Part 19(Z+U)
#Zawgyi
"Lisa ရှိလားမသိဘူး "
"ဘယ်သူလည်း "
"ဟမ် ဘာကိုလည်း "
ပြွတ်စ်
#Tbc
#Unicode
Chaeyoung ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ဆေးရုံထဲ ရောက်နေတယ်မသိ........
ခြေလှမ်းတွေကလည်း သူ့အလိုလို ဆေးရုံက ကောင်တာတစ်ခုဆီ သွားနေသည်
"Lisa ရှိလားမသိဘူး "
Chaeyoung ပါးစပ်က သူ့အလိုလို Lisa နာမည်ကိုမေးကြည့်တော် ကောင်တာက ကောင်မလေးမှာ computer ကို ရိုက်ကြည့်ပြီး
"Nae ရှိပါတယ် Room no 123ပါ....."
Chaeyoung တော်တော်အံ့သြမိသွားသည်။ သို့သော်လည်း တွေဝေမနေဘဲ အခန်းနံပါတ် ၁၂၃သို့ သွားလေသည်
အခန်းရှေ့ရောက်တော့ Lisa နာမည်ကပ်ထားတာကိုကြည့်ပြီး
"ဒါဆို ဘာလည်း Lisaက မသေသေးတာလား "
Chaeyoung အသက်ဝဝရှူ ပြီး အခန်းထဲ ဝင်ဖို့ပြင်လေသည်
"Lisa သူ မသေသေးတာကို မသိတာလား "
Chaeyoung အတွေးတွေနဲ့ အခန်းထဲသို့ ဝင်လာသည်
အခန်းထဲရောက်တော့ ဆေးရုံအဝတ်အစားတွေနဲ့ ကုတင်ပေါ်က Lisaကို တွေ့တော့ Chaeyoung ပါးစပ်အဟောင်းသားနဲ့ အံ့သြနေသည်
"သူက ကိုမာဝင်နေတာ ငါးနှစ်လောက် ရှိနေပြီ "
ရုတ်တရက် အခန်းထဲ ဝင်လာတဲ့ သူနာပြုကြောင့် Chaeyoung လန့်သွားသည်
"ဘယ်သူလည်း "
"အန်တီက သူ့အမေ အရင်းပါ......Seoul က ဆေးရုံမှာ အန်တီအလုပ်လုပ်ခဲ့တာပေါ့ တစ်နေ့ သေနတ်မှန်ပြီး သေတဲ့ ကလေးမတစ်ယောက်ကို စစ်ဆေးပြီး ရင်ခွဲရုံပို့ရမယ် ပြောလို့ အန်တီစစ်ဆေးကြည့်လိုက်တော့ ပျောက်သွားတဲ့ အန်တီ သမီး ဖြစ်နေတယ်.....ပြီးကျ သူ့ သေနတ်ဒဏ်ရာက သေစေလောက်တဲ့ ဒဏ်ရာမဟုတ်ဘူးဆိုတော့ အန်တီ စမ်းသပ်ကြည့်ပြီး မသေသေးကြောင်း သိပြီး ဒီကိုရီးယားကနေ သူ့ကိုခေါ်ထုတ်လာတာ "
"ဟင် ဒါဆို ဒါက ဘယ်နေရာလည်း "
"France......ပြင်သစ်က နာမည်ကြီးဆေးရုံမှာ သူ့ကိုထားထားတာ...ဒါပေမယ့် အရင်ရက်ပိုင်းက သူ နှလုံးခုန်ရပ်ပြီး သေမလိုတောင် ဖြစ်ခဲ့တာ ...အဲ့တော့သမီးရယ် သူ့ကို အချိန်မှီကယ်မှ ဖြစ်မှာ မဟုတ်ရင် သူ သေလိမ့်မယ်......"
"Chawက ဘာလုပ်ပေးရမှာလည်း "
"သူ့ကို ပြင်သစ်ခေါ်လာခဲ့ပါ....."
ရုတ်တရက် တစ်ခန်းလုံးအမှောင်ကျသွားသည်
"Hello Hello......လူရှိကြလား "
"Hey Hey အရက်မူးတာ မပျောက်သေးဘူးလား ဘာတွေလျှောက်အော်နေတာလည်း "
စွပ်ပြုတ်ပန်းကန်သယ်ပြီး အခန်းထဲဝင်လာတဲ့ Lisaကြောင့် Chaeyoung ရူးချင်သလို ဖြစ်သွားတယ်
"ခုနက ငါ ပြင်သစ်မှာပါ ဘာလို့ ခု...... "
"Wow မင်းက အိပ်နေရင်း ပြင်သစ်ရောက်သွားတာလား Wow မိုက်တယ်ကွာ "
Lisa စနေပေမယ့် Chaeyoung ပြန်ရန်မလုပ်နိုင်..... အိမ်မက်လား တစ်ကယ်လားဆိုတာ ပြန်တွေးနေ၏
"အိမ်မက်လား တကယ်ဘဲလား..........ဘာဖြစ်ဖြစ် သွားကြည့်ရမယ် မဟုတ်ရင်လည်း ပြင်သစ်ရောက်ပြီးသားဖြစ်တာပေါ့ 💭"
"Chaeng မနေ့ညကအကြောင်းတွေးနေတာလား "
Lisaက သူ့အထာနဲ့သူ ပြောလိုက်ပေမယ့် Chaeyoung စိတ်ထဲ အိမ်မက်လား ဘာလား ဇဝေဇဝါကြောင့် ဘာမှမသိဘဲ ခေါင်းညိတ်ပြလိုက်သည်
"မှတ်မိလား မှတ်မိအောင် ပြန်လုပ်ပေးရမလား"
"ဟမ် ဘာကိုလည်း "
ပြွတ်စ်
Chaeyoung သူမနှုတ်ခမ်းကို သူမ ပြန်ကိုင်ကြည့်ပြီး Lisa နမ်းသွားတာကို မယုံနိုင်ဖြစ်နေသည်
Lisaကတော့ ရင်တွေအရမ်းခုန်လွန်းတော့ အခန်းထဲက ထွက်ပြေးသွားလေသည်
Lisaက အသက်ရှိသေးတာလား 🤔 အိမ်မက်လားဆိုတာ မျှော်....
Author ချစ်သူနဲ့ပြတ်ပြီး အပူမိနေလို့ update မမှန်ခဲ့တာ sorryပါ😔
Bạn đang đọc truyện trên: Truyen3h.Co