Truyen3h.Co

Choice

Choice Part-8

KimFany059

"Kim Taeyeon Car accident ဖြစ်​ပြီး ​သေသွားပြီ...."
Taeyeonအ​မေရဲ့ စကား​ကြောင့်​ Fany အသက်​ရှူ ရပ်​သွားသလို ခံစားရတယ်

"No....Taeyeon ​သေသွားပြီဆိုတာ မဖြစ်​နိုင်​ဘူး.. ....သူ မ​သေဘူး.. ....ငါ့ Tae Taeက မ​သေဘူး အသက်​ရှင်​​သေးတယ်​..Tae Taeက ငါ့ကို အခုလို ထားမသွားဘူး....."
Fany ​မြေကြီး​ပေါ်မှာ ထိုင်​လျက်​သား ​အော်​ငိုလိုက်​သည်

"Taeyeon nah..."
Fany မျက်​လုံးပွင့်​ပွင့်​ခြင်း မြင်​လိုက်​ရသူက Taeyeon မဟုတ်​ Yulပင်​ ဖြစ်​သည်

"Fany.....မင်း အဆင်​​ပြေရဲ့လား....."
Yul စိတ်​ပူပြီး သူ့ချစ်​သူရဲ့ လက်​ကို ကိုင်​ပြီး ​မေးလိုက်​သည်

Fany သူအခုရှိ​နေတဲ့ အခန်းက ဘယ်​မှာလည်းဆိုတာကို ​သေချာကြည့်​​နေတယ်

"Fany....အခု မင်းက ​ဆေးရုံမှာ.......မင်း အလုပ်​​တွေ ပင်​ပန်းပြီး သတိ​မေ့သွားတာလို့ ဆရာဝန်​က​ပြောတယ်​......"
Fany လက်​ကို ကိုင်​ပြီး Yul ​ပြောလိုက်​သည်

Fany လှဲ​နေရာက ချက်​ချင်း ထလိုက်​ပြီး
"Taeyeon......ငါ သူ့ကို ​တွေ့တယ်​....သူ ဒီမှာ ရှိခဲ့တယ်​......"

"Fany ah......မန်​​နေဂျာ အသစ်​က အရမ်း​ချောတာ ငါ လက်​ခံပါတယ်​......ဒါ​ပေမယ့်​ တခြားဝန်​ထမ်း​တွေလို မင်းက သူ့ရဲ့ ပရိတ်​သတ်​ဖြစ်​​နေ​တော့ ကိုယ်​မနာလိုမိလာပြီ..."

Fany သူ့ချစ်​သူကို ကြည့်​ပြီး
"Yul နင်​ မသိပါဘူး သူက Kim Taeyeon...."

Fany အ​အေးစက်​နားမှာ ​တွေ့ခဲ့တဲ့သူကို ​သေချာပြန်​ပုံ​ဖော်​စဉ်းစားကြည့်​သည်

"Kim Taeyeonလား သူက......."

Yul သက်​ပြင်းချပြီး သူ့​ဘေးနားက Boraကို ကြည့်​လိုက်​သည်

"Kim Taeyeon ဟုတ်​တယ်​ ဘာဖြစ်​လို့လည်း မင်း သူ့ကို သိလို့လား....."
Fany ဘာလို့ မန်​​နေ၀ျာအသစ်​နာမည်​ကို ပါးစပ်​ဖျားက မချနိုင်​မှန်း Yul မသိ​ပေ........

"ငါ သူ့ကို ​တွေ့ချင်​တယ်​....​တွေ့ဖို့လိုအပ်​တယ်​......."
Fany ကုတင်​​ပေါ်က ဆင်းဖို့ ကြိုးစားတယ်​....

သူ့လက်​က သွင်းထားတဲ့ အား​​ဆေးကြိုး​တွေပါ ဖြုတ်​ပစ်​တယ်​......

"Kim Taeyeonကို ​တွေ့ဖို့ လိုအပ်​တယ်​....."

"Fany Fany...."

Yul စိတ်​လွတ်​​နေတဲ့ သူ့ချစ်​သူကို ​အော်​လိုက်​သည်

"ကိုယ်​​ပြောတာ နား​ထောင်​ Tiffany Hwang.. ...."

Fanyရဲ့ ပခုံးကို လှုပ်​ရမ်းပြီး
"အဲ့လို မလုပ်​စမ်းနဲ့....."

Fany မထ​တော့ဘဲ ထိုင်​လိုက်​သည်

"Kim Taeyeonကို ဘာလို့ အရမ်းကြီး စွဲလန်း​နေတာလည်း.....မင်း သူ့ကို တကယ်​သိတာလား....."

Fany အပြစ်​ရှိသလို ခံစားရသည်​....Taeyeonနဲ့ ပတ်​သက်​ပြီး Yul ဘာမှမသိဘူး​လေ.....Taeyeon အ​ကြောင်းကို နှစ်​​တွေအကြာကြီး ဘယ်​သူ့ကိုမှ မ​ပြောဘဲ Fany လျို့ဝှက်​ခဲ့တယ်​​လေ.....

"Kim Taeyeon.....သူက ​ကျောင်းတုံးက သူငယ်​ချင်းပါ....."

Fany ရဲ့ စကား​ကြောင့်​ Fany ရဲ့ ပခုံးကို ဆုပိကိုင်ထားတဲ့ ​Yulရဲ့ လက်​​တွေ ​ပြေ​လျော့သွားတယ်​....

Yul ဘ၀မှာ တစ်​ခါမှ အခုလို သ၀န်​မတိုဖူး​ချေ.....အမြဲတမ်း ​ပျော်​​ပျော်​​နေတတ်​ပြီး လန်းဆန်းတက်​ကြွ​နေတဲ့ Fanyကို အခုလို အရူးတစ်​ပိုင်းဖြစ်​​အောင်​ Taeyeon ဘယ်​လိုများ လုပ်​လိုက်​သလည်း.......

"ဒါ​ပေမယ့်​ ငါ သိခဲ့တဲ့ Taeyeonက လွန်​ခဲ့တဲ့ ဆယ်​နှစ်​ကတည်းက ​သေသွားခဲ့ပြီ...."

Fany ရဲ့ စကား​ကြောင့်​ Boraနဲ့  Yulတို့ ​ပြောဖို့ စကား​တွေ ဆွံ့အသွားတယ်​......ခဏကြာမှ Yul စိတ်​နည်းနည်းသက်​သာသွားပြီး ပြုံးလာတယ်​......

"Well....Kim Taeyeonဆိုတဲ့ မင်းသိခဲ့တဲ့သူက ​သေသွားပြီဆို​တော့ ဒီ Taeyeonက မင်းရဲ့ Taeyeon မဟုတ်​ဘူး....."

Fanyက​တော့ ဘယ်​သူ့စကားမှ နားမ​ထောင်​ဘဲ မျက်​လုံးမှိတ်​ကာ ခုန သူထိ​တွေ့ခဲ့တဲ့ Taeyeonရဲ့ မျက်​နှာကို ပြန်​မြင်​​ယောင်​ကြည့်​​နေတယ်​......

အိမ်​မက်​မက်​​နေတာမဟုတ်​ဘဲ အပြင်​မှာ Taeyeonကို တကယ်​​တွေ့​နေရတာပါ...ဒါ​ပေမယ့်​....ဆယ်​နှစ်​ကြာ ​သေခဲ့တဲ့သူက ဘာလို့ ရုတ်​တရက်​ကြီး ​ပြန်​ရှင်​လာတာလည်း.....သရဲလား.....Fanyရဲ့ Taeyeon ဖြစ်​မလား...ဒါမှမဟုတ်​ ...Fany ​တွေ့ခဲ့တာက  Taeyeonနဲ့ ရုပ်​ချင်းဆင်​​နေတဲ့ သူများလား.......

Bạn đang đọc truyện trên: Truyen3h.Co