Part 13
#unicode
"I'm going solo lo lo lo lo lo"
Recording သွင်းပြီးနောက် Studioထဲက လူတွေမှာ ထရပ်ပြီး လက်ခုပ်တီးကာ Jennieကို ဂုဏ်ပြုစကား ပြောလိုက်သည်
"Congratulation..... "
"Jennie မင်းက အရမ်းတော်တာဘဲ .....အလုပ်ကို သေချာလုပ်ခဲ့တယ် good job "
Mino လက်မထောင်ပြပြီး Jennieကို ချီးကျူးလိုက်သည်
Jennie သူမပါးစပ်ကို လက်နဲ့ကာပြီး ရယ်လိုက်သည်
"ဒီ Project အတွက် ငါ့ကို ကမ်းလှမ်းပေးလို့ တကယ် ကျေးဇူးတင်ပါတယ် နောက်တစ်ပတ် Music videoအတွက်လည်း စိတ်လှုပ်ရှားနေပါပြီ "
"ဒီနေ့ Recording ကို အပြီးသတ်နိုင်လို့ ဂုဏ်ပြုပွဲလုပ်ရအောင် "
Minoစကားကြောင့် Ireneအပြင် ဝန်ထမ်းတွေလည်း သိမ်းစရာရှိတဲ့ ပစ္စည်းတွေ သိမ်းလိုက်ကြသည်
"Cheers! "
အားလုံးမှာ ဘီယာခွက်ကို ကိုင်မြှောက်ပြီး ခွက်ချင်းတိုက်လိုက်ကြသည်
"Ahh ဒါက တော်တော်ပြင်းတာဘဲ "
Jennie တစ်ငုံဘဲသောက်ပြီး ဘီယာခွက်ကို စားပွဲခုံပေါ်တင်လိုက်သည်
"အမလေး အရက်ဂျိုးက မသောက်နိုင်သလို ဟန်ဆောင်မနေပါနဲ့ တစ်ကျိုက်တည်းသောက်ပစ်လိုက်စမ်းပါ ခါတိုင်းကျ ငါမသိအောင် clubကို ခိုးခိုးသွားပြီး "
Irene မျက်စောင်းထိုးကာ သူမ idolကို ပြောလိုက်သည်
"ဟုတ်ပါတယ် ငါက အရက်ဂျိုးပါ ဒီဘီယာက တော်တော်ပြင်းလို့ပြောတာ bitchရဲ့"
Jennie စကားကြောင့် တစ်သင်းလုံး ရယ်လိုက်ကြသည်
"Jennieရဲ့ bitchဆိုတဲ့ စကားက ရှင်တို့အတွက် ရိုင်းသလိုဖြစ်နေပေမယ့် ငါ့အတွက်တော့ဆည်းလည်းသံလို ဖြစ်နေပြီ "
Irene ခေါင်းခါပြီး ပြောလိုက်သည်
"Seulgi ငါ့ bangကို လာမထိနဲ့ "
Bangကို လုံးဝအထိမခံတဲ့ Lisa တစ်ယောက် သူမ Bangကို Seulgiက ခက်ရင်းနဲ့ လာဆော့နေသောကြောင့် Seulgiကို အော်လိုက်သည်
"Seulgiတော့ မူးနေပြီထင်တယ် "
Jinwoo တစ်ယောက် Seulgiကို ကြည့်ပြီး ရယ်လိုက်သည်
Seulgjမှာ အရက်မသောက်နိုင်သူ တစ်ဦးဖြစ်သည် အရက်လေးနည်းနည်းဝင်သွားတာနဲ့ တန်းမူးတတ်သောကြောင့် တော်ရုံ barနဲ့ clubကို Jinwooတို့ ခေါ်မသွားပေ
"Ash "
Lisa သီးမခံနိုင်တာနဲ့ Seulgiဘေးက ထပြီး တခြားနေရာသို့ သွားထိုင်လိုက်သည်
ထိုစဥ် Ireneမှာ Seulgiဘေးနား သွားထိုင်ဖို့ ထလိုက်ပေမယ့် ကောင်မလေးတစ်ယောက်မှာ သူမထက် အရင် Seulgiဘေးနား ဝင်ထိုင်လိုက်သည်
"Hi ငါက Tzuyuပါ နင့်ကို တစ်ခါမှ ဒီမှာမမြင်ဖူးဘူးရော် ဒါ ပထမဆုံးလာတာလား "
Seulgiမှာ Irene က သူမကို ငပွေလို့ ထင်မှာဆိုးလို့ သူမပေါင်ပေါ်လာထိုင်တဲ့ Tzuyuကို ဖယ်ချင်ပေမယ့် သူမ တော်တော်လေး မူးနေလို့ သူမကိုယ်သူမတောင် မနည်းထိုင်နိုင်ဖို့ ကြိုးစားနေရတယ်
"ဟုတ်တယ် ပထမဆုံးအကြိမ်ပါ...."
Seulgiမှာ ပြောပြီး Lisaကို ကူညီပေးဖို့ လှမ်းကြည့်ပေမယ့် Lisaမှာ စင်ပေါ်က သီချင်းဆိုနေတဲ့ ကောင်မလေးကိုဘဲ ကြည့်ရင်း အလုပ်ရှုပ်နေသည်
Tzuyuမှာ ဝက်ဝံငမူးလေးရဲ့ မျက်နှာကို ကိုင်ပြီး
"ဘာတွေကို လျှောက်ကြည့်နေတာလည်း တို့ကိုဘဲ ကြည့်ပါ "
Tzuyuမှာ Seulgiကို နမ်းဖို့ ကြိုးစားနေစဥ် ရုတ်တရက် သူမရဲ့ဆံပင်ကို တစ်စုံတစ်ယောက်က လာဆောင့်ဆွဲတာ ခံလိုက်ရသည်
"What the fuck ဘာလုပ်တာလည်းဟ "
Ireneမှာ Seulgiရဲ့ လက်မောင်းကို တွဲပြီး Tzuyuကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်
"ငါ့ရည်းစား ကို နမ်းဖို့ ကြိုးစားလို့ ဆောင့်ဆွဲတာလေ ဘာဖြစ်ချင်လည်း ပြော Honey တအားမူးနေပြီ ပြန်ကြစို့ "
Ireneမှာ ထိုသို့ပြောပြီး Seulgiကို clubထဲက ဆွဲခေါ်သွားသောကြောင့် Jennieအပါအဝင် အားလုံးမှာ အံ့သြနေကြသည်
Tzuyuမှာ စိတ်တိုပြီး တခြားဘက်ကို ထွက်သွားသည်
"သူက ငါ့ကို ထားသွားတာလား ဟယ် သူမရှိရင် ငါက ဘယ်သူနဲ့ ပြန်ရမှာလည်း "
"စိတ်မပူပါနဲ့ ငါတို့ ပြန်ပို့ပေးမယ် ဟုတ်ပြီလား "
Jennie ရဲ့ ပခုံးကို ပုတ်ပြီး Jinwoo ပြောလိုက်သည်
After one hour
"Yah Jinwoo "
Jennie စားပွဲခုံပေါ် မှောက်အိပ်နေတဲ့ Jinwooကို ရိုက်နှိုးပေမယ့် Jinwooမှာ မနိုးပေ
Jennieမှာ ယိုင်တိုင်တိုင်နဲ့ ထရပ်ပြီး လမ်းလျှောက်ကြည့်ပေမယ့် မလျှောက်နိုင်ဘဲ Lisaဘေးနား လဲကျသွားသည်
"Excuse Me. ..."
"Yes Miss ဘာများကူညီပေးရမလည်း "
စားပွဲထိုးဝန်ထမ်းလေးမှာ သူမကို စကားလာပြောတဲ့ ကောင်မလေးကို မေးလိုက်သည်
"ငါ့သူငယ်ချင်းတွေ ဖုန်းမကိုင်လို့လေ သူတို့ တော်တော်မူးနေပြီဆိုတာ သိလို့လာရှာတာ သူတို့ ဘယ်မှာလည်းဆိုတာ သိလားဟင် ".
Jisoo သူမဖုန်းထဲက Lisaပုံကို ပြလိုက်တော့ စားပွဲထိုးမှာ ခေါင်းညိတ်ပြီး
"သူ့ကိုသိတယ် ခဏနော် သူတို့ရှိရာ လိုက်ပြဖို့ ဝန်ထမ်းတစ်ယောက်ကို ထည့်ပေးလိုက်ပါမယ်....ကျွန်တော်ကလည်း အော်ဒါသွားပို့စရာရှိလို့ပါ....'
စားပွဲထိုးမှာ အကူအညီတောင်းဖို့ လှမ်းကြည့်ပေမယ့် ဝန်ထမ်းအားလုံးမှာ အလုပ်များနေကြသည်
"Mr. Goo chawကို ရေနွေးနွေးလေး တစ်ခွက်လောက် "
ဆံပင် ရွှေရောင်နဲ့ အရပ်ရှည်ရှည် ကောင်မလေးတစ်ယောက် ရုတ်တရက်ရောက်လာသည်
"အာ မင်းရောက်လာတာနဲ့ အတော်ဘဲ Chaeyoung "
"ဘာလို့လည်း "
"ဒီတစ်ယောက်က သူ့သူငယ်ချင်းတွေကို ရှာချင်နေတာ အဲ့တာ သူတို့စားပွဲကို လိုက်ပို့ဖို့ အကူအညီလိုနေလို့..Missရဲ့ သူငယ်ချင်းပုံ ပြန်ပြပါအုံး "
Jisooမှာ Lisaပုံကို Chaeyoung အား ပြလိုက်သည်
"Aww သိတယ်သိတယ် Chaeနောက် လိုက်ခဲ့ပါ "
Chaeyoung စင်ပေါ်မှာ သီချင်းဆိုနေတုံးက သူမကို မျက်လုံးကျွတ်ကျမတတ် ကြည့်နေတဲ့ Lisaကို မြင်ခဲ့တာမို့ Lisaတို့ ဘယ်ဝိုင်းမှာ ရှိလည်း ဆိုတာ သိပြီး Jisooကို ခေါ်သွားသည်
Jisooမှာ ပုံပျက်ပန်းပျက် မူးနေတဲ့ သူ့သူငယ်ချင်းတွေကို ကြည့်ပြီး ခေါင်းခါလိုက်သည်
"လိုက်ပြပေးလို့ ကျေးဇူးတင်ပါတယ် Chaeyoung shii. ..ရော့ ဒါက ကူညီပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာပါ "
Jisooမှာ ဒေါ်လာတစ်ရာကို chaeyoung လက်ထဲ ထည့်ပေးတော့ chaeyoung မှာ ဒေါ်လာတစ်ရာကို မြင်တော့ ချက်ချင်း Jisooကို ပြန်ပေးလိုက်သည်
"ဒေါ်လာ တစ်ရာက အရမ်းများလွန်းပါတယ် Chae ကူညီပေးတာ မဖြစ်သလောက်လေးမို့ လက်မခံပါရစေနဲ့ "
"မဟုတ်တာ ယူလိုက်ပါ "
Jisooမှာ Chaeyoung လက်ထဲ ဒေါ်လာပြန်ထည့်ပေးရင်း ပြောလိုက်သည်
"Yah Kim Jisoo "
Jisooနဲ့ Chaeyoung မှာ ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်ပြီး သူမတို့ကို စိုက်ကြည့်နေတဲ့ Lisa ကို လှမ်းကြည့်လိုက်သည်
"Yah ဘာလို့ သူ့ကို ထိတာလည်း "
Lisa ထရပ်ပြီး Jisooတို့ဆီ လျှောက်လာပေမယ့် နှစ်လှမ်းလောက်လှမ်းပြီး လဲကျသွားသည်
"နေပါအုံး ဟိုတစ်ယောက်က Jennieမလား "
Jisooမှာ Lisaဘေးနား ထိုင်ခုံကို မှီပြီး
ငုတ်တုတ်အိပ်ပျော်နေတဲ့ Jennieကို မြင်တော့ အံ့သြသွားတယ်
Jennieရောပါတယ်လို့ သူမ အဖွဲ့သားတွေက ပြောမပြထားဘူးလေ
Jisoo လဲကျသွားတဲ့ Lisaကို ထူပြီး ထိုင်ခုံပေါ် ထိုင်ခိုင်းလိုက်သည်
"နေပါအုံး ငါ့ကို လာအော်ရအောင် နင်က သူ့ကိုသိလို့လား "
"ဒါပေါ့ သိတာပေါ့ သူက ငါတွေ့ဖူးသမျှထဲမှာ အလှဆုံး အချောဆုံး sexyအကျဆုံး အသံကောင်းဆုံး အဆိုတော်ဘဲကို "
ငမူးသမားလေး Lisa စကားကြောင့် Chaeyoung ရှက်သွားသည်
"ဒီငမူးကတော့ မူးနေတာတောင် ဖွန်ကြောင်နေသေး "
Lisaရဲ့ ခေါင်းကို ရိုက်ပြီး Jisoo ပြောလိုက်သည်
"Aww ဒါနဲ့ Chaeyoungက တကယ် အဆိုတော်လားဟင် "
"ဟုတ်ပါတယ် Chae က ဒီမှာ တစ်ပတ်ကို လေးခါ သီချင်းလာဆိုပေးပါတယ် "
Jisoo သူမ ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်ကိုထုတ်ပြီး သူမ business cardကို Chaeyoung အား ပေးလိုက်သည်
"မင်း အားတဲ့အခါကျ ငါ့ရုံးခန်းကို လာခဲ့လေ အကောင်းတကာ့အကောင်းဆုံး စာချုပ်ကို ကမ်းလှမ်းချင်လို့ပါ "
"အာ ကျေးဇူးတင်ပါတယ် "
"ရပါတယ် ငါ့နာမည်က Kim Jisooပါ "
"Park Chaeyoungပါ တွေ့ရတာ ဝမ်းသာပါတယ်"
Jisooနဲ့ Chaeyoungတို့ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်
"Chaeကို ခွင့်ပြုပါအုံး နောက်ကျနေပြီမို့ သွားတော့မယ်နော် "
"Ok Ok"
Chaeyoungလည်း သွားရော Minoနဲ့ Jinwooကို Jisoo ရိုက်နှိုးလိုက်သည်
"ထကြတော့ဟေ့ အရက်ကို လူလိုမသောက်ဘူး နွားလိုသောက်ပြီး ဝက်လို မူးနေကြတယ် ချီးထုပ်တွေ......"
Jisoo မူးနေတဲ့ သူ့သူငယ်ချင်းတွေကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်
သို့သော် Jennieက idolမို့ ဒီလိုနေရာမှာ မူးပြီး အိပ်နေတာကို တခြားသူတွေက တွေ့သွားရင်.....ပြဿနာဖြစ်မှာဆိုးလို့ Jennie ကို အရင် အိမ်ပြန်ပို့ဖို့ ဆုံးဖြတ်လိုက်တယ်
ထို့ကြောင့် clubက ဝန်ထမ်းတွေကို သူမ မပြန်လာမချင်း Jinwooတို့ကို ကြည့်ပေးထားဖို့ တောင်းဆိုပြီး Jennieမျက်နှာကို ဖုံးကာ clubထဲကနေ တွဲခေါ်လာသည်
Jennie သူမကို တစ်စုံတစ်ယောက်က တွဲခေါ်သွားသလို ခံစားရလို့ မျက်လုံးဖွင့်ကြည့်ပေမယ့် အမြင်တွေက ဝေဝါးနေသည်
သူစိမ်းတစ်ယောက်ကများ သူမကို ခေါ်လာသလားဆိုပြီး ရုန်းသောအခါ Jisooမှာ ရယ်ပြီး
"Hey hey မရုန်းနဲ့လေ "
Jennie မျက်လုံးဖွင့်မရလို့ ဘယ်သူမှန်းမသိပေမယ့် ရင်းနှီးတဲ့ အသံကြောင့်
"Jisoo. ..."
"ငြိမ်ငြိမ်လေးလိုက်ခဲ့ အိမ်ပြန်ပို့ပေးမယ် "
Jisooပြောပြီး Jennieကို သူမကားထဲ ထည့်ကာ အိမ်ပြန်ပို့ပေးလေသည်
#TBC
ကဲ အားလုံးမျှော်နေတဲ့ Chaeyoungလေးပါ ရောက်လာပါပြီနော် 😎
#zawgyi
"I'm going solo lo lo lo lo lo"
"Congratulation..... "
"Cheers! "
"Ash "
After one hour
"Yah Jinwoo "
"Excuse Me. ..."
"ဘာလို့လည်း "
"မဟုတ်တာ ယူလိုက်ပါ "
"Yah Kim Jisoo "
"အာ ကျေးဇူးတင်ပါတယ် "
"Ok Ok"
"Hey hey မရုန်းနဲ့လေ "
"Jisoo. ..."
#TBC
Bạn đang đọc truyện trên: Truyen3h.Co