Part_4
Hate Met Fate
Part _ 4
မျက်ရည်များဖြင့်စိုရွှဲနေသောမျက်နှာကိုလက်ဖဝါးဖြင့်ခပ်ဖွဖွပွတ်သပ်သုတ်ဖယ်ရင်းပင်ချိုးတင်းကျယ်အသံမထွက်အောင်ရှိုက်နေမိသည်။လက်ထပ်ရတော့မည်တဲ့လား ။ မားနဲ့ပါးကသူရဲ့ဆန္ဒအတိုင်းအမြဲတမ်းလိုလိုပင်ဖြည့်ဆည်းပေးခဲ့သည်။ ဒီတစ်ခါတော့သူငြင်းခွင့်မရှိဘဲလက်ခံရတော့မည်။နောက်ဆုံးတော့လည်းသူဟာမိဘကိုမလွန်ဆန်တော့တဲ့သားလိမ္မာတစ်ယောက်သာ။ တိတ်ဆိတ်နေတဲ့အိပ်ခန်းထဲတွင်ချိုးတင်းကျယ်၏ ရှိုက်သံသဲသဲကိုသာကြားနေရသည်။
ဆူပူအော်ဟစ်ကာငိုယိုချင်သော်လည်း မိဘတွေ၏မျက်နှာပေါ်ကစိတ်မကောင်းဖြစ်တာမျိုးကိုသူမလိုပေ။ သိတောင်မသိဘဲမိဘတွေစီစဉ်တဲ့လက်ထပ်ပွဲကိုလက်ခံလိုက်ပြီး လက်ထပ်ရမည့်သူက ဖြူသလားမဲသလားပင်သူမသိ ။
နောက်ဆုံးတော့သူကိုအလုပ်မခန့်သည့် ဟိုဖြူဖြူဖတ်ကောင်လောက်တော့အပေါက်မဆိုးလောက်ပါစေနှင့်ဟုသာဆုတောင်းနေမိတော့သည်။
ညစာစားပြီးနောက်ဟွမ်ရှင်းအခန်းထဲသို့တန်းဝင်လာခဲ့သည်။စိတ်ထဲတွင်လည်းပြည့်ကျပ်မှုတို့ဖြင့် ကောရှိနေစဉ်ကရော ကောမရှိတော့နောက်ပိုင်းကောသူ့ရဲ့အိမ်ထောင်ဖက်ဟာကောမှမဟုတ်ရင်မဖြစ်ဘူးဆိုတဲ့အရာ အခုတော့ Ms.ဟွမ်ကိုအရွဲ့တိုက်ချင်စိတ်ဖြင့်သာလက်ထပ်ပွဲကိုဟွမ်ရှင်းလက်ခံခဲ့သည်။ သိပ်ကိုသဘောတူချင်နေတဲ့ သတို့သားလောင်းလေးကို ကောင်းကောင်းကြီးပျော်အောင်ထားပေးချင်လို့လေ။ ထိုစဉ် ဖုန်းမြည်သံကြောင့်ကြည့်လိုက်တော့ သူ့ရဲ့အတွင်းရေးမှူး မင်ဝူ
" ညအချိန်ကြီးဖုန်းဆက်လိုက်ရလို့တောင်းပန်ပါတယ် Boss"
" မနက်ဖြန်ပိတ်ရက်လက်ထပ်မယ့်သူ့နဲ့တွေ့မယ့်အစီအစဉ်Ms.ဟွမ်အကြောင်းကြားလာလို့အခုလိုဖုန်းဆက်ပြီးပြောရတာပါBoss "
" အင်း မြန်မြန်ပြောဘာတဲ့လဲMs.ဟွမ်က "
" မနက်ဖြန်ပိတ်ရက် ည7နာရီ မှာ Ms.ဟွမ်ရယ် Boss ရယ် နဲ့တဖက်ကလက်ထပ်မယ့်သူမိသားစုနဲ့အတူ ညစာအတူစားကြဖို့ဖြစ်ပါတယ်Boss နေရာကရိုးရိုးရှင်းရှင်းBossသတို့သားလောင်းရဲ့အိမ်မှာညစာစားကြဖို့ပါ အိမ်လိပ်စာကိုကျွန်တော်Boss ကိုပို့ပေးလိုက်ပါ့မယ် Boss "
" ဒါဘဲလား ကောင်းပြီ "
ဖုန်းချပြီးနော်ဟွမ်ရှင်းကုတင်ပေါ်တွင်လဲလျောင်းချကာ နှုတ်ခမ်းအားတင်းတင်းစေ့လျက်မျက်နှာဟာလည်းအေးစက်စွာ မျက်နှာကျက်အား မော်ကြည့်နေတော့သည်။
**********
ချိုးတင်းကျယ်အိပ်ခန်းထဲကမှန်ရှေ့တွေ ရပ်လျက်မှန်ထဲက ကိုယ့်ကိုကို စိုက်ကြည့်နေမိသည်။ ခဏနေရင်လက်ထပ်ရမယ့်သူကရိုးရှင်းစွာပင်ချိုးတင်းကျယ်တို့ရဲ့အိမ်မှာပင်ညစာစားမည်မို့ပြင်ဆင်ထားသည့် မှန်ထဲကသူ့ရဲ့ပုံရိပ်ကားအရင်နေ့တွေထက်ပင် ကြည့်ကောင်းနေသည်။ခြံဝင်းထဲမှာကားသံသဲသဲကြောင့် လက်ထပ်မယ့်သူ့တို့ရောက်လာပြီထင်ပါတယ်။ မကြာပါအခန်းတံခါးဟာခပ်ဖွဖွ ပွင့်လာပြီး မားဖြစ်သူကသူ့ဆီကိုခပ်ဖြေးဖြေးလျှောက်လှမ်းလာသည်။
" မား သားလေးကချစ်ဖို့ကောင်းလိုက်တာ သားမငြင်းဖို့မျှော်လင့်တယ်နော် "
" ဟုတ်မား "
ခပ်ဖွဖွ လက်တို့ကိုကိုင်ကာဆိုလာသောမားရဲ့စကားကြောင့်ချိုးတင်းကျယ် မားကိုခပ်ဖွဖွပင်ပွေ့ဖက်လိုက်သည်။ ထို့နော် အိပ်ခန်းထဲမှာထွက်ကာ မားနဲ့အတူ ညစာစားဖို့အောက်ဆီသို့လှမ်းလာလိုက်သည်။ စားပွဲတစ်ခုတွင် ပါးနှင့်အတူအမျိုးသမီးတစ်ယောက် နောက်ပြီးအခန့်သားထိုင်နေသော နေသောလူတစ်ယောက်ကိုတွေ့လိုက်သည်နှင့်ချိုးတင်းကျယ်မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြစ်ကာ နှုတ်ခမ်းကလည်း
" ဟင်.. ဖြူဖတ်ဖတ်ကောင် "
ချိုးတင်းကျယ်မယုံနိုင်ဘယ်လိုတောင်ဒီလူကသူနဲ့လက်ထပ်ရမယ့်သူတဲ့လား။တဖက်ကလည်းချိုးတင်းကျယ်အားမြင်သည်နှင့်တခဏ စိုက်ပြီးနောက်မျက်ခုံးတစ်ချက်ပင့်ပြကာ အေးစက်စက်မျက်နှာဘေးဖြင့်သူ့အားမဲ့ပြုံးပြုံးပြလာသည်။
ညစာစားပွဲတစ်ခုလုံးဟာတိတ်ဆိတ်အေးစက်နေသည်။ ဟွမ်ရှင်း၏အမေဖြစ်သူနှင့်ချိုးတင်းကျယ်တို့မိဘတွေသာစကားစမြည်ပြောဆိုနေကြသောလည်းသူ့တို့၂ယောက်ကြားကလေထုကားအေးစက်ခြောက်ကပ်လျက်။ !ဘယ်လိုတောင်မုန်းစရာကောင်းတဲ့လူကြီးနဲ့လက်ထပ်ရမှာလဲ ! ဟုသာချိုးတင်းကျယ်၏စိတ်ထဲအော်ဟစ်နေမိသည်။ မျက်နှာချင်းမှ ထိုလူကလည်းချိုးတင်းကျယ်အားနည်းနည်းလေးမှမကြိုက်သည့်အေးစက်သက်မျက်နှာဖြင့်ကြည့်နေတာမို့စိတ်က လက်တစ်ဆစ်လောက်တိုလာတော့သည်။
တစ်ဖက်တွင်ဟွမ်ရှင်းကလည်း !အရမ်းကိုလက်ထပ်ပေးချင်နေတဲ့သတို့သားလောင်းလေးက ဟိုတစ်ရက်ကအလုပ်လာလျှောက်တဲ့မူကြိုကလေးသာသာကောင်လေးဘဲ ! ။ မျက်လုံးတွေကလည်းသူ့အားစိုက်ကြည့်နေသည်မှာ အလုပ်မခန့်လိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီးနည်းနည်းလေးမှမင်းကိုမကျေနပ်ဘူးကွ ဟုပြောနေသယောင်။ သူ့မျက်နှာအားပဲ့ကျသွားမည့်အတိုင်းကြည့်နေတဲ့ ထိုလူကို စူးရှတဲ့မျက်လုံးများဖြင့်ပြန်စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်အားတွန့်ကွေးကာပြုံးပြလိုက်တော့ ဟွန့်! ဆိုတဲ့အသံနဲ့အတူမျက်စောင်းတစ်ချက်လက်ခံရရှိလိုက်လေသည်။
" ဒါဆိုကလေးတွေအဆင်ပြေတယ်လို့ဘဲမှတ်ယူလိုက်တော့မယ်နော် Ms.ချိုး "
ဟွမ်ရှင်းရဲ့မိခင်ဖြစ်သူကချိုးမားမားအားပြုံးရွှင်စွာဆိုလာသည်။
ချိုးမားမားကလည်း ချိုးတင်းကျယ်၏လက်မောင်းလေးအားခပ်ဖွဖွပွတ်ကာလက်ခံလိုက်ပါနော်ဆိုအမူအရာဖြင့်လုပ်လိုက်တော့ ချိုးတင်းကျယ်ခေါင်းငုံလျက်ပင်
" ဟုတ်ကဲ့၊ ကျွန်တော်အဆင်ပြေပါတယ် "
တဆိတ်ဒီမျက်နှာအမူအရာကဟွမ်ရှင်းကိုလက်မခံချင်ဘဲသူမားမားကြောင့်လက်ခံလိုက်ရတဲ့ဆိုတဲ့အမူအရာမျိုးလား ။
" ဒါနဲ့ကျွန်တော်ပြောစရာရှိပါတယ် "
ဟွမ်ရှင်းရဲ့ခပ်အေးအေးအသံကြောင့် Mr.ချိုးက ပြောပါသား ဟုဆိုလာသလို။ ချိုးတင်းကျယ်ဆိုသည့်ကလေးကလည်းသူ့အားမျက်လုံးပြူးကာကြည့်လာသည်။
" ကျွန်တော်တို့၂ယောက်လက်ထပ်ပြီးရင် သီးသန့်နေဖို့ကျွန်တော်ရဲ့အိမ်အသစ်ကိုခေါ်ဆောင်သွားမှာပါပြီးတော့ချိုးတင်းကျယ် လိုတာမှန်သမျှအကုန်ဖြည့်ဆည်းပေးပြီးလိုအပ်တဲ့အရာအားလုံးကိုလည်းပံ့ပိုးပေးသွားမှာပါတစ်ခုဘဲ ကျွန်တော်က နည်းနည်းသဝန်တိုတတ်တော့ကျွန်တော်လက်ထပ်ပြီးရင်ကျွန်တော်အမျိုးသားကို၂၄နာရီလုံးကျွန်တော်အနားမှာဘဲထားမှာပါ တစ်ပတ်တစ်ခါလောက်တော့ Mr.ချိုးတို့နဲ့တွေ့ဖို့ကျွန်တော်ကိုယ်တိုင်အိမ်ကိုလာပို့ပေးပါ့မယ် အာလက်ထပ်ပွဲကိုလည်း ကျွန်တော်အမြန်ဆုံးဖြစ်ချင်တယ် "
ချိုးတင်းကျယ် ဟွမ်ရှင်းဆိုသူရဲ့စကားများကြောင့် ဒေါသထွက်ချင်လာသည်ဘာလူကိုကြက်ကလေးငှက်ကလေးမှတ်နေတာလား၂၄နာရီလုံးသူ့အနားမှာဘဲထားမှာမိဘဆီလာဖို့တောင်သူပါမှလာရမှာပေါ့ ဘာတဲ့ကျွန်တော်က နည်းနည်းသဝန်တိုတတ်တဲ့အထဲပါတယ်တဲ့ အဲတာသဝန်တိုတာမဟုတ်ဘူးဟျောင့် မင်းသက်သက်လုပ်နေတာကွဟုသာအော်ပြောကာ အရှေ့တွေရှိနေသောရေခွက်ကြီးနဲ့သာပက်ထည့်လိုက်ချင်တယ် ။ ပြီးတော့နောက်ဆုံးသူကိုစိုက်ကြည့်ကာပြောသွားတဲ့စကားကဘာတဲ့
" ချိုးပေါင်ပေ့လည်းကိုယ့်ကိုမြင်ပြီးအမြန်ဆုံးလက်ထပ်ချင်နေပြီမလားကိုယ်နဲ့ "
သောက်ရူးဘဲဟျောင့်!!!
Hihi ချိုးချိုးလေးတော့အပီအပြင်စိတ်ထဲကဆော်နေပါပြီ။ စာရေးတာအရမ်းကြီးအာရုံစိုက်ရင်မျက်လုံးကကိုက်တော့ အပိုင်းလေးကလည်းနည်းနည်းတိုသွားပါတယ်ရှင့်။ စာလုံးပေါင်းလေးတွေမှားနေခဲ့ရင်လည်း သည်းခံပြီးဖတ်ပေးကြပါရှင့်။
part 5 မှာ Luna တို့ပြန်တွေ့ကြပါမယ်ရှင့် Byebye
တဆိတ် update ကစိတ်ပျော်ရင်upပါတယ်နော် နေ့တိုင်းစိတ်ပျော်နေရင်နေ့တိုင်း
ပေါင်ပေ့တို့ update ရမှာပါ။ 🙂↔️
Zawgyi
Hate Met Fate
Part _ 4
မ်က္ရည္မ်ားျဖင့္စို႐ႊဲေနေသာမ်က္ႏွာကိုလက္ဖဝါးျဖင့္ခပ္ဖြဖြပြတ္သပ္သုတ္ဖယ္ရင္းပင္ခ်ိဳးတင္းက်ယ္အသံမထြက္ေအာင္ရႈိက္ေနမိသည္။လက္ထပ္ရေတာ့မည္တဲ့လား ။ မားနဲ႔ပါးကသူရဲ႕ဆႏၵအတိုင္းအၿမဲတမ္းလိုလိုပင္ျဖည့္ဆည္းေပးခဲ့သည္။ ဒီတစ္ခါေတာ့သူျငင္းခြင့္မရွိဘဲလက္ခံရေတာ့မည္။ေနာက္ဆုံးေတာ့လည္းသူဟာမိဘကိုမလြန္ဆန္ေတာ့တဲ့သားလိမၼာတစ္ေယာက္သာ။ တိတ္ဆိတ္ေနတဲ့အိပ္ခန္းထဲတြင္ခ်ိဳးတင္းက်ယ္၏ ရႈိက္သံသဲသဲကိုသာၾကားေနရသည္။ ဆူပူေအာ္ဟစ္ကာငိုယိုခ်င္ေသာ္လည္း မိဘေတြ၏မ်က္ႏွာေပၚကစိတ္မေကာင္းျဖစ္တာမ်ိဳးကိုသူမလိုေပ။ သိေတာင္မသိဘဲမိဘေတြစီစဥ္တဲ့လက္ထပ္ပြဲကိုလက္ခံလိုက္ၿပီး လက္ထပ္ရမည့္သူက ျဖဴသလားမဲသလားပင္သူမသိ ။
ေနာက္ဆုံးေတာ့သူကိုအလုပ္မခန႔္သည့္ ဟိုျဖဴျဖဴဖတ္ေကာင္ေလာက္ေတာ့အေပါက္မဆိုးေလာက္ပါေစႏွင့္ဟုသာဆုေတာင္းေနမိေတာ့သည္။
ညစာစားၿပီးေနာက္ဟြမ္ရွင္းအခန္းထဲသို႔တန္းဝင္လာခဲ့သည္။စိတ္ထဲတြင္လည္းျပည့္က်ပ္မႈတို႔ျဖင့္ ေကာရွိေနစဥ္ကေရာ ေကာမရွိေတာ့ေနာက္ပိုင္းေကာသူ႔ရဲ႕အိမ္ေထာင္ဖက္ဟာေကာမွမဟုတ္ရင္မျဖစ္ဘူးဆိုတဲ့အရာ အခုေတာ့ Ms.ဟြမ္ကိုအ႐ြဲ႕တိုက္ခ်င္စိတ္ျဖင့္သာလက္ထပ္ပြဲကိုဟြမ္ရွင္းလက္ခံခဲ့သည္။ သိပ္ကိုသေဘာတူခ်င္ေနတဲ့ သတို႔သားေလာင္းေလးကို ေကာင္းေကာင္းႀကီးေပ်ာ္ေအာင္ထားေပးခ်င္လို႔ေလ။ ထိုစဥ္ ဖုန္းျမည္သံေၾကာင့္ၾကည့္လိုက္ေတာ့ သူ႔ရဲ႕အတြင္းေရးမႉး မင္ဝူ
" ညအခ်ိန္ႀကီးဖုန္းဆက္လိုက္ရလို႔ေတာင္းပန္ပါတယ္ Boss"
" မနက္ျဖန္ပိတ္ရက္လက္ထပ္မယ့္သူ႔နဲ႔ေတြ႕မယ့္အစီအစဥ္Ms.ဟြမ္အေၾကာင္းၾကားလာလို႔အခုလိုဖုန္းဆက္ၿပီးေျပာရတာပါBoss "
" အင္း ျမန္ျမန္ေျပာဘာတဲ့လဲMs.ဟြမ္က "
" မနက္ျဖန္ပိတ္ရက္ ည7နာရီ မွာ Ms.ဟြမ္ရယ္ Boss ရယ္ နဲ႔တဖက္ကလက္ထပ္မယ့္သူမိသားစုနဲ႔အတူ ညစာအတူစားၾကဖို႔ျဖစ္ပါတယ္Boss ေနရာက႐ိုး႐ိုးရွင္းရွင္းBossသတို႔သားေလာင္းရဲ႕အိမ္မွာညစာစားၾကဖို႔ပါ အိမ္လိပ္စာကိုကြၽန္ေတာ္Boss ကိုပို႔ေပးလိုက္ပါ့မယ္ Boss "
" ဒါဘဲလား ေကာင္းၿပီ "
ဖုန္းခ်ၿပီးေနာ္ဟြမ္ရွင္းကုတင္ေပၚတြင္လဲေလ်ာင္းခ်ကာ ႏႈတ္ခမ္းအားတင္းတင္းေစ့လ်က္မ်က္ႏွာဟာလည္းေအးစက္စြာ မ်က္ႏွာက်က္အား ေမာ္ၾကည့္ေနေတာ့သည္။
**
ခ်ိဳးတင္းက်ယ္အိပ္ခန္းထဲကမွန္ေရွ႕ေတြ ရပ္လ်က္မွန္ထဲက ကိုယ့္ကိုကို စိုက္ၾကည့္ေနမိသည္။ ခဏေနရင္လက္ထပ္ရမယ့္သူက႐ိုးရွင္းစြာပင္ခ်ိဳးတင္းက်ယ္တို႔ရဲ႕အိမ္မွာပင္ညစာစားမည္မို႔ျပင္ဆင္ထားသည့္ မွန္ထဲကသူ႔ရဲ႕ပုံရိပ္ကားအရင္ေန႔ေတြထက္ပင္ ၾကည့္ေကာင္းေနသည္။ၿခံဝင္းထဲမွာကားသံသဲသဲေၾကာင့္ လက္ထပ္မယ့္သူ႔တို႔ေရာက္လာၿပီထင္ပါတယ္။ မၾကာပါအခန္းတံခါးဟာခပ္ဖြဖြ ပြင့္လာၿပီး မားျဖစ္သူကသူ႔ဆီကိုခပ္ေျဖးေျဖးေလွ်ာက္လွမ္းလာသည္။
" မား သားေလးကခ်စ္ဖို႔ေကာင္းလိုက္တာ သားမျငင္းဖို႔ေမွ်ာ္လင့္တယ္ေနာ္ "
" ဟုတ္မား "
ခပ္ဖြဖြ လက္တို႔ကိုကိုင္ကာဆိုလာေသာမားရဲ႕စကားေၾကာင့္ခ်ိဳးတင္းက်ယ္ မားကိုခပ္ဖြဖြပင္ေပြ႕ဖက္လိုက္သည္။ ထို႔ေနာ္ အိပ္ခန္းထဲမွာထြက္ကာ မားနဲ႔အတူ ညစာစားဖို႔ေအာက္ဆီသို႔လွမ္းလာလိုက္သည္။ စားပြဲတစ္ခုတြင္ ပါးႏွင့္အတူအမ်ိဳးသမီးတစ္ေယာက္ ေနာက္ၿပီးအခန႔္သားထိုင္ေနေသာ ေနေသာလူတစ္ေယာက္ကိုေတြ႕လိုက္သည္ႏွင့္ခ်ိဳးတင္းက်ယ္မ်က္လုံးျပဴးကာ ပါးစပ္အေဟာင္းသားျဖစ္ကာ ႏႈတ္ခမ္းကလည္း
" ဟင္.. ျဖဴဖတ္ဖတ္ေကာင္ "
ခ်ိဳးတင္းက်ယ္မယုံႏိုင္ဘယ္လိုေတာင္ဒီလူကသူနဲ႔လက္ထပ္ရမယ့္သူတဲ့လား။တဖက္ကလည္းခ်ိဳးတင္းက်ယ္အားျမင္သည္ႏွင့္တခဏ စိုက္ၿပီးေနာက္မ်က္ခုံးတစ္ခ်က္ပင့္ျပကာ ေအးစက္စက္မ်က္ႏွာေဘးျဖင့္သူ႔အားမဲ့ၿပဳံးၿပဳံးျပလာသည္။
ညစာစားပြဲတစ္ခုလုံးဟာတိတ္ဆိတ္ေအးစက္ေနသည္။ ဟြမ္ရွင္း၏အေမျဖစ္သူႏွင့္ခ်ိဳးတင္းက်ယ္တို႔မိဘေတြသာစကားစျမည္ေျပာဆိုေနၾကေသာလည္းသူ႔တို႔၂ေယာက္ၾကားကေလထုကားေအးစက္ေျခာက္ကပ္လ်က္။ !ဘယ္လိုေတာင္မုန္းစရာေကာင္းတဲ့လူႀကီးနဲ႔လက္ထပ္ရမွာလဲ ! ဟုသာခ်ိဳးတင္းက်ယ္၏စိတ္ထဲေအာ္ဟစ္ေနမိသည္။ မ်က္ႏွာခ်င္းမွ ထိုလူကလည္းခ်ိဳးတင္းက်ယ္အားနည္းနည္းေလးမွမႀကိဳက္သည့္ေအးစက္သက္မ်က္ႏွာျဖင့္ၾကည့္ေနတာမို႔စိတ္က လက္တစ္ဆစ္ေလာက္တိုလာေတာ့သည္။
တစ္ဖက္တြင္ဟြမ္ရွင္းကလည္း !အရမ္းကိုလက္ထပ္ေပးခ်င္ေနတဲ့သတို႔သားေလာင္းေလးက ဟိုတစ္ရက္ကအလုပ္လာေလွ်ာက္တဲ့မူႀကိဳကေလးသာသာေကာင္ေလးဘဲ ! ။ မ်က္လုံးေတြကလည္းသူ႔အားစိုက္ၾကည့္ေနသည္မွာ အလုပ္မခန႔္လိုက္သည့္ကိစၥႏွင့္ပတ္သက္ၿပီးနည္းနည္းေလးမွမင္းကိုမေက်နပ္ဘူးကြ ဟုေျပာေနသေယာင္။ သူ႔မ်က္ႏွာအားပဲ့က်သြားမည့္အတိုင္းၾကည့္ေနတဲ့ ထိုလူကို စူးရွတဲ့မ်က္လုံးမ်ားျဖင့္ျပန္စိုက္ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းေထာင့္အားတြန႔္ေကြးကာၿပဳံးျပလိုက္ေတာ့ ဟြန႔္! ဆိုတဲ့အသံနဲ႔အတူမ်က္ေစာင္းတစ္ခ်က္လက္ခံရရွိလိုက္ေလသည္။
" ဒါဆိုကေလးေတြအဆင္ေျပတယ္လို႔ဘဲမွတ္ယူလိုက္ေတာ့မယ္ေနာ္ Ms.ခ်ိဳး "
ဟြမ္ရွင္းရဲ႕မိခင္ျဖစ္သူကခ်ိဳးမားမားအားၿပဳံး႐ႊင္စြာဆိုလာသည္။
ခ်ိဳးမားမားကလည္း ခ်ိဳးတင္းက်ယ္၏လက္ေမာင္းေလးအားခပ္ဖြဖြပြတ္ကာလက္ခံလိုက္ပါေနာ္ဆိုအမူအရာျဖင့္လုပ္လိုက္ေတာ့ ခ်ိဳးတင္းက်ယ္ေခါင္းငုံလ်က္ပင္
" ဟုတ္ကဲ့၊ ကြၽန္ေတာ္အဆင္ေျပပါတယ္ "
တဆိတ္ဒီမ်က္ႏွာအမူအရာကဟြမ္ရွင္းကိုလက္မခံခ်င္ဘဲသူမားမားေၾကာင့္လက္ခံလိုက္ရတဲ့ဆိုတဲ့အမူအရာမ်ိဳးလား ။
" ဒါနဲ႔ကြၽန္ေတာ္ေျပာစရာရွိပါတယ္ "
ဟြမ္ရွင္းရဲ႕ခပ္ေအးေအးအသံေၾကာင့္ Mr.ခ်ိဳးက ေျပာပါသား ဟုဆိုလာသလို။ ခ်ိဳးတင္းက်ယ္ဆိုသည့္ကေလးကလည္းသူ႔အားမ်က္လုံးျပဴးကာၾကည့္လာသည္။
" ကြၽန္ေတာ္တို႔၂ေယာက္လက္ထပ္ၿပီးရင္ သီးသန႔္ေနဖို႔ကြၽန္ေတာ္ရဲ႕အိမ္အသစ္ကိုေခၚေဆာင္သြားမွာပါၿပီးေတာ့ခ်ိဳးတင္းက်ယ္ လိုတာမွန္သမွ်အကုန္ျဖည့္ဆည္းေပးၿပီးလိုအပ္တဲ့အရာအားလုံးကိုလည္းပံ့ပိုးေပးသြားမွာပါတစ္ခုဘဲ ကြၽန္ေတာ္က နည္းနည္းသဝန္တိုတတ္ေတာ့ကြၽန္ေတာ္လက္ထပ္ၿပီးရင္ကြၽန္ေတာ္အမ်ိဳးသားကို၂၄နာရီလုံးကြၽန္ေတာ္အနားမွာဘဲထားမွာပါ တစ္ပတ္တစ္ခါေလာက္ေတာ့ Mr.ခ်ိဳးတို႔နဲ႔ေတြ႕ဖို႔ကြၽန္ေတာ္ကိုယ္တိုင္အိမ္ကိုလာပို႔ေပးပါ့မယ္ အာလက္ထပ္ပြဲကိုလည္း ကြၽန္ေတာ္အျမန္ဆုံးျဖစ္ခ်င္တယ္ "
ခ်ိဳးတင္းက်ယ္ ဟြမ္ရွင္းဆိုသူရဲ႕စကားမ်ားေၾကာင့္ ေဒါသထြက္ခ်င္လာသည္ဘာလူကိုၾကက္ကေလးငွက္ကေလးမွတ္ေနတာလား၂၄နာရီလုံးသူ႔အနားမွာဘဲထားမွာမိဘဆီလာဖို႔ေတာင္သူပါမွလာရမွာေပါ့ ဘာတဲ့ကြၽန္ေတာ္က နည္းနည္းသဝန္တိုတတ္တဲ့အထဲပါတယ္တဲ့ အဲတာသဝန္တိုတာမဟုတ္ဘူးေဟ်ာင့္ မင္းသက္သက္လုပ္ေနတာကြဟုသာေအာ္ေျပာကာ အေရွ႕ေတြရွိေနေသာေရခြက္ႀကီးနဲ႔သာပက္ထည့္လိုက္ခ်င္တယ္ ။ ၿပီးေတာ့ေနာက္ဆုံးသူကိုစိုက္ၾကည့္ကာေျပာသြားတဲ့စကားကဘာတဲ့
" ခ်ိဳးေပါင္ေပ့လည္းကိုယ့္ကိုျမင္ၿပီးအျမန္ဆုံးလက္ထပ္ခ်င္ေနၿပီမလားကိုယ္နဲ႔ "
ေသာက္႐ူးဘဲေဟ်ာင့္!!!
Hihi ခ်ိဳးခ်ိဳးေလးေတာ့အပီအျပင္စိတ္ထဲကေဆာ္ေနပါၿပီ။ စာေရးတာအရမ္းႀကီးအာ႐ုံစိုက္ရင္မ်က္လုံးကကိုက္ေတာ့ အပိုင္းေလးကလည္းနည္းနည္းတိုသြားပါတယ္ရွင့္။ စာလုံးေပါင္းေလးေတြမွားေနခဲ့ရင္လည္း သည္းခံၿပီးဖတ္ေပးၾကပါရွင့္။
part 5 မွာ Luna တို႔ျပန္ေတြ႕ၾကပါမယ္ရွင့္ Byebye
တဆိတ္ update ကစိတ္ေပ်ာ္ရင္upပါတယ္ေနာ္ ေန႔တိုင္းစိတ္ေပ်ာ္ေနရင္ေန႔တိုင္းေပါင္ေပ့တို႔ update ရမွာပါ။ 🙂↔️
Bạn đang đọc truyện trên: Truyen3h.Co