Truyen3h.Co

Ghost

Part 20 (Z+U)

KimFany059

#Zawgyi

Chaeyoung ဇြတ္ေခၚလုိ႔ Lisa ဘုမသိဘမသိနဲ႔ ျပင္သစ္ကုိ Chaeyoungနဲ႔အတူ ေရာက္လာၾကသည္

"Hey ျပင္သစ္ေရာက္တုံးမွာ လည္ၾကမယ္ေလ ဘာလုိ႔ ေဆး႐ုံေခၚလာတာလည္း "

Chaeyoung သူမ အိမ္မက္လား တကယ္လားမသိတဲ့ အျဖစ္အပ်က္ထဲက ေဆး႐ုံႀကီးကုိ မွတ္မိေနလုိ႔ Lisaကို ေခၚလာျခင္း ျဖစ္သည္

"Chaeng မင္း ေတြ႔စရာလူ႐ွိလုိ႔လား "

Chaeyoung မွာ Lisa ေျပာတာေတြ ျပန္မေျဖဘဲ အခန္းနံပါတ္ ၁၂၃ကုိသာ ေခၚလာသည္

Lisaမွာ အခန္းတံခါးလည္း ဖြင့္လုိက္ေရာ အခန္းထဲက ကုတင္ေပၚမွ သူမ ခႏၶာကိုယ္ကုိ ၾကည့္ၿပီး အရမ္းအ့ံျသသြားသည္

"ဟမ္ ငါ မေသေသးဘူးလား ဘာလည္းဟ "

Lisa အ့ံျသျပီး စိတ္ေတြ႐ႈပ္ေထြးလာသည္

"Lisa......"

"Chaeng ဘာေတြလည္း ငါ အိမ္မက္မက္ေနတာလား "

"အင္း ငါလည္း အစက အိမ္မက္မက္တယ္လုိ႔ ထင္ခဲ့တာ ခု လက္ေတြ႔ျမင္ရေတာ့ ငါ......."

"ငါ ဒီမွာ႐ွိတာ နင္ ဘယ္လုိ သိတာလည္း"

"ငါတုိ႔ ရဟတ္စီးတဲ့ေန႔ကုိ မွတ္မိလား....အ့ဲေန႔မွာ "

Chaeyoung သူမ ၾကံဳခဲ့ရတာေတြကုိ Lisaကို ႐ွင္းျပေလသည္

"......ကဲ အျဖစ္မွန္ကေတာ့ ဒါပါဘဲ "

"မင္းေျပာတာ အမွန္ေတြဆုိ ငါ ဘာလုပ္သင့္လည္း Chaeng.....ငါ ဘာလုပ္ရမလည္း "

"ငါကေတာ့ နင့္ကုိ အသက္႐ွင္ေစခ်င္တယ္ Lisa.....အခုလုိမေနေစခ်င္ဘူး "

"ဘာလုိ႔လည္း မင္း ငါ အခုလုိျဖစ္ေနတာကို မုန္းလုိ႔လား  "

Lisa အသံက စိတ္တုိေနတဲ့အသံျဖစ္ေနလုိ႔ Chaeyoung နည္းနည္းေတာ့ လန္႔ေနသည္

"မင္း ငါ့ကုိ မုန္းေနတယ္မလား ဘာလုိ႔လည္းဆုိေတာ့ ငါက မေကာင္းဆုိးဝါးမုိ႔လုိ႔ေလ "

"မဟုတ္ဘူး Lisa ငါ ေျပာျပမယ္ စိတ္ေအးေအးနဲ႔ နားေထာင္ပါ နင္က ငါ့အတြက္ နင့္အသက္ကိုပါ ေပးဆပ္ထားတာ နင္ အ့ဲလုိျဖစ္ခဲ့လုိ႔ ငါ့ကုိယ္ငါ အျမဲ အျပစ္တင္ေနမိတာ နင္သိလား Lisa နင္ အခုလုိျဖစ္ေနတာေတာင္ ဘယ္သူ႔မွမ႐ွိတဲ့ ငါ့ေဘးနားမွာ နင္ေနေပးခဲ့တယ္ ငါ့ကုိ ကာကြယ္ေပးခဲ့တယ္  အ့ဲတာေတြေၾကာင့္ ငါ နင့္ကို အသက္ျပန္႐ွင္ေစခ်င္ၿပီး ငါတုိ႔ အရင္လုိေနခ်င္တာေလ မရဘူးလား Lisa "

"ငါ လူျပန္ျဖစ္သြားရင္ အားနည္းသြားၿပီး မင္းကုိ မကာကြယ္ႏုိင္ေတာ့ဘူးေလ "

"ငါ့ကုိ မကာကြယ္ႏုိင္ေတာ့ ဘာျဖစ္လည္း ငါတုိ႔တစ္ေယာက္ကိုတစ္ေယာက္ ကာကြယ္ေပးၾကမယ္ေလ ဘာေတြျဖစ္ေနပါေစ ထားမသြားဘူးေလ "

"Chaeng "

"ဘာလုိ႔လည္း အသက္ျပန္႐ွင္ခြင့္ရဖုိ႔ နင့္အတြက္ အခြင့္အေရးေနာ္ Lisa ဘာလုိ႔ ခက္ခဲေနတာလည္း "

Lisa သက္ျပင္းခ်ၿပီး Chaeyoungကို ဖက္လုိက္သည္

"Chaeng ငါ ဒါကုိ မင္းအတြက္ လုပ္တာေနာ္ အ့ဲတာေတာ့ အျမဲ မွတ္ထားေပးပါ "

Chaeyoungကို ေနာက္ဆုံးအေနနဲ႔ Lisa ဖက္လုိက္သည္.....

သူမရဲ႕ ခႏၶာကိုယ္ထဲ Lisa ျပန္ဝင္ရင္ အသက္ျပန္႐ွင္လာမလား ေသသြားမလား Lisa မသိ သုိ႔ေသာ္လည္း သူမရဲ႕ Park Chaeyoungက သူမကုိ အသက္႐ွင္ေစခ်င္ေနေတာ့လည္း Park Chaeyoung ရဲ႕ ဆႏၵကုိ Lisa ျဖည့္စည္းေပးခ်င္သည္

Chaeyoung ကို ဖက္ၿပီးေနာက္ သူမရဲ႕ ခႏၶာကိုယ္ထဲ ဝင္ဖုိ႔ Lisa ႀကိဳးစားေလသည္

Chaeyoung ၾကည့္ေနရင္း Lisa သူမရဲ႕ မ်က္စိေ႐ွ႕က ေပ်ာက္ကြယ္သြားသည္

ေသခ်ာသည္ Lisa ဝိညာဥ္က သူမရဲ႕ ခႏၶာကိုယ္ထဲ ျပန္ေရာက္သြားၿပီ......သတိအျမန္ရလာဖုိ႔ဘဲ Chaeyoung ေမ်ွာ္လင့္မိသည္

Lisa သတိရမလာေသးတာ တစ္ပတ္႐ွိေနၿပီ...အေျခအေနက အရင္လို မထူးျခားေသး Lisaကလည္း သတိေမ့ေနေသးသည္

ေသမလား ႐ွင္မလား Chaeyoung မသိမေသခ်ာ စိတ္ထဲမွာေတာ့ Lisa အျမန္ဆုံး သတိရဖုိ႔ဘဲ ဆုေတာင္းေနမိသည္

"Lisa ah ေက်းဇူးျပဳၿပီး အျမန္သတိရလာပါေတာ့..  ......"

Lisaရဲ႕ လက္ကုိ ကုိင္ၿပီး Chaeyoung ဆုေတာင္းေနစဥ္ Lisa လက္ေခ်ာင္းေလး လႈပ္႐ွားသြားတာကို Chaeyoung ခံစားမိသည္

"Lisa! '

Lisaရဲ႕ မ်က္လုံး ျဖည္းျဖည္းခ်င္း ပြင့္လာေတာ့ Chaeyoung အရမ္းေပ်ာ္သြားသည္

"Lisa သတိရလာၿပီလား oh god ေက်းဇူးတင္ပါတယ္ "

Chaeyoung မွာ ေပ်ာ္ၿပီး မ်က္ရည္​ေတြဝဲေနေပမယ့္ Lisaမွာေတာ့ Chaeyoung ကုိ စုိက္ၾကည့္ၿပီး

"မင္း ဘယ္သူလဲ?"

#TBC

#Unicode

Chaeyoung ဇွတ်ခေါ်လို့ Lisa ဘုမသိဘမသိနဲ့ ပြင်သစ်ကို Chaeyoungနဲ့အတူ ရောက်လာကြသည်

"Hey ပြင်သစ်ရောက်တုံးမှာ လည်ကြမယ်လေ ဘာလို့ ဆေးရုံခေါ်လာတာလည်း "

Chaeyoung သူမ အိမ်မက်လား တကယ်လားမသိတဲ့ အဖြစ်အပျက်ထဲက ဆေးရုံကြီးကို မှတ်မိနေလို့ Lisaကို ခေါ်လာခြင်း ဖြစ်သည်

"Chaeng မင်း တွေ့စရာလူရှိလို့လား "

Chaeyoung မှာ Lisa ပြောတာတွေ ပြန်မဖြေဘဲ အခန်းနံပါတ် ၁၂၃ကိုသာ ခေါ်လာသည်

Lisaမှာ အခန်းတံခါးလည်း ဖွင့်လိုက်ရော အခန်းထဲက ကုတင်ပေါ်မှ သူမ ခန္ဓာကိုယ်ကို ကြည့်ပြီး အရမ်းအံ့သြသွားသည်

"ဟမ် ငါ မသေသေးဘူးလား ဘာလည်းဟ "

Lisa အံ့သြပြီး စိတ်တွေရှုပ်ထွေးလာသည်

"Lisa......"

"Chaeng ဘာတွေလည်း ငါ အိမ်မက်မက်နေတာလား "

"အင်း ငါလည်း အစက အိမ်မက်မက်တယ်လို့ ထင်ခဲ့တာ ခု လက်တွေ့မြင်ရတော့ ငါ......."

"ငါ ဒီမှာရှိတာ နင် ဘယ်လို သိတာလည်း"

"ငါတို့ ရဟတ်စီးတဲ့နေ့ကို မှတ်မိလား....အဲ့နေ့မှာ "

Chaeyoung သူမ ကြုံခဲ့ရတာတွေကို Lisaကို ရှင်းပြလေသည်

"......ကဲ အဖြစ်မှန်ကတော့ ဒါပါဘဲ "

"မင်းပြောတာ အမှန်တွေဆို ငါ ဘာလုပ်သင့်လည်း Chaeng.....ငါ ဘာလုပ်ရမလည်း "

"ငါကတော့ နင့်ကို အသက်ရှင်စေချင်တယ် Lisa.....အခုလိုမနေစေချင်ဘူး "

"ဘာလို့လည်း မင်း ငါ အခုလိုဖြစ်နေတာကို မုန်းလို့လား  "

Lisa အသံက စိတ်တိုနေတဲ့အသံဖြစ်နေလို့ Chaeyoung နည်းနည်းတော့ လန့်နေသည်

"မင်း ငါ့ကို မုန်းနေတယ်မလား ဘာလို့လည်းဆိုတော့ ငါက မကောင်းဆိုးဝါးမို့လို့လေ "

"မဟုတ်ဘူး Lisa ငါ ပြောပြမယ် စိတ်အေးအေးနဲ့ နားထောင်ပါ နင်က ငါ့အတွက် နင့်အသက်ကိုပါ ပေးဆပ်ထားတာ နင် အဲ့လိုဖြစ်ခဲ့လို့ ငါ့ကိုယ်ငါ အမြဲ အပြစ်တင်နေမိတာ နင်သိလား Lisa နင် အခုလိုဖြစ်နေတာတောင် ဘယ်သူ့မှမရှိတဲ့ ငါ့ဘေးနားမှာ နင်နေပေးခဲ့တယ် ငါ့ကို ကာကွယ်ပေးခဲ့တယ်  အဲ့တာတွေကြောင့် ငါ နင့်ကို အသက်ပြန်ရှင်စေချင်ပြီး ငါတို့ အရင်လိုနေချင်တာလေ မရဘူးလား Lisa "

"ငါ လူပြန်ဖြစ်သွားရင် အားနည်းသွားပြီး မင်းကို မကာကွယ်နိုင်တော့ဘူးလေ "

"ငါ့ကို မကာကွယ်နိုင်တော့ ဘာဖြစ်လည်း ငါတို့တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပေးကြမယ်လေ ဘာတွေဖြစ်နေပါစေ ထားမသွားဘူးလေ "

"Chaeng "

"ဘာလို့လည်း အသက်ပြန်ရှင်ခွင့်ရဖို့ နင့်အတွက် အခွင့်အရေးနော် Lisa ဘာလို့ ခက်ခဲနေတာလည်း "

Lisa သက်ပြင်းချပြီး Chaeyoungကို ဖက်လိုက်သည်

"Chaeng ငါ ဒါကို မင်းအတွက် လုပ်တာနော် အဲ့တာတော့ အမြဲ မှတ်ထားပေးပါ "

Chaeyoungကို နောက်ဆုံးအနေနဲ့ Lisa ဖက်လိုက်သည်.....

သူမရဲ့ ခန္ဓာကိုယ်ထဲ Lisa ပြန်ဝင်ရင် အသက်ပြန်ရှင်လာမလား သေသွားမလား Lisa မသိ သို့သော်လည်း သူမရဲ့ Park Chaeyoungက သူမကို အသက်ရှင်စေချင်နေတော့လည်း Park Chaeyoung ရဲ့ ဆန္ဒကို Lisa ဖြည့်စည်းပေးချင်သည်

Chaeyoung ကို ဖက်ပြီးနောက် သူမရဲ့ ခန္ဓာကိုယ်ထဲ ဝင်ဖို့ Lisa ကြိုးစားလေသည်

Chaeyoung ကြည့်နေရင်း Lisa သူမရဲ့ မျက်စိရှေ့က ပျောက်ကွယ်သွားသည်

သေချာသည် Lisa ဝိညာဉ်က သူမရဲ့ ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားပြီ......သတိအမြန်ရလာဖို့ဘဲ Chaeyoung မျှော်လင့်မိသည်

Lisa သတိရမလာသေးတာ တစ်ပတ်ရှိနေပြီ...အခြေအနေက အရင်လို မထူးခြားသေး Lisaကလည်း သတိမေ့နေသေးသည်

သေမလား ရှင်မလား Chaeyoung မသိမသေချာ စိတ်ထဲမှာတော့ Lisa အမြန်ဆုံး သတိရဖို့ဘဲ ဆုတောင်းနေမိသည်

"Lisa ah ကျေးဇူးပြုပြီး အမြန်သတိရလာပါတော့..  ......"

Lisaရဲ့ လက်ကို ကိုင်ပြီး Chaeyoung ဆုတောင်းနေစဉ် Lisa လက်ချောင်းလေး လှုပ်ရှားသွားတာကို Chaeyoung ခံစားမိသည်

"Lisa! '

Lisaရဲ့ မျက်လုံး ဖြည်းဖြည်းချင်း ပွင့်လာတော့ Chaeyoung အရမ်းပျော်သွားသည်

"Lisa သတိရလာပြီလား oh god ကျေးဇူးတင်ပါတယ် "

Chaeyoung မှာ ပျော်ပြီး မျက်ရည်တွေဝဲနေပေမယ့် Lisaမှာတော့ Chaeyoung ကို စိုက်ကြည့်ပြီး

"မင်း ဘယ်သူလဲ?"

#TBC

Bạn đang đọc truyện trên: Truyen3h.Co