Part 17
#Unicode
"အိမ်ပြန်ရောက်ပါပြီ "
Jennie သူမဖိနပ်ကို ချွတ်ပြီး ဖိနပ်စင်ပေါ် တင်ကာ သူမ အမေကို လှမ်းအသိပေးလိုက်သည်
ထို့နောက် အလုပ်ကနေ ပင်ပန်းလာလို့ Jennie ဧည့်ခန်းထဲက ဆိုဖာပေါ် ပစ်လှဲလိုက်သည်
"သမီး ကြည့်ရတာ ပင်ပန်းနေတဲ့ ပုံဘဲ"
Jennie မျက်လုံးမှိတ် အနားယူနေတုံး ရင်းနှီးတဲ့ အသံကြားလို့ မျက်လုံးဖွင့်ကြည့်သောအခါ
"Appa "
Jennie ဆိုဖာပေါ်က အမြန်ထပြီး သူမအဖေကို ပြေးဖက်လိုက်သည်
"အရမ်း သတိရနေတာ Appa "
"မတွေ့ရတာ နှစ်တွေအတော်ကြာရောပေါ့ "
Jennie အဖေမှာ သူ့သမီးရဲ့ ဆံပင်တွေကို သပ်ပေးရင်း ပြောလိုက်သည်
Jennie သားအဖ မိနစ်အနည်းငယ်ထိ ဖက်ထားနေစဥ် Hyorin က ညစာရပြီလို့ လှမ်းခေါ်သောကြောင့် ထမင်းစားခန်းသို့ သွားလိုက်ကြသည်
"Appaရော ဘယ်လိုအခြေအနေရှိလည်း အဆင်ပြေလား "
Jennie သူမအဖေ ဘေးနား ဝင်ထိုင်ရင်း မေးလိုက်သည်
Jennie တော်တော်လေး ပျော်နေတယ်လေ ဘာလို့လည်းဆို အကြာကြီးနေမှ သူမ အဖေနဲ့ ပြန်တွေ့ရတာကိုး
"ပြေပါတယ် အားလုံးအဆင်ပြေတယ် သမီး လေး"
Jennieရဲ့ အဖေမှာ သူ့သမီးကို ပြုံးပြပြီး ဖြေလိုက်သည်
"Appaအကြောင်းတွေ ပြောပြပါအုံး သိချင်လို့ "
Jennie ကလေးလေးတစ်ယောက်လို နှုတ်ခမ်းစူပြီး ပူဆာနေသည်
"ကောင်းပြီလေ Humm. .သမီး သိတယ်မလား Appa flim သင်တန်းတစ်ခုမှာ ဆရာလုပ်တာလေ ...."
"ဟုတ် သိတယ် "
"Appa ရဲ့ တပည့်တွေက အခု Flim နယ်ပယ်မှာ အောင်မြင်ပြီး Entertainment တောင် ထောင်ထားသေးတယ် ပြီးကျ Appaကိုလည်း ဥက္ကဌ အဖြစ် လာလုပ်ပေးပါလို့ တောင်းဆိုကြတာ "
Jennieနဲ့ Hyorinမှာ Mr. Kim ရဲ့ စကားကြောင့် အံ့သြသွားကြသည်
"ဒါဆို Appaက အခု ဥက္ကဋ္ဌပေါ့ ဟုတ်လား "
"ဒါပေါ့ "
"Taeyang. ..."
Taeyangမှာ အံ့သြနေတဲ့ သူ့မိန်းမ Hyorinကို ပြုံးပြီး ကြည့်လိုက်သည်
"ကိုယ် အမှန်ပြောနေတာ ..."
Taeyang သူ့ပိုက်ဆံအိတ်ထဲက business card ကိုထုတ်ကာ Hyorinကို ပြလိုက်သည်
"Oh my god ဘယ်ချိန်ကတည်းကလည်း Appa. .."
"ခြောက်နှစ်လောက် ရှိရောပေါ့ "
Jennie မှာ သူမအဖေအတွက် ဝမ်းသာလွန်းလို့ မျက်ရည်တောင်ဝဲလာသည်
Hyorinမှာ Taeyangပြောတဲ့ စကားတွေကြားပြီး လက်တွေတုန်လာလို့ လက်ထဲက တူနှစ်ချောင်းမှာ ပြုတ်ကျသွားတယ်
သူမ ငိုချင်လာပေမယ့် မျက်လုံးထဲကနေ မျက်ရည်ကျမလာပေ
"Excuse me. ..."
အမေဖြစ်သူမှာ သမီးဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူရဲ့ တုံ့ပြန်မှုမစောင့်ဘဲ ထမင်းစားပွဲကနေ ထထွက်သွားသည်
Taeyang မှာ သူ့မိန်းမနောက် လိုက်သွားချင်ပေမယ့် သူ့သမီးကိုလည်း တစ်ယောက်တည်း ပစ်မထားရက်ပေ
"Appa. ..Appa ရဲ့ တပည့်တွေနဲ့ Chawကို မိတ်ဆက်ပေးလေ "
Jennie. ကလေးတစ်ယောက်လို လက်ခုပ်တီးကာ ပြောသောကြောင့် Taeyang ရယ်လိုက်သည်
"သူတို့နဲ့ တွေ့ပြီးသားမဟုတ်ဘူးလား "
Taeyang သူ့သမီးရဲ့ခေါင်းလေးကို ပုတ်ပြီး ပြောလိုက်သည်
"Aigoo ငါ့သမီးလေးကို လွမ်းလိုက်တာ"
Taeyangမှာ သူ့သမီးကို ဖက်ပြီး ပြောလိုက်သည်
"Chawလည်း Appaကို အရမ်းလွမ်းတယ် "
"Appa တောင်းပန်ပါတယ် Jenလေး သမီး စိတ်ဓာတ်ကျနေချိန် အဆင်မပြေချိန်တွေမှာဘေးနားရှိမနေပေးခဲ့လို့.....Debutတုံးကလည်း လာမပေးနိုင်ခဲ့ဘူး.....သမီးကို တစ်ယောက်တည်း အခက်အခဲတွေကြား ပစ်ထားခဲ့မိတယ် Appaတကယ် တောင်းပန်ပါတယ် "
Taeyang ပြောရင်း ငိုတော့ Jennie စိတ်မကောင်း ဖြစ်သွားသည်
"မငိုပါနဲ့ Appaရယ် အခုလည်း အဆင်ပြေနေတာဘဲကို Appaက chawကို အမြဲ supportနေမယ်ဆိုတာ သိပြီးသား"
Jennie သူ့အဖေကို နှစ်သိမ့်လိုက်သည်
"Ommaနဲ့ စကားခဏသွားပြောလိုက်အုံးမယ်နော် Jenလေး "
"ဟုတ် Appa. .Fighting "
Jennie သူမ အဖေကို အားပေးလိုက်သည်
Taeyangလည်း ထမင်းစားခန်းကနေ ထွက်လာရော ဧည့်ခန်းမှာ ငုတ်တုတ်ထိုင်ပြီး ဖွင့်မထားတဲ့ Tvကို စိုက်ကြည့်နေတဲ့ Hyorinကို တွေ့ရလေသည်
Hyorin အနား Taeyang ဝင်ထိုင်လိုက်ပြီး
"Hyor. ..."
Taeyang စကားမဆုံးသေး Hyorinရဲ့ လက်ဝါးဟာ Taeyang ပါးပေါ်ရောက်လာသည်
"ရှင့် သမီးထက် ရှင့် Career ကို ရွေးချယ်သွားတာ မယုံနိုင်သေးဘူး "
"Hyorin. .."
"ကျွန်မကို သနားစရာလေးလို လာမကြည့်ပါနဲ့ ...."
"Chae... မင်းနဲ့ Jennie ကို ပစ်ထားခဲ့မိလို့ တောင်းပန်ပါတယ်..... ကိုယ် မင်းတို့အတွက် ကိုယ့် Carrer ကို ရွေးချယ်လိုက်တာပါ ကိုယ့်မှယ အလုပ်အကိုင် အတိအကျရှိရင် မင်းလိုချင်တာ အားလုံး ..."
"Taeyang. ..ရှင့်ကြောင့် ကျွန်မ ဘယ်လောက်ထိ ခံစားခဲ့ရလည်းသိလား Jennieက ရှင် ဘယ်မှာလည်းမေးတိုင်း ကျွန်မ ဘာဖြေရမှန်းမသိ ဖြစ်နေတာ ရှင်သိလား ပိုက်ဆံ ဟုတ်လား အဲ့ သောက်ပိုက်ဆံကို မလိုချင်ဘူး ကျွန်မတို့ လိုအပ်ခဲ့တာ ရှင်ပါ "
"အဟက် အပိုတွေ ပြောပြန်ပြီ မင်း ပိုက်ဆံမလိုဘူးဆို ဘာလို့ အခုထိ ကလေးကို ဒုက္ခပေးနေသေးလည်း.....တော်ပြီ ဒီမှာ ထပ်နေရင် မင်းနဲ့စကားများရလိမ့်မယ် ငါတို့ ရန်ဖြစ်တာကို ကလေး မမြင်စေချင်ဘူး ငါ သွားပြီ Jennieကို နှုတ်ဆက်တယ်လို့ ပြောပေး "
Taeyang သူ့ရဲ့ ကားသော့ကို ယူကာ ထွက်လာခဲ့သည်
"Sir သောက်တာများနေပြီ "
Mino သူ့ဆရာ လက်ထဲက အရက် ခွက်ကို ယူပြီး တားလိုက်သည်
"ငါ အဆင်ပြေပါသေးတယ် Mino. ..."
Mino လက်က အရက်ခွက်ကို Taeyang ပြန်လုလိုက်သည်
Taeyangတို့ အခု သူ့သူငယ်ချင်း ပိုင်တဲ့ Clubရဲ့ Private အခန်းတစ်ခန်းမှာ သောက်နေကြခြင်း ဖြစ်သည်
အဖွဲ့သားအားလုံးမှာ Taeyangက အရက်ခေါ်တိုက်လို့ အံ့သြနေကြသည်
"Sir ကြည့်ရတာ တစ်ခုခု ဖြစ်နေတာထင်တယ် ပြောပြလို့ရရင် မျိုသိပ်မထားဘဲ chaw တို့ကို ရင်ဖွင့်လိုက်ပါလား "
Seulgi vodka သောက်ရင်း ပြောလိုက်သည်
Taeyang သက်ပြင်းချပြီး အရက်ခွက်ကို စားပွဲခုံပေါ် တင်လိုက်သည်
"ငါ့မိန်းမနဲ့ ထပ်ပြီး ရန်ဖြစ်လာတာ "
Taeyangရဲ့ စကားကြောင့် Jisoo တို့ အားလုံး လန့်ပြီး အံ့သြသွားသည်
Lisaဆို အရက်တောင် သီးသွားသေးသည်
"Sirမှာ မိန်းမရှိတယ်ပေါ့"
Taeyang သူ့တပည့်တွေ reactionကို ကြည့်ပြီးရယ်လေသည် သူ့မိသားစုအကြောင်းကို မပြောပြရသေးဘူးလေ
"ဒါပေါ့ သမီးတစ်ယောက်တောင် ရှိသေးတယ် "
"What.... "
တစ်ဖွဲ့လုံး ပြိုင်တူအော်လိုက်ကြသည်
"Shuu. ...ငါ့ရဲ့အကြောင်း ပြောပြမယ် ငြိမ်ငြိမိလေးနားထောင် "
Taeyang စကားကြောင့် အားလုံးတိတ်ဆိတ်သွားသည်
"ငါနဲ့ ငါ့မိန်းမက တစ်ယောက်ကို တစ်ယောက် အရမ်း ချစ်ကြတာကွာ ဒါပေမယ့် သူ့မိဘတွေကတော့ ငါ့ကို သဘောမကျကြဘူး သူတို့က ချမ်းသာတယ်လေ အဲ့တုံးက ငါက သာမန် ဒါရိုက်တာ ပေါက်စလေးဘဲ ရှိသေးတော့ ငါ့မိသားစုကို မထောက်ပံ့နိုင်ဘူးလို့ ငါ့ကို သူတို့ အထင်သေးကြတယ်ကွာ ငါ ကြိုးစားပေမယ့် ငါ့မိန်းမက စိတ်မရှည်ဘူး သူ အလုပ်ထွက်လုပ်မယ် ငါက ကလေးထိန်းတဲ့ ဖြစ်သင့်လား ငါက အိမ်ထောင်ဦးစီးလေ အပြင်ထွက် ပိုက်ဆံရှာရမယ့်သူက ငါဖြစ်ရမှာလေ မိန်းမထဘီနား ခိုမစားချင်ဘူး အဲ့လိုနဲ့ ငါ့မိန်းမနဲ့ ငါ စကားအကြီးကျယ်များပါလေရော အဲ့မှာဘဲ ငါ့မိန်းမက သူနဲ့ သမီးလေးကို ရွေးမလား အလုပ်ကို ရွေးမလားလို့ မေးလာတယ် ငါဆိိုတဲ့ကောင်ကလည်း ယောက္ခမတွေကြားထဲ အနှိမ်မခံချင်လို့ အောင်မြင်တဲ့သူ ဖြစ်အောင် ကြိုးစားချင်တာ ငါ အဲ့လိုပြောပေမယ့် ငါ့မိန်းမက အဓိပ်ပါယျ တစ်မျိူး ပေါက်သွားပြီး ငါ အလုပ် သွားနေတုံး ကွာရှင်းစာချုပ်မှာ လကျမှတျထိုးပွိီး ကလေးကို ခေါ်ပြီး အိမ်ကထွက်သွားတယ် သူတို့ကို ငါလိုက်ရှာပါသေးတယ် ရှာမတွေ့ခဲ့ဘူး "
"အခုရော...."
"အင်း....အခု ငါ့သမီးက အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်နေပြီ ငါ့မိန်းမကတော့ သမီးရှာသမျှ ပိုက်ဆံတွေ ထိုင်ဖြုန်းနေလေရဲ့ အဲ့တာတွေ ငါမကြိုက်တာ သူက ပိုက်ဆံကို အားလုံးထက် ပိုသဘောကျတယ် ပိုက်ဆံက သူ့ကမ္ဘာဘဲ "
"Sirနဲ့ Jisooက အခြေအနေချင်းတူတာဘဲ "
Jinwoo စကားကြောင့် Taeyang အံ့သြသွားတယ်
"ဘာလို့လည်း"
Taeyang မှာ အံ့သြပြီး CEO jisooကို လှမ်းကြည့်တော့ Jisooမှာ ဟန်ဆောင်ပြုံးလိုက်သည်
"Jisoo မှာ ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးတယ် သူက သာမန် ဓာတ်ပုံဆရာ ဖြစ်လို့ ကောင်မလေးအမေက သဘောမတူဘူးလေ အဲ့တော့ Jisooကို ဖောက်ပြန်ပါတယ်ဆိုပြီး သူ့သမီးယုံအောင် ဇာတ်လမ်းထွင်တာ..Jisooရဲ့ ကောင်မလေးကလည်း သူ့အမေ ဇာတ်လမ်းကို ယုံသွားခဲ့တယ်လေ "
Mino ရှင်းပြလိုက်သည်
"လမ်းခွဲပြီးတာ ခြောက်နှစ်လောက် ရှိသွားပေမယ့် အရူးမ Jisoo ကတော့ ခုထိ ချစ်နေတုံး "
Seulgi မူးမူးနဲ့ပြောလိုက်သည်
"စိတ်မကောင်းစရာဘဲ ကောင်မလေးက ဘယ်သူလည်း.... "
"သူက နာမည်ကြီး အဆိုတော် Je. .."
Lisa ပြောမလို့ရှိသေး ဝန်ထမ်းတစ်ယောက်က အခန်းတံခါး လာခေါက်သည်
"Sir ခဏနေ မိုးလင်းတော့မှာမို့ ဆိုင်ပိတ်ပါတော့မယ် ...."
ဝန်ထမ်းစကားကြောင့် Taeyangတို့လည်း သောက်နေတဲ့အရက်တွေကို လက်စသတ်လိုက်ကြသည်
#TBC
ယောက္ခထီးနဲ့ ချွေးမနဲ့ကတော့ အခြေအနေ တူနေ ဟိဟိ😁
#Zawgyi
"အိမ်ပြန်ရောက်ပါပြီ "
"Appa "
"အရမ်း သတိရနေတာ Appa "
"ဟုတ် သိတယ် "
"ဒါပေါ့ "
"Taeyang. ..."
"ကိုယ် အမှန်ပြောနေတာ ..."
"Excuse me. ..."
"ဟုတ် Appa. .Fighting "
"Hyor. ..."
"Hyorin. .."
"Sir သောက်တာများနေပြီ "
"What.... "
"ငါနဲ့ ငါ့မိန်းမက တစ်ယောက်ကို တစ်ယောက် အရမ်း ချစ်ကြတာကွာ ဒါပေမယ့် သူ့မိဘတွေကတော့ ငါ့ကို သဘောမကျကြဘူး သူတို့က ချမ်းသာတယ်လေ အဲ့တုံးက ငါက သာမန် ဒါရိုက်တာ ပေါက်စလေးဘဲ ရှိသေးတော့ ငါ့မိသားစုကို မထောက်ပံ့နိုင်ဘူးလို့ ငါ့ကို သူတို့ အထင်သေးကြတယ်ကွာ ငါ ကြိုးစားပေမယ့် ငါ့မိန်းမက စိတ်မရှည်ဘူး သူ အလုပ်ထွက်လုပ်မယ် ငါက ကလေးထိန်းတဲ့ ဖြစ်သင့်လား ငါက အိမ်ထောင်ဦးစီးလေ အပြင်ထွက် ပိုက်ဆံရှာရမယ့်သူက ငါဖြစ်ရမှာလေ မိန်းမထဘီနား ခိုမစားချင်ဘူး အဲ့လိုနဲ့ ငါ့မိန်းမနဲ့ ငါ စကားအကြီးကျယ်များပါလေရော အဲ့မှာဘဲ ငါ့မိန်းမက သူနဲ့ သမီးလေးကို ရွေးမလား အလုပ်ကို ရွေးမလားလို့ မေးလာတယ် ငါဆိုတဲ့ကောင်ကလည်း ယောက္ခမတွေကြားထဲ အနှိမ်မခံချင်လို့ အောင်မြင်တဲ့သူ ဖြစ်အောင် ကြိုးစားချင်တာ ငါ အဲ့လိုပြောပေမယ့် ငါ့မိန်းမက အဓိပ်ပါယျ တစ်မျိုး ပေါက်သွားပြီး ငါ အလုပ် သွားနေတုံး ကွာရှင်းစာချုပ်မှာ လကျမှတျထိုးပွီး ကလေးကို ခေါ်ပြီး အိမ်ကထွက်သွားတယ် သူတို့ကို ငါလိုက်ရှာပါသေးတယ် ရှာမတွေ့ခဲ့ဘူး "
"အခုရော...."
"ဘာလို့လည်း"
Mino ရှင်းပြလိုက်သည်
#TBC
Bạn đang đọc truyện trên: Truyen3h.Co