Part 18
#Unicode
"Jennie ငါတို့ တကယ် တောင်းပန်ပါတယ် "
Lisa ဘယ်နှကြိမ်မှန်းမသိ Jennie ကို တောင်းပန်နေသည်
Idolကတော့ ရပါတယ်ဆိုပြီး ခေါင်းခါရင်း ပြုံးပြလိုက်သည်
"ရပါတယ် Lisaရ ငါ ဘာမှမဖြစ်ဘူး "
Lisaမှာတော့ သူမတို့ရဲ့ ဒုတိယမြောက်နေ့ photoshoot မှာ မိနစ်သုံးဆယ်နောက်ကျခဲ့လို့ professional မကျဘူးဆိုပြီး ရှက်နေသည်
"Jennie breakfast မစားရသေးဘူးမလား ငါတို့နဲ့ အတူ လာစားပါလား "
Seulgi မုန့်အိတ်ကို မြှောက်ပြရင်း Jennieကို လှမ်းခေါ်လိုက်သည်
Jennieလည်း ခေါင်းညိတ်ပြပြီး သူမရဲ့ မန်နေဂျာနဲ့အတူ Seulgiတို့ဆီ သွားလိုက်သည်
"မနေ့ညက သောက်တာများသွားလို့ မနက်ကျ မထနိုင်ဘဲ နောက်ကျသွားတာ အားနာလိုက်တာဗျာ "
Mino ကော်ဖီငှဲ့ရင်း တောင်းပန်လိုက်သည်
"Alarm ပေးဖို့ မေ့သွားတာ အဲ့တာကြောင့် ငါတို့ နောက်ကျမှ နိုးလာတာ "
Jinwoo မုန့်စားရင်း ထပ်ပြောသည်
"အမလေး ရပါတယ် ရှင် Jennieလည်း အတူတူဘဲ တစ်ခါတစ်ခါ ငါ့အလစ် Partyတွေ clubတွေ ခိုးသွားပြီး မူးရူးနေလို့ shooting နောက်ကျဖူးတာတွေ ရှိပါတယ်....Miss Yoo မသိလို့ တော်သေး မဟုတ်လို့ကတော့ ငါတို့ နှစ်ယောက် အပြစ်ပေးခံရမှာ...."
Irene ပေါင်မုန့်စားရင်း ပြောလိုက်သည်
Irene စကားကြောင့် Jennieမှာ ရှက်ပြီး ခေါင်းငုံ့ထားသည်
"အမလေး Jennieမက အရက်ဂျိုးဘဲ "
Seulgi စကားကြောင့် Ireneတို့ ရယ်လိုက်ကြသည်
"Yah ငါ့ကို စတာ ရပ်တော့ "
"ဟုတ်ပါပြီဗျာ ဒါနဲ့လေ ဘာလို့ အရက်နေ့တိုင်းသောက်ရတာလည်း Jennie ငါတို့ကို ပြောပြလို့ ရလား "
Jinwoo စကားကြောင့် Lisaနဲ့ Seulgi တို့ Jinwooကို လှမ်းကြည့်နေကြပေမယ့် Jinwooက မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်
Jennie နေ့တိုင်း အရက်သောက်ရတဲ့ အကြောင်းအရင်းက သူတို့ခေါင်းဆောင်ကြောင့်လားလို့ Jinwoo သိချင်နေသည်
Jinwooကို စိတ်ခံစားချက်မဲ့စွာနဲ့ Jennie ကြည့်လိုက်သည်
သူမရဲ့ အကြောင်းပြချက်ကို ပြောပြဖို့ Jennie တကယ် ခက်ခဲနေသည်
"ပြောပြဖို့ အဆင်မပြေရင် ရပါတယ် "
"အကြောင်းပြချက်မရှိပါဘူး ဒီတိုင်း ဘဝကို ပျော်ပျော်ဖြတ်သန်းချင်လို့ "
Jennie အမှန်တရားကို ဖုံးကွယ်ပြီး ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်
Jinwoo ခေါင်းညိတ်ပြီး သူ စိတ်ပျက်သွားတာ မပေါ်အောင် ဟန်ဆောင်ရယ်လိုက်သည်
Seulgiကတော့ ဒုတိယ အထပ်က အခန်းလေးကို မသိမသာလှမ်းကြည့်လိုက်သည်
ဘာလို့ဆို စားပွဲခုံအောက်မှာ Micသေးသေးလေး တပ်ထားလို့ Jennie ပြောသမျှ အခန်းထဲက Jisoo အကုန် ကြားနေရမှာလေ
"Mino ငါ Jisooကို သွားကြည့်အုံးမယ် "
Minoနားသို့ ကပ်ပြောပြီး Seulgi ထွက်လာခဲ့သည်
Seulgi ဒုတိယအထပ်က Jisooရှိတဲ့ အခန်းထဲ ဝင်လိုက်သောအခါ အရမ်းအံ့သြသွားတယ်
"Jisoo နင် အဆင်ပြေရဲ့လား "
Seulgiမေးပြီး Jisooဘေးနား ဝင်ထိုင်လိုက်သည်
Seulgiမှာ Jisooက ငိုပြီး ငိုင်နေမယ်လို့ တွေးထင်ပြီး စိတ်ပူနေသော်လည်း Seulgi အထင်နဲ့အမြင်လွဲသွားသည်
"ငါ အဆင်ပြေပါတယ်ဟ ကျေးဇူး "
Jisoo အတောက်ပဆုံးအပြုံးနဲ့ ပြုံးကာ ပြောလိုက်သည်
Jisooရဲ့ အပြုံးနောက်ကွယ်မှာ လေးလံတဲ့ စိတ်ခံစားချက် ရှိနေတယ်ဆိုတာ Seulgi သိသည်
Jisoo သူမရဲ့ ဝမ်းနည်းမှုတွေကို အပြုံးနဲ့ဖုံးကွယ်ထားမှန်းလည်း Seulgi သိသည်
"သရုပ်ဆောင်နေတာဆို ရပ်လိုက်ပါ Jisooရာ နင် ငိုချင်ရင် ငိုချပစ်လိုက် "
Seulgi ပြောပြီး Jisooရဲ့ ပခုံးကို ပုတ်လိုက်သည်
"ငါ ကိုင်တွယ်နိုင်ပါတယ် အခုကစပြီး ငါ့ကိုယ်ငါ ထိန်းချုပ်ထားမယ် "
"ဘာလို့လည်း "
Seulgi မျက်မှောင်ကြုတ်ကာ မေးလိုက်သည်
"ဘာလို့ရမှာလည်း နောက်တစ်ပတ်ကစပြီး Drama မပြီးမချင်း သူနဲ့အတူ အလုပ်တွဲလုပ်ရမှာလေ သူ့ကို မြင်ရင် အရင်အကြောင်းတွေ သတိရပြီး ငိုမိတာမျိုး မဖြစ်ချင်ဘူး ငါ့ခံစားချက်တွေကို ထိန်းချုပ်ထားနိုင်မှ ဖြစ်မယ် "
Jisoo အကြံဥာဏ်က အလုပ်အတွက် ကောင်းစေမယ်ဆိုတာ Seulgiသိပေမယ့် jisoo စိတ် အခြေအနေအတွက်တော့ တော်တော်ဆိုးစေတယ်ဆိုတာ Seulgi သိသည်
"Aww ဒါဆိုလည်း ငါအောက်ဆင်းပြီး အခြေအနေကြည့်လိုက်အုံးမယ် လိုအပ်တာရှိရင် ဖုန်းဆက်ခေါ်နော် "
"Jisoo ငိုနေတာလား "
Seulgiလည်း အောက်ဆင်းလာရော Minoနဲ့ Jinwooမှာ Seulgiဆီ လျှောက်လာပြီး မေးလိုက်သည်
"မငိုပါဘူး သူ့ခံစားချက်ကို အကောင်းဆုံးထိန်းချူပ်ထားတယ် "
Seulgiပြောပြီး ဓာတ်ပုံရိုက်နေတဲ့ Jennieနဲ့ Lisaတို့ကို လှမ်းကြည့်လိုက်သည်
"Jisooက ကြင်နာတတ်ပြီး ချစ်ဖို့ကောင်းတဲ့သူပါဟာ သူလိုလူမျိုးကို ဘာလို့ Jennieက အလွယ်တကူ လက်လွှတ် လမ်းခွဲလိုက်မှန်းမသိဘူး "
Jinwoo သက်ပြင်းချပြီး ပြောလိုက်သည်
"မင်းမှန်တယ် Jinwoo. ....အမှန်တိုင်းပြောရရင် Jennieက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးသူဘဲ
Jisooလို လူမျိုး သူထပ်ရှာလို့တောင်မရဘူး ...အခုကို ကြည့်ပါလား Jennie ပျော်ရွှင်မှုဘဲ သူဂရုစိုက်နေတာ "
Minoလည်း Jinwoo စကားကို ထောက်ခံလိုက်သည်
"Jennieသာ သူ့အမေစကားနားမထောင်ဘူးဆို အခုချိန် သူတို့ လက်ထပ်ပြီးပြီ "
Seulgi အတိတ်ကို ပြန်တွေးရင်း ပြောလိုက်သည်
Flashback
"Come on Seul ငါ့ရဲ့ Jendeukie အတွက် လက်စွပ်လေး ရွေးပေးပါအုံး "
Jisooမှာ လက်စွပ်ဆိုင်ထဲ Seulgiကို ဆွဲခေါ်လာသည်
"အေးပါ အေးပါ ငါ့ကိုလွှတ်ပါအုံး "
"Hi madam. ..ဘယ်လိုအမျိုးအစားလိုချင်ပါသလည်း "
အရောင်းဝန်ထမ်းမှာ Jisooတို့ကို နှုတ်ဆက်ပြီး မေးလိုက်သည်
"လက်ထပ်လက်စွပ်ကိုမှ လှပြီးရိုးရှင်းတာလေး ပြပေးပါ "
အရောင်းဝန်ထမ်းပြပေးတဲ့ လက်စွပ်လေးကွင်းထဲက အလှဆုံးကို Jisoo ရွေးပြီး လက်စွပ်အတွင်းထဲ JJ4Evaလို့ ထွင်းခိုင်းလေသည်
လက်စွပ်လေးကို ကြည့်ပြီး ကလေးတစ်ယောက်လို ပြုံးပျော်နေတဲ့ Jisoo ကို Seulgi ကြည့်ပြီး ရယ်နေမိသည်
End of Flashback
Jisoo လက်စွပ်ကို သူမတို့ ငါးနှစ်ပြည့် anniversary မှာ လက်ထပ်ခွင့်တောင်းတဲ့အခါ ပေးဖို့ ဆုံးဖြတ်ထားသည်
သို့သော်လည်း Jennie ကြောင့် သူမရဲ့ လက်ထပ်ခွင့်တောင်းမယ့် အခွင့်အရေး ပျောက်ကွယ်သွားသည်
ဂျပန်ကို သွားမပြိုင်ခင် Lisaနဲ့ Seulgiမှာ Jisooကို သူမက သစ္စာဖောက်မဟုတ်ကြောင်း မဖောက်ပြန်ခဲ့ကြောင်း ရှင်းမပြလို့ ဆူပေမယ့် Jisoo ပြောတဲ့ စကားကြောင့် Seulgi တို့ ငြိမ်ကျသွားခဲ့သည်
"ဘယ်ကကောင်မလေးနဲ့ စွပ်စွဲနေမှန်း ငါမသိဘူးလေ ငါရှင်းပြလည်း သူက သူ့အမေပြောတဲ့စကားတွေ ပုံတွေ ပြပြီး လက်ခံမှာ မဟုတ်ဘူး ငါ ဒူးထောက်တောင်းပန်တောင် သူက လက်ခံမှာမဟုတ်ဘူးဟ ဘာလို့ဆို သူ့စိတ်တွေက သူ့အမေ အဆိပ်ခတ်တာ ခံလိုက်ရပြီလေ..."
#TBC
နောက်တစ်ပိုင်းဆို CEOနဲ့ Idol တွေ့တော့မယ်နော် 😎
#zawgyi
"Jennie ငါတို႔ တကယ္ ေတာင္းပန္ပါတယ္ "
Lisa ဘယ္ႏွႀကိမ္မွန္းမသိ Jennie ကို ေတာင္းပန္ေနသည္
Idolကေတာ့ ရပါတယ္ဆိုၿပီး ေခါင္းခါရင္း ၿပဳံးျပလိုက္သည္
"ရပါတယ္ Lisaရ ငါ ဘာမွမျဖစ္ဘူး "
Lisaမွာေတာ့ သူမတို႔ရဲ႕ ဒုတိယေျမာက္ေန႕ photoshoot မွာ မိနစ္သုံးဆယ္ေနာက္က်ခဲ့လို႔ professional မက်ဘဴးဆိုၿပီး ရွက္ေနသည္
"Jennie breakfast မစားရေသးဘူးမလား ငါတို႔နဲ႕ အတူ လာစားပါလား "
Seulgi မုန့္အိတ္ကို ျမႇောက္ျပရင္း Jennieကို လွမ္းေခၚလိုက္သည္
Jennieလည္း ေခါင္းညိတ္ျပၿပီး သူမရဲ႕ မန္ေနဂ်ာနဲ႕အတူ Seulgiတို႔ဆီ သြားလိုက္သည္
"မေန႕ညက ေသာက္တာမ်ားသြားလို႔ မနက္က် မထနိုင္ဘဲ ေနာက္က်သြားတာ အားနာလိုက္တာဗ်ာ "
Mino ေကာ္ဖီငွဲ႕ရင္း ေတာင္းပန္လိုက္သည္
"Alarm ေပးဖို႔ ေမ့သြားတာ အဲ့တာေၾကာင့္ ငါတို႔ ေနာက္က်မွ နိုးလာတာ "
Jinwoo မုန့္စားရင္း ထပ္ေျပာသည္
"အမေလး ရပါတယ္ ရွင္ Jennieလည္း အတူတူဘဲ တစ္ခါတစ္ခါ ငါ့အလစ္ Partyေတြ clubေတြ ခိုးသြားၿပီး မူး႐ူးေနလို႔ shooting ေနာက္က်ဖဴးတာေတြ ရွိပါတယ္....Miss Yoo မသိလို႔ ေတာ္ေသး မဟုတ္လို႔ကေတာ့ ငါတို႔ ႏွစ္ေယာက္ အျပစ္ေပးခံရမွာ...."
Irene ေပါင္မုန့္စားရင္း ေျပာလိုက္သည္
Irene စကားေၾကာင့္ Jennieမွာ ရွက္ၿပီး ေခါင္းငုံ႕ထားသည္
"အမေလး Jennieမက အရက္ဂ်ိဳးဘဲ "
Seulgi စကားေၾကာင့္ Ireneတို႔ ရယ္လိုက္ၾကသည္
"Yah ငါ့ကို စတာ ရပ္ေတာ့ "
"ဟုတ္ပါၿပီဗ်ာ ဒါနဲ႕ေလ ဘာလို႔ အရက္ေန႕တိုင္းေသာက္ရတာလည္း Jennie ငါတို႔ကို ေျပာျပလို႔ ရလား "
Jinwoo စကားေၾကာင့္ Lisaနဲ႕ Seulgi တို႔ Jinwooကို လွမ္းၾကည့္ေနၾကေပမယ့္ Jinwooက မသိခ်င္ေယာင္ေဆာင္ကာ ေမးလိုက္သည္
Jennie ေန႕တိုင္း အရက္ေသာက္ရတဲ့ အေၾကာင္းအရင္းက သူတို႔ေခါင္းေဆာင္ေၾကာင့္လားလို႔ Jinwoo သိခ်င္ေနသည္
Jinwooကို စိတ္ခံစားခ်က္မဲ့စြာနဲ႕ Jennie ၾကည့္လိုက္သည္
သူမရဲ႕ အေၾကာင္းျပခ်က္ကို ေျပာျပဖို႔ Jennie တကယ္ ခက္ခဲေနသည္
"ေျပာျပဖို႔ အဆင္မေျပရင္ ရပါတယ္ "
"အေၾကာင္းျပခ်က္မရွိပါဘူး ဒီတိုင္း ဘဝကို ေပ်ာ္ေပ်ာ္ျဖတ္သန္းခ်င္လို႔ "
Jennie အမွန္တရားကို ဖုံးကြယ္ၿပီး ဟန္ေဆာင္ၿပဳံးကာ ေျပာလိုက္သည္
Jinwoo ေခါင္းညိတ္ၿပီး သူ စိတ္ပ်က္သြားတာ မေပၚေအာင္ ဟန္ေဆာင္ရယ္လိုက္သည္
Seulgiကေတာ့ ဒုတိယ အထပ္က အခန္းေလးကို မသိမသာလွမ္းၾကည့္လိုက္သည္
ဘာလို႔ဆို စားပြဲခုံေအာက္မွာ Micေသးေသးေလး တပ္ထားလို႔ Jennie ေျပာသမွ် အခန္းထဲက Jisoo အကုန္ ၾကားေနရမွာေလ
"Mino ငါ Jisooကို သြားၾကည့္အုံးမယ္ "
Minoနားသို႔ ကပ္ေျပာၿပီး Seulgi ထြက္လာခဲ့သည္
Seulgi ဒုတိယအထပ္က Jisooရွိတဲ့ အခန္းထဲ ဝင္လိုက္ေသာအခါ အရမ္းအံ့ၾသသြားတယ္
"Jisoo နင္ အဆင္ေျပရဲ႕လား "
Seulgiေမးၿပီး Jisooေဘးနား ဝင္ထိုင္လိုက္သည္
Seulgiမွာ Jisooက ငိုၿပီး ငိုင္ေနမယ္လို႔ ေတြးထင္ၿပီး စိတ္ပူေနေသာ္လည္း Seulgi အထင္နဲ႕အျမင္လြဲသြားသည္
"ငါ အဆင္ေျပပါတယ္ဟ ေက်းဇူး "
Jisoo အေတာက္ပဆုံးအၿပဳံးနဲ႕ ၿပဳံးကာ ေျပာလိုက္သည္
Jisooရဲ႕ အၿပဳံးေနာက္ကြယ္မွာ ေလးလံတဲ့ စိတ္ခံစားခ်က္ ရွိေနတယ္ဆိုတာ Seulgi သိသည္
Jisoo သူမရဲ႕ ဝမ္းနည္းမႈေတြကို အၿပဳံးနဲ႕ဖုံးကြယ္ထားမွန္းလည္း Seulgi သိသည္
"သ႐ုပ္ေဆာင္ေနတာဆို ရပ္လိုက္ပါ Jisooရာ နင္ ငိုခ်င္ရင္ ငိုခ်ပစ္လိုက္ "
Seulgi ေျပာၿပီး Jisooရဲ႕ ပခုံးကို ပုတ္လိုက္သည္
"ငါ ကိုင္တြယ္နိုင္ပါတယ္ အခုကစၿပီး ငါ့ကိုယ္ငါ ထိန္းခ်ဳပ္ထားမယ္ "
"ဘာလို႔လည္း "
Seulgi မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္
"ဘာလို႔ရမွာလည္း ေနာက္တစ္ပတ္ကစၿပီး Drama မၿပီးမခ်င္း သူနဲ႕အတူ အလုပ္တြဲလုပ္ရမွာေလ သူ႕ကို ျမင္ရင္ အရင္အေၾကာင္းေတြ သတိရၿပီး ငိုမိတာမ်ိဳး မျဖစ္ခ်င္ဘူး ငါ့ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ထားနိုင္မွ ျဖစ္မယ္ "
Jisoo အႀကံဥာဏ္က အလုပ္အတြက္ ေကာင္းေစမယ္ဆိုတာ Seulgiသိေပမယ့္ jisoo စိတ္ အေျခအေနအတြက္ေတာ့ ေတာ္ေတာ္ဆိုးေစတယ္ဆိုတာ Seulgi သိသည္
"Aww ဒါဆိုလည္း ငါေအာက္ဆင္းၿပီး အေျခအေနၾကည့္လိုက္အုံးမယ္ လိုအပ္တာရွိရင္ ဖုန္းဆက္ေခၚေနာ္ "
"Jisoo ငိုေနတာလား "
Seulgiလည္း ေအာက္ဆင္းလာေရာ Minoနဲ႕ Jinwooမွာ Seulgiဆီ ေလွ်ာက္လာၿပီး ေမးလိုက္သည္
"မငိုပါဘူး သူ႕ခံစားခ်က္ကို အေကာင္းဆုံးထိန္းခ်ဴပ္ထားတယ္ "
Seulgiေျပာၿပီး ဓာတ္ပုံရိုက္ေနတဲ့ Jennieနဲ႕ Lisaတို႔ကို လွမ္းၾကည့္လိုက္သည္
"Jisooက ၾကင္နာတတ္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့သူပါဟာ သူလိုလူမ်ိဳးကို ဘာလို႔ Jennieက အလြယ္တကူ လက္လႊတ္ လမ္းခြဲလိုက္မွန္းမသိဘူး "
Jinwoo သက္ျပင္းခ်ၿပီး ေျပာလိုက္သည္
"မင္းမွန္တယ္ Jinwoo. ....အမွန္တိုင္းေျပာရရင္ Jennieက ကမၻာေပၚမွာ ကံအေကာင္းဆုံးသူဘဲ
Jisooလို လူမ်ိဳး သူထပ္ရွာလို႔ေတာင္မရဘူး ...အခုကို ၾကည့္ပါလား Jennie ေပ်ာ္႐ႊင္မႈဘဲ သူဂ႐ုစိုက္ေနတာ "
Minoလည္း Jinwoo စကားကို ေထာက္ခံလိုက္သည္
"Jennieသာ သူ႕အေမစကားနားမေထာင္ဘူးဆို အခုခ်ိန္ သူတို႔ လက္ထပ္ၿပီးၿပီ "
Seulgi အတိတ္ကို ျပန္ေတြးရင္း ေျပာလိုက္သည္
Flashback
"Come on Seul ငါ့ရဲ႕ Jendeukie အတြက္ လက္စြပ္ေလး ေ႐ြးေပးပါအုံး "
Jisooမွာ လက္စြပ္ဆိုင္ထဲ Seulgiကို ဆြဲေခၚလာသည္
"ေအးပါ ေအးပါ ငါ့ကိုလႊတ္ပါအုံး "
"Hi madam. ..ဘယ္လိုအမ်ိဳးအစားလိုခ်င္ပါသလည္း "
အေရာင္းဝန္ထမ္းမွာ Jisooတို႔ကို ႏႈတ္ဆက္ၿပီး ေမးလိုက္သည္
"လက္ထပ္လက္စြပ္ကိုမွ လွၿပီးရိုးရွင္းတာေလး ျပေပးပါ "
အေရာင္းဝန္ထမ္းျပေပးတဲ့ လက္စြပ္ေလးကြင္းထဲက အလွဆုံးကို Jisoo ေ႐ြးၿပီး လက္စြပ္အတြင္းထဲ JJ4Evaလို႔ ထြင္းခိုင္းေလသည္
လက္စြပ္ေလးကို ၾကည့္ၿပီး ကေလးတစ္ေယာက္လို ၿပဳံးေပ်ာ္ေနတဲ့ Jisoo ကို Seulgi ၾကည့္ၿပီး ရယ္ေနမိသည္
End of Flashback
Jisoo လက္စြပ္ကို သူမတို႔ ငါးႏွစ္ျပည့္ anniversary မွာ လက္ထပ္ခြင့္ေတာင္းတဲ့အခါ ေပးဖို႔ ဆုံးျဖတ္ထားသည္
သို႔ေသာ္လည္း Jennie ေၾကာင့္ သူမရဲ႕ လက္ထပ္ခြင့္ေတာင္းမယ့္ အခြင့္အေရး ေပ်ာက္ကြယ္သြားသည္
ဂ်ပန္ကို သြားမၿပိဳင္ခင္ Lisaနဲ႕ Seulgiမွာ Jisooကို သူမက သစၥာေဖာက္မဟုတ္ေၾကာင္း မေဖာက္ျပန္ခဲ့ေၾကာင္း ရွင္းမျပလို႔ ဆူေပမယ့္ Jisoo ေျပာတဲ့ စကားေၾကာင့္ Seulgi တို႔ ၿငိမ္က်သြားခဲ့သည္
"ဘယ္ကေကာင္မေလးနဲ႕ စြပ္စြဲေနမွန္း ငါမသိဘူးေလ ငါရွင္းျပလည္း သူက သူ႕အေမေျပာတဲ့စကားေတြ ပုံေတြ ျပၿပီး လက္ခံမွာ မဟုတ္ဘူး ငါ ဒူးေထာက္ေတာင္းပန္ေတာင္ သူက လက္ခံမွာမဟုတ္ဘူးဟ ဘာလို႔ဆို သူ႕စိတ္ေတြက သူ႕အေမ အဆိပ္ခတ္တာ ခံလိုက္ရၿပီေလ..."
#TBC
ေနာက္တစ္ပိုင္းဆို CEOနဲ႕ Idol ေတြ႕ေတာ့မယ္ေနာ္ 😎
Bạn đang đọc truyện trên: Truyen3h.Co