​ပြေး​လေသည်​။

"Help...."

သို့​သော်​ ​အ​ဆောင်​တံခါးက ပိတ်​ထား​လေ၏

Kev လျှာသပ်​လိုက်​ပြီး ရယ်​ကာ
"ဒီမှာ မင်းနဲ့ ငါဘဲရှိတာပါဆို ​အော်​မ​နေနဲ့ .. ....."

Meanwhile.. ...
Fany​ရဲ့ ​နေရာအလွတ်​ကို Taeyeon ​ငေးကြည့်​​နေမိသည်.....

Fany အိမ်​သာသွားမယ်​ဆိုပြီး ထသွားတာ နာရီဝက်​​လောက်​ရှိ​နေပြီ

"Fany ဘယ်​မှာလဲ......."

"မသိဘူး​လေ....."
Fany ​ဘေးနားမှာ ထိုင်​တဲ့ တစ်​​ယောက်ကို ​မေး​သော်​လည်း မရ

Taeyeon မိန်းက​လေး အိမ်​သာ​ရှေ့ မိနစ်​အနည်းငယ်​​လောက်​ ရပ်​​စောင့်ေ​န​သော်​လည်း Fany ထွက်​မလာ.....​နောက်​ဆုံး ဆုံးဖြတ်​ချက်​ချပြီး မိန်းက​လေး အိမ်​သာထဲ ၀င်​ကာ Fanyကို လိုက်​ရှာ​လေသည်​။

သို့​သော်​ အိမ်​သာထဲ Fany မရှိ​ပေ....အတန်းထဲကို ​နောက်​တစ်​​ခေါက်​ ပြန်​လာ​သော်​လည်း မ​တွေ့ရ.......ဒါ​ပေမယ့်​ Kevပါ အတန်းထဲရှိမ​နေတာကို Taeyeon သတိထားမိသွားတယ်

"Kev ​ခွေး​ကောင်​ ဘယ်​မှာလဲ......"

Kevရဲ့ သူငယ်​ချင်း အင်္ကျီ​ကော်​လံကို ဆွဲပြီး Taeyeon ​မေးလိုက်​သည်

"မသိဘူး​လေ ငါက သူ့ကို လိုက်​ထိန်း​နေတာမှ မဟုတ်​တာ ...."

Taeyeon ​တောက်​​ခေါက်​ပြီး တစ်​​ကျောင်းလုံးကို ပတ်​ရှာတယ်​....​နောက်​ဆုံး ရှာရင်း ​ကျောင်း​ဆောင်​​ဟောင်းနား ​ရောက်​လာတယ်​....

"ထွက်​သွား......"

"Fany မင်းကို ပိုင်​ရဖို့ဆို ငါ ဘာမှဆို လုပ်​ရဲတယ်​ "

"နင်​ မယုတ်​မာနဲ့....."

"နင်​က ငါ့အပိုင်​ ဖြစ်​​တော့မှာပါ "

"No...."

Taeyeon ရှာရင်း Fany အသံကို ကြားလိုက်​ရသည်

"Tiffany.....Tiffany...."
Taeyeon လည်​​ချောင်းကွဲမတတ်​ ​အော်​လိုက်​သည်

"Taeyeon.. ......."

Taeyeonလည်း Fany ​ရှိမှန်း သိ​ရော ​​ကျောင်း​ဆောင်​​ဟောင်း တံခါးကို ဖျက်​ဖို့ ကြိုးစား​နေတယ်

Kevက​တော့ Fany အ၀တ်​အစား​တွေကို ချွတ်​ဖို့ ကြိုးစား​နေတယ်​.....

"​ခွေးမသား....."
Kevကို  Taeyeon ခုန်​အုပ်​လိုက်​သည်​။ ထို့​နောက်​ လဲကျ​​နေ​သော Kev​ပေါ် တက်​ခွပြီး မျက်​နှာကို လက်​သီးဖြင့်​ တရမ်းကြမ်းထိုးလိုက်​သည်​။

Kev သတိ​မေ့သွားတဲ့ အချိန်​မှ ထိုးတာရပ်​ပြီး လက်​က​သွေး​တွေကို သုတ်​ကာ Fanyကို ဖက်​လိုက်​သည်​။

"Fany...."

"Tae....."

"မ​ကြောက်​နဲ့​တော့​နော်​ ငါ​ရောက်​လာပြီဘဲ ဘာမှမဖြစ်​​တော့ဘူး ဟုတ်​ပြီလား....."

"Tae.....ငါ အရမ်း​ကြောက်​​နေခဲ့တာ......"

Taeyeon ​ဆောင့်​​ကြောင့်​ထိုင်​ လိုက်​ပြီး
"လာ ငါ့​ကျော​ပေါ်တက်​ မင်းကို ကုန်းပိုးပြီး အိမ်​ပြန်​လိုက်​ပို့​ပေးမယ်​......"

"ဖြစ်​ပါ့မလား ငါ့ကိုယ်​က ​လေးတယ်​​နော်​...."

"Come on ငါက ​ယောင်္ကျားပါဟ ....."

အိမ်​ပြန်​လမ်းတွင်

"Fany ဘာမှ စိတ်​မပူပါနဲ့  အခုကစပြီး မင်းကို​ရော မင်းအပြုံးကိုပါ ငါ ကာကွယ်​​ပေးမယ်​......."

"ဘာလို့ ငါ့အပြုံးကို ကာကွယ်​​ပေးချင်​တာလည်း...."

Fanyရဲ့ ​မေးခွန်း​ကြောင့်​ Taeyeon ရှက်​ပြီး ဘာ​ပြောရမှန်းမသိ​ပေ...

"အာ....မင်းအပြုံးက လှတယ်​..မင့်​အပြုံးကို ငါ သ​ဘောကျတယ်​....."

Taeyeonရဲ့ စကား​ကြောင့်​ Fanyရင်​ဘတ်​ထဲ လိပ်​ပြာ​တွေ ပျံဝဲ​နေတယ်

"ငါ့အပြုံးဘဲ သ​ဘောကျတာလား....."

"အာ........"

Taeyeon ဘာမှမ​ပြောနိုင်​ဘဲ တိတ်​ဆိတ်​သွား​လေသည်​။

Fanyလည်း ဘာမှဆက်​မ​မေး​တော့ဘဲ Taeyeon ပခုံး​ပေါ်တွင်​ ​မေးတင်​ရင်း လိုက်​လာ​လေသည်​......

Bạn đang đọc truyện trên: Truyen3h.Co