Part 14
#unicode
Ruby Jane အိပ်ရာက နိုးလာတော့ Roseanne က သူမကို ဖက်ထားတာကို တွေ့ရလေသည်
သူမကို ဖက်အိပ်နေတဲ့ Roseanneကို ကြည့်ပြီး Ruby Jane သက်ပြင်းချမိသည်
အခုကျ ကလေးလေးတစ်ယောက်လို ဖြူဖြူစင်စင်နဲ့ အိပ်နေပါလား.....ငါ့အိမ်မက်ထဲမှာကျ နင်က အရမ်းကြောက်ဖို့ ကောင်းတာဘဲ Roseanne ....
Roseanne မျက်နှာပေါ်က ဆံပင်လေးတွေကို Ruby Jane ဖယ်ပေးရင်း တွေးလိုက်သည်
ထိုစဥ် Roseanneက ရုတ်တရက် Ruby Janeရဲ့ လက်ကို ကိုင်ပြီး သူမ မျက်နှာပေါ် တင်လိုက်သည်
"ငါက ချောလို့ စိုက်ကြည့်နေရာကနေ မနေနိုင်လွန်းလို့ ငါ့မျက်နှာကို ကိုင်ကြည့်နေတာလား Ruby. ..."
"အာ မဟုတ်...."
ပြွတ်စ်
Ruby Janeရဲ့ လက်ကို Roseanne နမ်းလိုက်သောကြောင့် Ruby Jane ဗိုက်ထဲ လိပ်ပြာတွေ ဝဲသွားသလို ခံစားရသည်
"အခုလိုကျ ငါတို့က လင်မယားတွေကျနေတာဘဲနော်........."
"ဆုတောင်းလေ ဘာတွေလျှောက်ပြောနေတာလည်း "
Ruby Jane တစ်ယောက် ရှက်ယမ်းယမ်းပြီး ကုတင်ပေါ်က ဆင်းပြေးသွားကာ ရေချိုးခန်းထဲ ဝင်သွားသည်
Roseanne မျက်နှာသစ်ပြီး အခန်းထဲက ထွက်လာတော့ Ruby Janeက မနက်စာပြင်နေသည်
"နွားနို့နဲ့ ပေါင်မုန့်ကြက်ဥကြော်ထားတယ် လာစားလိုက် Roseanne "
"အခုထိ နွားနို့သောက်နေတုံးလား "
"အင်း "
"အဲ့လိုသောက်လည်း အရပ်က ရှည်မလာဘူးနော် "
Roseanne ထိုင်ခုံတွင် ထိုင်လိုက်ပြီး ပေါင်မုန့်ကြက်ဥကြော် ပန်းကန်ကို ဆွဲယူကာ ပြောလိုက်သည်
"Yah သွား ငါကြော်ထားတာ လာမစားနဲ့ "
Ruby Janeမှာ Roseanneကို ရန်လုပ်ပြီး သူ့လက်ထဲက ပေါင်မုန့်ကြက်ဥကြော် ပန်းကန်ကို ဆွဲလုလေသည်
"Hey hey အေးနော် ငါ ပေါင်မုန့်ကြက်ဥကြော် မစားရရင် နင့်ကို စားမှာ "
Roseanneရဲ့ စကားကြောင့် Ruby Jane ကြက်သီးထပြီး ပေါင်မုန့်ကြက်ဥကြော် ပန်းကန်ကို ပြန်ပေးလိုက်ရသည်
"နင့် ဂျူတီက နေ့လည် မဟုတ်လား "
"အင်း ဟုတ်တယ်.... "
"မနက်ပိုင်း ဘာလုပ်စရာရှိလည်း"
"ပြင်သစ်စကားပြောနည်း သင်တန်းတက်ရမှာ "
"ဟုတ်လား ဒါဆို ငါ့ကို ဆိုင်ကယ် တစ်စီးလောက် ငှားပေးပါလား ဟိုနားဒီနား သွားမလို့ "
Roseanne ပြောတော့ Ruby Jane ခေါင်းညိတ်ပြလိုက်သည်
"အင်း ငှားပေးမယ် ဆိုင်ကယ် သေချာလည်း မောင်းအုံး နေပါအုံး နင် ဒီလမ်းတွေ သေချာသိလို့လား ငါ လိုက်ပေးရမလား "
"အာ ရပါတယ် နင် သင်တန်းပျက်လို့ မဖြစ်ဘူးလေ အကယ်၍ လိုက်ပို့ပေးချင်သပဆို သင်တန်းပိတ်တဲ့နေ့မှ လိုက်ပို့ပေးပေါ့ ခုတော့ ငါ့ဘာသာငါ တစ်ယောက်တည်း သွားကြည့်ပါမယ် google mapလည်း ပါတာဘဲ "
"Aww အင်းပါ ဒါဆို သေချာဂရုစိုက်"
"ဘာလည်း နင်က ငါ့ကို စိတ်ပူနေတာလား "
Roseanne စကားကြောင့် Ruby Jane ရှက်ပြီး မျက်နှာလေး နီရဲသွားသည်
"မဟုတ်ပါဘူး နင် မုန့်စားပြီးတာနဲ့ ကွက်တိဖြစ်အောင် ငါ ဆိုင်ကယ် ငှားတဲ့သူဆီ ဖုန်းကြိုဆက်လိုက်အုံးမယ် "
Ruby Jane ပြောပြီး ဖုန်းကို ယူကာ စားပွဲဝိုင်းက ထွက်သွားသည်
******
"ကဲ ဒါဆို ငါ သွားတော့မယ်နော် Ruby. ..see ya!"
Roseanne ဆိုင်ကယ် ဦးထုပ် ဆောင်းပြီး Ruby Janeကို နှုတ်ဆက်လိုက်သည်
"Ok Bye "
Roseanne လက်မှာ ပတ်ထားတဲ့ နာရီက GPS ပြတဲ့အတိုင်း ထွက်လာခဲ့သည်
ထို့နောက် လည်သာအိတ်နှစ်အိတ်ကို ဝယ်ပြီး သူမ လိုချင်တဲ့ ပစ္စည်းတွေရောင်းတဲ့ဆိုင်သို့ ထွက်လာခဲ့သည်
"Good Morning Madam ဘာအလိုရှိပါသလည်း ...."
"ချိန်းကြိုး......"
"ဆိုင်ကယ်အတွက်လား ဘာအတွက်လည်းဗျာ့ "
"လူအတွက်...."
"ခင်ဗျာ...."
Roseanneရဲ့ စကားကြောင့် အရောင်းဝန်ထမ်းကောင်လေးမှာ လန့်သွားသည်
"လူအတွက် လူတစ်ယောက်ကို သေချာချည်ထားနိုင်မယ့် ချိန်းကြိုးပေးပါ...ပြီးတော့ နိုင်လွန်ကြိုးရော.....ကြာပွတ်ပါ တစ်ခါတည်းပေး "
"အာ ဟုတ် ဟုတ် "
အရောင်းဝန်ထမ်းကောင်လေးမှာ Roseanne ပြောတဲ့ ပစ္စည်းတွေကို ရှာပေးလေသည်
Roseanne ထိုပစ္စည်းတွေကို သူမ ဝယ်လာတဲ့ လည်သာအိတ်ထဲထည့်ပြီး ဆိုင်ထဲက ထွက်လာသည်
Roseanne သူမနာရီက GPSတွင် နေရာတစ်ခုထပ်ရှာလေသည်
"မိန်းကလေး ဘာကူညီပေးရမလည်း...."
"သေနတ်ဝယ်ချင်လို့ "
"အမဲလိုက်ဖို့လား ကိုယ်ရေးကိုယ်တာလား.... "
"နှစ်မျိုးလုံးအတွက် သေနတ်နှစ်လက် ကောင်းတာလေး ရွေးပေးပါ....ပြီးတော့ ကျည်ဆံရော....ဒီမှာ လိုင်စင်...."
Roseanne သူ့လိုင်စင်ကို ပြပြီး ဝယ်ချင်တဲ့ သေနတ်တွေကို စမ်းကြည့်နေသည်
Ruby Janeကတော့ သင်တန်းတွင် သင်တဲ့ သင်ခန်းစာထဲ စိတ်မရောက်ဘဲ... Roseanne တစ်ယောက် ဆိုင်ကယ်နဲ့ လမ်းမှားပြီး တစ်ခုခုဖြစ်နေမှာကို စိတ်ပူနေသည်.....သူမ စိတ်ပူနေတဲ့ Roseanneက ဘာတွေလုပ်နေလည်းဆိုတာတော့ Ruby Jane တစ်ယောက် မသိပေ
Roseanne သူမ လိုချင်တာတွေ ဝယ်ပြီးနောက် နာရီကို ကြည့်လိုက်တော့ နေ့လည် တစ်နာရီရှိနေပြီ.....
နေ့လည်စာ စားဖို့ ဆိုင်တစ်ဆိုင်ထဲ ဝင်စားပြီး ဖုန်းခဏကြည့်ရင်း အင်တာနက်ပေါ်တွင် တက်လာသော သတင်းကြောင့် ပြုံးမိသွားတယ်
မနေ့ညက Wild Club တွင် အမျိုးသားတစ်ဦး ဓားနဲ့ထိုးခံရပြီး သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း......
Roseanne linkထဲ ဝင်ပြီး သေဆုံးတဲ့ အမျိုးသားပုံကို zoom ချဲ့ကြည့်တော့ မနေ့က Ruby Janeကို အော်ဟစ်ပြောဆိုခဲ့တဲ့ အမျိုးသား ဖြစ်နေသည်
"ဒီကောင်လေး တော်သားဘဲ......"
Roseanne ရေရွတ်ပြီး စောနကမှ အသစ်ဝယ်ထားတဲ့ ဖုန်းလေးကို ထုတ်ကာ သူမ ဖုန်းထဲက contact တစ်ခုကို ခေါ်လိုက်သည်
"Hello "
"အင်း ကောင်လေး တို့ပါ....မင်း တာဝန်ကျေလို့ တို့ ဘောက်ဆူးပိုပေးချင်တယ်..... "
"ကျွန်တော်လည်း အမ ဆက်သွယ်လာမယ့်အချိန် စောင့်နေတာ....ဟိုတယ်လမ်းကြားမှာဘဲ တွေ့မလား "
"ဟင့်အင်း အခုလက်ရှိ ဟိုတယ်ဘက်မှာ ရဲတွေရှိလိမ့်မယ် မင်းလည်း အဲ့ဘက်ကို မသွားနဲ့ ရှောင်နေ....အခု တို့က Rich Table စားသောက်ဆိုင်မှာ "
"အာ ဟုတ်လား ကျွန်တော်လည်း အဲ့ဘက်က tattooဆိုင်မှာ tattoo ထိုးနေတာ ဝင်လာခဲ့မယ်နော် "
"ကောင်းပြီ "
Roseanne ပြောပြီး ဖုန်းချလိုက်သည်
ထို့နောက် ကောင်လေးမလာခင် ကြိုတင်ကာကွယ်တဲ့ သူမ အိတ်ထဲက ဦးထုပ်ယူဆောင်းပြီး mask တပ်လိုက်သည်....သူမ မျက်နှာကို မှတ်မိနေရင် တစ်ချိန်ချိန်ကျ ငွေညှစ်နေမှာဆိုးလို့လေ.....
Roseanne ထိုကောင်လေးနဲ့ ဘယ်လိုတွေ့ပြီး ဘယ်လိုအပေးအယူ ဖြစ်ခဲ့လည်းဆိုတော့.....
Flashback
Ruby Jane အလုပ်မဆင်းခင် Roseanne အခန်းထဲက ထွက်လာပြီး ဟိုတယ်ရှေ့တွင် ရပ်စောင့်နေသည်
Ruby Janeကို ရပ်စောင့်ရင်း ဆေးလိပ်သောက်ချင်လာလို့ ဟိုတယ်နဲ့ တစ်ပြကျော်လောက်က စတိုးဆိုင်ကို သွားစဥ် ချောင်ကျတဲ့နေရာရောက်တော့ ကောင်လေးတစ်ယောက်က Roseanne ကို ဓားနဲ့ထောက်ပြီး ငွေညှစ် ချိန်းခြောက်လေသည်
သို့သော်လည်း တိုက်ကွမ်ဒို ကျွမ်းတဲ့ Roseanne မှာ ထိုကောင်လေးကို ပြန်လည်တိုက်ခိုက်ကာ ကောင်လေး လက်ထဲက ဓားကို ဆွဲလုပြီး ကောင်လေးရဲ့ လည်ပင်းကို ချိန်တော့ ကောင်လေးမှာ အသက်ချမ်းသာပေးဖို့ တောင်းပန်လေသည်
ထိုအခါ ဥာဏ်ကောင်းတဲ့ Roseanneက တစ်ခုခုကို သတိရသွားပြီး
"မင်းက ငွေလိုနေတာ မဟုတ်လား ကောင်လေး "
"ဟုတ် ဟုတ်ပါတယ် ငွေလိုနေလို့ ခုလို ကြံမိကြံရာလုပ်မိတာပါ "
"တို့ကိုတောင် ဓားထောက်ပြီး ခြိမ်းခြောက်ရဲတယ်ဆိုတော့ မင်း လူသတ်ရဲလား "
"ဗျာ....."
"လူသတ်ရဲလားလို့ မေးနေတာ မင်း လူသတ်ရဲတယ်ဆိုရင် တို့ ပြမယ့် တစ်ယောက်ကို သတ်ပေး....မင်း သတ်ပေးရင် ဒေါ်လာ 1M ရမယ်.....မင်း သူ့ကို သတ်ပေးတဲ့ အထောက်အထား တို့တွေ့ရရင် ချက်ချင်း 1M ပေးမယ် ဘယ်လိုလည်း "
ဒေါ်လာ 1Mကြီးတောင် ရမှာဆိုတော့ ကောင်လေးမှာ Roseanneနဲ့ အပေးအယူကို လက်ခံလိုက်သည်
"ကောင်းပြီ အမ ဘယ်သူ့ကို သတ်ပေးရမလည်း "
"ဒီ ဓာတ်ပုံထဲက တစ်ယောက် "
Roseanne lobbyထဲမှာ ရှိတုံးက Rubyကို ပြောဆိုနေတဲ့လူရဲ့ ပုံကို ဓာတ်ပုံတွေ ရိုက်ခဲ့တယ်လေ
"ဒီလူကို ကျွန်တော်သိတယ် ကျွန်တော်အလုပ်လုပ်တဲ့ middle nightမှ ဖွင့်တဲ့ clubကို မနေ့က သူလာသေးတယ်...."
"ဟုတ်လား ဒီနေ့ထပ်လာရင် မင်း သူ့ကို သတ်ပစ်လိုက်ကွာ ကောင်ဆိုးလေး...."
"ကောင်းပြီ အဲ့ club အခြေအနေ ကျွန်တော်သိလို့ ဘယ်နေရာမှာ ဘယ်လိုသတ်ရင် ဘယ်သူမှမမြင်နိုင်ဘူးဆိုတာ ကျွန်တော် သိတယ် ဒါပေမယ့် အမက 1Mပေးမယ်ဆိုတာ ကျွန်တော် ယုံရပါ့မလား "
"ရော့ အခု ဒေါ်လာ တစ်ထောင်ကို စရံအနေနဲ့ ယူထား မင်း ဖုန်းနံပါတ် တို့ကိုပေးထား ဒါဆို တို့ကို ယုံပြီမဟုတ်လား "
Roseanne သူ့အိတ်ထဲက ပိုက်ဆံကို ထုတ်ပေးပြီး ကောင်လေးကို ပေးလိုက်သည်
ဒီလိုနဲ့ ကောင်ဆိုးလေးနဲ့ Roseanne အပေးအယူဖြစ်ခဲ့တယ်လေ...Ruby Janeကို Roseanne ပြောသလို ထိုလူကြီးကို သူ့လက်နဲ့ မသတ်ပါဘူးတဲ့.......
#tbc
#zawgyi
Ruby Jane အိပ္ရာက နိုးလာေတာ့ Roseanne က သူမကို ဖက္ထားတာကို ေတြ႕ရေလသည္
သူမကို ဖက္အိပ္ေနတဲ့ Roseanneကို ၾကည့္ၿပီး Ruby Jane သက္ျပင္းခ်မိသည္
အခုက် ကေလးေလးတစ္ေယာက္လို ျဖဴျဖဴစင္စင္နဲ႕ အိပ္ေနပါလား.....ငါ့အိမ္မက္ထဲမွာက် နင္က အရမ္းေၾကာက္ဖို႔ ေကာင္းတာဘဲ Roseanne ....
Roseanne မ်က္ႏွာေပၚက ဆံပင္ေလးေတြကို Ruby Jane ဖယ္ေပးရင္း ေတြးလိုက္သည္
ထိုစဥ္ Roseanneက ႐ုတ္တရက္ Ruby Janeရဲ႕ လက္ကို ကိုင္ၿပီး သူမ မ်က္ႏွာေပၚ တင္လိုက္သည္
"ငါက ေခ်ာလို႔ စိုက္ၾကည့္ေနရာကေန မေနနိုင္လြန္းလို႔ ငါ့မ်က္ႏွာကို ကိုင္ၾကည့္ေနတာလား Ruby. ..."
"အာ မဟုတ္...."
ႁပြတ္စ္
Ruby Janeရဲ႕ လက္ကို Roseanne နမ္းလိုက္ေသာေၾကာင့္ Ruby Jane ဗိုက္ထဲ လိပ္ျပာေတြ ဝဲသြားသလို ခံစားရသည္
"အခုလိုက် ငါတို႔က လင္မယားေတြက်ေနတာဘဲေနာ္........."
"ဆုေတာင္းေလ ဘာေတြေလွ်ာက္ေျပာေနတာလည္း "
Ruby Jane တစ္ေယာက္ ရွက္ယမ္းယမ္းၿပီး ကုတင္ေပၚက ဆင္းေျပးသြားကာ ေရခ်ိဳးခန္းထဲ ဝင္သြားသည္
Roseanne မ်က္ႏွာသစ္ၿပီး အခန္းထဲက ထြက္လာေတာ့ Ruby Janeက မနက္စာျပင္ေနသည္
"ႏြားနို႔နဲ႕ ေပါင္မုန့္ၾကက္ဥေၾကာ္ထားတယ္ လာစားလိုက္ Roseanne "
"အခုထိ ႏြားနို႔ေသာက္ေနတုံးလား "
"အင္း "
"အဲ့လိုေသာက္လည္း အရပ္က ရွည္မလာဘူးေနာ္ "
Roseanne ထိုင္ခုံတြင္ ထိုင္လိုက္ၿပီး ေပါင္မုန့္ၾကက္ဥေၾကာ္ ပန္းကန္ကို ဆြဲယူကာ ေျပာလိုက္သည္
"Yah သြား ငါေၾကာ္ထားတာ လာမစားနဲ႕ "
Ruby Janeမွာ Roseanneကို ရန္လုပ္ၿပီး သူ႕လက္ထဲက ေပါင္မုန့္ၾကက္ဥေၾကာ္ ပန္းကန္ကို ဆြဲလုေလသည္
"Hey hey ေအးေနာ္ ငါ ေပါင္မုန့္ၾကက္ဥေၾကာ္ မစားရရင္ နင့္ကို စားမွာ "
Roseanneရဲ႕ စကားေၾကာင့္ Ruby Jane ၾကက္သီးထၿပီး ေပါင္မုန့္ၾကက္ဥေၾကာ္ ပန္းကန္ကို ျပန္ေပးလိုက္ရသည္
"နင့္ ဂ်ဴတီက ေန႕လည္ မဟုတ္လား "
"အင္း ဟုတ္တယ္.... "
"မနက္ပိုင္း ဘာလုပ္စရာရွိလည္း"
"ျပင္သစ္စကားေျပာနည္း သင္တန္းတက္ရမွာ "
"ဟုတ္လား ဒါဆို ငါ့ကို ဆိုင္ကယ္ တစ္စီးေလာက္ ငွားေပးပါလား ဟိုနားဒီနား သြားမလို႔ "
Roseanne ေျပာေတာ့ Ruby Jane ေခါင္းညိတ္ျပလိုက္သည္
"အင္း ငွားေပးမယ္ ဆိုင္ကယ္ ေသခ်ာလည္း ေမာင္းအုံး ေနပါအုံး နင္ ဒီလမ္းေတြ ေသခ်ာသိလို႔လား ငါ လိုက္ေပးရမလား "
"အာ ရပါတယ္ နင္ သင္တန္းပ်က္လို႔ မျဖစ္ဘူးေလ အကယ္၍ လိုက္ပို႔ေပးခ်င္သပဆို သင္တန္းပိတ္တဲ့ေန႕မွ လိုက္ပို႔ေပးေပါ့ ခုေတာ့ ငါ့ဘာသာငါ တစ္ေယာက္တည္း သြားၾကည့္ပါမယ္ google mapလည္း ပါတာဘဲ "
"Aww အင္းပါ ဒါဆို ေသခ်ာဂ႐ုစိုက္"
"ဘာလည္း နင္က ငါ့ကို စိတ္ပူေနတာလား "
Roseanne စကားေၾကာင့္ Ruby Jane ရွက္ၿပီး မ်က္ႏွာေလး နီရဲသြားသည္
"မဟုတ္ပါဘူး နင္ မုန့္စားၿပီးတာနဲ႕ ကြက္တိျဖစ္ေအာင္ ငါ ဆိုင္ကယ္ ငွားတဲ့သူဆီ ဖုန္းႀကိဳဆက္လိုက္အုံးမယ္ "
Ruby Jane ေျပာၿပီး ဖုန္းကို ယူကာ စားပြဲဝိုင္းက ထြက္သြားသည္
******
"ကဲ ဒါဆို ငါ သြားေတာ့မယ္ေနာ္ Ruby. ..see ya!"
Roseanne ဆိုင္ကယ္ ဦးထုပ္ ေဆာင္းၿပီး Ruby Janeကို ႏႈတ္ဆက္လိုက္သည္
"Ok Bye "
Roseanne လက္မွာ ပတ္ထားတဲ့ နာရီက GPS ျပတဲ့အတိုင္း ထြက္လာခဲ့သည္
ထို႔ေနာက္ လည္သာအိတ္ႏွစ္အိတ္ကို ဝယ္ၿပီး သူမ လိုခ်င္တဲ့ ပစၥည္းေတြေရာင္းတဲ့ဆိုင္သို႔ ထြက္လာခဲ့သည္
"Good Morning Madam ဘာအလိုရွိပါသလည္း ...."
"ခ်ိန္းႀကိဳး......"
"ဆိုင္ကယ္အတြက္လား ဘာအတြက္လည္းဗ်ာ့ "
"လူအတြက္...."
"ခင္ဗ်ာ...."
Roseanneရဲ႕ စကားေၾကာင့္ အေရာင္းဝန္ထမ္းေကာင္ေလးမွာ လန့္သြားသည္
"လူအတြက္ လူတစ္ေယာက္ကို ေသခ်ာခ်ည္ထားနိုင္မယ့္ ခ်ိန္းႀကိဳးေပးပါ...ၿပီးေတာ့ နိုင္လြန္ႀကိဳးေရာ.....ၾကာပြတ္ပါ တစ္ခါတည္းေပး "
"အာ ဟုတ္ ဟုတ္ "
အေရာင္းဝန္ထမ္းေကာင္ေလးမွာ Roseanne ေျပာတဲ့ ပစၥည္းေတြကို ရွာေပးေလသည္
Roseanne ထိုပစၥည္းေတြကို သူမ ဝယ္လာတဲ့ လည္သာအိတ္ထဲထည့္ၿပီး ဆိုင္ထဲက ထြက္လာသည္
Roseanne သူမနာရီက GPSတြင္ ေနရာတစ္ခုထပ္ရွာေလသည္
"မိန္းကေလး ဘာကူညီေပးရမလည္း...."
"ေသနတ္ဝယ္ခ်င္လို႔ "
"အမဲလိုက္ဖို႔လား ကိုယ္ေရးကိုယ္တာလား.... "
"ႏွစ္မ်ိဳးလုံးအတြက္ ေသနတ္ႏွစ္လက္ ေကာင္းတာေလး ေ႐ြးေပးပါ....ၿပီးေတာ့ က်ည္ဆံေရာ....ဒီမွာ လိုင္စင္...."
Roseanne သူ႕လိုင္စင္ကို ျပၿပီး ဝယ္ခ်င္တဲ့ ေသနတ္ေတြကို စမ္းၾကည့္ေနသည္
Ruby Janeကေတာ့ သင္တန္းတြင္ သင္တဲ့ သင္ခန္းစာထဲ စိတ္မေရာက္ဘဲ... Roseanne တစ္ေယာက္ ဆိုင္ကယ္နဲ႕ လမ္းမွားၿပီး တစ္ခုခုျဖစ္ေနမွာကို စိတ္ပူေနသည္.....သူမ စိတ္ပူေနတဲ့ Roseanneက ဘာေတြလုပ္ေနလည္းဆိုတာေတာ့ Ruby Jane တစ္ေယာက္ မသိေပ
Roseanne သူမ လိုခ်င္တာေတြ ဝယ္ၿပီးေနာက္ နာရီကို ၾကည့္လိုက္ေတာ့ ေန႕လည္ တစ္နာရီရွိေနၿပီ.....
ေန႕လည္စာ စားဖို႔ ဆိုင္တစ္ဆိုင္ထဲ ဝင္စားၿပီး ဖုန္းခဏၾကည့္ရင္း အင္တာနက္ေပၚတြင္ တက္လာေသာ သတင္းေၾကာင့္ ၿပဳံးမိသြားတယ္
မေန႕ညက Wild Club တြင္ အမ်ိဳးသားတစ္ဦး ဓားနဲ႕ထိုးခံရၿပီး ေသြးထြက္လြန္ကာ ေသဆုံးသြားေၾကာင္း......
Roseanne linkထဲ ဝင္ၿပီး ေသဆုံးတဲ့ အမ်ိဳးသားပုံကို zoom ခ်ဲ့ၾကည့္ေတာ့ မေန႕က Ruby Janeကို ေအာ္ဟစ္ေျပာဆိုခဲ့တဲ့ အမ်ိဳးသား ျဖစ္ေနသည္
"ဒီေကာင္ေလး ေတာ္သားဘဲ......"
Roseanne ေရ႐ြတ္ၿပီး ေစာနကမွ အသစ္ဝယ္ထားတဲ့ ဖုန္းေလးကို ထုတ္ကာ သူမ ဖုန္းထဲက contact တစ္ခုကို ေခၚလိုက္သည္
"Hello "
"အင္း ေကာင္ေလး တို႔ပါ....မင္း တာဝန္ေက်လိဳ႕ တို႔ ေဘာက္ဆူးပိုေပးခ်င္တယ္..... "
"ကြၽန္ေတာ္လည္း အမ ဆက္သြယ္လာမယ့္အခ်ိန္ ေစာင့္ေနတာ....ဟိုတယ္လမ္းၾကားမွာဘဲ ေတြ႕မလား "
"ဟင့္အင္း အခုလက္ရွိ ဟိုတယ္ဘက္မွာ ရဲေတြရွိလိမ့္မယ္ မင္းလည္း အဲ့ဘက္ကို မသြားနဲ႕ ေရွာင္ေန....အခု တို႔က Rich Table စားေသာက္ဆိုင္မွာ "
"အာ ဟုတ္လား ကြၽန္ေတာ္လည္း အဲ့ဘက္က tattooဆိုင္မွာ tattoo ထိုးေနတာ ဝင္လာခဲ့မယ္ေနာ္ "
"ေကာင္းၿပီ "
Roseanne ေျပာၿပီး ဖုန္းခ်လိဳက္သည္
ထို႔ေနာက္ ေကာင္ေလးမလာခင္ ႀကိဳတင္ကာကြယ္တဲ့ သူမ အိတ္ထဲက ဦးထုပ္ယူေဆာင္းၿပီး mask တပ္လိုက္သည္....သူမ မ်က္ႏွာကို မွတ္မိေနရင္ တစ္ခ်ိန္ခ်ိန္က် ေငြညွစ္ေနမွာဆိုးလို႔ေလ.....
Roseanne ထိုေကာင္ေလးနဲ႕ ဘယ္လိုေတြ႕ၿပီး ဘယ္လိုအေပးအယူ ျဖစ္ခဲ့လည္းဆိုေတာ့.....
Flashback
Ruby Jane အလုပ္မဆင္းခင္ Roseanne အခန္းထဲက ထြက္လာၿပီး ဟိုတယ္ေရွ႕တြင္ ရပ္ေစာင့္ေနသည္
Ruby Janeကို ရပ္ေစာင့္ရင္း ေဆးလိပ္ေသာက္ခ်င္လာလို႔ ဟိုတယ္နဲ႕ တစ္ျပေက်ာ္ေလာက္က စတိုးဆိုင္ကို သြားစဥ္ ေခ်ာင္က်တဲ့ေနရာေရာက္ေတာ့ ေကာင္ေလးတစ္ေယာက္က Roseanne ကို ဓားနဲ႕ေထာက္ၿပီး ေငြညွစ္ ခ်ိန္းေျခာက္ေလသည္
သို႔ေသာ္လည္း တိုက္ကြမ္ဒို ကြၽမ္းတဲ့ Roseanne မွာ ထိုေကာင္ေလးကို ျပန္လည္တိုက္ခိုက္ကာ ေကာင္ေလး လက္ထဲက ဓားကို ဆြဲလုၿပီး ေကာင္ေလးရဲ႕ လည္ပင္းကို ခ်ိန္ေတာ့ ေကာင္ေလးမွာ အသက္ခ်မ္းသာေပးဖို႔ ေတာင္းပန္ေလသည္
ထိုအခါ ဥာဏ္ေကာင္းတဲ့ Roseanneက တစ္ခုခုကို သတိရသြားၿပီး
"မင္းက ေငြလိုေနတာ မဟုတ္လား ေကာင္ေလး "
"ဟုတ္ ဟုတ္ပါတယ္ ေငြလိုေနလို႔ ခုလို ႀကံမိႀကံရာလုပ္မိတာပါ "
"တို႔ကိုေတာင္ ဓားေထာက္ၿပီး ၿခိမ္းေျခာက္ရဲတယ္ဆိုေတာ့ မင္း လူသတ္ရဲလား "
"ဗ်ာ....."
"လူသတ္ရဲလားလို႔ ေမးေနတာ မင္း လူသတ္ရဲတယ္ဆိုရင္ တို႔ ျပမယ့္ တစ္ေယာက္ကို သတ္ေပး....မင္း သတ္ေပးရင္ ေဒၚလာ 1M ရမယ္.....မင္း သူ႕ကို သတ္ေပးတဲ့ အေထာက္အထား တို႔ေတြ႕ရရင္ ခ်က္ခ်င္း 1M ေပးမယ္ ဘယ္လိုလည္း "
ေဒၚလာ 1Mႀကီးေတာင္ ရမွာဆိုေတာ့ ေကာင္ေလးမွာ Roseanneနဲ႕ အေပးအယူကို လက္ခံလိုက္သည္
"ေကာင္းၿပီ အမ ဘယ္သူ႕ကို သတ္ေပးရမလည္း "
"ဒီ ဓာတ္ပုံထဲက တစ္ေယာက္ "
Roseanne lobbyထဲမွာ ရွိတုံးက Rubyကို ေျပာဆိုေနတဲ့လူရဲ႕ ပုံကို ဓာတ္ပုံေတြ ရိုက္ခဲ့တယ္ေလ
"ဒီလူကို ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ္အလုပ္လုပ္တဲ့ middle nightမွ ဖြင့္တဲ့ clubကို မေန႕က သူလာေသးတယ္...."
"ဟုတ္လား ဒီေန႕ထပ္လာရင္ မင္း သူ႕ကို သတ္ပစ္လိုက္ကြာ ေကာင္ဆိုးေလး...."
"ေကာင္းၿပီ အဲ့ club အေျခအေန ကြၽန္ေတာ္သိလို႔ ဘယ္ေနရာမွာ ဘယ္လိုသတ္ရင္ ဘယ္သူမွမျမင္နိုင္ဘူးဆိုတာ ကြၽန္ေတာ္ သိတယ္ ဒါေပမယ့္ အမက 1Mေပးမယ္ဆိုတာ ကြၽန္ေတာ္ ယုံရပါ့မလား "
"ေရာ့ အခု ေဒၚလာ တစ္ေထာင္ကို စရံအေနနဲ႕ ယူထား မင္း ဖုန္းနံပါတ္ တို႔ကိုေပးထား ဒါဆို တို႔ကို ယုံၿပီမဟုတ္လား "
Roseanne သူ႕အိတ္ထဲက ပိုက္ဆံကို ထုတ္ေပးၿပီး ေကာင္ေလးကို ေပးလိုက္သည္
ဒီလိုနဲ႕ ေကာင္ဆိုးေလးနဲ႕ Roseanne အေပးအယူျဖစ္ခဲ့တယ္ေလ...Ruby Janeကို Roseanne ေျပာသလို ထိုလူႀကီးကို သူ႕လက္နဲ႕ မသတ္ပါဘူးတဲ့.......
#tbc
Bạn đang đọc truyện trên: Truyen3h.Co