Truyen3h.Co

Her Devil Hero

Part 13

KimFany059

#Unicode

"အဲ့ လမ်းမကြီးနဲ့ တိုက်ခန်းက ငါ့ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းနေတာလား "

Roseanne ကော်ဖီတစ်ငုံသောက်ရင်း မေးလိုက်သည်

Roseanne တို့ ကော်ဖီဆိုင်ကို ရောက်ကတည်းက Ruby Janeမှာ Roseanneနဲ့ အကြည့်ချင်း မဆုံဘဲ coffeeဆိုင်နဲ့ မျက်နှာချင်းဆိုင်က လမ်းမကြီးနဲ့ တိုက်ခန်းတွေကိုဘဲ ကြည့်နေသောကြောင့် Roseanne မေးလိုက်သည်

"အာ မဟုတ်ပါဘူး "

"Aww မသိပါဘူး နင်က ​ဒီကို ရောက်ကတည်းက လမ်းမကြီးနဲ့ တိုက်ခမ်းကိုဘဲ ကြည့််နေလို့ ငါ့ထက် စိတ်ဝင်စားစရာကောင်းနေတာလားလို့ မေးကြည့်တာ "

"အဲ့လမ်းမကြီးနဲ့ တိုက်ခန်းကိုတော့ နင် သတ်လို့ မရပါဘူးနော် "

Ruby Janeမှာ Roseanneကို ပြောပြီး ပေါင်မုန့်စားလိုက်တော့ Roseanneမှာ Ruby Jane ကို ကြည့်ပြီး ပြုံးလိုက်သည်

"အင်း သတ်လို့ မရပေမယ့် တစ်စစီ ဖြစ်သွားအောင် ဖောက်ခွဲပစ်လို့တော့ ရတယ်လေ "

Roseanneရဲ့ စကားကြောင့် Ruby Jane လန့်ပြီး ပေါင်မုန့်တွေ နင်ကုန်သည်

"အု ဟု အဟွတ်ဟွတ် "

Roseanneမှာ ထိုင်ရာကနေ အမြန်ထပြီး ပေါင်မုန့်နင်နေတဲ့ Ruby Janeရဲ့ ကျောကုန်းကို ပွတ်ပေးလေသည်

"ဖြည်းဖြည်းစားပါ Rubyရ နင့်ပေါင်မုန့်ကို ငါလုမစားပါဘူး ငါက ပေါင်မုန့်ထက် နင့်ကိုဘဲ စားချင်တာ "

Roseanne ရဲ့ စကားကြောင့် Ruby Janeမှာ လန့်ဖြန့်ပြီး ပေါင်မုန့်ကို မျိုချလို့မရ ဖြစ်နေသည်

"Aigoo ကလေးကျနေတာဘဲ ရော့ ကော်ဖီသောက်...."

Roseanne သူ့ထိုင်ခုံတွင် ပြန်ထိုင်ပြီး Ruby Janeကို သူသောက်နေတဲ့ ကော်ဖီပေးလိုက်သည်

"မလန့်ပါနဲ့ ဒီလမ်းနဲ့ တိုက်ခန်းတွေ ငါ မဖောက်ခွဲပါဘူးဟ သူများနိုင်ငံထိတော့ မစွာရဲပါဘူး "

Roseanneက ရယ်မောနေပေမယ့် Ruby Janeကတော့ Roseanne အကြောင်း သိနေတော့ စိတ်ထဲ လန့်နေသည် 

"ငါ့ကို ကော်ဖီဘဲ တိုက်တော့မှာလား စကားဘာညာမပြောတော့ဘူးလား ဝစီပိတ် ကျင့်နေတာလား Ruby Jane "

"ဟို ပြောမှာပါ အခုဘဲ ပြောမလို့ နင် ဘာတွေလုပ်နေလည်းလို့ "

"Aww တော်သေးတာပေါ့ Ruby Jane တစ်ယောက် ငါ့အကြောင်းမေးသေးလို့ ငါက ဝစီပိတ်တရားများ ကျင့်နေလားလို့ တွေးနေတာ "

"မဟုတ်ပါဘူး ဘာအရင်မေးရမလည်းဆိုတာ တွေးနေတာပါ.... "

"မေးစရာတွေ အများကြီး ရှိနေတဲ့ပုံဘဲ အဲ့လောက်ထိ ငါ့ကို သတိရနေတာလား "

Roseanne စကားကြောင့် Ruby Jane ချောင်းဟန့်ပြီး

"နင် ငါမေးတာ မဖြေသေးဘူးနော် ..."

"အင်းပါ ဖြေပါမယ် ငါအခု ငါ့အဖေရဲ့ companyမှာ ဒုဥက္ကဌ အဖြစ် အလုပ်လုပ်နေတာ "

"Aww ဒုဥက္ကဌ Roseanne ပေါ့ "

"အင်း ဟုတ်တယ် "

Roseanne ကော်ဖီသောက်ရင်း ခေါင်းညိတ်ပြလိုက်သည်

"ငါ့ကို ဘယ်လိုရှာတွေ့တာလည်း Roseanne "

"နံရံတိုင်းမှာ နားတွေ မျက်လုံးတွေ ရှိတယ်လေ နင် ငါ့လက်က လွတ်အောင် ထွက်ပြေးပြီး နာမည်တွေပြောင်း ဟိုတယ်သေးသေးလေးမှာ အလုပ်လုပ်ပေမယ့် အချိန်တန်တော့ နင့်ကို ငါ ရှာတွေ့တာဘဲ မဟုတ်ဘူးလား "

Roseanne စကားကြောင့် Ruby Jane ခေါင်းညိတ်သွားသည်

"နင် ငါ့ကို ရှာဖို့ ဟိုလူသတ်...."

"အာ အာ အာ ဟိတ် ရုပ်ရှင်တွေထဲကလို နင် ဘယ်မှာလည်း Ruby Jane ဘယ်မှာလည်း မဖြေတဲ့သူတွေကို သတ်မယ်ဆိုပြီး သတ်ပစ်ရအောင် နင့်အဖေ ရှိတဲ့နေရာ ပြောင်းသွားတယ်လို့ အတန်းပိုင်ဆရာမက ပြောရုံဘဲလေ ဘယ်သူက အတိအကျ သိလို့ ငါက လိုက်မေးပြီး လိုက်သတ်ရမှာလည်း နင် ရုပ်ရှင်ကြည့်တာ လျော့တော့ Ruby Jane "

"ဒါဆို ဘယ်လို သိတာလည်း "

"ငါပြောသလိုဘဲလေ နံရံတိုင်းမှာ နားတွေ မျက်လုံးတွေ ရှိပါတယ်လို့ "

"ကော်ဖီသောက်ပြီးပြီမလား ပြန်ကြစို့ "

"ငါ့ကို ဟိုတယ်ပြန်ပို့မလို့လား Ruby Jane "

"ဒါပေါ့ဟ ဟိုတယ်မပို့ဘဲ အမှိုက်ပုံမှာ ချပေးခဲ့ရမှာလား "

"နင့်အိမ်ခေါ်သွားပေးပါလား "

"ဘာ..."

Roseanne စကားကြောင့် Ruby Jane လန့်သွားတယ်

"ဟုတ်တယ်လေ ဒီကနေ ဟိုတယ်ကို ပြန်လိုက်ပို့ ပြီးရင် ဟိုတယ်ကနေ နင့်အိမ်ပြန်သွား ဘယ်လောက် ပင်ပန်းပြီး အလုပ်ရှုပ်မလည်း ပြီးတော့ ည ၁၁ ကျော်ကို မိန်းကလေးတစ်ယောက်တည်း လမ်းမပေါ်မှာ စက်ဘီးတစ်စီးနဲ့ မလုံခြုံဘူးလေ..."

"ခါတိုင်းလည်း ငါ ဒီလို ပြန်နေကျဘဲကို "

"ဟိုတယ် ပြန်မိရင် ငါ လူသတ်မိမလား မသိဘူးနော် ဟင်းဟင်း....အခန်းချင်းက ဘေးချင်းကပ်ရက်ဆိုတော့ "

"ကဲ စက်ဘီးပေါ်တက် "

Ruby Janeက မျက်စောင်းထိုးပြီး ပြောတော့ Roseanne မှာ စပ်ဖြီးဖြီးနဲ့ Ruby Jane စက်ဘီးပေါ် တက်လေသည်

Ruby Jane အိမ်တံခါးကို ဖွင့်လိုက်တော့ တစ်အိမ်လုံးက မှောင်မဲနေသောကြောင့် Roseanne မေးလိုက်သည်

"နင် တစ်ယောက်တည်းနေတာလား မိဘတွေနဲ့ မနေဘူးလား "

"အင်း ငါ့အဖေက ငါ ကျောင်းပြီးခါစက ဆိုက်ဒ်တစ်ခုမှ မတော်တဆမှု ဖြစ်ပြီး ဆုံးသွားတယ်လေ အမေကတော့ မနှစ်က လူကြီးရောဂါနဲ့ ဆုံးသွားတယ် "

Ruby Jane မှာ စကားပြောရင်း တိမ်ဝင်သွားသောကြောင့် Roseanne စိတ်မကောင်း ဖြစ်သွားတယ်

"အာ sorry တောင်းပန်ပါတယ် ငါ မမေးလိုက်မိသင့်ဘူး မရည်ရွယ်ပါဘူး.... "

"ရပါတယ် နင်က သိမှမသိတာ ဘာမှမဖြစ်ပါဘူး..... ငါ အဝတ်အစား ခဏလဲလိုက်အုံးမယ်နော် ငါ လဲပြီးရင် လှမ်းခေါ်လိုက်မယ် ဝင်လာခဲ့နော် "

"ဟင် နင်က နင့်အခန်းထဲ ငါ့ခေါ်အိပ်မလို့လား "

Ruby Janeရဲ့ စကားကြောင့် Roseanne အံ့သြပြီး ပျော်သွားတယ်

"မခေါ်လည်း နင်က ဇွတ်ဝင်လာမှာ မဟုတ်ဘူးလား နင့်အကြောင်း ငါမသိတာကျလို့ ဘာလည်း ဆိုဖာမှာ အိပ်မလို့လား "

"အာ ဟုတ်ဘူး အိပ်ဘူး နင် အဝတ်လဲပြီး ခေါ်လိုက်နော် ငါ ဝင်ခဲ့မယ် "

"Ok "

Ruby Jane ပြောပြီး အခန်းထဲကို ဝင်သွားတော့ Roseanneမှာ ပြုံးပြီး Ruby Janeရဲ့ ဧည့်ခန်းကို
လျှောက်ပတ်ကြည့်နေသည်

Ruby Jane ရဲ့ ဘီဒိုအသေးလေး​ပေါ်မှာ ဓာတ်ပုံတွေကို တွေ့လို့ Roseanne စိတ်ဝင်စားပြီး သွားစပ်စုလေသည် 

ဘီဒိုပေါ်က Ruby Jane မိဘပုံတွေနဲ့ Ruby Jane ပေါက်စပုံလေးတွေ့တော့ သူမတို့ ငယ်ငယ်က အကြောင်းတွေ တွေးမိပြီး Roseanne ပြုံးမိသွားတယ်

Roseanneကို ပိုပြုံးမိအောင် လုပ်တဲ့ပုံကတော့ Ruby Janeနဲ့ သူမတို့ ကစားကွင်းသွားတုံးက ရိုက်ခဲ့တဲ့ပုံလေးပင်...Ruby Janeက လွှင့်မပစ်ဘဲ ဘောင်လေးထဲ ထည့်ပြီး သိမ်းထားသောကြောင့် Roseanne ကြည်နူးမိသွားတယ်

"Roseanne ဝင်လာလို့ ရပြီ "

အခန်းထဲက Ruby Jane အော်သံကြောင့် Roseanne ချက်ချင်းဘဲ Ruby Jane အခန်းထဲ ပြေးဝင်သွားတယ်

အခန်းထဲရောက်တော့ စောင်ခြုံကာ အိပ်နေတဲ့ Ruby Janeကို တွေ့ရသည်

Roseanneလည်း သူမဘေးနား ဝင်အိပ်ရော Ruby Janeမှာ Roseanneကို ကျောပေးပြီး တစ်ဖက်ကို လှည့်အိပ်လိုက်သည်

"Good night Ruby.... "

Ruby Janeရဲ့ ဆံပင်လေးကို နမ်းပြီး Roseanne ပြောလိုက်သည်

"Roseanne "

"ဟင် "

"ဟိုလူကို မသတ်နဲ့နော် "

"ဘယ်လူ...."

"ဟိုတယ်က နင့်အခန်းဘေးက လူလေ ငါ့ကို ရန်လုပ်တဲ့သူ "

"Aww သူလား "

"နင်ဘဲ ငါ နင်နဲ့ လိုက်တွေ့ရင် လူမသတ်ဘူးလို့ပြောထားတယ်လေ ပြီးတော့ နင့်ကို အိမ်ခေါ်လာပြီး ငါနဲ့တောင် အတူအိပ်ခိုင်းတာမို့ သူ့ကို မသတ်ပါနဲ့နော် "

"ဘာလို့လည်း "

"ငါ့ကြောင့် နင့်ကို လူသတ်သမား ထပ်မဖြစ်စေချင်လို့ "

"စိတ်ချပါ သူ့ကို ငါ့လက်နဲ့ မသတ်ပါဘူး "

Roseanne devil smileနဲ့ ပြောပြီး Ruby Jane ကို ဖက်လိုက်သည် Ruby Janeမှာတော့ Roseanneကို ကျောပေးထားသောကြောင့် Roseanneရဲ့ အပြုံး​ကို မတွေ့လိုက်ရပေ

#tbc

#Zawgyi

"အဲ့ လမ္းမႀကီးနဲ႕ တိုက္ခန္းက ငါ့ထက္ ပိုၿပီး စိတ္ဝင္စားစရာေကာင္းေနတာလား "

Roseanne ေကာ္ဖီတစ္ငုံေသာက္ရင္း ေမးလိုက္သည္

Roseanne တို႔ ေကာ္ဖီဆိုင္ကို ေရာက္ကတည္းက Ruby Janeမွာ Roseanneနဲ႕ အၾကည့္ခ်င္း မဆုံဘဲ coffeeဆိုင္နဲ႕ မ်က္ႏွာခ်င္းဆိုင္က လမ္းမႀကီးနဲ႕ တိုက္ခန္းေတြကိုဘဲ ၾကည့္ေနေသာေၾကာင့္ Roseanne ေမးလိုက္သည္

"အာ မဟုတ္ပါဘူး "

"Aww မသိပါဘူး နင္က ဒီကို ေရာက္ကတည္းက လမ္းမႀကီးနဲ႕ တိုက္ခမ္းကိုဘဲ ၾကည့္္ေနလို႔ ငါ့ထက္ စိတ္ဝင္စားစရာေကာင္းေနတာလားလို႔ ေမးၾကည့္တာ "

"အဲ့လမ္းမႀကီးနဲ႕ တိုက္ခန္းကိုေတာ့ နင္ သတ္လို႔ မရပါဘူးေနာ္ "

Ruby Janeမွာ Roseanneကို ေျပာၿပီး ေပါင္မုန့္စားလိုက္ေတာ့ Roseanneမွာ Ruby Jane ကို ၾကည့္ၿပီး ၿပဳံးလိုက္သည္

"အင္း သတ္လို႔ မရေပမယ့္ တစ္စစီ ျဖစ္သြားေအာင္ ေဖာက္ခြဲပစ္လို႔ေတာ့ ရတယ္ေလ "

Roseanneရဲ႕ စကားေၾကာင့္ Ruby Jane လန့္ၿပီး ေပါင္မုန့္ေတြ နင္ကုန္သည္

"အု ဟု အဟြတ္ဟြတ္ "

Roseanneမွာ ထိုင္ရာကေန အျမန္ထၿပီး ေပါင္မုန့္နင္ေနတဲ့ Ruby Janeရဲ႕ ေက်ာကုန္းကို ပြတ္ေပးေလသည္

"ျဖည္းျဖည္းစားပါ Rubyရ နင့္ေပါင္မုန့္ကို ငါလုမစားပါဘူး ငါက ေပါင္မုန့္ထက္ နင့္ကိုဘဲ စားခ်င္တာ "

Roseanne ရဲ႕ စကားေၾကာင့္ Ruby Janeမွာ လန့္ျဖန့္ၿပီး ေပါင္မုန့္ကို မ်ိဳခ်လိဳ႕မရ ျဖစ္ေနသည္

"Aigoo ကေလးက်ေနတာဘဲ ေရာ့ ေကာ္ဖီေသာက္...."

Roseanne သူ႕ထိုင္ခုံတြင္ ျပန္ထိုင္ၿပီး Ruby Janeကို သူေသာက္ေနတဲ့ ေကာ္ဖီေပးလိုက္သည္

"မလန့္ပါနဲ႕ ဒီလမ္းနဲ႕ တိုက္ခန္းေတြ ငါ မေဖာက္ခြဲပါဘူးဟ သူမ်ားနိုင္ငံထိေတာ့ မစြာရဲပါဘူး "

Roseanneက ရယ္ေမာေနေပမယ့္ Ruby Janeကေတာ့ Roseanne အေၾကာင္း သိေနေတာ့ စိတ္ထဲ လန့္ေနသည္ 

"ငါ့ကို ေကာ္ဖီဘဲ တိုက္ေတာ့မွာလား စကားဘာညာမေျပာေတာ့ဘူးလား ဝစီပိတ္ က်င့္ေနတာလား Ruby Jane "

"ဟို ေျပာမွာပါ အခုဘဲ ေျပာမလို႔ နင္ ဘာေတြလုပ္ေနလည္းလို႔ "

"Aww ေတာ္ေသးတာေပါ့ Ruby Jane တစ္ေယာက္ ငါ့အေၾကာင္းေမးေသးလို႔ ငါက ဝစီပိတ္တရားမ်ား က်င့္ေနလားလို႔ ေတြးေနတာ "

"မဟုတ္ပါဘူး ဘာအရင္ေမးရမလည္းဆိုတာ ေတြးေနတာပါ.... "

"ေမးစရာေတြ အမ်ားႀကီး ရွိေနတဲ့ပုံဘဲ အဲ့ေလာက္ထိ ငါ့ကို သတိရေနတာလား "

Roseanne စကားေၾကာင့္ Ruby Jane ေခ်ာင္းဟန့္ၿပီး

"နင္ ငါေမးတာ မေျဖေသးဘူးေနာ္ ..."

"အင္းပါ ေျဖပါမယ္ ငါအခု ငါ့အေဖရဲ႕ companyမွာ ဒုဥကၠဌ အျဖစ္ အလုပ္လုပ္ေနတာ "

"Aww ဒုဥကၠဌ Roseanne ေပါ့ "

"အင္း ဟုတ္တယ္ "

Roseanne ေကာ္ဖီေသာက္ရင္း ေခါင္းညိတ္ျပလိုက္သည္

"ငါ့ကို ဘယ္လိုရွာေတြ႕တာလည္း Roseanne "

"နံရံတိုင္းမွာ နားေတြ မ်က္လုံးေတြ ရွိတယ္ေလ နင္ ငါ့လက္က လြတ္ေအာင္ ထြက္ေျပးၿပီး နာမည္ေတြေျပာင္း ဟိုတယ္ေသးေသးေလးမွာ အလုပ္လုပ္ေပမယ့္ အခ်ိန္တန္ေတာ့ နင့္ကို ငါ ရွာေတြ႕တာဘဲ မဟုတ္ဘူးလား "

Roseanne စကားေၾကာင့္ Ruby Jane ေခါင္းညိတ္သြားသည္

"နင္ ငါ့ကို ရွာဖို႔ ဟိုလူသတ္...."

"အာ အာ အာ ဟိတ္ ႐ုပ္ရွင္ေတြထဲကလို နင္ ဘယ္မွာလည္း Ruby Jane ဘယ္မွာလည္း မေျဖတဲ့သူေတြကို သတ္မယ္ဆိုၿပီး သတ္ပစ္ရေအာင္ နင့္အေဖ ရွိတဲ့ေနရာ ေျပာင္းသြားတယ္လို႔ အတန္းပိုင္ဆရာမက ေျပာ႐ုံဘဲေလ ဘယ္သူက အတိအက် သိလို႔ ငါက လိုက္ေမးၿပီး လိုက္သတ္ရမွာလည္း နင္ ႐ုပ္ရွင္ၾကည့္တာ ေလ်ာ့ေတာ့ Ruby Jane "

"ဒါဆို ဘယ္လို သိတာလည္း "

"ငါေျပာသလိုဘဲေလ နံရံတိုင္းမွာ နားေတြ မ်က္လုံးေတြ ရွိပါတယ္လို႔ "

"ေကာ္ဖီေသာက္ၿပီးၿပီမလား ျပန္ၾကစို႔ "

"ငါ့ကို ဟိုတယ္ျပန္ပို႔မလို႔လား Ruby Jane "

"ဒါေပါ့ဟ ဟိုတယ္မပို႔ဘဲ အမွိုက္ပုံမွာ ခ်ေပးခဲ့ရမွာလား "

"နင့္အိမ္ေခၚသြားေပးပါလား "

"ဘာ..."

Roseanne စကားေၾကာင့္ Ruby Jane လန့္သြားတယ္

"ဟုတ္တယ္ေလ ဒီကေန ဟိုတယ္ကို ျပန္လိုက္ပို႔ ၿပီးရင္ ဟိုတယ္ကေန နင့္အိမ္ျပန္သြား ဘယ္ေလာက္ ပင္ပန္းၿပီး အလုပ္ရႈပ္မလည္း ၿပီးေတာ့ ည ၁၁ ေက်ာ္ကို မိန္းကေလးတစ္ေယာက္တည္း လမ္းမေပၚမွာ စက္ဘီးတစ္စီးနဲ႕ မလုံၿခဳံဘူးေလ..."

"ခါတိုင္းလည္း ငါ ဒီလို ျပန္ေနက်ဘဲကို "

"ဟိုတယ္ ျပန္မိရင္ ငါ လူသတ္မိမလား မသိဘူးေနာ္ ဟင္းဟင္း....အခန္းခ်င္းက ေဘးခ်င္းကပ္ရက္ဆိုေတာ့ "

"ကဲ စက္ဘီးေပၚတက္ "

Ruby Janeက မ်က္ေစာင္းထိုးၿပီး ေျပာေတာ့ Roseanne မွာ စပ္ၿဖီးၿဖီးနဲ႕ Ruby Jane စက္ဘီးေပၚ တက္ေလသည္

Ruby Jane အိမ္တံခါးကို ဖြင့္လိုက္ေတာ့ တစ္အိမ္လုံးက ေမွာင္မဲေနေသာေၾကာင့္ Roseanne ေမးလိုက္သည္

"နင္ တစ္ေယာက္တည္းေနတာလား မိဘေတြနဲ႕ မေနဘူးလား "

"အင္း ငါ့အေဖက ငါ ေက်ာင္းၿပီးခါစက ဆိုက္ဒ္တစ္ခုမွ မေတာ္တဆမႈ ျဖစ္ၿပီး ဆုံးသြားတယ္ေလ အေမကေတာ့ မႏွစ္က လူႀကီးေရာဂါနဲ႕ ဆုံးသြားတယ္ "

Ruby Jane မွာ စကားေျပာရင္း တိမ္ဝင္သြားေသာေၾကာင့္ Roseanne စိတ္မေကာင္း ျဖစ္သြားတယ္

"အာ sorry ေတာင္းပန္ပါတယ္ ငါ မေမးလိုက္မိသင့္ဘူး မရည္႐ြယ္ပါဘူး.... "

"ရပါတယ္ နင္က သိမွမသိတာ ဘာမွမျဖစ္ပါဘူး..... ငါ အဝတ္အစား ခဏလဲလိုက္အုံးမယ္ေနာ္ ငါ လဲၿပီးရင္ လွမ္းေခၚလိုက္မယ္ ဝင္လာခဲ့ေနာ္ "

"ဟင္ နင္က နင့္အခန္းထဲ ငါ့ေခၚအိပ္မလို႔လား "

Ruby Janeရဲ႕ စကားေၾကာင့္ Roseanne အံ့ၾသၿပီး ေပ်ာ္သြားတယ္

"မေခၚလည္း နင္က ဇြတ္ဝင္လာမွာ မဟုတ္ဘူးလား နင့္အေၾကာင္း ငါမသိတာက်လိဳ႕ ဘာလည္း ဆိုဖာမွာ အိပ္မလို႔လား "

"အာ ဟုတ္ဘူး အိပ္ဘူး နင္ အဝတ္လဲၿပီး ေခၚလိုက္ေနာ္ ငါ ဝင္ခဲ့မယ္ "

"Ok "

Ruby Jane ေျပာၿပီး အခန္းထဲကို ဝင္သြားေတာ့ Roseanneမွာ ၿပဳံးၿပီး Ruby Janeရဲ႕ ဧည့္ခန္းကို
ေလွ်ာက္ပတ္ၾကည့္ေနသည္

Ruby Jane ရဲ႕ ဘီဒိုအေသးေလးေပၚမွာ ဓာတ္ပုံေတြကို ေတြ႕လို႔ Roseanne စိတ္ဝင္စားၿပီး သြားစပ္စုေလသည္ 

ဘီဒိုေပၚက Ruby Jane မိဘပုံေတြနဲ႕ Ruby Jane ေပါက္စပုံေလးေတြ႕ေတာ့ သူမတို႔ ငယ္ငယ္က အေၾကာင္းေတြ ေတြးမိၿပီး Roseanne ၿပဳံးမိသြားတယ္

Roseanneကို ပိုၿပဳံးမိေအာင္ လုပ္တဲ့ပုံကေတာ့ Ruby Janeနဲ႕ သူမတို႔ ကစားကြင္းသြားတုံးက ရိုက္ခဲ့တဲ့ပုံေလးပင္...Ruby Janeက လႊင့္မပစ္ဘဲ ေဘာင္ေလးထဲ ထည့္ၿပီး သိမ္းထားေသာေၾကာင့္ Roseanne ၾကည္ႏူးမိသြားတယ္

"Roseanne ဝင္လာလို႔ ရၿပီ "

အခန္းထဲက Ruby Jane ေအာ္သံေၾကာင့္ Roseanne ခ်က္ခ်င္းဘဲ Ruby Jane အခန္းထဲ ေျပးဝင္သြားတယ္

အခန္းထဲေရာက္ေတာ့ ေစာင္ၿခဳံကာ အိပ္ေနတဲ့ Ruby Janeကို ေတြ႕ရသည္

Roseanneလည္း သူမေဘးနား ဝင္အိပ္ေရာ Ruby Janeမွာ Roseanneကို ေက်ာေပးၿပီး တစ္ဖက္ကို လွည့္အိပ္လိုက္သည္

"Good night Ruby.... "

Ruby Janeရဲ႕ ဆံပင္ေလးကို နမ္းၿပီး Roseanne ေျပာလိုက္သည္

"Roseanne "

"ဟင္ "

"ဟိုလူကို မသတ္နဲ႕ေနာ္ "

"ဘယ္လူ...."

"ဟိုတယ္က နင့္အခန္းေဘးက လူေလ ငါ့ကို ရန္လုပ္တဲ့သူ "

"Aww သူလား "

"နင္ဘဲ ငါ နင္နဲ႕ လိုက္ေတြ႕ရင္ လူမသတ္ဘူးလို႔ေျပာထားတယ္ေလ ၿပီးေတာ့ နင့္ကို အိမ္ေခၚလာၿပီး ငါနဲ႕ေတာင္ အတူအိပ္ခိုင္းတာမို႔ သူ႕ကို မသတ္ပါနဲ႕ေနာ္ "

"ဘာလို႔လည္း "

"ငါ့ေၾကာင့္ နင့္ကို လူသတ္သမား ထပ္မျဖစ္ေစခ်င္လို႔ "

"စိတ္ခ်ပါ သူ႕ကို ငါ့လက္နဲ႕ မသတ္ပါဘူး "

Roseanne devil smileနဲ႕ ေျပာၿပီး Ruby Jane ကို ဖက္လိုက္သည္ Ruby Janeမွာေတာ့ Roseanneကို ေက်ာေပးထားေသာေၾကာင့္ Roseanneရဲ႕ အၿပဳံးကို မေတြ႕လိုက္ရေပ

#tbc

Bạn đang đọc truyện trên: Truyen3h.Co