Part 5
#Unicode
"နင် နင် ဘာလုပ်မလို့လည်း Roseanne "
"အစကတော့ နင့်ကို ငါ ဘာမှမလုပ်ဘဲ ထားမလို့ဘဲ အရမ်းသေချင်နေလို့ ကျားမြီးပြေးဆွဲတာ ဘယ်သူလည်း နူဂူဆယ်ရော? "
Roseanne မျက်လုံးပြူးပြီး ခြောက်လိုက်တော့ Ji Yoonမှာ ပိုပြီး လန့်နေသည်
Roseanne သူ့လည်ပင်းက Neck Tieကို ဖြုတ်ပြီး Ji Yoonဆီ လျှောက်လာသည်
"ငါ အော်လိုက်မှာနော် Roseanne နင် ရှေ့တိုးမလာနဲ့နော် "
"နင် အခု ဘယ်ရောက်နေလည်းသိတယ်မလား အခု ကျောင်းတက်ခါနီး အချိန် ဘယ်သူမှ အိမ်သာဘက်မလာဘူး Ji Yoon နင်ကလေ Rubyကို အနိုင်ကျင့်တုံးက ဒီမျက်နှာထား ဒီလေသံမဟုတ်ပါဘူး "
"ငါ ငါ တောင်းပန်ပါတယ်...ထပ် ထပ်ပြီး Ruby Janeကို အနိုင်မကျင့်တော့ဘူးလို့ ကတိပေးပါတယ် "
"အချိန်နှောင်းသွားပြီ Ji Yoon စတွေ့ကတည်းက နင့်ကို ငါသတိပေးခဲ့ပါတယ် နင်နဲ့ နင့်ကောင်က Ruby Janeကို အသက်အန္တရာယ် ဖြစ်စေတဲ့အထိ လုပ်ကြံခဲ့တော့ ငါ နင့်ကို ဒီတိုင်း "
"Ros. ..အား....အစ်...."
Roseanne စကားပြောရင်း Ji Yoon အလစ်တွင် Ji Yoonရဲ့ လည်ပင်းကို Neck Tieနဲ့ ပတ်ပြီး ညှစ်လေသည်
"Roseanne. ...ငါ့...ငါ့ကို အဟွတ်...... လွှတ် "
Ji Yoonမှာ အားကြီးလှတဲ့ Roseanne လက်က လွတ်အောင် ရုန်းမရပေ
Roseanneမှာလည်း အံကိုကြိတ်ပြီး Neck Tieကို တင်းနေအောင်ဆွဲထားသည်
သုံးလေးမိနစ်ကျော်ကြာသောအခါ Ji Yoonမှာ အသက်ရှုကြပ်ပြီး လဲကျသွားလေသည်
Roseanne မှာ Ji Yoon လက်ကောက်ဝတ်ကို ကိုင်ပြီး သွေးခုန်နှုန်းကို စမ်းကြည့်ပြီး ကြောက်စရာကောင်းတဲ့ အပြုံးပြုံးလိုက်သည်
Roseanne မှာ Ji Yoon လည်ပင်းက သူမ neck tieကို ဖြုတ်ပြီး သူမ လည်ပင်းတွင် ပြန်ချည်လိုက်သည်
ထို့နောက် Ji Yoonရဲ့ Neck Tie ကို ဖြုတ်ပြီး Ji Yoonရဲ့ လည်ပင်းကို တင်းနေအောင် ပြန်ချည်လိုက်သည်
သန့်စင်ခန်းထဲက ပြတင်းပေါက်ကို ဖွင့်ပြီး Ji Yoonကို ပွေ့ချီကာ လမ်းကြားထဲ ပစ်ချလိုက်သည်
ထို့နောက် ပြတင်းပေါက်ကို ပြန်ပိတ်ပြီး Roseanne ဘာမှမဖြစ်ခဲ့သလို သန့်စင်ခန်းထဲကပြန်ထွက်လာကာ အတန်းဘက်ကို သွားလိုက်သည်
"နင် ကြာနေလို့ တစ်ခုခုဖြစ်နေတာလားဆိုပြီး ငါ လိုက်လာတော့မလို့ Roseanne "
Roseanne အတန်းထဲကို ပြန်ရောက်လာတော့ Rubyမှာ အိမ်သာသွားတာကြာလို့ စိတ်ပူပြီး မေးလိုက်သည်
"အာ ဗိုက်နာလို့ အိမ်သာထဲ အကြာကြီး ထိုင်မိနေတာ "
Ruby Janeကို Roseanne လိမ်ပြောလိုက်သည်
"ခုရော အဆင်ပြေလား ဗိုက်နာတာ သက်သာလား "
"သက်သာပါတယ် မနေ့ညက အစားမှားသွားလို့ "
"တော်သေးတာပေါ့ "
"အားလုံးဘဲ မဂ်လာပါ "
"မဂ်လာပါ ဆရာမ "
ဆရာမ ဝင်လာတော့ ကျောင်းသူကျောင်းသားတွေ ထရပ်ပြီး နှုတ်ဆက်ကြသည်
ဆရာမမှာ စာမသင်ခင် အတန်းတက် လူစာရင်းကောက်နေသည်
"Do Young "
"ရှိပါတယ် ဆရာမ "
"Ruby Jane "
"ရှိ "
"Chan Woo "
"ရှိပါတယ်ဗျာ့ "
"Ji Yoon "
". ...."
"Ji Yoon ဒီနေ့ ကျောင်းမလာဘူးလား "
"ခုနတင် အတန်းထဲမှာ ရှိပါတယ်....ဘယ်ရောက်သွားလည်းမသိဘူး ဆရာမ "
Ji Yoonရဲ့ သူငယ်ချင်း Soo Dam က ပြောလိုက်သည်
"အဲ့ကလေးမ အတန်းလစ်ပြန်ပြီလားမသိဘူး ..."
Ji Yoonက အတန်းလစ်နေကြမို့ ဆရာမလည်း တစ်ခြား ဘာမှဆက်မပြောဘဲ စာသင်ဖို့ ကျောင်းသားတွေကို စာအုပ်ထုတ်ခိုင်းလေသည်
"Ji Yoon သူ့ ကောင်လေး ဆုံးသွားလို့ စိတ်မကောင်းဖြစ်နေတာထင်တယ် "
Ruby ပြောတော့ Roseanne ပခုံးတွန့်ပြသည်
"မသိဘူးလေ ဟုတ်ရင်ဟုတ်မှာပေါ့"
"သန့်စင်ခန်းထဲတုံးက သူ့ကိုတွေ့လား Roseanne "
"မသိဘူး ငါက ငါ့ကိစ္စ ငါရှင်းပြီး ထွက်လာတာ နေပါအုံး Rubyရ နင့်ကို အနိုင်ကျင့်တဲ့သူကို ဘာလို့ ဂရုစိုက်နေတာလည်း "
"ငါ "
"Ruby Janeနဲ့ Roseanne စာသင်နေတာ အာရုံစိုက်..... စကားပြောမယ်ဆို အပြင်ထွက်သွား "
ဆရာမရဲ့ စကားကြောင့် Roseanne တို့ ပါးစပ်ပိတ်သွားသည်
ညနေ ကျောင်းဆင်းသွားသော်လည်း Ji Yoonရဲ့ ဖြစ်တည်မှုကို ဘယ်သူမှ သတိမရကြဘဲ သက်ဆိုင်ရာအိမ်ကိုသာ ကျောင်းသူကျောင်းသားတွေ ဆရာမတွေ ပြန်သွားကြသည်
"Ruby မနက်ဖြန် ကျောင်းပိတ်တယ်နော် "
စက်ဘီးလေးနင်းကာ သီချင်းညည်းနေတဲ့ Rubyမှာ ရုတ်တရက် သူ့ဘေးနား ကပ်လာတဲ့ ဆိုင်ကယ်တစ်စီးကြောင့် လန့်သွားသည်
"အာ Roseanne လန့်လိုက်တာ"
"ဟီး လန့်သွားရင် ဆောတီး "
"နင့်အိမ်က ဒီဘက်မဟုတ်ပါဘူး ဘယ်လိုလုပ် ဒီဘက်ရောက် "
"ငါ နင့်ကိုပြောစရာရှိလို့ ဆိုင်ကယ်ပြန်ကွေ့လာတာ "
"အော် ပြောလေ ဘာများလည်း "
"မနက်ဖြန် ကျောင်းပိတ်တယ်လေ အဲ့တာ ငါတို့ ကစားကွင်းကို လျှောက်လည်ကြမလားလို့ "
"ကောင်းသားဘဲ ငါလည်း ကစားကွင်းမရောက်တာကြာပြီ "
"အဲ့တာဆို မနက်ကိုးနာရီကျ ဒိတ်ဖို့လာခေါ်မယ်နော် အချစ်လေး "
"အာ...အင်းပါ "
Roseanneက သူမကို အချစ်လေးလို့ခေါ်လိုက်သောကြောင့် Ruby Jane အူကြောင်ကြောင် ဖြစ်နေသည်
"မနက်ဖြန်တွေ့မယ်နော် Wifey See ya"
သူမကို ဆိုင်ကယ်ပေါ်ကနေ လှမ်းနမ်းပြီး မောင်းထွက်သွားတဲ့ Roseanneကြောင့် Ruby Janeမှာ လမ်းလည်ခေါင်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေသည်
Roseanne ကတော့ လေလေးတချွန်ချွန်နဲ့ အိမ်ပြန်သွားသည်
"မမလေး ပြန်ရောက်ပြီလား ခင်ဗျာ့ "
"အင်း Daddyရော ပြန်မရောက်သေးဘူးလား "
"ဟုတ် သခင်ကြီးက ဒီနေ့ ညစာစားပွဲရှိလို့ နောက်ကျမယ်လို့ပြောပါတယ် "
"Aww ဒါနဲ့ အန်ကယ် Chaeရဲ့ ဆိုင်ကယ်ကို အခုဘဲ ဝပ်ရှော့မှာ စစ်ဆေးပေးပြီး ဓာတ်ဆီထည့်ပေးပါအုံး "
"ဘာဖြစ်လို့လည်း မမလေး တစ်ခုခုဖြစ်ခဲ့လို့လား "
"မဟုတ်ဘူး မနက်ဖြန် သူငယ်ချင်းနဲ့ လျှောက်လည်မှာမို့ လမ်းမှာ ဆိုင်ကယ်ပျက်တာမျိုး မဖြစ်စေချင်လို့ "
"ဟုတ်ကဲ့ပါ မမလေး အခုဘဲ ဆိုင်ကယ်ကို သွားစစ်ဆေးခိုင်းလိုက်ပါမယ် "
"ကျေးဇူးပါ ရော့ ဒီမှာ ဆိုင်ကယ်သော့နော် "
Roseanne ပြောပြီး ဆိုင်ကယ်သော့ကို အိမ်တော်ထိန်းအား ပေးလိုက်သည်
ထို့နောက် ကြောက်စရာကောင်းတဲ့ လေချွန်သံနဲ့အတူ အိမ်ပေါ်တက်သွားသည်
အခန်းထဲရောက်တော့ ကျောပိုးအိတ်ကို ကုတင်ပေါ် ပစ်တင်ပြီး Roseanne ရေချိုးဖို့ Uniform ချွတ်နေသည်
Roseanne သူမ လည်ပင်းက Neck tieလေးကို ဖြည်ရင်း မျက်လုံးမှိတ်ကာ Ji Yoonရဲ့ ကြောက်ရွံနေတဲ့ ပုံစံလေးကို ပုံဖော်ခံစားကြည့်ရင်း စိတ်ကျေနပ်နေသည်
ရေမချိုးသေးဘဲ သူမ စားပွဲပေါ် က စာရွက်ကို ယူပြီး Roseanne ဆူးပင်တွေက ကောင်မလေးရဲ့လည်ပင်းကို ရစ်ပတ်နေတဲ့ ပုံဆွဲလိုက်သည်
ထို့နောက် နံရံတွင် ကပ်လိုက်ပြီး Uniform ကို ချွတ်ကာ သီချင်းလေး ညည်းရင်း ရေချိုးခန်းထဲ ဝင်သွားလေသည်
#Tbc
#Zawgyi
"နင္ နင္ ဘာလုပ္မလို႔လည္း Roseanne "
"အစကေတာ့ နင့္ကို ငါ ဘာမွမလုပ္ဘဲ ထားမလို႔ဘဲ အရမ္းေသခ်င္ေနလို႔ က်ားၿမီးေျပးဆြဲတာ ဘယ္သူလည္း ႏူဂူဆယ္ေရာ? "
Roseanne မ်က္လုံးျပဴးၿပီး ေျခာက္လိုက္ေတာ့ Ji Yoonမွာ ပိုၿပီး လန့္ေနသည္
Roseanne သူ႕လည္ပင္းက Neck Tieကို ျဖဳတ္ၿပီး Ji Yoonဆီ ေလွ်ာက္လာသည္
"ငါ ေအာ္လိုက္မွာေနာ္ Roseanne နင္ ေရွ႕တိုးမလာနဲ႕ေနာ္ "
"နင္ အခု ဘယ္ေရာက္ေနလည္းသိတယ္မလား အခု ေက်ာင္းတက္ခါနီး အခ်ိန္ ဘယ္သူမွ အိမ္သာဘက္မလာဘူး Ji Yoon နင္ကေလ Rubyကို အနိုင္က်င့္တုံးက ဒီမ်က္ႏွာထား ဒီေလသံမဟုတ္ပါဘူး "
"ငါ ငါ ေတာင္းပန္ပါတယ္...ထပ္ ထပ္ၿပီး Ruby Janeကို အနိုင္မက်င့္ေတာ့ဘူးလို႔ ကတိေပးပါတယ္ "
"အခ်ိန္ႏွောင္းသြားၿပီ Ji Yoon စေတြ႕ကတည္းက နင့္ကို ငါသတိေပးခဲ့ပါတယ္ နင္နဲ႕ နင့္ေကာင္က Ruby Janeကို အသက္အႏၱရာယ္ ျဖစ္ေစတဲ့အထိ လုပ္ႀကံခဲ့ေတာ့ ငါ နင့္ကို ဒီတိုင္း "
"Ros. ..အား....အစ္...."
Roseanne စကားေျပာရင္း Ji Yoon အလစ္တြင္ Ji Yoonရဲ႕ လည္ပင္းကို Neck Tieနဲ႕ ပတ္ၿပီး ညွစ္ေလသည္
"Roseanne. ...ငါ့...ငါ့ကို အဟြတ္...... လႊတ္ "
Ji Yoonမွာ အားႀကီးလွတဲ့ Roseanne လက္က လြတ္ေအာင္ ႐ုန္းမရေပ
Roseanneမွာလည္း အံကိုႀကိတ္ၿပီး Neck Tieကို တင္းေနေအာင္ဆြဲထားသည္
သုံးေလးမိနစ္ေက်ာ္ၾကာေသာအခါ Ji Yoonမွာ အသက္ရႈၾကပ္ၿပီး လဲက်သြားေလသည္
Roseanne မွာ Ji Yoon လက္ေကာက္ဝတ္ကို ကိုင္ၿပီး ေသြးခုန္ႏႈန္းကို စမ္းၾကည့္ၿပီး ေၾကာက္စရာေကာင္းတဲ့ အၿပဳံးၿပဳံးလိုက္သည္
Roseanne မွာ Ji Yoon လည္ပင္းက သူမ neck tieကို ျဖဳတ္ၿပီး သူမ လည္ပင္းတြင္ ျပန္ခ်ည္လိုက္သည္
ထို႔ေနာက္ Ji Yoonရဲ႕ Neck Tie ကို ျဖဳတ္ၿပီး Ji Yoonရဲ႕ လည္ပင္းကို တင္းေနေအာင္ ျပန္ခ်ည္လိုက္သည္
သန့္စင္ခန္းထဲက ျပတင္းေပါက္ကို ဖြင့္ၿပီး Ji Yoonကို ေပြ႕ခ်ီကာ လမ္းၾကားထဲ ပစ္ခ်လိဳက္သည္
ထို႔ေနာက္ ျပတင္းေပါက္ကို ျပန္ပိတ္ၿပီး Roseanne ဘာမွမျဖစ္ခဲ့သလို သန့္စင္ခန္းထဲကျပန္ထြက္လာကာ အတန္းဘက္ကို သြားလိုက္သည္
"နင္ ၾကာေနလို႔ တစ္ခုခုျဖစ္ေနတာလားဆိုၿပီး ငါ လိုက္လာေတာ့မလို႔ Roseanne "
Roseanne အတန္းထဲကို ျပန္ေရာက္လာေတာ့ Rubyမွာ အိမ္သာသြားတာၾကာလို႔ စိတ္ပူၿပီး ေမးလိုက္သည္
"အာ ဗိုက္နာလို႔ အိမ္သာထဲ အၾကာႀကီး ထိုင္မိေနတာ "
Ruby Janeကို Roseanne လိမ္ေျပာလိုက္သည္
"ခုေရာ အဆင္ေျပလား ဗိုက္နာတာ သက္သာလား "
"သက္သာပါတယ္ မေန႕ညက အစားမွားသြားလို႔ "
"ေတာ္ေသးတာေပါ့ "
"အားလုံးဘဲ မဂ္လာပါ "
"မဂ္လာပါ ဆရာမ "
ဆရာမ ဝင္လာေတာ့ ေက်ာင္းသူေက်ာင္းသားေတြ ထရပ္ၿပီး ႏႈတ္ဆက္ၾကသည္
ဆရာမမွာ စာမသင္ခင္ အတန္းတက္ လူစာရင္းေကာက္ေနသည္
"Do Young "
"ရွိပါတယ္ ဆရာမ "
"Ruby Jane "
"ရွိ "
"Chan Woo "
"ရွိပါတယ္ဗ်ာ့ "
"Ji Yoon "
". ...."
"Ji Yoon ဒီေန႕ ေက်ာင္းမလာဘူးလား "
"ခုနတင္ အတန္းထဲမွာ ရွိပါတယ္....ဘယ္ေရာက္သြားလည္းမသိဘူး ဆရာမ "
Ji Yoonရဲ႕ သူငယ္ခ်င္း Soo Dam က ေျပာလိုက္သည္
"အဲ့ကေလးမ အတန္းလစ္ျပန္ၿပီလားမသိဘူး ..."
Ji Yoonက အတန္းလစ္ေနၾကမို႔ ဆရာမလည္း တစ္ျခား ဘာမွဆက္မေျပာဘဲ စာသင္ဖို႔ ေက်ာင္းသားေတြကို စာအုပ္ထုတ္ခိုင္းေလသည္
"Ji Yoon သူ႕ ေကာင္ေလး ဆုံးသြားလို႔ စိတ္မေကာင္းျဖစ္ေနတာထင္တယ္ "
Ruby ေျပာေတာ့ Roseanne ပခုံးတြန့္ျပသည္
"မသိဘူးေလ ဟုတ္ရင္ဟုတ္မွာေပါ့"
"သန့္စင္ခန္းထဲတုံးက သူ႕ကိုေတြ႕လား Roseanne "
"မသိဘူး ငါက ငါ့ကိစၥ ငါရွင္းၿပီး ထြက္လာတာ ေနပါအုံး Rubyရ နင့္ကို အနိုင္က်င့္တဲ့သူကို ဘာလို႔ ဂ႐ုစိုက္ေနတာလည္း "
"ငါ "
"Ruby Janeနဲ႕ Roseanne စာသင္ေနတာ အာ႐ုံစိုက္..... စကားေျပာမယ္ဆို အျပင္ထြက္သြား "
ဆရာမရဲ႕ စကားေၾကာင့္ Roseanne တို႔ ပါးစပ္ပိတ္သြားသည္
ညေန ေက်ာင္းဆင္းသြားေသာ္လည္း Ji Yoonရဲ႕ ျဖစ္တည္မႈကို ဘယ္သူမွ သတိမရၾကဘဲ သက္ဆိုင္ရာအိမ္ကိုသာ ေက်ာင္းသူေက်ာင္းသားေတြ ဆရာမေတြ ျပန္သြားၾကသည္
"Ruby မနက္ျဖန္ ေက်ာင္းပိတ္တယ္ေနာ္ "
စက္ဘီးေလးနင္းကာ သီခ်င္းညည္းေနတဲ့ Rubyမွာ ႐ုတ္တရက္ သူ႕ေဘးနား ကပ္လာတဲ့ ဆိုင္ကယ္တစ္စီးေၾကာင့္ လန့္သြားသည္
"အာ Roseanne လန့္လိုက္တာ"
"ဟီး လန့္သြားရင္ ေဆာတီး "
"နင့္အိမ္က ဒီဘက္မဟုတ္ပါဘူး ဘယ္လိုလုပ္ ဒီဘက္ေရာက္ "
"ငါ နင့္ကိုေျပာစရာရွိလို႔ ဆိုင္ကယ္ျပန္ေကြ႕လာတာ "
"ေအာ္ ေျပာေလ ဘာမ်ားလည္း "
"မနက္ျဖန္ ေက်ာင္းပိတ္တယ္ေလ အဲ့တာ ငါတို႔ ကစားကြင္းကို ေလွ်ာက္လည္ၾကမလားလို႔ "
"ေကာင္းသားဘဲ ငါလည္း ကစားကြင္းမေရာက္တာၾကာၿပီ "
"အဲ့တာဆို မနက္ကိုးနာရီက် ဒိတ္ဖို႔လာေခၚမယ္ေနာ္ အခ်စ္ေလး "
"အာ...အင္းပါ "
Roseanneက သူမကို အခ်စ္ေလးလို႔ေခၚလိုက္ေသာေၾကာင့္ Ruby Jane အူေၾကာင္ေၾကာင္ ျဖစ္ေနသည္
"မနက္ျဖန္ေတြ႕မယ္ေနာ္ Wifey See ya"
သူမကို ဆိုင္ကယ္ေပၚကေန လွမ္းနမ္းၿပီး ေမာင္းထြက္သြားတဲ့ Roseanneေၾကာင့္ Ruby Janeမွာ လမ္းလည္ေခါင္မွာ ဘာလုပ္ရမွန္းမသိျဖစ္ေနသည္
Roseanne ကေတာ့ ေလေလးတခြၽန္ခြၽန္နဲ႕ အိမ္ျပန္သြားသည္
"မမေလး ျပန္ေရာက္ၿပီလား ခင္ဗ်ာ့ "
"အင္း Daddyေရာ ျပန္မေရာက္ေသးဘူးလား "
"ဟုတ္ သခင္ႀကီးက ဒီေန႕ ညစာစားပြဲရွိလို႔ ေနာက္က်မယ္လို႔ေျပာပါတယ္ "
"Aww ဒါနဲ႕ အန္ကယ္ Chaeရဲ႕ ဆိုင္ကယ္ကို အခုဘဲ ဝပ္ေရွာ့မွာ စစ္ေဆးေပးၿပီး ဓာတ္ဆီထည့္ေပးပါအုံး "
"ဘာျဖစ္လို႔လည္း မမေလး တစ္ခုခုျဖစ္ခဲ့လို႔လား "
"မဟုတ္ဘူး မနက္ျဖန္ သူငယ္ခ်င္းနဲ႕ ေလွ်ာက္လည္မွာမို႔ လမ္းမွာ ဆိုင္ကယ္ပ်က္တာမ်ိဳး မျဖစ္ေစခ်င္လို႔ "
"ဟုတ္ကဲ့ပါ မမေလး အခုဘဲ ဆိုင္ကယ္ကို သြားစစ္ေဆးခိုင္းလိုက္ပါမယ္ "
"ေက်းဇူးပါ ေရာ့ ဒီမွာ ဆိုင္ကယ္ေသာ့ေနာ္ "
Roseanne ေျပာၿပီး ဆိုင္ကယ္ေသာ့ကို အိမ္ေတာ္ထိန္းအား ေပးလိုက္သည္
ထို႔ေနာက္ ေၾကာက္စရာေကာင္းတဲ့ ေလခြၽန္သံနဲ႕အတူ အိမ္ေပၚတက္သြားသည္
အခန္းထဲေရာက္ေတာ့ ေက်ာပိုးအိတ္ကို ကုတင္ေပၚ ပစ္တင္ၿပီး Roseanne ေရခ်ိဳးဖို႔ Uniform ခြၽတ္ေနသည္
Roseanne သူမ လည္ပင္းက Neck tieေလးကို ျဖည္ရင္း မ်က္လုံးမွိတ္ကာ Ji Yoonရဲ႕ ေၾကာက္႐ြံေနတဲ့ ပုံစံေလးကို ပုံေဖာ္ခံစားၾကည့္ရင္း စိတ္ေက်နပ္ေနသည္
ေရမခ်ိဳးေသးဘဲ သူမ စားပြဲေပၚ က စာ႐ြက္ကို ယူၿပီး Roseanne ဆူးပင္ေတြက ေကာင္မေလးရဲ႕လည္ပင္းကို ရစ္ပတ္ေနတဲ့ ပုံဆြဲလိုက္သည္
ထို႔ေနာက္ နံရံတြင္ ကပ္လိုက္ၿပီး Uniform ကို ခြၽတ္ကာ သီခ်င္းေလး ညည္းရင္း ေရခ်ိဳးခန္းထဲ ဝင္သြားေလသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co