Truyen3h.Co

Ghost

Part 15 (Z+U)

KimFany059

#zawgyj

Lisa မ႐ွိလုိ႔ Chaeyoung ပ်င္းၿပီး Tvဖြင့္ကာ Channelေတြ ေလ်ွာက္ေျပာင္းေနသည္.....

ထုိစဥ္ ရဲမွဴ း Shownu ဆီက ဖုန္းဝင္လာသည္

"Shownu? ဟုိတစ္ခါကတည္းက သူတုိ႔သိခ်င္တာေတြ ေျဖေပးထားတာကုိ ဘာေမးခ်င္ျပန္ၿပီလည္း မသိဘူး "

Chaeyoung phမကုိင္ဘဲ Tvဆက္ၾကည့္ေနေပမယ့္ ဖုန္းက ဆယ္ခါေလာက္ျမည္ေနေတာ့လည္း.....Chaeyoung Tvကို ပိတ္ၿပီး ဖုန္းကုိင္လုိက္သည္

"Hello Chaeyoung.... မင္း ဖုန္းကုိင္လုိ႔ ေတာ္ေသးတာေပါ့ အဆင္ေျပရဲ႕လား "

"Nae ေျပပါတယ္ ေက်းဇူးတင္ပါတယ္ေနာ္ Shownu shii ဒါနဲ႔ ဘာလုိ႔ဖုန္းဆက္တာလည္း "

Shownuက ကိစၥတစ္ခုခု႐ွိလု႔ိ သူမကို ဖုန္းေခၚတယ္ဆုိတာ Chaeyoung အတိအက်သိေနသည္ ထို႔ေၾကာင့္လည္း ေမးလုိက္ျခင္း ျဖစ္သည္

"ဟုတ္ပါတယ္ဗ်ာ့ Chaeyoungမ်ား ကြၽန္ေတာ္တုိ႔ကုိ ကူညီႏုိင္မလားလုိ႔ေလ "

" ဘာမ်ား ကူညီေပးရမွာလည္း "

"ေထြေထြထူးထူးေတာ့ မဟုတ္ပါဘူး အခု Chaeyoungရဲ႕ အေဖ့အိမ္ေရာက္ေနတာေလ အဲ့တာ နည္းနည္း စံုစမ္းစရာ႐ွိလုိ႔ Chaeyoungမ်ား ကူညီေပးႏုိင္မလားလုိ႔ "

"အိမ္.....အဲ့ဘက္ကို မေရာက္ျဖစ္တာ အေတာ္ၾကာၿပီ "

ကေလးဘဝတစ္ခုလုံး အခ်ိန္ကုန္ခဲ့တဲ့ အိမ္ေ႐ွ႕ေရာက္ေတာ့ Chaeyoung ထိုအိမ္ႀကီးကုိ ၾကည့္ရင္း ေငးေနမိသည္

အရင္ေပ်ာ္စရာေကာင္းတဲ့အခ်ိန္ေတြ သတိရေပမယ့္လည္း ရင္နာစရာေတြကိုေတာ့ Chaeyoung ျမႇဳပ္ႏွံခဲ့ၿပီမုိ႔ ျပန္မေတြးခ်င္ေတာ့ေပ

"Chaeyoung ဒီမွာ အဆင္ေျပရဲ႕လား "

Shownu အသံေၾကာင့္ Chaeyoung အသိျပန္ဝင္လာသည္

"ဟုတ္ အဆင္ေျပပါတယ္ chaw ဘာကူညီေပးရမလည္း....."

"မင္း အိမ္က ထြက္ေျပးတဲ့ေန႔က အေၾကာင္းေလး ေျပာျပပါလား "

"အဲ့တာ အေရးႀကီးလုိ႔လား "

"အေရးႀကီးလုိ႔ မင္းကုိ ေမးတာေပါ့ "

Wonhoရဲ႕ စိတ္မ႐ွည္တဲ့ေလသံေၾကာင့္ Chaeyoung မွာ Wonhoကို မၾကည္တဲ့ အၾကည့္နဲ႔ၾကည့္လုိက္သည္

"Well အဲ့ေန႔က chaw အခန္းထဲမွာ စာဖတ္ေနတာ အဲ့အခ်ိန္မွာ Appaေရာက္လာၿပီး chawအတြက္ Suprise ႐ွိတယ္လုိ႔ေျပာတယ္ chawလည္း သူ႔ေနာက္လုိက္သြားေတာ့ chawအတြက္ သူ Birthday party အေသးစား ျပင္ဆင္ထားတယ္ chawတုိ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ စားေသာက္ၾကရင္း သူက chawကို ျပစရာ႐ွိတယ္လု့ိေျပာတယ္ "

"Mr Park မင္းကုိ ေခၚသြားတဲ့ ေနရာ လုိက္ျပပါ့လား "

Chaeyoungလည္း ထုိေနရာကုိ လုိက္ျပလုိက္သည္

ေျမေအာက္တံခါး ဖြင့္ၾကည့္ေတာ့ အ႐ုပ္ေတြကို မေတြ႔ရေတာ့ေပ သို႔ေသာ္လည္း ခုထိ ေၾကာက္ရြံ႔ေနမိသည္

"အဲ့ေနရာမွာ အ႐ုပ္ေတြ အမ်ားႀကီးဘဲ Appaက ငါ့ကုိ သူတုိ႔လုိျဖစ္ေအာင္ လုပ္ခ်င္တယ္တဲ့....ၿပီးက် အခန္းထဲ ေရသြားခ်ဳိးခုိ္င္းတယ္...."

Shownuတုိ႔လည္း Chaeyoung အခန္းေ႐ွ႕ရပ္ၿပီး

"ဒါဆုိ အဲ့အခန္းထဲက မင္း ဘယ္လုိလြတ္လာတာလည္း "

Chaeyoung အမွန္တုိင္းေျပာရမလား ေတြးေနမိသည္

"Lisa ျပလို႔ သိတယ္လုိ႔ ေျပာရင္ ျပႆ     နာက ပုိ႐ႈပ္လိမ့္မယ္ ဒီတုိင္း ေရခ်ိဳးခန္းထဲမွာ ေျပးဖုိ႔ေနရာ ႐ွာရင္း ဒီအေပါက္ကုိ ေတြ႔တာလုိ႔ေျပာရမယ္ 💭💭"

"Chaeyoung shii ကြၽန္ေတာ္ေျပာတာ ၾကားလား"

"Chaeyoung....."

"Sorry chaw ဘယ္လုိ လြတ္ေျမာက္ခဲ့လည္းဆုိတာ ျပန္ေတြးေနရင္း သတိရလာလုိ႔ပါ "

Chaeyoung ႐ုိးသားတဲ့အျပံဳးေလးနဲ႔ ျပံဳးျပလုိက္သည္

"အဲ့တာဆုိ ေျပာျပပါအုံး "

"Chaw ငယ္ငယ္က Chawရဲ႕ အေမက အဲ့ေနရာကို ျပဖူးတယ္ "

"Ok Wonhoနဲ႔ Chaeyoung က အျပင္ဘက္ကေန ေစာင့္ေနပါ ကြၽန္ေတာ္ ဒီအေပါက္ထဲ ဝင္ၾကည့္အုံးမယ္....."

"No မဝင္ပါနဲ႔ Shownu shii အဲ့တာ အႏၱရာယ္မ်ားလြန္းတယ္......"

"ဘယ္လုိ အႏၱရာယ္မ်ားတာလည္း အဲ့ေနရာမွာ တခုခု႐ွိလု႔ိလား "

"အဲ့လုိေတာ့ မဟုတ္ပါဘူး Wonho shii"

"ကဲ ငါေျပာတာ နားေထာင္ သြား "

Shownuလည္း နံရံကအေပါက္ထဲ ဝင္သြားေတာ့ Chaeyoung တုိ႔လည္း အေ႐ွ႕ကေန ေစာင့္ေနၾကသည္

သုိ႔ေသာ္လည္း နာရီဝက္ေလာက္ၾကာတဲ့အထိ Shownu က အေပါက္ကေန ျပန္ထြက္မလာေသာေၾကာင့္ Wonho စိတ္ပူသြားသည္

"Chaeyoung မင္း ဘာလုပ္လုိက္တာလည္း "

"Chaw ဘာမွမလုပ္ပါဘူး "

"Shownu ထြက္မလာေသးဘူး သူ တစ္ခုခုျဖစ္ေနတာထင္တယ္ "

Chaeyoung လည္း ႏွစ္ခါမစဥ္းစားေတာ့ဘဲ အေပါက္ထဲကို ဝင္သြားသည္

"Shownu Shownu......."

Chaeyoung အတြင္းနက္နက္ထိေရာက္ေလေလ အေမွာင္ထုက ႀကီးစုိးေလေလ ျဖစ္လာသည္...Shownu နာမည္ေအာ္ေခၚေသာ္လည္း ျပန္ေျဖသံကမရ.....

Chaeyoung အစက Shownu ကို စိုးရိမ္စိတ္နဲ႔ အထဲဝင္ခဲ့ေပမယ့္ ခုေတာ့ ေၾကာက္လာသည္.....

"Chaeng...."

ထုိစဥ္ ရင္းႏွီးတဲ့အသံေၾကာင့္ Chaeyoung အရမ္းေပ်ာ္သြားသည္

သုိ႔ေသာ္လည္း.. Shownuကိုေတာ့ တစ္ျခားအရာေတြက ဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည္.....

#TBC

#Unicode

Lisa မရှိလို့ Chaeyoung ပျင်းပြီး Tvဖွင့်ကာ Channelတွေ လျှောက်ပြောင်းနေသည်.....

ထိုစဉ် ရဲမှူ း Shownu ဆီက ဖုန်းဝင်လာသည်

"Shownu? ဟိုတစ်ခါကတည်းက သူတို့သိချင်တာတွေ ဖြေပေးထားတာကို ဘာမေးချင်ပြန်ပြီလည်း မသိဘူး "

Chaeyoung phမကိုင်ဘဲ Tvဆက်ကြည့်နေပေမယ့် ဖုန်းက ဆယ်ခါလောက်မြည်နေတော့လည်း.....Chaeyoung Tvကို ပိတ်ပြီး ဖုန်းကိုင်လိုက်သည်

"Hello Chaeyoung.... မင်း ဖုန်းကိုင်လို့ တော်သေးတာပေါ့ အဆင်ပြေရဲ့လား "

"Nae ပြေပါတယ် ကျေးဇူးတင်ပါတယ်နော် Shownu shii ဒါနဲ့ ဘာလို့ဖုန်းဆက်တာလည်း "

Shownuက ကိစ္စတစ်ခုခုရှိလု့ိ သူမကို ဖုန်းခေါ်တယ်ဆိုတာ Chaeyoung အတိအကျသိနေသည် ထို့ကြောင့်လည်း မေးလိုက်ခြင်း ဖြစ်သည်

"ဟုတ်ပါတယ်ဗျာ့ Chaeyoungများ ကျွန်တော်တို့ကို ကူညီနိုင်မလားလို့လေ "

" ဘာများ ကူညီပေးရမှာလည်း "

"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး အခု Chaeyoungရဲ့ အဖေ့အိမ်ရောက်နေတာလေ အဲ့တာ နည်းနည်း စုံစမ်းစရာရှိလို့ Chaeyoungများ ကူညီပေးနိုင်မလားလို့ "

"အိမ်.....အဲ့ဘက်ကို မရောက်ဖြစ်တာ အတော်ကြာပြီ "

ကလေးဘဝတစ်ခုလုံး အချိန်ကုန်ခဲ့တဲ့ အိမ်ရှေ့ရောက်တော့ Chaeyoung ထိုအိမ်ကြီးကို ကြည့်ရင်း ငေးနေမိသည်

အရင်ပျော်စရာကောင်းတဲ့အချိန်တွေ သတိရပေမယ့်လည်း ရင်နာစရာတွေကိုတော့ Chaeyoung မြှုပ်နှံခဲ့ပြီမို့ ပြန်မတွေးချင်တော့ပေ

"Chaeyoung ဒီမှာ အဆင်ပြေရဲ့လား "

Shownu အသံကြောင့် Chaeyoung အသိပြန်ဝင်လာသည်

"ဟုတ် အဆင်ပြေပါတယ် chaw ဘာကူညီပေးရမလည်း....."

"မင်း အိမ်က ထွက်ပြေးတဲ့နေ့က အကြောင်းလေး ပြောပြပါလား "

"အဲ့တာ အရေးကြီးလို့လား "

"အရေးကြီးလို့ မင်းကို မေးတာပေါ့ "

Wonhoရဲ့ စိတ်မရှည်တဲ့လေသံကြောင့် Chaeyoung မှာ Wonhoကို မကြည်တဲ့ အကြည့်နဲ့ကြည့်လိုက်သည်

"Well အဲ့နေ့က chaw အခန်းထဲမှာ စာဖတ်နေတာ အဲ့အချိန်မှာ Appaရောက်လာပြီး chawအတွက် Suprise ရှိတယ်လို့ပြောတယ် chawလည်း သူ့နောက်လိုက်သွားတော့ chawအတွက် သူ Birthday party အသေးစား ပြင်ဆင်ထားတယ် chawတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ကြရင်း သူက chawကို ပြစရာရှိတယ်လု့ိပြောတယ် "

"Mr Park မင်းကို ခေါ်သွားတဲ့ နေရာ လိုက်ပြပါ့လား "

Chaeyoungလည်း ထိုနေရာကို လိုက်ပြလိုက်သည်

မြေအောက်တံခါး ဖွင့်ကြည့်တော့ အရုပ်တွေကို မတွေ့ရတော့ပေ သို့သော်လည်း ခုထိ ကြောက်ရွံ့နေမိသည်

"အဲ့နေရာမှာ အရုပ်တွေ အများကြီးဘဲ Appaက ငါ့ကို သူတို့လိုဖြစ်အောင် လုပ်ချင်တယ်တဲ့....ပြီးကျ အခန်းထဲ ရေသွားချိုးခိုင်းတယ်...."

Shownuတို့လည်း Chaeyoung အခန်းရှေ့ရပ်ပြီး

"ဒါဆို အဲ့အခန်းထဲက မင်း ဘယ်လိုလွတ်လာတာလည်း "

Chaeyoung အမှန်တိုင်းပြောရမလား တွေးနေမိသည်

"Lisa ပြလို့ သိတယ်လို့ ပြောရင် ပြဿ     နာက ပိုရှုပ်လိမ့်မယ် ဒီတိုင်း ရေချိုးခန်းထဲမှာ ပြေးဖို့နေရာ ရှာရင်း ဒီအပေါက်ကို တွေ့တာလို့ပြောရမယ် 💭💭"

"Chaeyoung shii ကျွန်တော်ပြောတာ ကြားလား"

"Chaeyoung....."

"Sorry chaw ဘယ်လို လွတ်မြောက်ခဲ့လည်းဆိုတာ ပြန်တွေးနေရင်း သတိရလာလို့ပါ "

Chaeyoung ရိုးသားတဲ့အပြုံးလေးနဲ့ ပြုံးပြလိုက်သည်

"အဲ့တာဆို ပြောပြပါအုံး "

"Chaw ငယ်ငယ်က Chawရဲ့ အမေက အဲ့နေရာကို ပြဖူးတယ် "

"Ok Wonhoနဲ့ Chaeyoung က အပြင်ဘက်ကနေ စောင့်နေပါ ကျွန်တော် ဒီအပေါက်ထဲ ဝင်ကြည့်အုံးမယ်....."

"No မဝင်ပါနဲ့ Shownu shii အဲ့တာ အန္တရာယ်များလွန်းတယ်......"

"ဘယ်လို အန္တရာယ်များတာလည်း အဲ့နေရာမှာ တခုခုရှိလု့ိလား "

"အဲ့လိုတော့ မဟုတ်ပါဘူး Wonho shii"

"ကဲ ငါပြောတာ နားထောင် သွား "

Shownuလည်း နံရံကအပေါက်ထဲ ဝင်သွားတော့ Chaeyoung တို့လည်း အရှေ့ကနေ စောင့်နေကြသည်

သို့သော်လည်း နာရီဝက်လောက်ကြာတဲ့အထိ Shownu က အပေါက်ကနေ ပြန်ထွက်မလာသောကြောင့် Wonho စိတ်ပူသွားသည်

"Chaeyoung မင်း ဘာလုပ်လိုက်တာလည်း "

"Chaw ဘာမှမလုပ်ပါဘူး "

"Shownu ထွက်မလာသေးဘူး သူ တစ်ခုခုဖြစ်နေတာထင်တယ် "

Chaeyoung လည်း နှစ်ခါမစဉ်းစားတော့ဘဲ အပေါက်ထဲကို ဝင်သွားသည်

"Shownu Shownu......."

Chaeyoung အတွင်းနက်နက်ထိရောက်လေလေ အမှောင်ထုက ကြီးစိုးလေလေ ဖြစ်လာသည်...Shownu နာမည်အော်ခေါ်သော်လည်း ပြန်ဖြေသံကမရ.....

Chaeyoung အစက Shownu ကို စိုးရိမ်စိတ်နဲ့ အထဲဝင်ခဲ့ပေမယ့် ခုတော့ ကြောက်လာသည်.....

"Chaeng...."

ထိုစဉ် ရင်းနှီးတဲ့အသံကြောင့် Chaeyoung အရမ်းပျော်သွားသည်

သို့သော်လည်း.. Shownuကိုတော့ တစ်ခြားအရာတွေက ဖမ်းဆီးချုပ်နှောင်ထားသည်.....

#TBC

Bạn đang đọc truyện trên: Truyen3h.Co