Truyen3h.Co

Choice

Choice Part-7

KimFany059

Flashback End....

Fany တစ်ေ​ယာက် ​​Drama​​ ရိုက်​ပြီး ခဏအနားယူရမလား ​တွေး​နေ​ပေမယ့်​ solo comeback အတွက်​ ​လေ့ကျင့်​ဖို့ SMကို ​ရောက်​လာပြန်​သည်

"Fany လမ်း​လျှောက်​ရင်း အိပ်​​နေတာလား...."
Fany ရဲ့ မန်​​နေဂျာ Boraမှာ ​မေးလိုက်​​တော့ မျက်​မှန်​အမည်းကြီးတပ်​ထားတဲ့ Fany မှာ သူ့​မန်​​နေဂျာကို မျက်​​စောင်းထိုးလိုက်​သည်

"အမှန်တိုင်း​ပြောရရင်​ ငါ ဘာစာသားမှ မမှတ်​မိ​တော့ဘူး....အိပ်​ချင်​​နေတာဘဲ သိတယ်​ ...."

"အားဖြည့်​ အချိုရည်​​တွေ ​သောက်​​လေ....."

"အိပ်​ချင်​တယ်​ဆို​နေ...."

Fany ရဲ့ ဗိုက်ကို ​Bora လက်​သီးနဲ့ ထိုးလိုက်​သည်​။

"Ah နာတယ်​ဟ ဘာလုပ်​တာလည်း......"

"အိပ်​ချင်​တယ်​ ​ပြောလို့​လေ.....အိပ်​ချင်​​ပြေ​အောင်​ ထိုး​ပေးတာ...."

"Are u kidding me...."
Fany သမ်းလိုက်​ သူ့မန်​​နေဂျာနဲ့ ရန်​ဖြစ်​လိုက်​နဲ့ ဓာတ်​​လှေကားထဲ ၀င်​လာလိုက်​သည်​​။

သမ်းပြီး ဓာတ်​​လှေကားခလုတ်​ကို နှိပ်​လိုက်ချိန်​ ဓာတ်​​လှေကား အပြင်​ဘက်​မှာ တစ်​စုံတစ်​​ယောက်​ကို ​တွေ့လိုက်​ရသည်

"Taeyeon....."

Fany အိပ်​ချင်​စိတ်​​ပျောက်​ပြီး ဓာတ်​​လှေကားကို အမြန်​ ဖွင့်​ဖို့ ကြိုးစားတယ်​.....

"Taeyeon..."
ဓာတ်​​လှေကား တံခါးကို တဘုန်းဘုန်းထုပြီး ​အော်​လိုက်​သည်​။

"Fany yah ဘာဖြစ်​တာလည်း....."

"Bora....ငါတို့ ​အောက်​ပြန်​ဆင်းရမယ်​ နင်​လည်း သူ့ကို​တွေ့တယ်​မလား Kim Taeyeon ​လေ...."

"Kim Taeyeon.....သူက Yoonaနဲ့ အတူရှိ​နေတာ​လေ...ဒီမှာ မဟုတ်​ပါဘူး ..."

"What!"

"Fany ဘာဖြစ်​​နေတာလည်း နင်​ Kim Taeyeonကို သိလို့လား ..."
Bora မျက်​​မှောင်​ကြုတ်​ကာ သူ့မင်းသမီးကို ​မေးလိုက်​သည်​။ Taeyeonနဲ့ ပတ်​သက်​ပြီး Fany ရုပ်​ပျက်​ဆင်းပျက်​ဖြစ်​​နေတာ နှစ်​ခါရှိ​နေပြီ​လေ....

Fany တံ​တွေးကို မျိုချလိုက်​သည်​​။ သူမရဲ့ မန်​​နေဂျာက Kim Taeyeon အ​ကြောင်းမှ မသိ​သေးတာ.....

"ငါက ဘာဖြစ်​လို့လည်း ..."
Fany သူ့ကိုယ်​သူ စိတ်​ပြန်​ထိန်းလိုက်​သည်​။ သူ့မျက်​လုံး​ရှေ့မှာတင်​ Kim Taeyeonရဲ့ အုတ်​ဂူကို ​တွေ့ခဲ့ရတာ​လေ....Taeyeon ဆုံးသွားတာ နှစ်​​တွေအ​တော်​ကြာ​နေပြီ​လေ ......Fany ​နေ့​နေ့ ညည ငိုခဲ့ရတာမှတ်​မိ​သေးသည်​.....သို့​သော်​ ​သေသွားတဲ့လူက ပြန်​ရှင်​လာတာ မဖြစ်​နိုင်ဘူး ​မဟုတ်​လား....

"Woo...Fany နင်​ ​သေ​သေချာချာ​လေး အိပ်​ဖို့ လိုအပ်​ပြီ ...."

Fanyတစ်​​ယောက်​ သူ့ရဲ့ အကဆရာမနဲ့ အက​လေ့ကျင့်​​နေတယ်​.....

"Hey Fany....ဘာလို့ ဒူးကို အရမ်း​ကွေးပစ်​ရတာလည်း ....."

"Fany yah....လက်​​မြှောက်​ရမယ့်​အပိုင်း မဟုတ်​​သေးဘူး......."

"Tiffany shiii အာရုံစိုက်​စမ်းပါ ......"

Fany သက်​ပြင်းချပြီး စားပွဲခုံ​ပေါ်က ပုဝါကို ယူပြီး ​ချွေး​တွေသုတ်​လိုက်​သည်​။

"Sunbae....chawကို ခဏ​လောက်​ နားခွင့်​​ပေးပါ........"

"Fany မင်း တစ်​ခုခုကို အရမ်း အာရုံစိုက်​​နေတယ်​ ထင်​တယ်​........"

Fany ​ခေါင်းခါပြပြီး ​ရေ​သောက်​လိုက်​သည်​။

ဆယ်​မိနစ်​​လောက်​နားပြီး ပြန်​က​သော်​လည်း Fany အမှား​တွေ ထပ်​လုပ်​ပြန်​သည်​။

ဒီတစ်​ခါ​တော့ ကကွက်​​တွေပါ ​မေ့​နေ၏....အကဆရာမမှာ Boraကို လှမ်းကြည့်​​လိုက်​သည်

"Fany မအိပ်​ရတာ နှစ်​ရက်​ရှိပြီ....."

"Ok....Fany ခဏနားမယ်​....လန်းဆန်းသွား​အောင်​ ၀ရန်​တာဘက်​ ထွက်​ပြီး ​လေ​ကောင်း​လေသန့်​ရှူလိုက်​အုံး...."

'Chaw toliet ခဏသွားအုံးမယ်​....."

Fany practice အခန်းထဲက ထွက်​လာပြီး
"Humm Yulဆီ သွားရမယ်​....ဘာ​တွေလုပ်​လည်းလို့.....သွားကြည့်​ရမယ်​....အာ သူကြိုက်​တဲ့ ​ကော်​ဖီ ၀ယ်​သွားရမယ်​....."

Fany ​ပြောရင်း အ​အေးစက်​နား​ရောက်​​တော့ သူ့​ဘောင်းဘီအိတ်​ထဲက အ​ကြွေ​စေ့ထုတ်​လိုက်​သည်​။

အ​အေးစက်​​ရှေ့က လူကို ကြည့်​လိုက်​​တော့ လက်​ထဲက အ​ကြွေ​စေ့ပြုတ်​ကျသွားတယ်​....

"Taeyeon.....နင်​ အသက်​ရှင်​​သေးတာဘဲ....."
Fany ​ပြောပြီး သူ့​ရှေ့က လူရဲ့ မျက်​နှာကို ​ပြေးကိုင်​လိုက်​သည်​ ....

"ငါ အိမ်​မက်​မက်​​နေတာ မဟုတ်​ဘူး.. ..နင်​ တကယ်​ပဲ Taeyeon...."
Fany အိမ်​မက်​မက်​​နေတာမဟုတ်​မှန်းသိပြီး ​ပျော်သွားတယ်​.....

သို့​သော်​...အလုပ်​က pressure ​တွေ​ကြောင့်​ ​မေ့လဲသွား​လေသည်

တကယ်​​တော့ ကျွန်​​တော်​ မ​ရေးဘဲ ဧပရယ်​ဖူးဆိုပြီးပစ်​ထားမလို့😂😁အခုရက်​ပိုင်း fic ​ရေးရတာ ပျင်း​နေတယ်​😅😅😅

Bạn đang đọc truyện trên: Truyen3h.Co