Truyen3h.Co

Hurt

Part 14

KimFany059

#Unicode

"ရော့ ဒီဆေးသောက်လိုက် ခေါင်းကိုက်တာ ပျောက်သွားလိမ့်မယ် "

Jennieမှာ သူမ မန်နေဂျာ ပေးတဲ့ ဆေးနဲ့ရေကို ယူပြီး သောက်လိုက်သည်

Jennieမှာ  မျက်လုံးမှိတ်ပြီး သက်ပြင်းချရင်း
နဖူးပေါ်လက်တင်ကာ မနေ့ညကအကြောင်းတွေကို ပြန်စဥ်းစားကြည့်နေသည်

"မနေ့ညက နင် ဘာမှမလုပ်ခဲ့တာမို့ စိတ်ပူမနေနဲ့ "

Ireneမှာ သူမ Idol စိတ်ပူနေတာသိလို့ ပြောလိုက်သည်

"အားလုံးအဆင်ပြေတာမို့ ခေါင်းကိုက်ခံတွေးမနေနဲ့ "

Irene စကားကြောင့် Jennie ပြုံးပြီး ခေါင်းညိတ်လိုက်သည်

"ဘာမှမဖြစ်သွားလို့ တော်ပါသေးတယ် မနေ့ညက ငါ တော်တော်မူးနေတာ Mino မှာပေးတဲ့ last shotကလည်း တော်တော်ပြင်းတာ "

Jennieပြောပြီး သူမ ကုတင်ပေါ် ပြန်လှဲကာ အိပ်ဖို့ ကြိုးစားလေသည်

"Ahh မရုန်းနဲ့လေ "

Jennie တစ်ခုခုနဲ့ တစ်ယောက်ကို သတိရသွားပြီနောက် ခေါင်းကိုက်နေတာတောင် မေ့သွားလေသည်

"Irene ငါ့ကို ဘယ်သူ ဒီကို ပြန်ခေါ်လာတာလည်း "

Jennie ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်လိုက်ပြီး Ireneကို မေးလိုက်သည်

"Humm ဘာပြောတာလည်း "

Irene အဝတ်ခေါက်ရင်း မသိသလို ပြန်မေးလိုက်သည်

"Oh come on နင် မသိချင်ယောင်ဆောင်မနေပါနဲ့.....ငါ့ကို ဘယ်သူပြန်ပို့ပေးတာလည်းလို့ "

Jennie စိတ်မရှည်တော့ဘဲ သူမ မန်နေဂျာဆီ လျှောက်သွားလေသည်

"Lisa. ..Mino... Jinwoo သုံးယောက်လုံးက အသေမူးနေကြတာ သူတို့တော့ မဖြစ်နိုင်ဘူး "

"ငါဟေ့ ငါ ရပြီလား....Seulgiကို အိမ်ပြန်ပို့ပေးပြီး ငါ နင့်ကို ပြန်လာခေါ်တာ "

Ireneပြောပြီး အတွေးလွန်နေတဲ့ Jennieကို ထားခဲ့ပြီး အခန်းထဲက ထွက်လာသည်

"ဒါဆို ငါ မှတ်မိနေတာတွေက အိမ်မက်လား.....အိမ်မက်ဆို ဘာလို့ ငါသဘောကျတဲ့ သူ့ရေမွှေးနံ့က ငါ့အင်ကျီမှာ အနံ့ရနေတာလည်း "

Jennie သူမအင်ကျီကို ပြန်ရှူကြည့်ပြီး ပြောလိုက်သည်

"Ash အဲ့ Jennieမကတော့ ငါ နှလုံးရောဂါရစေပြီး သေနိုင်တဲ့ အကြောင်းပြချက်ဘဲ "

Irene သူမ ရင်ဘတ်သူမ ပြန်ဖိရင်း Jennieကို မေတ္တာပို့နေသည်

ထိုစဥ် သူမဆီသို့ ဖုန်းဝင်လာသည်

သို့သော် ဖုန်းနံပါတ်မှာ သူမ မသိတဲ့ ဖုန်းနံပါတ်ဖြစ်နေသောကြောင့် ဖုန်းကိုင်ပြီး ငေါက်လေသည်

"Hello ဘယ်သူလည်း ဒီဖုန်းနံပါတ်ကို ဘယ်လိုရတာလည်း "

"Hey hey slowly...... ငါပါ Jisooပါ "

Ireneမှာ သူမရင်းနှီးတဲ့ နာမည်ကြောင့် စိတ်အေးသွားသည်

"Gosh stalker ထင်ပြီး လန့်သွားတာ "

Irene စကားကြောင့် တစ်ဖက်က Jisooမှာ ရယ်လေသည်

"အဲ့အတွက် တောင်းပန်ပါတယ် ဟီး "

"ဒါနဲ့ ဘာလို့ ဖုန်းခေါ်တာလည်း Ms. CEO "

Jisoo မကြိုက်မှန်းသိလို့ Irene စနောက်လိုက်သည်

"Yah CEOလို့ မခေါ်ပါနဲ့ဆို "

Jisooသူမကို ပြန်ရန်လုပ်သောကြောင့် Irene သဘာကျပြီး ရယ်လေသည်

Flashback

"Shit Jennieက clubမှာဟ ငါ့နှယ့် ဘာလို့မေ့သွားမှန်းမသိ "

Irene တစ်ယောက် Jennieကို သတိရပြီး အိပ်ရာကထကာ ပိုက်ဆံအိတ်နဲ့ကားသော့ကို ကောက်ယူလိုက်သည်

Seulgi ကို အိမ်ပြန်ပို့ပြီးနောက် Irene တစ်ယောက် သူမ idolကို မေ့ပြီး အိမ်ကို ပြန်လာသည်

ကုတင်ပေါ်  ခဏလှဲအိပ်ရင်း ရုတ်တရက် Jennieကို သတိရသွားတယ်

Irene အမြန် အိမ်တံခါးကို ဖွင့်လိုက်စဥ် အိမ်ရှေ့မှာ Jennieကို တွဲပြီး ရပ်နေတဲ့ လူစိမ်းကောင်မလေးကို တွေ့ရသည်

"ဘယ်သူလည်း မသိဘူး"

"Kim Jisooပါ JSLM companyရဲ့ CEO နဲ့ ခေါင်းဆောင်ပါ "

Irene ခေါင်းညိတ်ပြီး Jisooဆီကနေ Jennieကို တွဲခေါ်လိုက်သည်

"Gosh သူ တော်တော်လေးတာဘဲ "

Ireneနဲ့ Jisooမှာ Jennie ကို တစ်ယောက်တစ်ဖက်ဆီ တွဲပြီး အိမ်ထဲသို့ ခေါ်လာကြသည်

Jennie ကို ကုတင်ပေါ် တင်ပြီးနောက် Jisooကို Irene ကျေးဇူးတင်စကား ပြောလိုက်သည်

"သူ့ကို အိမ်ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် Miss Kim. ...ဟိုလေ ကော်ဖီလား ရေလား လက်ဖက်ရည်လား ဘာသောက်မလည်းဟင် တစ်ခုခု သောက်သွားပါလား"

Jisooမှာ ရယ်ချင်စိတ်ကို ထိန်းပြီး ခေါင်းခါကာ

"ရပါတယ် ဘာမှမသောက်တော့ပါဘူး.... ဒီတိုင်း Jisooလို့ခေါ်လို့ရပါတယ် "

"ထပ်ပြီး ကျေးဇူးတင်ပါတယ် Jisoo. ...ကျွန်မက တကယ် အသုံးမကျ တာဝန်ယူမှုမရှိတဲ့ မန်နေဂျာတစ်ယောက်ပါ "

Irene ပြောပြီး သူမခေါင်းကို သူမ ပြန်ထုနေသောကြောင့် Jisoo ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်

"အာ ...မဟုတ်တာ...Jennieလည်း ဘာမှမဖြစ်ပါဘူး.... ..အဆင်ပြေနေတာဘဲကို အဲ့လို ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့ "

"Ahh Jisoo တစ်ခုလောက် အကူအညီတောင်းလို့ရလားဟင် အခုကိစ္စကိုလေ ကျွန်မတို့ CEOကို ပြန်မတိုင်ပါနဲ့နော် Jennieကို မေ့ရကောင်းလားဆိုပြီး သူ ဆူမှာဆိုးလို့ "

"မပြောပါဘူး ကတိပေးတယ် အဲ့အတွက် Ireneလည်း ငါ့ကို တစ်ခု ပြန်ကူညီရမယ် "

"ဘာ ကူညီပေးရမလည်းရှင့် CEO "

"အာ အဲ့လိုမခေါ်နဲ့ဆို.....ငါက JSLMရဲ့ CEO ဖြစ်ကြောင်းရယ် သူ့ကို ဒီခေါ်လာတဲ့သူက ငါဆိုတာကို Jennie ကို မပြောပြပါနဲ့ "

Jisooစကားကြောင့် Irene နည်းနည်းတော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ် ဒါပေမယ့် Jisooရဲ့ အကွောငျးပွခကြျို စိတ်မဝင်စားသောကြောင့် ခေါင်းညိတ်ပြလိုက်သည်

"ကောင်းပြီလေ "

"ကျေးဇူးပါ သူမေးလာရင် Ireneကဘဲ ပြန်ခေါ်လာတာလို့ ပြောပေးနော် "

End of flashback

"Jennieကို မပြောလိုက်ဘူးမလား "

Jisoo ကော်ဖီဖျော်ရင်း ph speaker ဖွင့်ကာမေးလိုက်သည်

"မပြောပါဘူး ငါက ကတိတည်ပါတယ် CEOရ "

CEOလို့ ခေါ်လိုက်ရင် Jisoo ရှက်တတ်တယ်ဆိုတာ သိလို့ Irene ထပ်စနောက်ပြန်သည်

"နင် ငါ့ကိုရှက်အောင်လုပ်ပြန်ပြီ"

Jisoo ပြောတော့ Irene ဟိုဘက်ကနေ တဟားဟားနဲ့ ရယ်လေသည်

ထိုစဥ် Jisooမှာ တစ်ခုခုကို သတိရသွားပြီး

"အာ ဒါနဲ့ နင်နဲ့Seulgi ဆေးရုံမှာ တွေ့ခဲ့တာဆို ဟုတ်လား "

Jisoo မေးခွန်းကြောင့် တစ်ဖက်က ရယ်နေတဲ့ Irene ငြိမ်သွားတော့ Jisoo သဘောကျပြီး ရယ်လေသည်

"Yah ငါ့ကိုမစနဲ့ ဟင်း ငါ့ petရဲ့ music video ရိုက်တဲ့နေ့မှာ နင့်ကိုတွေ့လို့ကတော့ ရိုက်အုံးမှာ "

"နေပါအုံး petက ဘယ်သူ Jennieလား yah နင် နင် idolကို ဘယ်လိုခိုင်းနှိုင်း...."

Jisoo ဆုံးအောင်ရန်မတွေ့လိုက်နိုင် ဘာလို့ဆို Ireneက ဖုန်းချသွားသောကြောင့် ဖြစ်သည်

"အခု concept နဲ့ အဆင်ပြေတာ သေချာလို့လား ...ဒါက မိန်းကလေးဆန်ပြီး အရမ်း sexyကျလွန်းတယ် "

"ငါ အဆင်ပြေပါတယ် Lisa ရ ပြောရရင် ဒီပုံစံလေး သဘောကျတယ် ဘယ်သူ့ ideaလည်း "

Jennieမှာ concept စာရွက်ကို ဖတ်ရင်း မေးလိုက်သည်

Seulgiမှာ ငြိမ်သက်နေတဲ့ သူမ သူငယ်ချင်းတွေကို ဘယ်သူကများ စပြောမလည်းလို့ ကြည့်နေသည်

"ဘယ်သူရှိရမလည်း ငါတို့ရဲ့ one and only CEO ခေါင်းဆောင်ပေါ့ "

Jinwoo လက်မထောင်ပြီး သူ့CEOအကြောင်း ဂုဏ်ယူစွာပြောလိုက်သည်

"Wow သူက တော်တော် ဥာဏ်ကောင်းတာဘဲ ငါနဲ့ကွက်တိတော့...ငါ သူ့ကိုတွေ့ဖူးချင်တယ် သူဘယ်မှာလည်းဟင် "

Jennie သွားဖုံးလေးပေါ်အောင် ပြုံးပြီး မေးလိုက်သည်

"Ahh Jennie ငါတို့ ခေါင်းဆောင်က ကောင်လေးမဟုတ်ဘူး ကောင်မလေး "

Mino သူ့ရဲ့ ခေါင်းကိုကုတ်ပြီး ဖြေလိုက်သည်

"ဟယ် တကယ်လား "

"Mvရိုက်တဲ့နေ့ကျ သူနဲ့တွေ့ရလိမ့်မယ် "

Lisa ရဲ့ စကားကြောင့် ခေါင်းဆောင်နဲ့တွေ့ရဖို့ စိတ်လှုပ်ရှားနေတဲ့ Jennieကလွဲပြီး Seulgiတို့ ပါးစပ်အဟာင်းသား ဖြစ်သွားသည်

"တကယ်လား Yeah "

Jennie ပျော်ပြီး အော်လိုက်ပေမယ့် Seulgi တို့ကတော့ Lisaကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်

"ဘာလို့လည်း "

Lisaမှာ Jisooက Mv ရိုက်မယ့်နေ့ကို မလာချင်မှန်းမသိသေးသောကြောင့် သူမကို ကြည့်နေကြတဲ့သူ့အသင်းသားတွေကို မေးခွန်းပြန်ထုတ်လိုက်သည်

"ဒါဆို မကြာခင် သူနဲ့တွေ့ရတော့မယ်ပေါ့ ဟုတ်လား Seul "

"အာ ဒါပေါ့ ..."

Lisaကို မျက်စောင်းထိုးရင်း Seulgiဖြေလိုက်သည်

Mv ရိုက်မယ့်အကြောင်း ဆွေးနွေးပြီးနောက် Jennie အိမ်ပြန်သွားလေသည်

ထိုအခါ Minoမှာ အခန်းတံခါးကို လော့အမြန်ချလိုက်သည်

"မင်း ဘာလုပ်လိုက်တာလဲ Lisa "

Jinwoo မျက်မှောင်ကြုတ်ကာ Lisaကို မေးလိုက်သည်

"ငါ တောင်းပန်ပါတယ် Jisoo မသွားချင်မှန်း ငါမှမသိတာကို "

Lisa နှုတ်ခမ်းစူပြီး ပြောတော့ seulgi သက်ပြင်းချလိုက်သည်

"Mino. ..Jisooကို အမြန်သတင်းပေးလိုက်တာ ကောင်းမယ်ထင်တယ် Jennieက ကတိမတည်တဲ့သူတွေဆို မုန်းတတ်လို့ ငါတို့ ကတိဖျက်လို့မရဘူး "

"သူက အရင်ကတိဖျက်တာ မဟုတ်ဘူးလား Seulgi. .သူ.. Jisooနဲ့.....ကျစ်..... "

Mino ပြောမယ့်စကားကို ဆက်မပြောတော့ဘဲ သက်ပြင်းချလိုက်သည်

"အလုပ်ထဲကို ကိုယ်ရေးကိုယ်တာအကြောင်း ဆွဲမထည့်နဲ့လေ "

Seulgiပြောတော့ Lisa စပ်ဖြီးဖြီးနဲ့

"အို တကယ်လား အကယ်၍ နင့် crushနဲ့ Jisoo ဒီနေ့ မနက်မှာ ဖုန်းပြောရင်း တစ်ယောက်ကိုတစ်ယောက် စနောက်နေရင်ရော"

"Yah Kim Jisoo ငါနဲ့တွေ့မယ်...."

Seulgi ကြိမ်းဝါးပြီး သူမဖုန်းကို ကောက်ကိုင်ကာ အခန်းထဲက ထွက်သွားသည်

ကိုယ်ရေးကိုယ်တာ ခံစားချက်ကို ဆွဲမထည့်ဖို့ပြောခဲ့တဲ့ seulgiတစ်ယောက် အခုတော့ Jisooကို ရန်လုပ်ဖို့ ထွက်သွားတာကြည့်ပြီး Minoတို့ ရယ်လိုက်ကြသည်

Seulgiတို့ companyထဲကနေ ပြုံးပြုံးကြီး ထွက်လာတဲ့ Jennie ကို ကြည့်ပြီး Ireneမေးလိုက်သည်

"ဘာတွေများ သဘောကျစရာရှိနေတာလည်း Jennie "

"Mvရိုက်တဲ့နေ့ကျ CEOနဲ့ တွေ့ရတော့မှာမို့ ဝမ်းသာနေတာ "

"Irene "

Idolနဲ့ မန်နေဂျာမှာ အသံကြားရာကို ကြည့်တော့ သူမတို့ဆီ ပြေးလာတဲ့Kang Seulgi ကို တွေ့ရလေသည်

"Ireneနဲ့ နေ့လည်စာ အတူစားချင်လို့ ရလား ဟင် "

Jennieကို လျစ်လျူရှုပြီး Ireneကို Seulgi မေးလိုက်သည

"Humm "

Ireneမှာ ခွင့်ပြုချက်တောင်းတဲ့အနေနဲ့ Jennieကို ကြည့်ပေမယ့် Jennieကတော့ Seulgi ကို အကြည့်နဲ့ ရန်လုပ်နေသည်

"Come on Jennie. ...နင့် မန်နေဂျာကို ညနေ ငါးနာရီအရောက် အိမ်ပြန်ပို့ပေးမှာပါ "

Jennieမှာ သူမ မန်နေဂျာကို player girl လက်ထဲ ထည့်မပေးချင်ပေမယ့် သူမ မန်နေဂျာမှာတော့ Seulgiနောက် လိုက်ချင်လွန်းလို့ ပြာယာခတ်နေသည်

"ကောင်းပြီလေ နင် Flirt နေကျ ကောင်မလေးတွေကို ဆက်ဆံသလို ငါ့မန်နေဂျာကို ဆက်ဆံကြည့် နင်သေမယ်မှတ် Kang "

Seulgiနားသို့ ကပ်ပြီး Jennie ကြိမ်းဝါးလိုက်သည်

"စိတ်ချပါ သူက ဘယ်သူနဲ့မှမတူလို့ ငါ မင်းသမီးလို ဆက်ဆံနေတာ "

Jennieနားကပ်ပြီး Seulgi ပြန်ပြောလိုက်သည်

"Ok "

Jennieမှာ သူမ မန်နေဂျာကို Seulgi နဲ့ ထားခဲ့ပြီး ကားပေါ်သို့ တက်ကာ အိမ်ပြန်လာသည်

#TBC

#zawgyi










"Ahh မရုန်းနဲ့လေ "




"Humm ဘာပြောတာလည်း "























Flashback






"ဘယ်သူလည်း မသိဘူး"
















Jisooစကားကြောင့် Irene နည်းနည်းတော့ စိတ်ထဲတစ်မျိုးဖြစ်သွားတယ် ဒါပေမယ့် Jisooရဲ့ အကွောငျးပွခကျြို စိတ်မဝင်စားသောကြောင့် ခေါင်းညိတ်ပြလိုက်သည်

"ကောင်းပြီလေ "


End of flashback























"ဟယ် တကယ်လား "



"တကယ်လား Yeah "


"ဘာလို့လည်း "



"အာ ဒါပေါ့ ..."




















"Irene "




"Humm "








"Ok "


#TBC

Bạn đang đọc truyện trên: Truyen3h.Co