Truyen3h.Co

Ghost

Part 17 (Z+U)

KimFany059

#zawgyi

လ်ဳိ့ဝွက္ လမ္းေၾကာင္း သုိ႔မဟုတ္ သဲထိတ္ရင္ဖုိ ဝကၤပါ

စိတၱဇ လူသတ္သမား Mr.Park အိမ္သုိ႔ Shownu ဦးစီးေသာ အဖြဲ႔ ဝင္႐ွာေဖြရာမွ ထုိ အိမ္ႀကီးနဲ႔ ပတ္သက္ၿပီး လ်ိဳ႕ဝွက္လမ္းေၾကာင္းမ်ားကုိ Shownuမွ ႐ွာေတြ႔ခဲ့ေၾကာင္း......

Shownuမွ ေျမေအာက္ခန္းကေန ဝင္သြားရင္း ေမွာင္မဲေနတ့ဲ ဝကၤပါ လမ္းေၾကာင္းထဲမွာ သုံးနာရီ နီးပါး လမ္းေပ်ာက္ေနခဲ့ရာမွ ထြက္ေပါက္ကို ႐ုတ္တရက္ ႐ွာေတြ႔ခဲ့ေၾကာင္း

Chaeyoung သတင္းစာဖတ္ရင္း
"ဟင္ Shownuက ဘာလုိ႔ ငါ့နာမည္ကို ထုတ္မေျပာထားတာလည္း ဘာလုိ႔ ကာကြယ္ေပးတာလည္း Wonhoသာဆုိ ငါ့နာမည္ပါ ထုတ္ေျပာေလာက္တယ္ "

"တစ္စုံတစ္ေယာက္က မင္းအေပၚ အရမ္းေကာင္းၿပီဆုိ မင္းက ဘာလုိ႔ အရမ္းေတြးတတ္ေနတာလည္း Chaeng "

Lisa ေရာက္လာၿပီး Chaeyoung လက္က သတင္းစာကုိ ဆြဲယူကာ လိပ္ၿပီး တစ္ျခားဘက္ကို ပစ္လုိက္သည္

"Shoot "

Lisa လက္ျဖင့္ ေသနတ္ပစ္ခ်င္ေယာင္ေဆာင္ၿပီး Chaeyoung ေဘးနား ဝင္ထုိင္လုိက္သည္

"ဘာလုိ႔လည္းဆုိေတာ့ ငါ သူတုိ႔ ငါ့အေပၚေကာင္းတာကို ငါကက်..... သူတုိ႔နဲ႔ ငါ မထုိက္တန္ပါဘူး"

"ဒါေပါ့ ငါ ေထာက္ခံတယ္ "

Lisa ေျပာၿပီး Tvဖြင့္လုိက္သည္....Chaeyoung လည္း Lisaေတာင္ သူမကို အရာအားလုံးနဲ႔ ထုိက္တန္သူမဟုတ္ဘူးလို႔ ေထာက္ခံလုိ႔ ဝမ္းနည္းေနသည္

"Wow ငါက မင္းကုိ စေနတာေလ တကယ္ ထင္ေနတာလား ေနပါအုံး စိတ္ခံစားလြယ္ေနတယ္ဆုိေတာ့ ဟုိဟာမ်ား ျဖစ္ေနတာလား Period အခ်ိန္ဆုိ အဲ့လုိေတြျဖစ္တတ္ အား  "

Lisa စကားမဆုံးေသး Lisaရဲ႕ ေပါင္ကုိ ခပ္ျပင္းျပင္းလက္ျဖင့္ Chaeyoung ႐ုိက္လုိက္သည္

အ႐ုိက္ခံရတာေတာင္ Lisa ေအာ္ရယ္ေနေသာေၾကာင့္ အနား႐ွိေသာ ေခါင္းအုံးျဖင့္ Lisaကို Chaeyoung ပစ္ေပါက္လုိက္သည္

Lisa ထေျပးေတာ့ Chaeyoung လုိက္႐ုိက္သည္

"Ok ok ေလ်ွာက္မလုပ္နဲ႔ေတာ့ ငါ မနက္ကမွ သန္႔႐ွင္းေရးလုပ္ထားတာ ပြကုန္မယ္ "

"ဟုတ္လုိ႔လား ငါျဖင့္ နင္ သန္႔႐ွင္းေရးလုပ္တာ မျမင္ပါဘူး "

"ဘယ္ျမင္မလည္း နင္က ငါ့ကုိ အိမ္မက္ထဲ ထည့္မက္ေနတာမလား "

"Yah Lisa "

Chaeyoung ေခါင္းအုံး ေနာက္တစ္လုံးျဖင့္ Lisa မ်က္ႏွာကုိ ပစ္ေပါက္လုိက္သည္

ဆုိဖာခုံကုိ Lisa ပတ္ေျပးရင္း Chaeyoung က လုိက္႐ုိက္ရင္း Chaeyoung ေျခေခ်ာ္ၿပီး ဆုိဖာခုံေပၚျပဳတ္က်ေတာ့ Lisa က လွမ္းဖမ္းလုိက္သည္

Lisa မ်က္ႏွာနဲ႔ Chaeyoung မ်က္ႏွာဟာ တျဖည္းျဖည္း နီးကပ္လာသည္

Lisa အခုတေလာ Chaeyoungနဲ႔ အသားခ်င္းထိရတာကုိ ေတာ္ေတာ္ သေဘာက်ေနသည္

အလကားေနရင္း Chaeyoung လက္ကို လာကုိင္လုိက္ ပါးေဖာင္းေဖာင္းေလးကုိ လက္နဲ႔တုိ႔လုိက္နဲ႔ အျမဲလုိလုိ စေနာက္ေနတတ္သည္

ယခုလည္း တျဖည္းျဖည္း Chaeyoung မ်က္ႏွာနား တုိးကပ္လာေတာ့ Chaeyoung ႐ွက္ၿပီး မ်က္ႏွာေလး နီရဲလာသည္။

"ငါ ဘာလုိ႔ မင္းနဲ႔ ခဏခဏ ပြတ္သီးပြတ္သပ္ေနေနလည္းလုိ႔ မင္း ေတြးေနတယ္မလား မင္းရဲ႕ ႐ွက္လာတဲ့အခါ နီရဲတက္လာတဲ့ ပါးေဖာင္းေဖာင္းေလးကုိ သေဘာက်လုိ႔ ေဟာၾကည့္ ပုိနီလာၿပီ ယုံေတာင္မယုံႏုိင္ဘူး ငါလုိ မေကာင္းဆုိးဝါးတစ္ေကာင္က မိန္းကေလးတစ္ေယာက္ကုိ ႐ွက္ေအာင္ လုပ္ႏုိင္မယ္လုိ႔ "

Lisa စကားေၾကာင့္ Chaeyoung မေနႏုိင္ဘဲ Lisaကို တြန္းလုိက္ၿပီး ဆုိဖာခုံေပၚက ထလုိက္ေပမယ့္ Lisa က လွမ္းဆြဲၿပီး Chaeyoung ခါးကုိ ဖက္ထားသည္

"Lisa....."

Chaeyoung ရဲ႕ ခါးကုိ Lisa တင္းတင္းၾကပ္ၾကပ္ ဖက္ထားသည္

"Lisa နင္ ဘာလုိ႔ ဒီလုိလုပ္ေနတာလည္း "

"ငါ မင္းကုိ လက္မလႊတ္ခ်င္လုိ႔ Chaeng "

"ဘာေျပာခ်င္တာလည္း Lisa...."

"မင္းသိပါတယ္.... "

"ငါ သိေနရင္ နင့္ကုိမေမးဘူး Lisa "

"ဒါဆုိလည္း ထ သြားရေအာင္ "

"ဘယ္ကုိလည္း Lisa "

"မင္း သိခ်င္တဲ့ အေျဖ ေပးဖုိ႔ "
Lisa မ်က္ႏွာက ညိဳးသြားတာကို Chaeyoung သတိထားမိေပမယ့္ Lisa ေခၚရာကုိ Chaeyoung လုိက္သြားသည္

#Unicode

လျို့ဝှက် လမ်းကြောင်း သို့မဟုတ် သဲထိတ်ရင်ဖို ဝင်္ကပါ

စိတ္တဇ လူသတ်သမား Mr.Park အိမ်သို့ Shownu ဦးစီးသော အဖွဲ့ ဝင်ရှာဖွေရာမှ ထို အိမ်ကြီးနဲ့ ပတ်သက်ပြီး လျို့ဝှက်လမ်းကြောင်းများကို Shownuမှ ရှာတွေ့ခဲ့ကြောင်း......

Shownuမှ မြေအောက်ခန်းကနေ ဝင်သွားရင်း မှောင်မဲနေတ့ဲ ဝင်္ကပါ လမ်းကြောင်းထဲမှာ သုံးနာရီ နီးပါး လမ်းပျောက်နေခဲ့ရာမှ ထွက်ပေါက်ကို ရုတ်တရက် ရှာတွေ့ခဲ့ကြောင်း

Chaeyoung သတင်းစာဖတ်ရင်း
"ဟင် Shownuက ဘာလို့ ငါ့နာမည်ကို ထုတ်မပြောထားတာလည်း ဘာလို့ ကာကွယ်ပေးတာလည်း Wonhoသာဆို ငါ့နာမည်ပါ ထုတ်ပြောလောက်တယ် "

"တစ်စုံတစ်ယောက်က မင်းအပေါ် အရမ်းကောင်းပြီဆို မင်းက ဘာလို့ အရမ်းတွေးတတ်နေတာလည်း Chaeng "

Lisa ရောက်လာပြီး Chaeyoung လက်က သတင်းစာကို ဆွဲယူကာ လိပ်ပြီး တစ်ခြားဘက်ကို ပစ်လိုက်သည်

"Shoot "

Lisa လက်ဖြင့် သေနတ်ပစ်ချင်ယောင်ဆောင်ပြီး Chaeyoung ဘေးနား ဝင်ထိုင်လိုက်သည်

"ဘာလို့လည်းဆိုတော့ ငါ သူတို့ ငါ့အပေါ်ကောင်းတာကို ငါကကျ..... သူတို့နဲ့ ငါ မထိုက်တန်ပါဘူး"

"ဒါပေါ့ ငါ ထောက်ခံတယ် "

Lisa ပြောပြီး Tvဖွင့်လိုက်သည်....Chaeyoung လည်း Lisaတောင် သူမကို အရာအားလုံးနဲ့ ထိုက်တန်သူမဟုတ်ဘူးလို့ ထောက်ခံလို့ ဝမ်းနည်းနေသည်

"Wow ငါက မင်းကို စနေတာလေ တကယ် ထင်နေတာလား နေပါအုံး စိတ်ခံစားလွယ်နေတယ်ဆိုတော့ ဟိုဟာများ ဖြစ်နေတာလား Period အချိန်ဆို အဲ့လိုတွေဖြစ်တတ် အား  "

Lisa စကားမဆုံးသေး Lisaရဲ့ ပေါင်ကို ခပ်ပြင်းပြင်းလက်ဖြင့် Chaeyoung ရိုက်လိုက်သည်

အရိုက်ခံရတာတောင် Lisa အော်ရယ်နေသောကြောင့် အနားရှိသော ခေါင်းအုံးဖြင့် Lisaကို Chaeyoung ပစ်ပေါက်လိုက်သည်

Lisa ထပြေးတော့ Chaeyoung လိုက်ရိုက်သည်

"Ok ok လျှောက်မလုပ်နဲ့တော့ ငါ မနက်ကမှ သန့်ရှင်းရေးလုပ်ထားတာ ပွကုန်မယ် "

"ဟုတ်လို့လား ငါဖြင့် နင် သန့်ရှင်းရေးလုပ်တာ မမြင်ပါဘူး "

"ဘယ်မြင်မလည်း နင်က ငါ့ကို အိမ်မက်ထဲ ထည့်မက်နေတာမလား "

"Yah Lisa "

Chaeyoung ခေါင်းအုံး နောက်တစ်လုံးဖြင့် Lisa မျက်နှာကို ပစ်ပေါက်လိုက်သည်

ဆိုဖာခုံကို Lisa ပတ်ပြေးရင်း Chaeyoung က လိုက်ရိုက်ရင်း Chaeyoung ခြေချော်ပြီး ဆိုဖာခုံပေါ်ပြုတ်ကျတော့ Lisa က လှမ်းဖမ်းလိုက်သည်

Lisa မျက်နှာနဲ့ Chaeyoung မျက်နှာဟာ တဖြည်းဖြည်း နီးကပ်လာသည်

Lisa အခုတလော Chaeyoungနဲ့ အသားချင်းထိရတာကို တော်တော် သဘောကျနေသည်

အလကားနေရင်း Chaeyoung လက်ကို လာကိုင်လိုက် ပါးဖောင်းဖောင်းလေးကို လက်နဲ့တို့လိုက်နဲ့ အမြဲလိုလို စနောက်နေတတ်သည်

ယခုလည်း တဖြည်းဖြည်း Chaeyoung မျက်နှာနား တိုးကပ်လာတော့ Chaeyoung ရှက်ပြီး မျက်နှာလေး နီရဲလာသည်။

"ငါ ဘာလို့ မင်းနဲ့ ခဏခဏ ပွတ်သီးပွတ်သပ်နေနေလည်းလို့ မင်း တွေးနေတယ်မလား မင်းရဲ့ ရှက်လာတဲ့အခါ နီရဲတက်လာတဲ့ ပါးဖောင်းဖောင်းလေးကို သဘောကျလို့ ဟောကြည့် ပိုနီလာပြီ ယုံတောင်မယုံနိုင်ဘူး ငါလို မကောင်းဆိုးဝါးတစ်ကောင်က မိန်းကလေးတစ်ယောက်ကို ရှက်အောင် လုပ်နိုင်မယ်လို့ "

Lisa စကားကြောင့် Chaeyoung မနေနိုင်ဘဲ Lisaကို တွန်းလိုက်ပြီး ဆိုဖာခုံပေါ်က ထလိုက်ပေမယ့် Lisa က လှမ်းဆွဲပြီး Chaeyoung ခါးကို ဖက်ထားသည်

"Lisa....."

Chaeyoung ရဲ့ ခါးကို Lisa တင်းတင်းကြပ်ကြပ် ဖက်ထားသည်

"Lisa နင် ဘာလို့ ဒီလိုလုပ်နေတာလည်း "

"ငါ မင်းကို လက်မလွှတ်ချင်လို့ Chaeng "

"ဘာပြောချင်တာလည်း Lisa...."

"မင်းသိပါတယ်.... "

"ငါ သိနေရင် နင့်ကိုမမေးဘူး Lisa "

"ဒါဆိုလည်း ထ သွားရအောင် "

"ဘယ်ကိုလည်း Lisa "

"မင်း သိချင်တဲ့ အဖြေ ပေးဖို့ "
Lisa မျက်နှာက ညိုးသွားတာကို Chaeyoung သတိထားမိပေမယ့် Lisa ခေါ်ရာကို Chaeyoung လိုက်သွားသည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co