Part 16
#Unicode
"Hello. ...Ireneလား Hyorinပါ...Jennieရဲ့ အမေ ....သမီးလေး ဘယ်မှာလည်းဆိုတာ သိချင်လို့ ဖုန်းဆက်လိုက်တာ သူ့ကို အရမ်းသတိရနေလို့ ပြီးတော့ အင်း.... ဒီတိုင်း.... ကြည့်ရတာ သူ အန်တီကို စိတ်ဆိုးနေတာထင်တယ် အန်တီဖုန်းဆက်တာကို မကိုင်ဘူး .....အင်း ဒါဆို သူ့ကို ပြောပေးပါလား ညကျ Dinner လာစားပါလား... ဟုတ်ပြီ "
Hyorin မှာ Ireneနဲ့ ဖုန်းပြောပြီးနောက် ဖုန်းကို စားပွဲခုံပေါ် တင်လိုက်သည်
"Madam မှာထားတဲ့ အော်ဒါတွေ ရပါပြီ "
စားပွဲထိုးမှာ Hyorin မှာထားတဲ့ ဟင်း ငါးပွဲကို စားပွဲခုံပေါ်တင်လိုက်သည်
"Gomawo "
စားပွဲထိုးကို ကျေးဇူးတင်စကားပြောပြီး Hyorin အားပါတရ စားလိုက်တယ်
မနေ့က ဖဲဝိုင်းမှာ နိုင်လာလို့ Hyorin လက်ထဲ ငွေတော်တော် ရွှင်နေတယ်လေ
စားသောက်ပြီးနောက် Hyorin ငွေရှင်းဖို့ သူမ အိတ်ကိုဖွင့်လိုက်သည်
အိတ်ထဲ ပိုက်ဆံအိတ်ကို ရှာပေမယ့် မတွေ့ပေ....
"ဟာ ပိုက်ဆံအိတ်က ဘယ်ရောက်သွားတာလည်း "
အိတ်ထဲ ပိုက်ဆံအိတ်ကို မတွေ့လို့ Hyorin စားပွဲခုံအောက်များ ပြုတ်ကျသွားလားဆိုပြီး ငုံ့ပြီး ကြည့်လိုက်သည်
"Excuse Me. ...Cardနဲ့ ရှင်းလို့ရလား "
Hyorin အနားက ဖြတ်သွားတဲ့ စားပွဲထိုးတစ်ယောက်ကို မေးလိုက်သည်
"မရဘူး ခင်ဗျာ့ ကျွန်တော်တို့ ဆိုင်က ငွေသားဘဲ လက်ခံတာပါ "
"ဒါဆို အမ ပိုက်ဆံအိတ် ပျောက်သွားလို့လေ အဲ့တာ အနားက ATM မှာ ငွေသွားထုတ်ချင်လို့ "
"ဒါဆို ဒီစားထားတာတွေ ဘယ်လိုလုပ်မလည်းဗျာ့ "
"အဲ့တာ ရှင်းဖို့ ငွေသွားထုတ်မလို့လေ....အမ ပိုက်ဆံအိတ်က ပျောက်သွားတယ်လို့..."
"ဒီလိုလုပ်ပါလား ရုံးခန်းကို လိုက်ခဲ့ပြီး ဆိုင်မန်နေဂျာနဲ့ ပြောကြည့်ပါလား Madam. ....ကျွန်တော်ကျ ဆုံးဖြတ်ပေးလို့ မရလို့ပါ.. Madam စားထားတာလည်း အများကြီးလေ မတော်လို့.....
"ဘာပြောတယ် နင်က ငါ့ကို မယုံတာလား ဒီမယ် ကောင်လေး နင် Jennieကို သိလား Jennie Kimလေ "
"ဟုတ် သိပါတယ်ဗျာ့"
"အေး ငါက သူ့အမေဘဲ "
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ဒါပေမယ့် Idol အမေ မကလို့ ဘာဖြစ်နေနေပါ ကျွန်တော်က ဆိုင်ရဲ့စည်းကမ်း ဖောက်လို့မရလို့ပါ "
"ရော့ ပိုက်ဆံ......ပြန်မအမ်းနဲ့...."
Hyorin ရင်းနှီးတဲ့ အမျိုးသားတစ်ယောက် အသံကြားလို့ လှည့်ကြည့်သောအခါ...ထိုအမျိူးသားက Hyorin လက်ကို ဆွဲပြီး ဆိုင်ထဲကနေ ထွက်လာသည်
"နေ့လည် တစ်နာရီမှာ photoshoot ရှိတယ် သုံးနာရီကျ Fan meeting ရှိတယ် ညနေ ခြောက်နာရီကျ Samsung အတွက် IG liveရှိတယ် ည ရှစ်နာရီကနေ ဆယ်နာရီထိက ဇာတ်ညွှန်းဖတ်ရမယ် "
Irene တစ်ယောက် Jennieရဲ့ schedule တွေကို ဖတ်ပြနေသည်
"Ash Schedule တွေကြည့်ရတာ ပင်ပန်းမယ့်ပုံဘဲ အားလုံးပြီးရင် စိတ် အပန်းဖြေဖို့ ကလပ်သွားရမယ် "
"No. ..ပင်ပန်းတယ်ဆို ဘာလို့ ကလပ်သွား သောက်စားကခုန်နေမှာလည်း အဲ့အစား နင့်အိမ်ပြန်သွား "
"ဟမ် နင့်အိမ်ပြန်သွားဆိုတာက "
"မနက်က Mrs. Kim ငါ့ဆီဖုန်းဆက်တယ် နင်နဲ့တွေ့ချင်လို့တဲ့ အဲ့တာကြောင့်....'
"ငါ့အမေကို နင် သဘောမကျဘူးထင်နေတာ "
"ငါလည်း သဘောမကျပါဘူး ဒါပေမယ့် သူက နင့်ကို သတိရ အဲ...နင့်ပိုက်ဆံကို သတိရနေတော့...သွားတွေ့လိုက်ပါ "
"အင်းပါ ဒါဆို အပြန်ကျ အိမ်လိုက်ပို့ပေးနော် "
"ကောင်းပြီ သွားစို့ အဖွဲ့သားတွေလည်း studio မှာ ရောက်နေလောက်ပြီ ..."
Ireneနဲ့ Jennieလည်း Dorm ကနေ ထွက်လာခဲ့သည်
"Good Afternoon guys. .."
Studioထဲကို ဝင်လာတဲ့ Ireneနဲ့ Jennieကို Mino နှုတ်ဆက်လိုက်သည်
"Photo shootအတွက် အဆင်သင့်ဖြစ်ပြီလား "
Minoမေးခွန်းကြောင့် Jennie ပြုံးပြီး ခေါင်းညိတ်လိုက်သည်
"အရမ်း စိတ်လှုပ်ရှားနေပြီ "
Jennieပြောပြီး studioရဲ့ အပြင်အဆင်ကို တစ်ချက်ကြည့်လိုက်သည်
Studio ထဲက ပြင်ဆင်ထားတဲ့ အဆောက်အဦးသေးသေးလေးနဲ့ အပြင်အဆင်တစ်ချို့ကို Jennie ရင်းနှီးနေသလို ခံစားရသည်
"Hello Jennie. ..Irene "
Jinwooရောက်လာပြီး Ireneတို့ကို နှုတ်ဆက်လိုက်သည်
"Hi. .."
Ireneတို့ တစ်ပြိုင်တည်း ပြန်နှုတ်ဆက်ကြသည်
"ဘယ်လိုလည်း အပြင်အဆင်ကို သဘောကျရဲ့လား "
"တော်တော် သပ်ရပ်ပြီး လှတယ် ဘယ်သူလုပ်တာလည်း "
Ireneမှာ လက်မထောင်ပြီး ပြောတော့
"Lisaနဲ့ Seulgiတို့ ideaလေ ..."
Jinwoo စကားကြောင့် Seulgiကို Jennie လှမ်းကြည့်လိုက်သည်
"Ahh ဒါကြောင့်မို့ ရင်းနှီးသလို ခံစားရတာကိုး "
"Jennie. ....Lisaက ဂျပန်ဧည့်သည်တစ်ယောက်ကို လေဆိပ်သွားကြိုနေရလို့ ဆယ်မိနစ်လောက် နောက်ကျမယ်တဲ့ အဲ့တာ အဝတ်အစား လဲပြီး ခဏနားနေနော် အဆင်သင့်ဖြစ်ရင် လာခေါ်မယ်..."
Lisaရဲ့ ကင်မရာကို အဝတ်နဲ့သုတ်ရင်း Seulgi ပြောလိုက်သည်
Jinwooကတော့ Jisooဆီက messageရလို့ Jisooရှိတဲ့ အခန်းဘက်သွားလိုက်သည်
"Exကို တွေ့ပြီးပြီလား "
Jisokရှိတဲ့ Private အခန်းထဲ ဝင်လာပြီး Jinwoo မေးလိုက်သည်
"ဒါပေါ့ ငါ မြင်ခဲ့ပြီးပြီ ဒါနဲ့ သူ studio အကြောင်း ဘာပြောသေးလည်း "
Jisoo photo shoot studioကို သူမ အရင်က studioပုံစံလေး ဖန်တီးထားလို့ Jennie များ သတိထားမိမလားဆိုပြီး သိချင်နေသည်
"မသိဘူးလေ ကြည့်ရတာ နှစ်တွေကြာပြီဆိုတော့ သူလည်း မေ့လောက်မှာပါ....
Jisoo မျက်နှာလေး ညိုးသွားတာကို Jinwoo သတိထားမိသည်......
Jisoo တစ်ယောက်တည်း နေချင်နေမယ်ထင်လို့ Jinwoo ရှောင်ထွက်လာသည်
"ငါ Seulgiတို့ကို သွားကြည့်လိုက်အုံးမယ် "
Jinwoo အခန်းအပြင်ဘက် ထွက်လာခဲ့ပြီး သက်ပြင်းရှည်ကြီး ချမိသည်
Jinwooရယ် Seulgi နဲ့ Lisa တို့မှာ Jennie တစ်ယောက် Jisooကို သတိရသွားဖို့ တတ်နိုင်သမျှ Jisoo Studio အဟောင်းနဲ့တူအောင် ဒီဇိုင်းဆွဲ ပြင်ဆင်ခဲ့ပေမယ့် Jennieက မမှတ်မိဘူးလို့ Jinwoo ထင်နေသည်
Jisoo စားပွဲခုံပေါ် မှောက်ပြီး ငိုလိုက်သည်
Jennieက သူမရဲ့ studio ဟောင်းလေးကို မမှတ်မိဘူးဆိုတာက Jisoo ရဲ့ အသည်းနှလုံးတစ်ခုလုံးကို စုတ်ဖြဲခံရသလို ခံစားရသည်
အဲ့ဒီ studioထဲမှာဘဲ သူမတို့ ပုံလေးတွေ အတူရိုက်ခဲ့တာ အဲ့studioထဲမှာဘဲ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းပြီး ဂရုစိုက်ခဲ့တာ....အမှတ်တရတွေ ပြည့်နေတဲ့ studioလေးကို Jennieက မေ့ပစ်လိုက်ပြီတဲ့လား
Jisoo စားပွဲအံဆွဲထဲက သော့လေးကို ထုတ်ယူလိုက်သည် ထိုသော့လေးကတော့ JJ Studioရဲ့ သော့လေးပါ
သူမတို့ လမ်းခွဲပြီးနောက် Jennieက Jisooနဲ့ပတ်သက်ဖူးသမျှ အရာအားလုံးကို ထုတ်ရောင်းခဲ့ပေမယ့် Jisooကတော့ မရောင်းရက်သည့်အပြင် Jennie ရောင်းခဲ့သမျှကိုတောင် တိတ်တဆိတ် လိုက်ဝယ်ခဲ့တယ်
Studio... အိမ်.....အမှတ်တရ ပစ္စည်းတွေနဲ့ အမှတ်တရ memories တွေကို နာကျင်နေရတောင် Jennieနဲ့ ပတ်သက်နေတာမို့ Jisoo ထာဝရ သိမ်းထားနေမိသည်
"Yah Kim Jisoo နင် ငိုနေပြန်ပြီလား "
Jisoo ငိုနေတဲ့ သူ့ကိုယ်သူ ပိတ်ရိုက်လိုက်သည်
"နင် သူနဲ့အလုပ်တွဲလုပ်ရမှာမို့ ဒီထက် ပိုသန်မာနေဖို့လိုတယ်....အခုလို ငိုနေတဲ့ မျက်နှာနဲ့ သူ့ကို ဘယ်လိုရင်ဆိုင်မလည်း နင်လုပ်နိုင်ပါတယ် Jisoo. ..."
Jisoo သူမကိုယ်သူမ အားပေးလိုက်သည်
#TBC
#Zawgyi
"Hello. ...Ireneလား Hyorinပါ...Jennieရဲ႕ အေမ ....သမီးေလး ဘယ္မွာလည္းဆိုတာ သိခ်င္လို႔ ဖုန္းဆက္လိုက္တာ သူ႕ကို အရမ္းသတိရေနလို႔ ၿပီးေတာ့ အင္း.... ဒီတိုင္း.... ၾကည့္ရတာ သူ အန္တီကို စိတ္ဆိုးေနတာထင္တယ္ အန္တီဖုန္းဆက္တာကို မကိုင္ဘူး .....အင္း ဒါဆို သူ႕ကို ေျပာေပးပါလား ညက် Dinner လာစားပါလား... ဟုတ္ၿပီ "
Hyorin မွာ Ireneနဲ႕ ဖုန္းေျပာၿပီးေနာက္ ဖုန္းကို စားပြဲခုံေပၚ တင္လိုက္သည္
"Madam မွာထားတဲ့ ေအာ္ဒါေတြ ရပါၿပီ "
စားပြဲထိုးမွာ Hyorin မွာထားတဲ့ ဟင္း ငါးပြဲကို စားပြဲခုံေပၚတင္လိုက္သည္
"Gomawo "
စားပြဲထိုးကို ေက်းဇူးတင္စကားေျပာၿပီး Hyorin အားပါတရ စားလိုက္တယ္
မေန႕က ဖဲဝိုင္းမွာ နိုင္လာလို႔ Hyorin လက္ထဲ ေငြေတာ္ေတာ္ ႐ႊင္ေနတယ္ေလ
စားေသာက္ၿပီးေနာက္ Hyorin ေငြရွင္းဖို႔ သူမ အိတ္ကိုဖြင့္လိုက္သည္
အိတ္ထဲ ပိုက္ဆံအိတ္ကို ရွာေပမယ့္ မေတြ႕ေပ....
"ဟာ ပိုက္ဆံအိတ္က ဘယ္ေရာက္သြားတာလည္း "
အိတ္ထဲ ပိုက္ဆံအိတ္ကို မေတြ႕လို႔ Hyorin စားပြဲခုံေအာက္မ်ား ျပဳတ္က်သြားလားဆိုၿပီး ငုံ႕ၿပီး ၾကည့္လိုက္သည္
"Excuse Me. ...Cardနဲ႕ ရွင္းလို႔ရလား "
Hyorin အနားက ျဖတ္သြားတဲ့ စားပြဲထိုးတစ္ေယာက္ကို ေမးလိုက္သည္
"မရဘူး ခင္ဗ်ာ့ ကြၽန္ေတာ္တို႔ ဆိုင္က ေငြသားဘဲ လက္ခံတာပါ "
"ဒါဆို အမ ပိုက္ဆံအိတ္ ေပ်ာက္သြားလို႔ေလ အဲ့တာ အနားက ATM မွာ ေငြသြားထုတ္ခ်င္လို႔ "
"ဒါဆို ဒီစားထားတာေတြ ဘယ္လိုလုပ္မလည္းဗ်ာ့ "
"အဲ့တာ ရွင္းဖို႔ ေငြသြားထုတ္မလို႔ေလ....အမ ပိုက္ဆံအိတ္က ေပ်ာက္သြားတယ္လို႔..."
"ဒီလိုလုပ္ပါလား ႐ုံးခန္းကို လိုက္ခဲ့ၿပီး ဆိုင္မန္ေနဂ်ာနဲ႕ ေျပာၾကည့္ပါလား Madam. ....ကြၽန္ေတာ္က် ဆုံးျဖတ္ေပးလို႔ မရလို႔ပါ.. Madam စားထားတာလည္း အမ်ားႀကီးေလ မေတာ္လို႔.....
"ဘာေျပာတယ္ နင္က ငါ့ကို မယုံတာလား ဒီမယ္ ေကာင္ေလး နင္ Jennieကို သိလား Jennie Kimေလ "
"ဟုတ္ သိပါတယ္ဗ်ာ့"
"ေအး ငါက သူ႕အေမဘဲ "
"ဟုတ္ကဲ့ ေတြ႕ရတာ ဝမ္းသာပါတယ္ ဒါေပမယ့္ Idol အေမ မကလို႔ ဘာျဖစ္ေနေနပါ ကြၽန္ေတာ္က ဆိုင္ရဲ႕စည္းကမ္း ေဖာက္လို႔မရလို႔ပါ "
"ေရာ့ ပိုက္ဆံ......ျပန္မအမ္းနဲ႕...."
Hyorin ရင္းႏွီးတဲ့ အမ်ိဳးသားတစ္ေယာက္ အသံၾကားလို႔ လွည့္ၾကည့္ေသာအခါ...ထိုအမ်ိဴးသားက Hyorin လက္ကို ဆြဲၿပီး ဆိုင္ထဲကေန ထြက္လာသည္
"ေန႕လည္ တစ္နာရီမွာ photoshoot ရွိတယ္ သုံးနာရီက် Fan meeting ရွိတယ္ ညေန ေျခာက္နာရီက် Samsung အတြက္ IG liveရွိတယ္ ည ရွစ္နာရီကေန ဆယ္နာရီထိက ဇာတ္ၫႊန္းဖတ္ရမယ္ "
Irene တစ္ေယာက္ Jennieရဲ႕ schedule ေတြကို ဖတ္ျပေနသည္
"Ash Schedule ေတြၾကည့္ရတာ ပင္ပန္းမယ့္ပုံဘဲ အားလုံးၿပီးရင္ စိတ္ အပန္းေျဖဖို႔ ကလပ္သြားရမယ္ "
"No. ..ပင္ပန္းတယ္ဆို ဘာလို႔ ကလပ္သြား ေသာက္စားကခုန္ေနမွာလည္း အဲ့အစား နင့္အိမ္ျပန္သြား "
"ဟမ္ နင့္အိမ္ျပန္သြားဆိုတာက "
"မနက္က Mrs. Kim ငါ့ဆီဖုန္းဆက္တယ္ နင္နဲ႕ေတြ႕ခ်င္လို႔တဲ့ အဲ့တာေၾကာင့္....'
"ငါ့အေမကို နင္ သေဘာမက်ဘဴးထင္ေနတာ "
"ငါလည္း သေဘာမက်ပါဘူး ဒါေပမယ့္ သူက နင့္ကို သတိရ အဲ...နင့္ပိုက္ဆံကို သတိရေနေတာ့...သြားေတြ႕လိုက္ပါ "
"အင္းပါ ဒါဆို အျပန္က် အိမ္လိုက္ပို႔ေပးေနာ္ "
"ေကာင္းၿပီ သြားစို႔ အဖြဲ႕သားေတြလည္း studio မွာ ေရာက္ေနေလာက္ၿပီ ..."
Ireneနဲ႕ Jennieလည္း Dorm ကေန ထြက္လာခဲ့သည္
"Good Afternoon guys. .."
Studioထဲကို ဝင္လာတဲ့ Ireneနဲ႕ Jennieကို Mino ႏႈတ္ဆက္လိုက္သည္
"Photo shootအတြက္ အဆင္သင့္ျဖစ္ၿပီလား "
Minoေမးခြန္းေၾကာင့္ Jennie ၿပဳံးၿပီး ေခါင္းညိတ္လိုက္သည္
"အရမ္း စိတ္လႈပ္ရွားေနၿပီ "
Jennieေျပာၿပီး studioရဲ႕ အျပင္အဆင္ကို တစ္ခ်က္ၾကည့္လိုက္သည္
Studio ထဲက ျပင္ဆင္ထားတဲ့ အေဆာက္အဦးေသးေသးေလးနဲ႕ အျပင္အဆင္တစ္ခ်ိဳ႕ကို Jennie ရင္းႏွီးေနသလို ခံစားရသည္
"Hello Jennie. ..Irene "
Jinwooေရာက္လာၿပီး Ireneတို႔ကို ႏႈတ္ဆက္လိုက္သည္
"Hi. .."
Ireneတို႔ တစ္ၿပိဳင္တည္း ျပန္ႏႈတ္ဆက္ၾကသည္
"ဘယ္လိုလည္း အျပင္အဆင္ကို သေဘာက်ရဲ႕လား "
"ေတာ္ေတာ္ သပ္ရပ္ၿပီး လွတယ္ ဘယ္သူလုပ္တာလည္း "
Ireneမွာ လက္မေထာင္ၿပီး ေျပာေတာ့
"Lisaနဲ႕ Seulgiတို႔ ideaေလ ..."
Jinwoo စကားေၾကာင့္ Seulgiကို Jennie လွမ္းၾကည့္လိုက္သည္
"Ahh ဒါေၾကာင့္မို႔ ရင္းႏွီးသလို ခံစားရတာကိုး "
"Jennie. ....Lisaက ဂ်ပန္ဧည့္သည္တစ္ေယာက္ကို ေလဆိပ္သြားႀကိဳေနရလို႔ ဆယ္မိနစ္ေလာက္ ေနာက္က်မယ္တဲ့ အဲ့တာ အဝတ္အစား လဲၿပီး ခဏနားေနေနာ္ အဆင္သင့္ျဖစ္ရင္ လာေခၚမယ္..."
Lisaရဲ႕ ကင္မရာကို အဝတ္နဲ႕သုတ္ရင္း Seulgi ေျပာလိုက္သည္
Jinwooကေတာ့ Jisooဆီက messageရလို႔ Jisooရွိတဲ့ အခန္းဘက္သြားလိုက္သည္
"Exကို ေတြ႕ၿပီးၿပီလား "
Jisokရွိတဲ့ Private အခန္းထဲ ဝင္လာၿပီး Jinwoo ေမးလိုက္သည္
"ဒါေပါ့ ငါ ျမင္ခဲ့ၿပီးၿပီ ဒါနဲ႕ သူ studio အေၾကာင္း ဘာေျပာေသးလည္း "
Jisoo photo shoot studioကို သူမ အရင္က studioပုံစံေလး ဖန္တီးထားလို႔ Jennie မ်ား သတိထားမိမလားဆိုၿပီး သိခ်င္ေနသည္
"မသိဘူးေလ ၾကည့္ရတာ ႏွစ္ေတြၾကာၿပီဆိုေတာ့ သူလည္း ေမ့ေလာက္မွာပါ....
Jisoo မ်က္ႏွာေလး ညိုးသြားတာကို Jinwoo သတိထားမိသည္......
Jisoo တစ္ေယာက္တည္း ေနခ်င္ေနမယ္ထင္လို႔ Jinwoo ေရွာင္ထြက္လာသည္
"ငါ Seulgiတို႔ကို သြားၾကည့္လိုက္အုံးမယ္ "
Jinwoo အခန္းအျပင္ဘက္ ထြက္လာခဲ့ၿပီး သက္ျပင္းရွည္ႀကီး ခ်မိသည္
Jinwooရယ္ Seulgi နဲ႕ Lisa တို႔မွာ Jennie တစ္ေယာက္ Jisooကို သတိရသြားဖို႔ တတ္နိုင္သမွ် Jisoo Studio အေဟာင္းနဲ႕တူေအာင္ ဒီဇိုင္းဆြဲ ျပင္ဆင္ခဲ့ေပမယ့္ Jennieက မမွတ္မိဘူးလို႔ Jinwoo ထင္ေနသည္
Jisoo စားပြဲခုံေပၚ ေမွာက္ၿပီး ငိုလိုက္သည္
Jennieက သူမရဲ႕ studio ေဟာင္းေလးကို မမွတ္မိဘူးဆိုတာက Jisoo ရဲ႕ အသည္းႏွလုံးတစ္ခုလုံးကို စုတ္ၿဖဲခံရသလို ခံစားရသည္
အဲ့ဒီ studioထဲမွာဘဲ သူမတို႔ ပုံေလးေတြ အတူရိုက္ခဲ့တာ အဲ့studioထဲမွာဘဲ တစ္ေယာက္ကိုတစ္ေယာက္ ေပြ႕ဖက္နမ္းၿပီး ဂ႐ုစိုက္ခဲ့တာ....အမွတ္တရေတြ ျပည့္ေနတဲ့ studioေလးကို Jennieက ေမ့ပစ္လိုက္ၿပီတဲ့လား
Jisoo စားပြဲအံဆြဲထဲက ေသာ့ေလးကို ထုတ္ယူလိုက္သည္ ထိုေသာ့ေလးကေတာ့ JJ Studioရဲ႕ ေသာ့ေလးပါ
သူမတို႔ လမ္းခြဲၿပီးေနာက္ Jennieက Jisooနဲ႕ပတ္သက္ဖူးသမွ် အရာအားလုံးကို ထုတ္ေရာင္းခဲ့ေပမယ့္ Jisooကေတာ့ မေရာင္းရက္သည့္အျပင္ Jennie ေရာင္းခဲ့သမွ်ကိုေတာင္ တိတ္တဆိတ္ လိုက္ဝယ္ခဲ့တယ္
Studio... အိမ္.....အမွတ္တရ ပစၥည္းေတြနဲ႕ အမွတ္တရ memories ေတြကို နာက်င္ေနရေတာင္ Jennieနဲ႕ ပတ္သက္ေနတာမို႔ Jisoo ထာဝရ သိမ္းထားေနမိသည္
"Yah Kim Jisoo နင္ ငိုေနျပန္ၿပီလား "
Jisoo ငိုေနတဲ့ သူ႕ကိုယ္သူ ပိတ္ရိုက္လိုက္သည္
"နင္ သူနဲ႕အလုပ္တြဲလုပ္ရမွာမို႔ ဒီထက္ ပိုသန္မာေနဖို႔လိုတယ္....အခုလို ငိုေနတဲ့ မ်က္ႏွာနဲ႕ သူ႕ကို ဘယ္လိုရင္ဆိုင္မလည္း နင္လုပ္နိုင္ပါတယ္ Jisoo. ..."
Jisoo သူမကိုယ္သူမ အားေပးလိုက္သည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co