Part 15
#unicode
"စားကောင်းရဲ့လားဟင် "
Seulgi တစ်ယောက် နေ့လည်စာကို အားပါတရစားနေတဲ့ Ireneကို မေးလိုက်သည်။
Ireneမှာ ပြုံးပြီး လက်မထောင်ပြလိုက်သည်
"ဒီကိုတောင် ထပ်လာချင်တယ် "
Irene ပြောပြီး အသားကို ဓားနဲ့လှီးကာ ပါးစပ်ထဲ ထည့်လိုက်သည် .
Seulgiမှာ Ireneကို ကြည့်ရင်း မျက်လုံးလေး ပိတ်သွားတဲ့အထိ ပြုံးနေသည်
ထို့နောက် သူမ ကင်မရာကို Seulgi အိတ်ထဲကနေ ထုတ်လိုက်သည်
"Say Cheese "
Irene ပိုစ့်ပေးဖို့ ပြင်နေတုံးရှိသေး Seulgiမှာ ဓာတ်ပုံရိုက်ပြီးသွားသည်
"Ahhhh ချစ်ဖို့ကောင်းလိုက်တာ "
Seulgi ကင်မရာက သူမရိုက်ထားတဲ့ ပုံလေးကို ကြည့်ပြီး ရေရွတ်လိုက်သည်
Ireneကတော့ မျက်မှောင်ကြုတ်ပြီး
"ဘာပိုစ့်မှ မပေးရသေးတာကို ဘာချစ်စရာကောင်းတာလည်း ဖျက်ပစ်လိုက်ပါ "
"Nooooo မဖျက်ဘူး သိမ်းထားမှာ ကိုယ် ပြောတာယုံ တကယ် ချစ်ဖို့ကောင်းတယ် "
Ireneလည်း Seulgiကို မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ ခေါင်းခါပြကာ နေ့လည်စာဆက်စားနေသည်
ထိုစဉ် အထက်တန်းကျောင်းသူတစ်ချို့က Seulgiဆီ လျှောက်လာကြသည်
"Annyeong Miss Kang. ...Chaw တို့က Miss Kangရဲ့ ပရိတ်သတ်တွေပါ "
"ဟုတ်ပါတယ်....chawတို့ Miss Kangတို့အသင်းအတွက် စာလေးတွေ ရေးထားတာရှိတယ် ယူပါနော် "
ကျောင်းသူတစ်ယောက်မှာ အစေခံတစ်ယောက်လို ခါးညွှတ်ပြီး စာအိတ်တွေကို Seulgiအား ပေးလိုက်သည်
"ပြီးတော့လေ Secret Leader နဲ့ CEOကိုလည်း သူ့အိုင်ဒီယာတွေကို chawတို့ သဘောကျတယ်လို့ ပြောပေးပါအုံး "
အရပ်ပုပုနဲ့ ကောင်မလေးက ပြောတော့ Seulgi ခေါင်းညိတ်ပြသည်
"Sign လိုချင်လား ဓာတ်ပုံတွဲရိုက်ချင်လား "
"ဓာတ်ပုံ...."
Seulgi မေးခွန်းကို ကျောင်းသူတွေမှာ တစ်ပြိုင်တည်းဖြေလိုက်ကြသည်
Irene အကူအညီကြောင့် ကောင်မလေးတွေမှာ Seulgiနဲ့ ဓာတ်ပုံရိုက်လိုက်ရလို့ ကျေးဇူးတင်စကား ပြောပြီး ထွက်သွားကြသည်
"ရှင်နဲ့ ရှင့်အဖွဲ့က ဆယ်ကျော်သက်တွေကြား တော်တော်နာမည်ကြီးတာဘဲ "
Ireneရဲ့ စကားကြောင့် Seulgi ရယ်လိုက်သည်
"ဟုတ်တယ် အများစုက ကိုယ့်ကို အရင်သတိထားမှတ်မိကြတာ ဘာလို့ဆို ဒီလောကထဲမဝင်ခင် ကိုယ်အရင်က မော်ဒယ် ဖြစ်ဖူးတယ်လေ .....အာ ပြောရရင် studio အသေးစားက ဓာတ်ပုံမော်ဒယ်ပါ "
Seulgi ပြောရင်း အတိတ်ကို ပြန်သတိရသွားသည်
"ဟင် ရှင်က Photo model ဖြစ်ခဲ့ဖူးတယ်ပေါ့ "
Irene မယုံနိုင်တဲ့ လေသံနဲ့ မေးလိုက်သည်
Seulgi ခေါင်းညိတ်ပြီး
"ဟုတ်တယ် Jennieနဲ့ ကိုယ် အလုပ် အတူလုပ်ဖူးတယ် "
Seulgi စကားကြောင့် Irene ပိုတောင် အံ့သြသွားတယ်
"ဟင် Jennie က အဲ့အကြောင်းကို ပြောလည်းမပြောပြဘူး "
Seulgiမှာ Jennie နဲ့ Jisoo အကြောင်းသိလား မေးချင်ပေမယ့် Irene ကြည့်ရတာ ဘာမှမသိတဲ့ပုံစံ ဖြစ်နေလို့ မမေးဘဲ နေ့လည်စာသာဆက်စားလိုက်သည်
"ခေါင်းဆောင်ကို ကြည့်ရတာ ဖိအားတွေများနေသလိုဘဲ "
Jinwoo coffeeခွက်ကို Jisoo စားပွဲခုံပေါ် တင်ပြီး မေးလိုက်သည်
Jisoo သက်ပြင်းချပြီး သူမဂုတ်ပိုးကို နှိပ်လိုက်သည်
Jennie comeback အတွက် promotion ဆင်းဖို့ company တစ်ချို့နဲ့ Jisoo ဆက်သွယ်နေတာလေ
ဒါပေမယ့် Jisoo ဖိအားများနေသလို ခံစားနေရတဲ့အကြောင်းအရင်းကတော့ Kang Seulgi ကျေးဇူးတော်တွေကြောင့်ပါဘဲ.....
fangirl တွေကို Jisoo ph noပေးလိုက်ခြင်းကြောင့် Jisooမှာ အခု ဖုန်းလာရင်ကို မကိုင်ချင်တော့ဘူးဖြစ်နေသည်
"Kang Seulgiရဲ့ fangirlတွေက Jennie ရဲ့ comebackနဲ့ Dramaကို promotion ဆင်းရတာထက် ပိုပင်ပန်းတယ်ဟ .....ဖြစ်နိုင်ရင် ဖုန်းနံပါတ်ပြောင်းပစ်ချင်တာ...ဒါပေမယ့် ဒီနံပါတ်ကိုဘဲ သိတဲ့ လုပ်ငန်းရှင်တွေရှိနေလို့ "
"ဒါများ Blockလိုက်ပေါ့ ခေါင်းဆောင်ရ "
Jinwoo ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း ပြောလိုက်သည်
"Blockပါတယ်ရှင် အဲ့ကလေးတွေက တခြားနံပါတ်တွေနဲ့ ထပ်ခေါ်ကြတာ ဟူး ...သူ့ဖုန်းနံပါတ် မပေးဘဲ ငါ့ဖုန်းနံပါတ်ကို ပေးလို့ တွေ့တဲ့အခါကျ အဲ့ဝက်ဝံကို ထိုးပစ်အုံးမယ် "
"Haha Seulgiကလည်း ခုနက ခေါင်းဆောင်ကို ထိုးပစ်မယ်လို့ ပြောနေတာ အခုဘဲ ပေါက်ပေါက်ဆုပ်ပြေးဝယ်ရမယ်ထင်တယ် ခေါင်းဆောင်တို့ချတာ ထိုင်ကြည့်ဖို့ "
Jinwoo ရယ်ပြီး ပြောလိုက်သည်
"ဟယ် ငါက ဘာလုပ်မိလို့ သူက ငါ့ကို ထိုးချင်ရတာလည်း "
Jinwoo စကားကြောင့် Jisoo အံ့သြပြီး မေးလိုက်သည်
"မနက်က Ireneဆီ ဖုန်းဆက်ခဲ့တယ်မလား "
"အင်း ဆက်ခဲ့တယ်လေ "
"အဲ့တာကို သူက သဝန်တိုနေတာ...သိတယ်မလား သူက Ireneကို သဘောကျနေတာလေ "
Jinwoo မျက်ခုံးပင့်ပြပြီး ပြောတော့ Jisoo မျက်မှောင်ကြုတ်ကာ
"Gosh. ...ငါကတော့ သူ့ fangirlတွေကြောင့် ဖိအားများနေချိန် သူကတော့ သာယာနေလေရဲ့ "
"ခေါင်းဆောင်လည်း သာယာချင်ရင် Jennieဆီသွားပြီး ဒုတိယအခွင့်အရေး ပေးပါလို့ တောင်းဆိုလိုက်ပေါ့ .....ချိန်းထားတာ ရှိလို့ သွားလိုက်အုံးမယ်..... "
Jinwoo ပြောပြီး တံခါးဘက်သွားစဥ် Lisaတစ်ယောက် တံခါးကိုဆောင့်မကန်ရုံတမယ် ဖွင့်ပြီး အပြေးအလွှား ရုံးခန်းထဲ ဝင်လာသည်
"Ash မိန်းကလေးပီသလိုက်တာ Lisaရ "
Jinwoo ခေါင်းခါပြီး ပြောလိုက်သည်
"Yah Lalisa နင် ငါ့တံခါးကို ချိုးနေတာလား "
"ခေါင်းဆောင် Jennieရဲ့ mv ရိုက်ကွင်းကို သွားမှဖြစ်မယ် သွားကိုသွားရမယ် "
Jisooရဲ့ စားပွဲခုံကိုရိုက်ပြီး Lisa ပြောတော့ Jinwooကတော့ ခေါင်းခါရင်း အခန်းထဲက ထွက်သွားသည်
"ဟမ် ဘာလို့သွားရမှာလည်း ငါ Jenနဲ့ မျက်နှာချင်းမဆိုင်ရဲဘူး "
"ငါ သူ့ကို ရုတ်တရက် ကတိပေးမိလို့ပါဟ "
"နင်က ဘာကတိပေးလိုက်လို့လည်း "
"Mvရိုက်မယ့်နေ့ နင်လာမယ်လို့ သူ့ကို ကတိပေးလိုက်တာ "
"ဘာ......"
Lisaရဲ့ စကားကြောင့် Lisaကို ပိတ်ရိုက်ချင်စိတ်တွေကို Jisoo ထိန်းထားရသည်
"ငါ တကယ်ပြောနေတာ နောက်တစ်ပတ် Mvရိုက်ကွင်းကို နင် သွားမှဖြစ်မယ် ....Jennie က နင့်ကို တွေ့ချင်လို့ စိတ်လှုပ်ရှားနေတာဟ ငါကတိလည်း မဖျက်ရဲဘူး သူက ကတိမတည်ရင် စိတ်တိုတတ်တာ နင်သိတာဘဲ "
"Humm. ..."
Jisoo မျက်နှာလေး ညိုးသွားသောကြောင့် Lisa အားနာသွားတယ်
"Sorry ငါ ငါ မစဥ်းစားဘဲ ပြောလိုက်မိတာ နင့်အတွက် အခက်အခဲ ဖြစ်စေလို့....."
Lisa အားနာပြီးတောင်းပန်တော့ Jisooခေါင်းခါပြီး Lisa ပခုံးကို ပုတ်ကာ
"တောင်းပန်စရာမလိုပါဘူး Lisaရ နင့်အမှားမှ မဟုတ်တာ အလုပ်က အလုပ် Personal case က Personal case ခွဲထားပြီး professional ကျကျ အလုပ် လုပ်ဖို့ ငါပြောဖူးတယ်လေ...ဟူး တကယ်တမ်း professional မကျတာ ငါပါ Personal caseကြောင့် ထွက်ပြေးနေမိတာ "
"Come on you can do it "
Jisooကို ဖက်ပြီး Lisa နှစ်သိမ့်လိုက်သည်
"Yah Jennie Kim "
Irene တံခါးကိုဆောင့်ဖွင့်ပြီး အိမ်ထဲကို အော်ဟစ်ကာ ဝင်လာသည်
"Wae "
Jennie ဂင်ချီထမင်းကြော်ရင်း ထူးလိုက်သည်
Irene မီးဖိုခန်းထဲ ဝင်လာပြီး Jennieရဲ့ ဖင်ကို ဖြန်းခနဲ ရိုက်လိုက်သည်
"What the fuck Bae Joohyun ငါ့ကို ဘာလို့ရိုက်တာတုံး "
Jennie ရိုက်ခံရတဲ့ သူမဖင်လေးကို ကိုင်ပြီး Ireneကို မေးလိုက်သည်
"Seulgiနဲ့ နင် အရင်က အလုပ်အတူလုပ်ဖူးတာကို ဘာလို့ ငါမပြောတာတုံး "
"နင်က မေးလို့လား မမေးဘဲ အား နာတယ်ဟ "
Ireneဆီက ထပ်ပြီး ဖင်ရိုက်ခံရလို့ Jennie အော်လိုက်သည်
"နောက်တစ်ခါဆို နင်သိသမျှ Seulgiအကြောင်း ငါ့ကိုပြောပြ ကြားလား "
"အရူး...."
Ireneမှာ Jennieဖင်ကို ထပ်ရိုက်မယ်လုပ်တော့ Jennie သူမ လက်မှာ ကိုင်ထားတဲ့ ယောင်းမနဲ့ Ireneလက်ကို ရိုက်ချလိုက်သည်
"အား....ဟင်း တော်ပြီ ငါရေသွားချိုးတော့မယ် "
Ireneပြောပြီး သူမအခန်းထဲ ဝင်သွားတယ် Jennieကတော့ ရူးကြောင်ကြောင်ဖြစ်နေတဲ့ သူမ မန်နေဂျာကိုကြည့်ပြီး ခေါင်းခါကာ ထမင်းဆက်ကြော်လိုက်သည်
#TBC
#Zawgyi
"စားေကာင္းရဲ႕လားဟင္ "
Seulgi တစ္ေယာက္ ေန႕လည္စာကို အားပါတရစားေနတဲ့ Ireneကို ေမးလိုက္သည္။
Ireneမွာ ၿပဳံးၿပီး လက္မေထာင္ျပလိုက္သည္
"ဒီကိုေတာင္ ထပ္လာခ်င္တယ္ "
Irene ေျပာၿပီး အသားကို ဓားနဲ႕လွီးကာ ပါးစပ္ထဲ ထည့္လိုက္သည္ .
Seulgiမွာ Ireneကို ၾကည့္ရင္း မ်က္လုံးေလး ပိတ္သြားတဲ့အထိ ၿပဳံးေနသည္
ထို႔ေနာက္ သူမ ကင္မရာကို Seulgi အိတ္ထဲကေန ထုတ္လိုက္သည္
"Say Cheese "
Irene ပိုစ့္ေပးဖို႔ ျပင္ေနတုံးရွိေသး Seulgiမွာ ဓာတ္ပုံရိုက္ၿပီးသြားသည္
"Ahhhh ခ်စ္ဖို႔ေကာင္းလိုက္တာ "
Seulgi ကင္မရာက သူမရိုက္ထားတဲ့ ပုံေလးကို ၾကည့္ၿပီး ေရ႐ြတ္လိုက္သည္
Ireneကေတာ့ မ်က္ေမွာင္ၾကဳတ္ၿပီး
"ဘာပိုစ့္မွ မေပးရေသးတာကို ဘာခ်စ္စရာေကာင္းတာလည္း ဖ်က္ပစ္လိုက္ပါ "
"Nooooo မဖ်က္ဘူး သိမ္းထားမွာ ကိုယ္ ေျပာတာယုံ တကယ္ ခ်စ္ဖို႔ေကာင္းတယ္ "
Ireneလည္း Seulgiကို မနိုင္ဘူးဆိုတဲ့ ပုံစံနဲ႕ ေခါင္းခါျပကာ ေန႕လည္စာဆက္စားေနသည္
ထိုစဥ္ အထက္တန္းေက်ာင္းသူတစ္ခ်ိဳ႕က Seulgiဆီ ေလွ်ာက္လာၾကသည္
"Annyeong Miss Kang. ...Chaw တို႔က Miss Kangရဲ႕ ပရိတ္သတ္ေတြပါ "
"ဟုတ္ပါတယ္....chawတို႔ Miss Kangတို႔အသင္းအတြက္ စာေလးေတြ ေရးထားတာရွိတယ္ ယူပါေနာ္ "
ေက်ာင္းသူတစ္ေယာက္မွာ အေစခံတစ္ေယာက္လို ခါးၫႊတ္ၿပီး စာအိတ္ေတြကို Seulgiအား ေပးလိုက္သည္
"ၿပီးေတာ့ေလ Secret Leader နဲ႕ CEOကိုလည္း သူ႕အိုင္ဒီယာေတြကို chawတို႔ သေဘာက်တယ္လို႔ ေျပာေပးပါအုံး "
အရပ္ပုပုနဲ႕ ေကာင္မေလးက ေျပာေတာ့ Seulgi ေခါင္းညိတ္ျပသည္
"Sign လိုခ်င္လား ဓာတ္ပုံတြဲရိုက္ခ်င္လား "
"ဓာတ္ပုံ...."
Seulgi ေမးခြန္းကို ေက်ာင္းသူေတြမွာ တစ္ၿပိဳင္တည္းေျဖလိုက္ၾကသည္
Irene အကူအညီေၾကာင့္ ေကာင္မေလးေတြမွာ Seulgiနဲ႕ ဓာတ္ပုံရိုက္လိုက္ရလို႔ ေက်းဇူးတင္စကား ေျပာၿပီး ထြက္သြားၾကသည္
"ရွင္နဲ႕ ရွင့္အဖြဲ႕က ဆယ္ေက်ာ္သက္ေတြၾကား ေတာ္ေတာ္နာမည္ႀကီးတာဘဲ "
Ireneရဲ႕ စကားေၾကာင့္ Seulgi ရယ္လိုက္သည္
"ဟုတ္တယ္ အမ်ားစုက ကိုယ့္ကို အရင္သတိထားမွတ္မိၾကတာ ဘာလို႔ဆို ဒီေလာကထဲမဝင္ခင္ ကိုယ္အရင္က ေမာ္ဒယ္ ျဖစ္ဖူးတယ္ေလ .....အာ ေျပာရရင္ studio အေသးစားက ဓာတ္ပုံေမာ္ဒယ္ပါ "
Seulgi ေျပာရင္း အတိတ္ကို ျပန္သတိရသြားသည္
"ဟင္ ရွင္က Photo model ျဖစ္ခဲ့ဖူးတယ္ေပါ့ "
Irene မယုံနိုင္တဲ့ ေလသံနဲ႕ ေမးလိုက္သည္
Seulgi ေခါင္းညိတ္ၿပီး
"ဟုတ္တယ္ Jennieနဲ႕ ကိုယ္ အလုပ္ အတူလုပ္ဖူးတယ္ "
Seulgi စကားေၾကာင့္ Irene ပိုေတာင္ အံ့ၾသသြားတယ္
"ဟင္ Jennie က အဲ့အေၾကာင္းကို ေျပာလည္းမေျပာျပဘူး "
Seulgiမွာ Jennie နဲ႕ Jisoo အေၾကာင္းသိလား ေမးခ်င္ေပမယ့္ Irene ၾကည့္ရတာ ဘာမွမသိတဲ့ပုံစံ ျဖစ္ေနလို႔ မေမးဘဲ ေန႕လည္စာသာဆက္စားလိုက္သည္
"ေခါင္းေဆာင္ကို ၾကည့္ရတာ ဖိအားေတြမ်ားေနသလိုဘဲ "
Jinwoo coffeeခြက္ကို Jisoo စားပြဲခုံေပၚ တင္ၿပီး ေမးလိုက္သည္
Jisoo သက္ျပင္းခ်ၿပီး သူမဂုတ္ပိုးကို ႏွိပ္လိုက္သည္
Jennie comeback အတြက္ promotion ဆင္းဖို႔ company တစ္ခ်ိဳ႕နဲ႕ Jisoo ဆက္သြယ္ေနတာေလ
ဒါေပမယ့္ Jisoo ဖိအားမ်ားေနသလို ခံစားေနရတဲ့အေၾကာင္းအရင္းကေတာ့ Kang Seulgi ေက်းဇူးေတာ္ေတြေၾကာင့္ပါဘဲ.....
fangirl ေတြကို Jisoo ph noေပးလိုက္ျခင္းေၾကာင့္ Jisooမွာ အခု ဖုန္းလာရင္ကို မကိုင္ခ်င္ေတာ့ဘူးျဖစ္ေနသည္
"Kang Seulgiရဲ႕ fangirlေတြက Jennie ရဲ႕ comebackနဲ႕ Dramaကို promotion ဆင္းရတာထက္ ပိုပင္ပန္းတယ္ဟ .....ျဖစ္နိုင္ရင္ ဖုန္းနံပါတ္ေျပာင္းပစ္ခ်င္တာ...ဒါေပမယ့္ ဒီနံပါတ္ကိုဘဲ သိတဲ့ လုပ္ငန္းရွင္ေတြရွိေနလို႔ "
"ဒါမ်ား Blockလိုက္ေပါ့ ေခါင္းေဆာင္ရ "
Jinwoo ျပတင္းေပါက္အျပင္ဘက္ကို ၾကည့္ရင္း ေျပာလိုက္သည္
"Blockပါတယ္ရွင္ အဲ့ကေလးေတြက တျခားနံပါတ္ေတြနဲ႕ ထပ္ေခၚၾကတာ ဟူး ...သူ႕ဖုန္းနံပါတ္ မေပးဘဲ ငါ့ဖုန္းနံပါတ္ကို ေပးလို႔ ေတြ႕တဲ့အခါက် အဲ့ဝက္ဝံကို ထိုးပစ္အုံးမယ္ "
"Haha Seulgiကလည္း ခုနက ေခါင္းေဆာင္ကို ထိုးပစ္မယ္လို႔ ေျပာေနတာ အခုဘဲ ေပါက္ေပါက္ဆုပ္ေျပးဝယ္ရမယ္ထင္တယ္ ေခါင္းေဆာင္တို႔ခ်တာ ထိုင္ၾကည့္ဖို႔ "
Jinwoo ရယ္ၿပီး ေျပာလိုက္သည္
"ဟယ္ ငါက ဘာလုပ္မိလို႔ သူက ငါ့ကို ထိုးခ်င္ရတာလည္း "
Jinwoo စကားေၾကာင့္ Jisoo အံ့ၾသၿပီး ေမးလိုက္သည္
"မနက္က Ireneဆီ ဖုန္းဆက္ခဲ့တယ္မလား "
"အင္း ဆက္ခဲ့တယ္ေလ "
"အဲ့တာကို သူက သဝန္တိုေနတာ...သိတယ္မလား သူက Ireneကို သေဘာက်ေနတာေလ "
Jinwoo မ်က္ခုံးပင့္ျပၿပီး ေျပာေတာ့ Jisoo မ်က္ေမွာင္ၾကဳတ္ကာ
"Gosh. ...ငါကေတာ့ သူ႕ fangirlေတြေၾကာင့္ ဖိအားမ်ားေနခ်ိန္ သူကေတာ့ သာယာေနေလရဲ႕ "
"ေခါင္းေဆာင္လည္း သာယာခ်င္ရင္ Jennieဆီသြားၿပီး ဒုတိယအခြင့္အေရး ေပးပါလို႔ ေတာင္းဆိုလိုက္ေပါ့ .....ခ်ိန္းထားတာ ရွိလို႔ သြားလိုက္အုံးမယ္..... "
Jinwoo ေျပာၿပီး တံခါးဘက္သြားစဥ္ Lisaတစ္ေယာက္ တံခါးကိုေဆာင့္မကန္႐ုံတမယ္ ဖြင့္ၿပီး အေျပးအလႊား ႐ုံးခန္းထဲ ဝင္လာသည္
"Ash မိန္းကေလးပီသလိုက္တာ Lisaရ "
Jinwoo ေခါင္းခါၿပီး ေျပာလိုက္သည္
"Yah Lalisa နင္ ငါ့တံခါးကို ခ်ိဳးေနတာလား "
"ေခါင္းေဆာင္ Jennieရဲ႕ mv ရိုက္ကြင္းကို သြားမွျဖစ္မယ္ သြားကိုသြားရမယ္ "
Jisooရဲ႕ စားပြဲခုံကိုရိုက္ၿပီး Lisa ေျပာေတာ့ Jinwooကေတာ့ ေခါင္းခါရင္း အခန္းထဲက ထြက္သြားသည္
"ဟမ္ ဘာလို႔သြားရမွာလည္း ငါ Jenနဲ႕ မ်က္ႏွာခ်င္းမဆိုင္ရဲဘူး "
"ငါ သူ႕ကို ႐ုတ္တရက္ ကတိေပးမိလို႔ပါဟ "
"နင္က ဘာကတိေပးလိုက္လို႔လည္း "
"Mvရိုက္မယ့္ေန႕ နင္လာမယ္လို႔ သူ႕ကို ကတိေပးလိုက္တာ "
"ဘာ......"
Lisaရဲ႕ စကားေၾကာင့္ Lisaကို ပိတ္ရိုက္ခ်င္စိတ္ေတြကို Jisoo ထိန္းထားရသည္
"ငါ တကယ္ေျပာေနတာ ေနာက္တစ္ပတ္ Mvရိုက္ကြင္းကို နင္ သြားမွျဖစ္မယ္ ....Jennie က နင့္ကို ေတြ႕ခ်င္လို႔ စိတ္လႈပ္ရွားေနတာဟ ငါကတိလည္း မဖ်က္ရဲဘူး သူက ကတိမတည္ရင္ စိတ္တိုတတ္တာ နင္သိတာဘဲ "
"Humm. ..."
Jisoo မ်က္ႏွာေလး ညိုးသြားေသာေၾကာင့္ Lisa အားနာသြားတယ္
"Sorry ငါ ငါ မစဥ္းစားဘဲ ေျပာလိုက္မိတာ နင့္အတြက္ အခက္အခဲ ျဖစ္ေစလို႔....."
Lisa အားနာၿပီးေတာင္းပန္ေတာ့ Jisooေခါင္းခါၿပီး Lisa ပခုံးကို ပုတ္ကာ
"ေတာင္းပန္စရာမလိုပါဘူး Lisaရ နင့္အမွားမွ မဟုတ္တာ အလုပ္က အလုပ္ Personal case က Personal case ခြဲထားၿပီး professional က်က် အလုပ္ လုပ္ဖို႔ ငါေျပာဖူးတယ္ေလ...ဟူး တကယ္တမ္း professional မက်တာ ငါပါ Personal caseေၾကာင့္ ထြက္ေျပးေနမိတာ "
"Come on you can do it "
Jisooကို ဖက္ၿပီး Lisa ႏွစ္သိမ့္လိုက္သည္
"Yah Jennie Kim "
Irene တံခါးကိုေဆာင့္ဖြင့္ၿပီး အိမ္ထဲကို ေအာ္ဟစ္ကာ ဝင္လာသည္
"Wae "
Jennie ဂင္ခ်ီထမင္းေၾကာ္ရင္း ထူးလိုက္သည္
Irene မီးဖိုခန္းထဲ ဝင္လာၿပီး Jennieရဲ႕ ဖင္ကို ျဖန္းခနဲ ရိုက္လိုက္သည္
"What the fuck Bae Joohyun ငါ့ကို ဘာလို႔ရိုက္တာတုံး "
Jennie ရိုက္ခံရတဲ့ သူမဖင္ေလးကို ကိုင္ၿပီး Ireneကို ေမးလိုက္သည္
"Seulgiနဲ႕ နင္ အရင္က အလုပ္အတူလုပ္ဖူးတာကို ဘာလို႔ ငါမေျပာတာတုံး "
"နင္က ေမးလို႔လား မေမးဘဲ အား နာတယ္ဟ "
Ireneဆီက ထပ္ၿပီး ဖင္ရိုက္ခံရလို႔ Jennie ေအာ္လိုက္သည္
"ေနာက္တစ္ခါဆို နင္သိသမွ် Seulgiအေၾကာင္း ငါ့ကိုေျပာျပ ၾကားလား "
"အ႐ူး...."
Ireneမွာ Jennieဖင္ကို ထပ္ရိုက္မယ္လုပ္ေတာ့ Jennie သူမ လက္မွာ ကိုင္ထားတဲ့ ေယာင္းမနဲ႕ Ireneလက္ကို ရိုက္ခ်လိဳက္သည္
"အား....ဟင္း ေတာ္ၿပီ ငါေရသြားခ်ိဳးေတာ့မယ္ "
Ireneေျပာၿပီး သူမအခန္းထဲ ဝင္သြားတယ္ Jennieကေတာ့ ႐ူးေၾကာင္ေၾကာင္ျဖစ္ေနတဲ့ သူမ မန္ေနဂ်ာကိုၾကည့္ၿပီး ေခါင္းခါကာ ထမင္းဆက္ေၾကာ္လိုက္သည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co