Part 15
#Unicode
Ruby Jane တစ်ယောက် သင်တန်းကနေ ဆင်းလာတော့ Roseanne ကို သတိရသွားတယ်
"Roseanne တစ်ယောက်တည်း အဆင်ပြေရဲ့လား မသိ ဖုန်းဆက်ကြည့်ရမလား...."
Roseanneကို အခုထိ စိတ်ပူနေတဲ့ သူမစိတ်ကို သူမ နားမလည်ပေ...Roseanneကို ကြောက်နေပေမယ့် ဘာလို့ Roseanneကို အဝေးနှင်မထုတ်နိုင်တဲ့အပြင် စိတ်ပူနေလည်း မသိပါ
"အာ သူ့ဖုန်းနံပါတ်ကို ငါမှမသိတာ..... သူ့ဖုန်းအဟောင်းဘဲ ငါ့ထဲရှိတာ ခေါ်ကြည့်လိုက်ရမလား မသိဘူး "
Jennie ဟိုးအရင် ကျောင်းသူဘဝက မှတ်ထားတဲ့ မဖျက်ဘဲထားထားတဲ့ Roseanneရဲ့ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်
"Hello Ruby ပြော "
"Roseanneလား ဘာမှမဟုတ်ပါဘူး နေ့လည်စာစားပြီးလားလို့ ဖုန်းဆက်မေးကြည့်တာ ...."
"Aww စားပြီးပါပြီ ဘာလို့လည်း ငါမစားမှာ စိတ်ပူလို့လား "
"အာ မဟုတ်ပါဘူး နင် လမ်းပျောက်နေမှာ ဘာညာဖြစ်နေမှာဆိုးလို့ "
"မပူပါနဲ့ Rubyရာ ငါတစ်ယောက်တည်း ဒီကိုလာပြီး နင့်ကိုတောင် လာရှာရဲသေးတာဘဲ လမ်းပျောက်စရာမရှိပါဘူး လမ်းပျောက်လည်း ဘာဖြစ်လည်း ပါးစပ်ပါ လမ်းမှန်ရောက်တယ်....အခု နင် သင်တန်းမှာဘဲလား "
"သင်တန်းပြီးပြီရယ် အိမ်ပြန် ထမင်းစားပြီးရင် အလုပ်တန်းသွားမလို့ "
"Aww အင်းပါ ငါလည်း ခဏနေရင် ဟိုတယ်ကိုပြန်နားမလို့ အဲ့ကျမှ တွေ့မယ်လေနော် See ya bye "
Roseanne ပြောပြီး ဖုန်းချလိုက်သည် ထို့နောက် ခုနက ဝယ်လာတဲ့ ဖုန်းအသစ်ထဲက ဆင်းကဒ်လေးကို ဖြုတ်ပြီး ရေမြောင်းထဲ ပစ်ချလိုက်သည်.......
ကြေးစားသတ်ပေးတဲ့ ကောင်လေးကိုလည်း ပိုက်ဆံရှင်းပေးပြီးပြီဆိုတော့ ဒီဖုန်းကတ်က မလိုတော့ဘူးလေ
"သခင်ကြီး....မမလေးက ထပ်ပြီး ဒေါ်လာ 10M တောင်းနေပါတယ် "
အိမ်တော်ထိန်းမှာ Mr. Parkကို တင်ပြစရာရှိတဲ့အကြောင်းတွေ တင်ပြရင်း Roseanneက ပိုက်ဆံလှမ်းတောင်းတဲ့အကြောင်း ပြောပြနေသည်
"ပေးလိုက်ပါ "
"ဒါပေမယ့် သခင်ကြီး သူ.... "
"ငါရှာတဲ့ ပိုက်ဆံတွေက ငါ့သမီး သုံးဖို့ဘဲလေ....အဲ့ပိုက်ဆံတွေ သူမှ မဖြုန်းရင် ဖြုန်းမယ့်သူမရှိဘူး သူလိုချင်သလောက်ပေးလိုက်ပါ ပြီးရင် အဲ့မှာပျော်အောင်နေခဲ့လို့ ပြောလိုက်..."
အိမ်တော်ထိန်းလည်း Mr. Parkကို ပြောမရတာနဲ့ သက်ပြင်းချပြီး ရုံးခန်းက ထွက်လာခဲ့သည်
Roseanneဆို Mr. Parkက သိပ်ချစ်ရှာသည်....ဘာလုပ်လုပ် အပြစ်မပြောဘဲ လိုက်ဖုံးဖိ အလိုလိုက်လို့လည်း Roseanne တစ်ယောက် အခုလိုဆိုးနေရတာလေ
Ruby Jane နေ့လည်စာ စားပြီး အလုပ်ကို လာစဥ် ဟိုတယ်ထဲတွင် ရဲတွေကို တွေ့လိုက်ရလို့ Jennie လန့်သွားတယ်
"Robin ဘာဖြစ်တာလည်း "
ဟိုတယ်မန်နေဂျာနဲ့ ရဲတွေ စကားပြောနေတာကြည့်ပြီး Robinကို Ruby Jane မေးလိုက်သည်
"ငါတို့ ဟိုတယ်ရဲ့ အခန်းနံပါတ် 204က ဧည့်သည်လေ အသတ်ခံလိုက်ရလို့ "
Robin ရဲ့ စကားကြောင့် Ruby Jane လန့်သွားပြီး Roseanne လက်ချက် ဖြစ်နေမှာကို Ruby Jane ကြောက်နေသည်
"ဘယ်...ဘယ်တုံးက အသက်ခံလိုက်ရတာလည်း "
"မနက်က clubကို သန်ရှင်းရေးလုပ်ရင်း ချောင်ကျတဲ့ နေရာမှာ ဓားဒဏ်ရာနဲ့ သေနေတာကို တွေ့တယ်ပြောတယ် ....စစ်ဆေးကြည့်သလောက်မနေ့ည ၁၁ ကျော် ၁၂လောက်က club မှာ အသတ်ခံလိုက်ရတယ် ပြောတယ်...."
Robin ရဲ့ စကားကြားမှ Ruby Jane စိတ်အေးသွားတယ်....မနေ့ညကဆို Roseanneက Ruby Janeနဲ့ အတူရှိခဲ့တာလေ....ပြီးတော့ မနက် ၂နာရီထိ Roseanne အိပ်နေတာကို Ruby Jane ငေးကြည့်နေခဲ့တာလေ
"ဟူး "
Ruby Jane တစ်ယောက် စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်
"ငါက Roseanneကို အထင်လွဲမိနေတာဘဲ သူက အဲ့ဒီလိုလုပ်မယ့် လူစားမျိုး မဟုတ်ပါဘူးလေ "
Ruby Jane တွေးပြီး လုပ်စရာရှိတဲ့ စစ်စရာရှိတာတွေ စစ်နေသည်
Duty လဲပြီးနောက် Ruby Jane တစ်ယောက် Liamနဲ့ စကားပြောနေစဥ် Roseanne တစ်ယောက် ဟိုတယ်ထဲဝင်လာသည်
"Good Afternoon madam "
Liamက နှုတ်ဆက်တော့ Roseanneက Liamကို မကြည့်ဘဲ သူ့လက်ထဲက မုန့်ထုပ်ကို Ruby Jane ဆီ ပေးလိုက်သည်
"ရော့ နေ့လည်အဆာပြေစားဖို့ မုန့် "
"ကျေးဇူးတင်ပါတယ်..."
"ညကျ ငါ ပြန်လိုက်ပို့ပေးမယ် စောင့်နေနော် "
Ruby Janeရဲ့ ပါးဖောင်းဖောင်းလေးကို လက်နဲ့ ဆွဲညှစ်ပြီး Roseanne ဓာတ်လှေကားထဲ ဝင်သွားတော့ Liamမှာ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့သည်
"Jennie နင်နဲ့သူက သိတာလား "
"အင်း ငါနဲ့ ငယ်သူငယ်ချင်းလေ "
"Aww ချောတယ်နော် တစိမ့်စိမ့်ကြည့်လေ ချောလေဘဲ ငါနဲ့ အောင်သွယ်ပေးပါလား "
Liamရဲ့ စကားကြောင့် Ruby Jane မျက်မှောင်ကြုတ်ပြီး Liamရဲ့ လက်မောင်း ကို ရိုက်လိုက်သည်
"သေလိုက်လေ နင့်မှာ ဆော်ရှိနေတာကို ငါ့သူငယ်ချင်း လာမထိနဲ့ "
Roseanne ကတော့ အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် ပစ်လှဲကာ ခဏမျက်စိမှိတ်ပြီး အိပ်လိုက်သည်
ခဏကြာတော့ Roseanneရဲ့ဖုန်းထဲ message ဝင်လာလို့ ကြည့်လိုက်တော့ သူမ ဘဏ် accountထဲ ငွေတွေရောက်နေတာ သိလိုက်ရသဘ်
ငွေတွေရောက်လာလာချင်း Roseanne တစ်ယောက် အိပ်ရာကထပြီး အခန်းထဲကနေ ထွက်လာသည်
Reception ကိုကြည့်တော့ Liamနဲ့ Ruby Jane ရယ်မောနေတာတွေ့ပြီး Roseanne မျက်မှောင်ကြုတ်သွားတယ် ....
Liamက Ruby Janeရဲ့ နဖူးကို လက်နဲ့ တောက်လိုက်တဲ့အခါမှာတော့ Roseanne မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားမယ့် စိတ်ကူးပျောက်သွားတယ်
ဘုန်း!
ကောင်တာကို ဘုန်းခနဲ ရိုက်သံကြောင့် Ruby Janeတို့ လန့်သွားတယ်
"အာ..... Roseanne "
"အပြင်သွားမလို့ အခန်းသော့ခဏသိမ်းထားပေး "
Liamရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး Roseanne ပြောလိုက်သောကြောင့် Ruby Janeမှာ လန့်နေသည်....
"ဟုတ်ကဲ့ပါ ခင်ဗျာ့ "
Roseanneမှာ Ruby Jane ကို တစ်ချက်လေးတောင် မကြည့်ဘဲ ဟိုတယ်ထဲက ထွက်လာခဲ့သည်
"Yeah Jennie နင့်သူငယ်ချင်းက ငါ့ကို သေချာစိုက်ကြည့်သွားတယ် ဟေးဟေး ငါ့ဆော်နဲ့ ဖြတ်လိုက်တော့မယ် ........"
Ruby Janeမှာတော့ တစ်ခုခုဖြစ်တော့မှာကို တွေးပူနေပေမယ့် အကြောင်းမသိသေးတဲ့ Liamကတော့ Roseanneက သူ့ကို သေချာစိုက်ကြည့်သွားတယ်ဆိုပြီး ပျော်နေသည်
#tbc
#zawgyi
Ruby Jane တစ္ေယာက္ သင္တန္းကေန ဆင္းလာေတာ့ Roseanne ကို သတိရသြားတယ္
"Roseanne တစ္ေယာက္တည္း အဆင္ေျပရဲ႕လား မသိ ဖုန္းဆက္ၾကည့္ရမလား...."
Roseanneကို အခုထိ စိတ္ပူေနတဲ့ သူမစိတ္ကို သူမ နားမလည္ေပ...Roseanneကို ေၾကာက္ေနေပမယ့္ ဘာလို႔ Roseanneကို အေဝးႏွင္မထုတ္နိုင္တဲ့အျပင္ စိတ္ပူေနလည္း မသိပါ
"အာ သူ႕ဖုန္းနံပါတ္ကို ငါမွမသိတာ..... သူ႕ဖုန္းအေဟာင္းဘဲ ငါ့ထဲရွိတာ ေခၚၾကည့္လိုက္ရမလား မသိဘူး "
Jennie ဟိုးအရင္ ေက်ာင္းသူဘဝက မွတ္ထားတဲ့ မဖ်က္ဘဲထားထားတဲ့ Roseanneရဲ႕ ဖုန္းနံပါတ္ကို ႏွိပ္လိုက္သည္
"Hello Ruby ေျပာ "
"Roseanneလား ဘာမွမဟုတ္ပါဘူး ေန႕လည္စာစားၿပီးလားလို႔ ဖုန္းဆက္ေမးၾကည့္တာ ...."
"Aww စားၿပီးပါၿပီ ဘာလို႔လည္း ငါမစားမွာ စိတ္ပူလို႔လား "
"အာ မဟုတ္ပါဘူး နင္ လမ္းေပ်ာက္ေနမွာ ဘာညာျဖစ္ေနမွာဆိုးလို႔ "
"မပူပါနဲ႕ Rubyရာ ငါတစ္ေယာက္တည္း ဒီကိုလာၿပီး နင့္ကိုေတာင္ လာရွာရဲေသးတာဘဲ လမ္းေပ်ာက္စရာမရွိပါဘူး လမ္းေပ်ာက္လည္း ဘာျဖစ္လည္း ပါးစပ္ပါ လမ္းမွန္ေရာက္တယ္....အခု နင္ သင္တန္းမွာဘဲလား "
"သင္တန္းၿပီးၿပီရယ္ အိမ္ျပန္ ထမင္းစားၿပီးရင္ အလုပ္တန္းသြားမလို႔ "
"Aww အင္းပါ ငါလည္း ခဏေနရင္ ဟိုတယ္ကိုျပန္နားမလို႔ အဲ့က်မွ ေတြ႕မယ္ေလေနာ္ See ya bye "
Roseanne ေျပာၿပီး ဖုန္းခ်လိဳက္သည္ ထို႔ေနာက္ ခုနက ဝယ္လာတဲ့ ဖုန္းအသစ္ထဲက ဆင္းကဒ္ေလးကို ျဖဳတ္ၿပီး ေရေျမာင္းထဲ ပစ္ခ်လိဳက္သည္.......
ေၾကးစားသတ္ေပးတဲ့ ေကာင္ေလးကိုလည္း ပိုက္ဆံရွင္းေပးၿပီးၿပီဆိုေတာ့ ဒီဖုန္းကတ္က မလိုေတာ့ဘူးေလ
"သခင္ႀကီး....မမေလးက ထပ္ၿပီး ေဒၚလာ 10M ေတာင္းေနပါတယ္ "
အိမ္ေတာ္ထိန္းမွာ Mr. Parkကို တင္ျပစရာရွိတဲ့အေၾကာင္းေတြ တင္ျပရင္း Roseanneက ပိုက္ဆံလွမ္းေတာင္းတဲ့အေၾကာင္း ေျပာျပေနသည္
"ေပးလိုက္ပါ "
"ဒါေပမယ့္ သခင္ႀကီး သူ.... "
"ငါရွာတဲ့ ပိုက္ဆံေတြက ငါ့သမီး သုံးဖို႔ဘဲေလ....အဲ့ပိုက္ဆံေတြ သူမွ မျဖဳန္းရင္ ျဖဳန္းမယ့္သူမရွိဘူး သူလိုခ်င္သေလာက္ေပးလိုက္ပါ ၿပီးရင္ အဲ့မွာေပ်ာ္ေအာင္ေနခဲ့လို႔ ေျပာလိုက္..."
အိမ္ေတာ္ထိန္းလည္း Mr. Parkကို ေျပာမရတာနဲ႕ သက္ျပင္းခ်ၿပီး ႐ုံးခန္းက ထြက္လာခဲ့သည္
Roseanneဆို Mr. Parkက သိပ္ခ်စ္ရွာသည္....ဘာလုပ္လုပ္ အျပစ္မေျပာဘဲ လိုက္ဖုံးဖိ အလိုလိုက္လို႔လည္း Roseanne တစ္ေယာက္ အခုလိုဆိုးေနရတာေလ
Ruby Jane ေန႕လည္စာ စားၿပီး အလုပ္ကို လာစဥ္ ဟိုတယ္ထဲတြင္ ရဲေတြကို ေတြ႕လိုက္ရလို႔ Jennie လန့္သြားတယ္
"Robin ဘာျဖစ္တာလည္း "
ဟိုတယ္မန္ေနဂ်ာနဲ႕ ရဲေတြ စကားေျပာေနတာၾကည့္ၿပီး Robinကို Ruby Jane ေမးလိုက္သည္
"ငါတို႔ ဟိုတယ္ရဲ႕ အခန္းနံပါတ္ 204က ဧည့္သည္ေလ အသတ္ခံလိုက္ရလို႔ "
Robin ရဲ႕ စကားေၾကာင့္ Ruby Jane လန့္သြားၿပီး Roseanne လက္ခ်က္ ျဖစ္ေနမွာကို Ruby Jane ေၾကာက္ေနသည္
"ဘယ္...ဘယ္တုံးက အသက္ခံလိုက္ရတာလည္း "
"မနက္က clubကို သန္ရွင္းေရးလုပ္ရင္း ေခ်ာင္က်တဲ့ ေနရာမွာ ဓားဒဏ္ရာနဲ႕ ေသေနတာကို ေတြ႕တယ္ေျပာတယ္ ....စစ္ေဆးၾကည့္သေလာက္မေန႕ည ၁၁ ေက်ာ္ ၁၂ေလာက္က club မွာ အသတ္ခံလိုက္ရတယ္ ေျပာတယ္...."
Robin ရဲ႕ စကားၾကားမွ Ruby Jane စိတ္ေအးသြားတယ္....မေန႕ညကဆို Roseanneက Ruby Janeနဲ႕ အတူရွိခဲ့တာေလ....ၿပီးေတာ့ မနက္ ၂နာရီထိ Roseanne အိပ္ေနတာကို Ruby Jane ေငးၾကည့္ေနခဲ့တာေလ
"ဟူး "
Ruby Jane တစ္ေယာက္ စိတ္သက္သာရာရၿပီး သက္ျပင္းခ်လိဳက္သည္
"ငါက Roseanneကို အထင္လြဲမိေနတာဘဲ သူက အဲ့ဒီလိုလုပ္မယ့္ လူစားမ်ိဳး မဟုတ္ပါဘူးေလ "
Ruby Jane ေတြးၿပီး လုပ္စရာရွိတဲ့ စစ္စရာရွိတာေတြ စစ္ေနသည္
Duty လဲၿပီးေနာက္ Ruby Jane တစ္ေယာက္ Liamနဲ႕ စကားေျပာေနစဥ္ Roseanne တစ္ေယာက္ ဟိုတယ္ထဲဝင္လာသည္
"Good Afternoon madam "
Liamက ႏႈတ္ဆက္ေတာ့ Roseanneက Liamကို မၾကည့္ဘဲ သူ႕လက္ထဲက မုန့္ထုပ္ကို Ruby Jane ဆီ ေပးလိုက္သည္
"ေရာ့ ေန႕လည္အဆာေျပစားဖို႔ မုန့္ "
"ေက်းဇူးတင္ပါတယ္..."
"ညက် ငါ ျပန္လိုက္ပို႔ေပးမယ္ ေစာင့္ေနေနာ္ "
Ruby Janeရဲ႕ ပါးေဖာင္းေဖာင္းေလးကို လက္နဲ႕ ဆြဲညွစ္ၿပီး Roseanne ဓာတ္ေလွကားထဲ ဝင္သြားေတာ့ Liamမွာ ပါးစပ္အေဟာင္းသားနဲ႕ က်န္ခဲ့သည္
"Jennie နင္နဲ႕သူက သိတာလား "
"အင္း ငါနဲ႕ ငယ္သူငယ္ခ်င္းေလ "
"Aww ေခ်ာတယ္ေနာ္ တစိမ့္စိမ့္ၾကည့္ေလ ေခ်ာေလဘဲ ငါနဲ႕ ေအာင္သြယ္ေပးပါလား "
Liamရဲ႕ စကားေၾကာင့္ Ruby Jane မ်က္ေမွာင္ၾကဳတ္ၿပီး Liamရဲ႕ လက္ေမာင္း ကို ရိုက္လိုက္သည္
"ေသလိုက္ေလ နင့္မွာ ေဆာ္ရွိေနတာကို ငါ့သူငယ္ခ်င္း လာမထိနဲ႕ "
Roseanne ကေတာ့ အခန္းထဲေရာက္ေတာ့ ကုတင္ေပၚတြင္ ပစ္လွဲကာ ခဏမ်က္စိမွိတ္ၿပီး အိပ္လိုက္သည္
ခဏၾကာေတာ့ Roseanneရဲ႕ဖုန္းထဲ message ဝင္လာလို႔ ၾကည့္လိုက္ေတာ့ သူမ ဘဏ္ accountထဲ ေငြေတြေရာက္ေနတာ သိလိုက္ရသဘ္
ေငြေတြေရာက္လာလာခ်င္း Roseanne တစ္ေယာက္ အိပ္ရာကထၿပီး အခန္းထဲကေန ထြက္လာသည္
Reception ကိုၾကည့္ေတာ့ Liamနဲ႕ Ruby Jane ရယ္ေမာေနတာေတြ႕ၿပီး Roseanne မ်က္ေမွာင္ၾကဳတ္သြားတယ္ ....
Liamက Ruby Janeရဲ႕ နဖူးကို လက္နဲ႕ ေတာက္လိုက္တဲ့အခါမွာေတာ့ Roseanne မျမင္ခ်င္ေယာင္ေဆာင္ၿပီး ေက်ာ္သြားမယ့္ စိတ္ကူးေပ်ာက္သြားတယ္
ဘုန္း!
ေကာင္တာကို ဘုန္းခနဲ ရိုက္သံေၾကာင့္ Ruby Janeတို႔ လန့္သြားတယ္
"အာ..... Roseanne "
"အျပင္သြားမလို႔ အခန္းေသာ့ခဏသိမ္းထားေပး "
Liamရဲ႕ မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီး Roseanne ေျပာလိုက္ေသာေၾကာင့္ Ruby Janeမွာ လန့္ေနသည္....
"ဟုတ္ကဲ့ပါ ခင္ဗ်ာ့ "
Roseanneမွာ Ruby Jane ကို တစ္ခ်က္ေလးေတာင္ မၾကည့္ဘဲ ဟိုတယ္ထဲက ထြက္လာခဲ့သည္
"Yeah Jennie နင့္သူငယ္ခ်င္းက ငါ့ကို ေသခ်ာစိုက္ၾကည့္သြားတယ္ ေဟးေဟး ငါ့ေဆာ္နဲ႕ ျဖတ္လိုက္ေတာ့မယ္ ........"
Ruby Janeမွာေတာ့ တစ္ခုခုျဖစ္ေတာ့မွာကို ေတြးပူေနေပမယ့္ အေၾကာင္းမသိေသးတဲ့ Liamကေတာ့ Roseanneက သူ႕ကို ေသခ်ာစိုက္ၾကည့္သြားတယ္ဆိုၿပီး ေပ်ာ္ေနသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co