Truyen3h.Co

Her Devil Hero

Part 16

KimFany059

#Unicode

Roseanne ဟိုတယ်ကနေ ထွက်လာပြီး တစ်နေရာကို သွားလေသည်

"Miss Roseie ဆိုတာလားရှင် "

"ဟုတ်ပါတယ် ကျွန်မပါ  ...ခုန အိမ်လာကြည့်မယ်ဆိုပြီး ဖုန်းဆက်ထားသူပါ "

"ဟုတ်ပါပြီရှင် လာပါ ကျွန်မက ဖုန်းလက်ခံဖြေတဲ့ Olivaပါ....ရှင့်ကို ကျွန်မ အိမ်အနှံ့လိုက်ပြပါမယ်... "

"ကောင်းပြီလေ... "

Roseanneလည်း Oliva လိုက်ပြတဲ့ အိမ်ကို နေရာအနှံ့လိုက်ကြည့်လေသည်

"အင်း ရှင့်အိမ်ကို ကျွန်မ သဘောကျပါတယ် အထူးသဖြင့် မြေတိုက်ခန်းရှိတာကို ပိုသဘောကျတယ် ဒီတော့ တစ်နှစ်စာ အိမ်ငှားဖို့ စာချူပ်ချုပ်မယ်....စျေးကတော့ လိုင်းပေါ်မှာ ကြော်ငြာခဲ့သလို မဟုတ်လား "

"ဟုတ်ပါတယ် ကျွန်မတို့လည်း တစ်ခြားမြို့နယ်ကို ပြောင်းမှာမို့ ဒီအိမ်လေးက မိဘပိုင်ဆိုတော့လေ မရောင်းရက်လို့ ငှားလိုက်တာပါ "

"ဒါဆို တစ်နှစ်စာရော့.....စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်မယ် okလား "

Roseanne ငွေတွေထုတ်ပေးပြီး စာချုပ်တွင် လက်မှတ်ထိုးပေးတော့ Olivaက ခေါင်းညိတ်ပြီး သူမပါ လက်မှတ်ထိုးလိုက်သည်

"ရှင့်အတွက် ပရိဘောဂတွေ ထားခဲ့တယ်နော် ...."

"ကျေးဇူးပါ ဒါဆို ဒီနေ့ကစပြီး ကျွန်မ ဒီအိမ်မှာနေတော့မယ်နော် "

"ရပါတယ် ရှင့်သဘောပါ "

Oliva ထွက်သွားတော့ Roseanneမှာ သူ့ကားနောက်ခန်းက အိတ်တွေ ယူပြီး အိမ်ထဲဝင်လာသည်

ထို့နောက် မြေတိုက်ခန်းထဲတွင် သူမ ဝယ်လာတဲ့ သံကြိုးတွေ နိုင်လွန်ကြိုးတွေနဲ့ ကြာပွတ်တွေကို အစီအရီနေရာ ချထားသည်

ထို့နောက် သူမ အခန်းထဲတွင် မီးသီးကိုဖြုတ်ပြီး မီးအနီရောင်လေးတွေ တပ်လိုက်သည်

Roseanne သူ့စိတ်ကြိုက်အလှဆင်ပြီးနောက် ဗိုက်ဆာလို့ ရေခဲသေတ္တာထဲ တစ်ခုခုများ ရှိမလားဆိုပြီး ဖွင့်ကြည့်တော့ နွားနို့ပုလင်းရယ် စတော်ဘယ်ရီယိုပုလင်းနဲ့ ပေါင်မုန့်ထုပ်လေးကို တွေ့လိုက်ရသည်

Oliva ကို စိတ်ထဲကနေ ကျေးဇူးတင်စကားပြောပြီး Roseanne ပေါင်မုန့်ကို စတော်ဘယ်ရီယိုသုတ်ကာ နွားနို့နဲ့ စားလိုက်သည်

စားသောက်ပြီး နာရီကို ကြည့်တော့ ည ရှစ်နာရီခွဲနေပြီ....Ruby Janeက ၁၀ခွဲ Dutyဆင်းတာဆိုတော့ အခု အိမ်ကနေ ထွက်မှ ဟိုတယ်ကို ဆယ်နာရီလောက်ရောက်မှာ....ဘာလို့ဆို Roseanneက မြို့ပြင် လူခြေတိတ်ဆိတ်တဲ့နေရာမှာ အိမ်ငှားထားလို့လေ

Roseanne အိမ်တံခါးကို သော့ခတ်ပြီး ကားနဲ့ မြို့ထဲကို ပြန်လာခဲ့သည်

Ruby Janeကတော့ ညကိုးနာရီကျော်ထိ Roseanneက ပြန်မလာသေးတော့ တစ်ခုခုများဖြစ်နေလားဆိုပြီး စိတ်ပူနေသည်

အလုပ်လုပ်လိုက် နာရီကို မော့ကြည့်လိုက်နဲ့ Ruby Jane တစ်ယောက် အလုပ်ဆင်းချိန်ရောက်လာပြီလေ

"မဟုတ်မှလွဲလို့.... သူ Liamကို သတ်ဖို့ ပြင်ဆင်နေတာလားမသိဘူး "

Ruby Jane အိမ်ပြန်ဖို့ Uniform လဲရင်း လျှောက်တွေးမိပြီး စိတ်ပူနေသည်

Ruby Jane ဟိုတယ်ကနေ ထွက်လာတော့ ကားပေါ်ကနေ ဆင်းလာတဲ့ Roseanneကို တွေ့ရလေသည်

"Roseanne "

"ကားပေါ်တက်.... "

"ဟို ငါ့စက်ဘီးက...."

"သွား ယူခဲ့ "

Ruby Janeလည်း ဘာမှမသိဘဲ အူကြောင်ကြောင်နဲ့ စက်ဘီးသွားထုတ်ပြီး Roseanneဆီ ရောက်လာသည်

Roseanneလည်း Ruby Janeရဲ့ စက်ဘီးကို ကားအနောက်ခန်းထဲ ထည့်ပြီး Ruby Janeကို ကားပေါ်တက်ခိုင်းသည်

အိမ်ပြန်လမ်းတွင်. .....

"Roseanne ဒီကားက...."

"ငါ နေ့လည်ကမှ ဝယ်ထားတာ.....သူများ ဆိုင်ကယ်မစီးချင်လို့ "

"Aww. ..ဘောစိဘဲနော် နင်က "

"အလုပ်မှာ အဆင်ပြေလား Ruby "

"ပြေပါတယ်..... နင်ရော သွားရလာရတာ အဆင်ပြေရဲ့လား "

"Google map ရှိတော့ အဆင်ပြေတယ်ရယ်..... "

Ruby Janeတို့ကြား ပြောစရာစကားတွေ မရှိတော့ဘဲ တိတ်ဆိတ်သွားကြပြန်သည်

Ruby Janeရဲ့ အိမ်ကိုရောက်သောအခါ

"Roseanne ဒီညလည်း နင် အိမ်မပြန်ဘဲ ငါ့အိမ်မှာ အိပ်သွားပါလား "

Ruby Janeမှာ Roseanne တစ်ယောက် Liamကို တစ်ခုခုလုပ်မှာ စိတ်ပူလို့ Roseanneကို သူမအိမ်မှာ အိပ်ဖို့ ပြောလိုက်သည်

Ruby Janeရဲ့ စကားကြောင့် Roseanne အံ့သြသွားတယ်

"ကားနဲ့လည်း နင်က စိတ်ပူတာလား "

"နင် မအိပ်ချင်လည်းနေ  .."

Ruby Jane ပြောပြီး အိမ်ထဲဝင်မယ် လုပ်တော့ Roseanneက Ruby Janeရဲ့ လက်ကို လှမ်းဆွဲသည်

"စတာပါ နင်ကလည်း ငါ ဟိုတယ်မပြန်တော့ဘူး နင့် အိမ်မှာဘဲ အိပ်သွားပါမယ် "

"ပြီးရော ဝင်ခဲ့လာ.... "

"အေးနော် နင်က ငါ့ကို အိပ်ဖို့ ခေါ်တာနော် ငါ တစ်ခုခု လုပ်မှာမကြောက်ဘူးလား "

"လုပ်ရဲလုပ်ကြည့်လေ ကုတင်ပေါ်က ကန်ချမှာ နေအုံး ငါ အဝတ်လဲလိုက်အုံးမယ် ပြီးရင် အခန်းထဲဝင်ခဲ့ဖို့ အော်လိုက်မယ် "

"Ok "

Liamမှာတော့ အိမ်မပြန်သေးဘဲ Roseanneရဲ့ Flieကို ထုတ်ပြီး ဖုန်းနံပါတ်ရှာကြည့်နေသည်

ဟိုတယ် ဝန်ထမ်းတစ်ယောက် အနေနဲ့ ဧည့်သည်ရဲ့ information ကို ခိုးယူဖို့ မသင့်တော်ဘူးဆိုတာ Liam သိပေမယ့် Roseanne ကို တော်တော် စွဲလမ်းနေသောကြောင့် အခုလို ဖုန်းနံပါတ်လိုက်ခိုးနေချင်း ဖြစ်သည်

"Liam ဘာလုပ်နေတာလည်း "

ညဂျူတီကျတဲ့ ကောင်လေးမှာ Roaeanneရဲ့ ဖုန်းနံပါတ်ကို လက်မှာမှတ်နေတဲ့ Liam ကို တွေ့တော့ မေးလေသည်

"ရှူးတိုးတိုး ငါအခုလို လုပ်တာ ဘယ်သူမှ မပြောနဲ့နော် Charlie "

"Man ဧည့်သည်ရဲ့ info ခိုးတာ ကောင်းတဲ့လုပ်ရပ် မဟုတ်ဘူးနော် "

"လုပ်ပါကွာ ငါ ငါးဒေါ်လာပေးမယ် ...."

Liam သူ့အိတ်ထဲက ပိုက်ဆံကိုထုတ်ပေးမှ Charlie ပါးစပ်ပိတ်သွားသည်

"Roseanne "

"Humm "

ကုတင်ပေါ်တွင် Roseanneနဲ့ Ruby Janeတို့ မျက်နှာချင်းဆိုင် အိပ်နေကြသည်

"Liamလေ သူနဲ့ငါက ဘာမှမဟုတ်ပါဘူး သူ့မှာလည်း ရည်းစားရှိပါတယ် ငါတို့က အလုပ်သဘောအရ ခင်တဲ့ သူငယ်ချင်းတွေပါ "

"ဘယ်သူက မေးလို့ ရှင်းပြနေတာလည်း Ruby ရ "

"နင် အထင်လွဲပြီး မဟုတ်တာ လုပ်မှာဆိုးလို့ပါ "

Ruby Janeရဲ့ စကားကြောင့်  Roseanne ရယ်လိုက်သည်

"ငါ ဘာမှမလုပ်ပါဘူး Ruby ရ ငါလုပ်မယ်ဆို နင့်ကိုပြောမှာပေါ့...."

"အင်းပါ နင် ဘာမှမလုပ်ဘူးဆိုတာ ငါ ယုံပါတယ် ဒါဆို ငါအိပ်တော့မယ်နော် Good Night "

Roseanneကို နှုတ်ဆက်ပြီး Ruby Jane တစ်ဖက်ကို လှည့်အိပ်သွားတယ်

ထိုစဥ် Roseanneဖုန်းထဲသို့ message တစ်စောင်ဝင်လာသည်

"Hello Roseanne ကိုယ်က Liam ပါ.. မင်းနဲ့ ခင်ချင်လို့ ခင်လို့ရမလား.."

Roseanne အိပ်တော့မလို လုပ်ပေမယ့် message ဝင်လာလို့ ဖတ်ကြည့်တော့ Liamဆီက ဖြစ်နေသည်

"အိမ်း ဒီလဒကတော့ သူ့နောက် ငါ လိုက်စရာမလိုဘဲ ငါ့နောက်ကို သူက လိုက်လာပါ့လား ကောင်းတာပေါ့ .....ဟဲဟဲ "

Roseanne စိတ်ထဲကနေတွေးလိုက်ပြီး Liamရဲ့ messageကို Reply လုပ်လိုက်သည်

#Tbc

#zawgyi

Roseanne ဟိုတယ္ကေန ထြက္လာၿပီး တစ္ေနရာကို သြားေလသည္

"Miss Roseie ဆိုတာလားရွင္ "

"ဟုတ္ပါတယ္ ကြၽန္မပါ  ...ခုန အိမ္လာၾကည့္မယ္ဆိုၿပီး ဖုန္းဆက္ထားသူပါ "

"ဟုတ္ပါၿပီရွင္ လာပါ ကြၽန္မက ဖုန္းလက္ခံေျဖတဲ့ Olivaပါ....ရွင့္ကို ကြၽန္မ အိမ္အႏွံ႕လိုက္ျပပါမယ္... "

"ေကာင္းၿပီေလ... "

Roseanneလည္း Oliva လိုက္ျပတဲ့ အိမ္ကို ေနရာအႏွံ႕လိုက္ၾကည့္ေလသည္

"အင္း ရွင့္အိမ္ကို ကြၽန္မ သေဘာက်ပါတယ္ အထူးသျဖင့္ ေျမတိုက္ခန္းရွိတာကို ပိုသေဘာက်တယ္ ဒီေတာ့ တစ္ႏွစ္စာ အိမ္ငွားဖို႔ စာခ်ဴပ္ခ်ဳပ္မယ္....ေစ်းကေတာ့ လိုင္းေပၚမွာ ေၾကာ္ျငာခဲ့သလို မဟုတ္လား "

"ဟုတ္ပါတယ္ ကြၽန္မတို႔လည္း တစ္ျခားၿမိဳ႕နယ္ကို ေျပာင္းမွာမို႔ ဒီအိမ္ေလးက မိဘပိုင္ဆိုေတာ့ေလ မေရာင္းရက္လို႔ ငွားလိုက္တာပါ "

"ဒါဆို တစ္ႏွစ္စာေရာ့.....စာခ်ဳပ္မွာ လက္မွတ္ထိုးေပးလိုက္မယ္ okလား "

Roseanne ေငြေတြထုတ္ေပးၿပီး စာခ်ဳပ္တြင္ လက္မွတ္ထိုးေပးေတာ့ Olivaက ေခါင္းညိတ္ၿပီး သူမပါ လက္မွတ္ထိုးလိုက္သည္

"ရွင့္အတြက္ ပရိေဘာဂေတြ ထားခဲ့တယ္ေနာ္ ...."

"ေက်းဇူးပါ ဒါဆို ဒီေန႕ကစၿပီး ကြၽန္မ ဒီအိမ္မွာေနေတာ့မယ္ေနာ္ "

"ရပါတယ္ ရွင့္သေဘာပါ "

Oliva ထြက္သြားေတာ့ Roseanneမွာ သူ႕ကားေနာက္ခန္းက အိတ္ေတြ ယူၿပီး အိမ္ထဲဝင္လာသည္

ထို႔ေနာက္ ေျမတိုက္ခန္းထဲတြင္ သူမ ဝယ္လာတဲ့ သံႀကိဳးေတြ နိုင္လြန္ႀကိဳးေတြနဲ႕ ၾကာပြတ္ေတြကို အစီအရီေနရာ ခ်ထားသည္

ထို႔ေနာက္ သူမ အခန္းထဲတြင္ မီးသီးကိုျဖဳတ္ၿပီး မီးအနီေရာင္ေလးေတြ တပ္လိုက္သည္

Roseanne သူ႕စိတ္ႀကိဳက္အလွဆင္ၿပီးေနာက္ ဗိုက္ဆာလို႔ ေရခဲေသတၱာထဲ တစ္ခုခုမ်ား ရွိမလားဆိုၿပီး ဖြင့္ၾကည့္ေတာ့ ႏြားနို႔ပုလင္းရယ္ စေတာ္ဘယ္ရီယိုပုလင္းနဲ႕ ေပါင္မုန့္ထုပ္ေလးကို ေတြ႕လိုက္ရသည္

Oliva ကို စိတ္ထဲကေန ေက်းဇူးတင္စကားေျပာၿပီး Roseanne ေပါင္မုန့္ကို စေတာ္ဘယ္ရီယိုသုတ္ကာ ႏြားနို႔နဲ႕ စားလိုက္သည္

စားေသာက္ၿပီး နာရီကို ၾကည့္ေတာ့ ည ရွစ္နာရီခြဲေနၿပီ....Ruby Janeက ၁၀ခြဲ Dutyဆင္းတာဆိုေတာ့ အခု အိမ္ကေန ထြက္မွ ဟိုတယ္ကို ဆယ္နာရီေလာက္ေရာက္မွာ....ဘာလို႔ဆို Roseanneက ၿမိဳ႕ျပင္ လူေျခတိတ္ဆိတ္တဲ့ေနရာမွာ အိမ္ငွားထားလို႔ေလ

Roseanne အိမ္တံခါးကို ေသာ့ခတ္ၿပီး ကားနဲ႕ ၿမိဳ႕ထဲကို ျပန္လာခဲ့သည္

Ruby Janeကေတာ့ ညကိုးနာရီေက်ာ္ထိ Roseanneက ျပန္မလာေသးေတာ့ တစ္ခုခုမ်ားျဖစ္ေနလားဆိုၿပီး စိတ္ပူေနသည္

အလုပ္လုပ္လိုက္ နာရီကို ေမာ့ၾကည့္လိုက္နဲ႕ Ruby Jane တစ္ေယာက္ အလုပ္ဆင္းခ်ိန္ေရာက္လာၿပီေလ

"မဟုတ္မွလြဲလို႔.... သူ Liamကို သတ္ဖို႔ ျပင္ဆင္ေနတာလားမသိဘူး "

Ruby Jane အိမ္ျပန္ဖို႔ Uniform လဲရင္း ေလွ်ာက္ေတြးမိၿပီး စိတ္ပူေနသည္

Ruby Jane ဟိုတယ္ကေန ထြက္လာေတာ့ ကားေပၚကေန ဆင္းလာတဲ့ Roseanneကို ေတြ႕ရေလသည္

"Roseanne "

"ကားေပၚတက္.... "

"ဟို ငါ့စက္ဘီးက...."

"သြား ယူခဲ့ "

Ruby Janeလည္း ဘာမွမသိဘဲ အူေၾကာင္ေၾကာင္နဲ႕ စက္ဘီးသြားထုတ္ၿပီး Roseanneဆီ ေရာက္လာသည္

Roseanneလည္း Ruby Janeရဲ႕ စက္ဘီးကို ကားအေနာက္ခန္းထဲ ထည့္ၿပီး Ruby Janeကို ကားေပၚတက္ခိုင္းသည္

အိမ္ျပန္လမ္းတြင္. .....

"Roseanne ဒီကားက...."

"ငါ ေန႕လည္ကမွ ဝယ္ထားတာ.....သူမ်ား ဆိုင္ကယ္မစီးခ်င္လို႔ "

"Aww. ..ေဘာစိဘဲေနာ္ နင္က "

"အလုပ္မွာ အဆင္ေျပလား Ruby "

"ေျပပါတယ္..... နင္ေရာ သြားရလာရတာ အဆင္ေျပရဲ႕လား "

"Google map ရွိေတာ့ အဆင္ေျပတယ္ရယ္..... "

Ruby Janeတို႔ၾကား ေျပာစရာစကားေတြ မရွိေတာ့ဘဲ တိတ္ဆိတ္သြားၾကျပန္သည္

Ruby Janeရဲ႕ အိမ္ကိုေရာက္ေသာအခါ

"Roseanne ဒီညလည္း နင္ အိမ္မျပန္ဘဲ ငါ့အိမ္မွာ အိပ္သြားပါလား "

Ruby Janeမွာ Roseanne တစ္ေယာက္ Liamကို တစ္ခုခုလုပ္မွာ စိတ္ပူလို႔ Roseanneကို သူမအိမ္မွာ အိပ္ဖို႔ ေျပာလိုက္သည္

Ruby Janeရဲ႕ စကားေၾကာင့္ Roseanne အံ့ၾသသြားတယ္

"ကားနဲ႕လည္း နင္က စိတ္ပူတာလား "

"နင္ မအိပ္ခ်င္လည္းေန  .."

Ruby Jane ေျပာၿပီး အိမ္ထဲဝင္မယ္ လုပ္ေတာ့ Roseanneက Ruby Janeရဲ႕ လက္ကို လွမ္းဆြဲသည္

"စတာပါ နင္ကလည္း ငါ ဟိုတယ္မျပန္ေတာ့ဘူး နင့္ အိမ္မွာဘဲ အိပ္သြားပါမယ္ "

"ၿပီးေရာ ဝင္ခဲ့လာ.... "

"ေအးေနာ္ နင္က ငါ့ကို အိပ္ဖို႔ ေခၚတာေနာ္ ငါ တစ္ခုခု လုပ္မွာမေၾကာက္ဘူးလား "

"လုပ္ရဲလုပ္ၾကည့္ေလ ကုတင္ေပၚက ကန္ခ်မွာ ေနအုံး ငါ အဝတ္လဲလိုက္အုံးမယ္ ၿပီးရင္ အခန္းထဲဝင္ခဲ့ဖို႔ ေအာ္လိုက္မယ္ "

"Ok "

Liamမွာေတာ့ အိမ္မျပန္ေသးဘဲ Roseanneရဲ႕ Flieကို ထုတ္ၿပီး ဖုန္းနံပါတ္ရွာၾကည့္ေနသည္

ဟိုတယ္ ဝန္ထမ္းတစ္ေယာက္ အေနနဲ႕ ဧည့္သည္ရဲ႕ information ကို ခိုးယူဖို႔ မသင့္ေတာ္ဘူးဆိုတာ Liam သိေပမယ့္ Roseanne ကို ေတာ္ေတာ္ စြဲလမ္းေနေသာေၾကာင့္ အခုလို ဖုန္းနံပါတ္လိုက္ခိုးေနခ်င္း ျဖစ္သည္

"Liam ဘာလုပ္ေနတာလည္း "

ညဂ်ဴတီက်တဲ့ ေကာင္ေလးမွာ Roaeanneရဲ႕ ဖုန္းနံပါတ္ကို လက္မွာမွတ္ေနတဲ့ Liam ကို ေတြ႕ေတာ့ ေမးေလသည္

"ရႉးတိုးတိုး ငါအခုလို လုပ္တာ ဘယ္သူမွ မေျပာနဲ႕ေနာ္ Charlie "

"Man ဧည့္သည္ရဲ႕ info ခိုးတာ ေကာင္းတဲ့လုပ္ရပ္ မဟုတ္ဘူးေနာ္ "

"လုပ္ပါကြာ ငါ ငါးေဒၚလာေပးမယ္ ...."

Liam သူ႕အိတ္ထဲက ပိုက္ဆံကိုထုတ္ေပးမွ Charlie ပါးစပ္ပိတ္သြားသည္

"Roseanne "

"Humm "

ကုတင္ေပၚတြင္ Roseanneနဲ႕ Ruby Janeတို႔ မ်က္ႏွာခ်င္းဆိုင္ အိပ္ေနၾကသည္

"Liamေလ သူနဲ႕ငါက ဘာမွမဟုတ္ပါဘူး သူ႕မွာလည္း ရည္းစားရွိပါတယ္ ငါတို႔က အလုပ္သေဘာအရ ခင္တဲ့ သူငယ္ခ်င္းေတြပါ "

"ဘယ္သူက ေမးလို႔ ရွင္းျပေနတာလည္း Ruby ရ "

"နင္ အထင္လြဲၿပီး မဟုတ္တာ လုပ္မွာဆိုးလို႔ပါ "

Ruby Janeရဲ႕ စကားေၾကာင့္  Roseanne ရယ္လိုက္သည္

"ငါ ဘာမွမလုပ္ပါဘူး Ruby ရ ငါလုပ္မယ္ဆို နင့္ကိုေျပာမွာေပါ့...."

"အင္းပါ နင္ ဘာမွမလုပ္ဘူးဆိုတာ ငါ ယုံပါတယ္ ဒါဆို ငါအိပ္ေတာ့မယ္ေနာ္ Good Night "

Roseanneကို ႏႈတ္ဆက္ၿပီး Ruby Jane တစ္ဖက္ကို လွည့္အိပ္သြားတယ္

ထိုစဥ္ Roseanneဖုန္းထဲသို႔ message တစ္ေစာင္ဝင္လာသည္

"Hello Roseanne ကိုယ္က Liam ပါ.. မင္းနဲ႕ ခင္ခ်င္လို႔ ခင္လို႔ရမလား.."

Roseanne အိပ္ေတာ့မလို လုပ္ေပမယ့္ message ဝင္လာလို႔ ဖတ္ၾကည့္ေတာ့ Liamဆီက ျဖစ္ေနသည္

"အိမ္း ဒီလဒကေတာ့ သူ႕ေနာက္ ငါ လိုက္စရာမလိုဘဲ ငါ့ေနာက္ကို သူက လိုက္လာပါ့လား ေကာင္းတာေပါ့ .....ဟဲဟဲ "

Roseanne စိတ္ထဲကေနေတြးလိုက္ၿပီး Liamရဲ႕ messageကို Reply လုပ္လိုက္သည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co