Part 18 (Z+U)
#zawgyi
"လာ ရဟတ်စီးရအောင် "
"မင်း ကြောက်နေတယ်မလား "
"ငါ မကြောက်ပါဘူး "
"ဟုတ်တယ် ငါ ကြောက်နေတာ "
"Sorry "
"ဘာလို့လည်း "
"Chaeng..."
"ဟင်...."
"ဟုတ်တယ်လေ "
"ဟုတ် "
"Omma......"
"Omma...."
"ငါ အိမ်မက်မက်နေတာလား...."
"ဟုတ်တယ်...."
"ဟုတ်...."
"Lisa......အသက်က ရှစ်နှစ်ပါ "
"What the hell!"
"Chaeyoung ah "
"Lisaနဲ့ ငါက သိနေတာလား "
"Omma....."
*bang*
"Lisa.... "
"Lisa...ငါ မြင်ရတာတွေက....."
"Lisa....."
"ဝေ့ "
"ငါ့ကို နမ်း "
"ဟင် "
#TBC
#Unicode
ာLisa ခေါ်ရာ Chaeyoung လိုက်လာရင်း ကစားကွင်းဘက်ကို ရောက်လာသည်
"Lisa ကလေးလည်း မဟုတ် ကစားကွင်းထဲ ဘာလုပ်မလို့လည်း "
Lisaကို Chaeyoung ထိုသို့ပြောပေမယ့်လည်း ကစားကွင်းကို Chaeyoung မရောက်ဖြစ်တာ သူမ မူလတန်းကျောင်းပြီးကတည်းကပင်......ထို့ကြောင့် ယခု ကစားကွင်းကို ရောက်တော့ စိတ်လှုပ်ရှားနေမိသည်
"လာ ရဟတ်စီးရအောင် "
Chaeyoung လက်ကို Lisa ဆွဲပြီး လက်မှတ်ဖြတ်တဲ့ ကောင်တာဘက်ကို သွားလေသည်
လက်မှတ်ဝယ်ပြီး ရဟတ်ပေါ်သို့ ရောက်သောအခါ Chaeyoung နည်းနည်းတော့ ကြောက်မိသည်....ရဟတ်မစီးရတာ ကြာပြီ မဟုတ်လား.....
Chaeyoung ကြောက်နေတာကို Lisa သတိထားမိပြီး Chaeyoungရဲ့ လက်ကို Lisa ဆုပ်ကိုင်လိုက်သည်
"မင်း ကြောက်နေတယ်မလား "
"ငါ မကြောက်ပါဘူး "
Chaeyoung အဖြေကြောင့် Lisa ရယ်ပြီး Chaeyoung မျက်နှာလေးကို လက်တဖက်က ကိုင်ပြီး Lisa မျက်နှာက တဖြည်းဖြည်း တိုးလာသည်
ရဟတ်စီးရတာ ကြောက်တာတစ်မျိုး Lisaက တစ်မျိုးနဲ့ Chaeyoung နှလုံးခုန်မြန်နေပြီ....မျက်နှာကလည်း ရှက်သွေးဖြာပြီး နီရဲလာသည်
"Chaeyoung မင်း မျက်နှာက နီရဲလာပြန်ပြီ "
"ဟုတ်တယ် ငါ ကြောက်နေတာ "
"မကြောက်ပါနဲ့ ငါ့ရဲ့ လက်ကို တွဲပြီး အပေါ်စီးကနေ ရှုခင်းလှလှလေးတွေကို ကြည့်လိုက် Chaeng.....မင်း ကြောက်နေတာတောင် ပျောက်သွားမယ်"
Lisa စကားကြောင့် Chaeyoung စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ရှုခင်းတွေကို ကြည့်လိုက်သည်
"Wow လှလိုက်တာ အပေါ်စီးကနေ ကြည့်ရတာ အရမ်းလှတာဘဲ "
"Sorry "
"ဘာလို့လည်း "
"မင်းကို ဒီကို စောစောခေါ်မလာခဲ့မိလို့ "
"အခုလည်း နောက်မကျသေးပါဘူး "
"Chaeng..."
"ဟင်...."
"ငါ မင်းကို မင်းသိချင်တယ် အဖြေပေးမယ်လို့ ပြောထားတယ်နော် "
"ဟုတ်တယ်လေ "
"ခု အဆင်သင့်ဖြစ်ပြီမလား ".
"ဟုတ် "
ရုတ်တရက်ချက်ချင်းဆိုသလို Chaeyoung အနားက Lisa ပျောက်သွားသည်
တစ်လောကလုံး မှောင်မဲနေပြီး Chaeyoung ဘယ်ရောက်နေမှန်းမသိတော့ပေ....ရဟတ်ပေါ်မှာတော့ မဟုတ်တော့..
Chaeyoung အမှောင်ထဲ လျှောက်ကြည့်ရင်း ရုတ်တရက် ပြန်လင်းလာပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ယောက်ကို တွေ့ရလေသည်
ထိုအမျိုးသမီးကို သေချာကြည့်တော့
"Omma......"
သူမ အမေဖြစ်နေမှန်း သိလိုက်ရတော့ Chaeyoung အရမ်းအံ့သြသွားသည်
"Omma...."
သူမ အမေကို Chaeyoung ပြေးဖက်ပေမယ့် ဖက်လို့မရ ထိတွေ့လို့မရပေ.....
"ငါ အိမ်မက်မက်နေတာလား...."
"ကလေး မင်း လမ်းပျောက်နေတာလား "
Mrs.Park သူမရှေ့က ကလေးပေါက်စလေး တစ်ယောက်ကို မေးလိုက်သည်
ထိုကလေးက ငိုနေရာက Mrs.Parkကို မော့ကြည့်တော့ ကလေးရဲ့ မျက်ဝန်းတွေကို Chaeyoung ရင်းရင်းနှီးနှီး မြင်ဖူးသလို ခံစားရသည်
"ဟုတ်တယ်...."
"ကလေး အန်တီတို့နဲ့ လိုက်ခဲ့မလား "
"အန်တီတို့က သမီးကို ဖမ်းမလို့လား "
"ဘာလို့ အဲ့လိုမေးရတာလည်း ကလေးရဲ့ "
"သမီးကို ဖမ်းပြီးရင်ရော သတ်ပစ်မှာလား "
"ကလေး မင်း အိမ်က ထွက်ပြေးလာတာလား "
နှစ်ယောက်လုံးက မေးခွန်းတွေမဖြေဘဲ မေးခွန်းတွေ ထပ်ထုတ်နေမှန်း Chaeyoung သတိထားမိနေသည်
"အန်တီတို့နဲ့ လိုက်မှာလား ကလေး "
"ဒီကနေသာ အမြန်ခေါ်သွားပေးပါ ......"
"ဟုတ်ပြီ အန်တီတို့နဲ့ လိုက်မယ်ဆို လိမ်လိမ်မာမာနဲ့ နေရမယ် ပြောစကားနားထောင်ရမယ်နော် ကလေး နားထောင်မှာလား "
"ဟုတ်...."
"လိမ်မာလိုက်တာ ကလေးရဲ့ နာမည်က "
"Lisa......အသက်က ရှစ်နှစ်ပါ "
"What the hell!"
Chaeyoung လုံးဝ အံ့သြမိသွားစဉ် မြင်ကွင်းက ပြောင်းလဲသွားသည်
ယခု သူမ ရောက်နေတာက သူမအဖေရဲ့ စာကြည့်ခန်း....
သူမအဖေက ထိုင်ခုံပေါ် ဒူးချိတ်ထိုင်ပြီး ဆံပင်ရွှေရောင်နဲ့ အလယ်တန်းကျောင်းသား Lisaက သူ့အဖေရှေ့ ဒူးထောက်လျက်သား
"ကဲ Lisa ငါလည်း ဒီထက် ပိုလျို့ဝှက်မထားနိုင်တော့ဘူး"
"ဘာလို့ အဲ့လိုလုပ်ရတာလည်း သူတို့က chawရဲ့ သူငယ်ချင်းတွေလေ "
Lisa အသံက ဒေါသအသံတွေပါနေသည်
"သူငယ်ချင်းတွေက ငါတို့ထက် ပိုအရေးပါနေလို့ ဒေါသအသံနဲ့ ပြောနေတာလား Lisa "
"မဟုတ်ပါဘူး ဒါပေမယ့် အပြစ်မရှိတဲ့ သူတွေကို ဘာလို့ သတ်ပြီး အရုပ်အဖြစ် ပြောင်းလဲပစ်တာလည်း "
"လှပမှုက ကြာရှည်မခံဘူး Lisa....ငါက သူတို့အလှအပကို ထိန်းသိမ်းပေးတာ အရုပ်ဖြစ်သွားတော့ တစ်သက်လုံး ပါးရည်နားရည် မတွန့်ဘဲ လှပနေတော့မှာလေ "
"လှပမှုကို လူတွေအသက်ထက် တန်ဖိုးထားတယ်ပေါ့"
"ငါ့ကို ပြန်ပြောနေတာလား Lisa....မင်းက အရုပ်ဖြစ်ချင်နေပြီပေါ့ "
Mr Park ဒေါသထွက်လာသောကြောင့် Lisa ခေါင်းခါပြပြီး
"မဖြစ်ချင်ပါဘူး.... ညီမလေးကို တစ်ယောက်တည်း ထားမသွားရက်ဘူး "
"ဟုတ်ပြီ ဒါဆို တစ်ပတ်တစ်ယောက် ခေါ်လာခဲ့ "
Chaeyoung ထိုမြင်ကွင်းကို ကြည့်ပြီး
"ဘာလည်း Appa လူသတ်တာကို Lisaက ကူညီပေးနေတာလား "
ရုတ်တရက် Chaeyoung မြင်ကွင်းပြောင်းသွားပြန်သည်
ယခု ရောက်နေတာ သူမအခန်း.....စာဖတ်နေတဲ့ မူလတန်းကျောင်းသူ သူမကိုယ်သူမ Chaeyoung ပြန်မြင်နေရသည်။
"Chaeyoung ah "
အခန်းထဲဝင်လာတဲ့ Lisaကြောင့် Chaeyoung ပေါက်စလေးမှာ စာဖတ်ရမှ ရပ်ပြီး Lisaကို ကြည့်လိုက်သည်
"Lisa ဒိနေ့ အမှားတစ်ခု လုပ်လာတယ်......"
"လူဆိုတာ အမှားနဲ့ မကင်းပါဘူး Lisa ရဲ့ "
"အဲ့အမှားဘဲ ငါ ထပ်ခါထပ်ခါ လုပ်မိနေမယ်ဆိုရင်ရော...ငါ့ကို ခွင့်လွှတ်ပေးမှာလား..."
"Lisaနဲ့ ငါက သိနေတာလား "
Chaeyoung ရုပ်ရှင်ကြည့်နေရသလို တစ်ပိုင်းပြီးတစ်ပိုင်း ပိုစိတ်ဝင်စားလာသည်
ယခု Chaeyoung တောအုပ်ကြီးထဲ ရောက်နေသည်။
"ဒါဆိုလည်း chawကို သတ်ပြီး Chaeyoung ကို ကာကွယ်လိုက်ပါ "
တောအုပ်ထဲမှာ Lisaနဲ့ Mrs.Park က စကားပြောနေကြသည်
Lisa စကားကြောင့် Mrs.Park မျက်လုံးပြူ းသွားတယ်
"Lisa သမီးကို Omma မသတ်ရက်ဘူး ဒီတော့ Ommaကိုယ့်ကိုကိုယ်ဘဲ သတ်သေမယ် သမီးက Chaeyoungကို အဆုံးထိ ကာကွယ်ပေးပါ "
"Omma....."
Lisa စကားမဆုံးသေး Mrs.Park သူ့ခါးကြားက သေနတ်ထုတ်ပြီး သူ့ခေါင်းသူ ပစ်ဖောက်ကာ သတ်သေလိုက်သည်
*bang*
သေနတ်သံနဲ့အတူ Chaeyoung လန့်ပြီး မျက်လုံးမှိတ်ထားမိသည်
မျက်လုံးဖွင့်လိုက်တော့ သူမက ရဟတ်ပေါ်ရောက်နေပြီး သူမဘေးနားမှာ Lisaကလည်း ရှိနေသည်
"Lisa.... "
"အခု အားလုံး သိသွားပြီမလား...."
"ငါ ဘာလို့ နင့်ကိုမမှတ်မိရတာလည်း "
"မင်းအမေ ကိုယ့်ကိုကိုယ် သတ်သေတာရယ် ငါ အသတ်ခံရတာကို မင်းသိပြီးနောက် မင်း အိပ်ဆေးသောက်ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တာ Chaeyoung.....မင်း အဖေ သိသွားပြီး မင်းကို အမြန်ကယ်ပေမယ့် မင်း တစ်နှစ်လောက် ကိုမာဝင်သွားတယ်.....သတိပြန်ရလာတော့ မင်း ဘာမှမမှတ်မိတော့ဘူး "
"Lisa...ငါ မြင်ရတာတွေက....."
"မင်းက သိချင်လို့ ငါ ပြတာ ပြန်တွေးမနေနဲ့ ဝမ်းနည်းရလိမ့်မယ် လာ တစ်ခုခုသွားသောက်ရအောင် "
Chaeyoung စိတ်ညစ်ညစ်နဲ့ အရက်တွေမူးအောင် သောက်ပစ်လိုက်သည်
Lisaကတော့ မသောက်ဘဲ Chaeyoungကိုသာ ထိုင်ကြည့်နေ၏
Chaeyoung တော်တော်မူးလာတဲ့အခါမှာတော့
"Lisa....."
"ဝေ့ "
"ငါ့ကို နမ်း "
"ဟင် "
Lisa နမ်းတာကို မစောင့်တော့ဘဲ Lisa ပေါ်ကို တက်ခွကာ Chaeyoung Lisaရဲ့နှုတ်ခမ်းကို နမ်းလိုက်သည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co