Truyen3h.Co

Ghost

Part 16 (Z+U)

KimFany059

#zawgyi



















"ငါလည်း လိုက်မယ်လေ "




"ဟုတ်တယ် "



"Lisa ဒါက ဘယ်နေရာလည်း "





"အင်း ဆိုပါတော့ "



"Lalisa....."

"ဟားဟားဟား "












"သူ့ကို မထိနဲ့ Bam...."



"ဒါဆို ဒီတစ်ယောက်နဲ့ မင်းရဲ့ အလင်းရောင် ဘယ်သူ့ကိုရွေးမလည်း ငါက နှစ်ယောက်လုံးတော့ လွှတ်ပေးမှာမဟုတ်ဘူး ဒီမှာ အဖော်မရှိဘဲ နေရတာ ပျင်းတယ်လေ "

"ဘာ "







"နင် နင်ရော "







"Gomawo "


"Ah "






"ရပါတယ် "

"အားတော့နာပါတယ် Chaeyoungကို ကျွန်တော်တို့ ပြန်လိုက်မပို့နိုင်တော့ဘူး ဒီအရှုပ်တွေ ရှင်းစရာရှိလို့ "

"Nae ရပါတယ် "



"Chaeng ငါ ဒီမှာ "








#TBC


#Unicode

သူမ ရှေ့မှာ ရပ်နေတဲ့ လူတစ်ယောက်ကြောင့် Chaeyoung အားပြန်ပြည့်လာပြီး နွေးထွေးသလို ခံစားရသည်

အမြဲတမ်း သူမ အန္တရာယ်တွေ ကြုံလာရင်.....လိုအပ်တဲ့အချိန်တွေဆို အဲ့တစ်ယောက်က အမြဲရောက်လာပြီး ကာကွယ် ကူညီပေးခဲ့သည်

ယခု အဲ့တစ်ယောက်က သရဲ ဝိညာဉ် ပုံစံဖြစ်နေပေမယ့် Chaeyoung အတွက်တော့ နတ်သမီးလေးလိုပင်.......

"ဒီမှာ မင်း ဘာလုပ်နေတာလည်း "

Lisa အသံမှာ ဒေါသသံတွေပါနေသောကြောင့် Chaeyoung လန့်သွားတယ် သို့သော်လည်း နွေးထွေးသလို ခံစားရသည်

"Ash သူ ငါ့ကို စိတ်တိုပေမယ့်လည်း ငါ့ကို ဂရုစိုက်ရှာပါတယ် 💭"

Chaeyoung စိတ်ထဲက တွေးနေပေမယ့် ရုတ်တရက် Lisaက သူမစိတ်ကို ဖတ်နိုင်တယ်ဆိုတာ သတိရသွားသောကြောင့် ရှက်သွားသည်

ဒါပေမယ့် Lisaကတော့ ရုပ်တည်နဲ့သာ သူမကို ကြည့်နေသည်

"ငါမေးတာကို ဖြေလေ Chaeyoung"

Chaeyoung မှာ စိတ်ထဲကနေ သူမဖြစ်ခဲ့တာတွေ ပြန်တွေးနေစဉ် Lisaမှာ Chaeyoungရဲ့ စိတ်ကို ဝင်ဖတ်ပြီး အကုန်သိနေပြီဖြစ်သည်

"ဒီတော့ ရဲတစ်ယောက်က ဒီထဲရှိနေတာပေါ့ "

"ဟုတ်တယ် Lisa ငါ့ကို စိတ်မဆိုးပါနဲ့နော် "

"ဘယ်တော့မှ ငါ့စကား နားမထောင်ဘဲ လုပ်ချင်သလို လုပ်နေတဲ့ နင့်ကို ငါ ဘယ်လို စိတ်ဆိုးရမှာလည်း "

"ငါလည်း ဒီလို ဘဝမျိုး လိုချင်တာမှ မဟုတ်တာ အဲ့အစား ငါမမွေးခဲ့တာဘဲ ဖြစ်ဖြစ် ငါ့အဖေရဲ့ အရုပ်ဖြစ်သွားတာ ဖြစ်လိုက်ရမှာ "

Lisaနဲ့ စကားများ ရန်ဖြစ်ရတာကို Chaeyoung တကယ်မုန်းသည် အဲ့တာက နာကျင်ရပြီး စိတ်ပျက်ဖို့ကောင်းသည်

Lisaက Chaeyoung နားက ထွက်သွားတော့

"နင် ဘယ်သွားမလို့လည်း Lisa "

"ဒီထဲရောက်နေတဲ့ တစ်ယောက်ကို ရှာမလို့လေ "

"ငါလည်း လိုက်မယ်လေ "

Chaeyoung လည်း Lisa နောက်ကို လိုက်သွားလိုက်သည်

"Lisa ဘာလို့ ဒီနံရံထဲ မည်းမှောင်နေရတာလည်း အရင်က အဲ့လို မဟုတ်ပါဘူး "

"အရင်က သွားရတာ ရိုးရှင်းပြီး လွယ်ကူတယ်မလား"

"ဟုတ်တယ် "

"အေးလေ လွယ်မှာပေါ့ ငါက ရှေ့က လမ်းပြပေးတာကိုး "

Lisaတို့ နံရံထဲ အတွင်းနက်နက်ထဲထိ ရောက်လာသည်

"Lisa ဒါက ဘယ်နေရာလည်း "

"ငါတို့လို ဝိညာဉ်တွေ သရဲတွေ အများကြီးရှိတဲ့ နေရာလေ "

"ဒါဆို ဒီထဲ သရဲတွေအများကြီး ရှိနေတာလား ခုလေ "

"ခုတော့ နည်းနည်းဘဲ ရှိတယ် "

"အရင်က နင် ဒီမှာ နေခဲ့တာလား "

"အင်း ဆိုပါတော့ "

Lisaတို့ စကားပြောရင်း ရှေ့တက်လာကြသည်

ထိုစဉ် မည်းမည်းကြီးနဲ့ အရိပ်တစ်ခု ပေါ်လာသည်

"Lalisa....."

"ဟားဟားဟား "

ကြောက်စရာကောင်းတဲ့ ရယ်သံကြောင့် Chaeyoung ကြောက်ပြီး Lisaနောက်ကို ပုန်းနေလိုက်သည်

"မကြောက်ပါနဲ့ Chaeng သူက ငါ့အသိပေါ "

"Oh Lisa မတွေ့ရတာတောင် အတော်ကြာနေရောပေါ့ "

"Hey Bam သုံးလလောက်ဘဲ ရှိပါသေးတယ် ဘာလို့လည်း ငါ့ကို သတိရနေတာလား "

Bam ဆိုတဲ့ ကောင်လေးနဲ့ Lisa စကားတရင်းတနှီးပြောနေတာကို Chaeyoung ကြည့်ပြီး ဂျယ်လီနင်နေသည်

"ဒါပေါ့ သတိရတာပေါ့ မင်းရဲ့ အလင်းရောင်ကို ကာကွယ်ဖို့ ငါတို့ကို ထားသွားတဲ့ မင်းကို အရမ်းသတိရနေတာ "

"အေးပါ အခု မင်းတို့ ဘာတွေ လုပ်နေလည်း "

"ငါတို့ ပျော်စရာကောင်းတဲ့အရာတစ်ခု တွေ့ထားတယ် "

Bamတို့ အမှောင်ထုထဲကို လက်ညိုးထိုးပြတော့ Lisa လင်းအောင် မီးထွန်းပြီး ကြည့်တော့ သတိလစ်နေတဲ့ Shownuကို တွေ့ရလေသည်

"ဒါနဲ့ Lisa မင်းရဲ့ အလင်းရောင်လေးက ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာလေးနော် "

Bamမှာ Chaeyoungရဲ့ မျက်နှာလေးကို ကိုင်ပြီး ပြောလိုက်သည်

"သူ့ကို မထိနဲ့ Bam...."

"ဘာလည်း မင်း ဘာတွေလောဘထပ်တက်နေတာလည်း လူတစ်ယောက်လို နေထိုင်ရတာကို အားမရသေးဘူးလား မင်းက လူတစ်ယောက်လို သန့်သန့်ပြန့်ပြန့်နေချိန် ငါတို့က ဒီအမှောင်ထဲ ဘီလူးသရဲလိုနေခဲ့ရတာ Lisa "

"သူ့ကို ငါ ကာကွယ်ရမှာမို့လို့ Bam "

"ဒါဆို ဒီတစ်ယောက်နဲ့ မင်းရဲ့ အလင်းရောင် ဘယ်သူ့ကိုရွေးမလည်း ငါက နှစ်ယောက်လုံးတေ့ာ လွှတ်ပေးမှာမဟုတ်ဘူး ဒီမှာ အဖော်မရှိဘဲ နေရတာ ပျင်းတယ်လေ "

"ဘာ "

"ဒီလိုလုပ် အခု မင်းက ဟို ကောင်ကို လာကယ်တာမလား ဒီတော့ သူ့ကိုခေါ်သွား ဒီကောင်မလေးကို ငါနဲ့ ထားခဲ့ "

Bamမှာပြောပြီး Chaeyoungရဲ့ လက်ကို ဆွဲတော့ Lisaမှာ စိတ်တိုပြီး Bamကို ထိုးလိုက်သည်

"သူ့ကို မထိနဲ့လို့ ငါပြောနေတယ်လေ "

"Aww ငါ့ကို စိန်ခေါ်တာပေါ့ Lisa "

Lisa မှာ Chaeyoungကို သူ့ဘက်ဆွဲပြီး

"Chaeng ဒီကနေ တည့်တည့်သွား ခဏကြာရင် လမ်းသုံးကြောင်းတွေ့ရလိမ့်မယ် ဘယ်ဘက်ကို ဆက်သွား အလင်းရောင် မြင်ရရင် အပေါက်ရောက်ပြီဘဲ ကဲ မင်းအသိကို ခေါ်ပြီး ပြေးတော့ "

"နင် နင်ရော "

"ငါ့ကို စိတ်မပူပါနဲ့ ပြေး "

Lisaမှာ Bamကို Chaeဆီ အာရုံမရောက်စေရန် Bamအား တွန်းပြီး ထိုးလေသည်

Chaeng လည်း သတိလစ်နေတဲ့ Shownuကို တွဲပြီး Lisaပြောတဲ့လမ်းအတိုင်း သွားလေသည်

အပြင်ကို ပြန်ရောက်တော့ Shownuမှာ သတိရလာသည်

"Ah ငါ အပြင်ကို ဘယ်လိုပြန်ရောက်လာတာလည်း "

"အထဲမှာ ရှင် သတိလစ်နေလို့ chaw ကူတွဲလာတာ "

"Gomawo "

Wonhoမှာ Shwonuတို့ ပြန်ထွက်လာတာကို မြင်ပြီး ပြေးလာလေသည် ထို့နောက် Chaeyoung ရဲ့ ပါးကို ဖြန်းခနဲ ရိုက်လိုက်သည်

"Ah "

"မင်း ဒီလိုဖြစ်မှာကို သိရက်နဲ့ ငါတို့ကို သွားခိုင်းတယ် လမ်းမှန်ကိုလည်း ပြောမပြဘူး "

Shownuမှာ Wonhoကို ပိတ်ထိုးလိုက်ပြီး

"မင်းကို ဖြစ်ရပ်မှန်ကို သေချာမသိဘဲ ရမ်းသမ်းမလုပ်ဖို့ မပြောခဲ့ဘူးလား ခုချက်ချင်း သူ့ကို တောင်းပန်လိုက်....ငါတို့က သူ့ကိုဒီခေါ်လာတာလေ ပြီးကျ သူက ငါ့ကိုကယ်ခဲ့တာ Wonho "

Shownuကြောင့် Wonho လည်း Chaengကို ဦးညွှတ်ပြီး တောင်းပန်သည်

"ခုနက ကိစ္စအတွက် တောင်းပန်ပါတယ် "

"ရပါတယ် "

"အားတော့နာပါတယ် Chaeyoungကို ကျွန်တော်တို့ ပြန်လိုက်မပို့နိုင်တော့ဘူး ဒီအရှုပ်တွေ ရှင်းစရာရှိလု့ိ "

"Nae ရပါတယ် "

Chaeyoungလည်း Shownuတို့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်

သို့သော်လည်း အိမ်ကြီးကို တစ်ချက်လှည့်ကြည့်ပြီး Lisaကို စောင့်နေသည်

"Chaeng ငါ ဒီမှာ "

အသံကြားရာကြည့်တော့ ဆိုင်ကယ်ပေါ် ထိုင်နေတဲ့ Lisaကို တွေ့ရသည်

Lisaလည်း ဆိုင်ကယ်ပေါ်က ဆင်းလာတော့ Chaeyoungမှာ Lisaဆီ ပြေးပြီး ဖက်လေသည်

"Aigoo cry baby မငိုပါနဲ့ ပါးရိုက်ခံရတာဆိုတော့ အခုရော နာသေးလား ကွာ ငါ့ ကလေးကို ဒင်းမို့ ရိုက်ရက်တယ် ငါ ဝင်ရိုက်ချင်တာ ပြဿ      နာရှုပ်မှာဆိုးလို့ "

Chaeyoungရဲ့ မျက်နှာလေးကို Lisa ကိုင်ပြီး ပြောလိုက်တော့ နွေးထွေးသလို Chaeyoung ခံစားရသည်

"Miyanhaeyo အမြဲတမ်း နင့်စကားကို နားမထောင်ခဲ့မိလို့ "

Lisaလည်း ခေါင်းခါပြပြီး Chaeyoungကို ဖက်လိုက်သည်

"ငါ့စကား နားမထောင်လည်း ဘာမှမဖြစ်ပါဘူး နင်တစ်ခုခု ဖြစ်တိုင်း ငါ တတ်နိုင်သမျှ လာကယ်မယ် ဟုတ်ပြီလား "

#TBC

ပျင်းစရာကောင်းနေပြီလား 😁😁Author အလုပ်နဲ့ ကျူ ရှင်ကြား မအားလို့ပါ😁😁😁အလုပ်က နားပြီမို့  အခုမှ သေချာရေးပြီး ဒိတ်ပေးထားတာ

Bạn đang đọc truyện trên: Truyen3h.Co