Truyen3h.Co

Hurt

Part 3

KimFany059

#Unicode

Jensooတို့ နှစ်ယောက် လမ်းခွဲခဲ့တာ နှစ်လပြည့်သွားပြီ....

နှစ်ယောက်လုံးက သူတို့ career အလုပ်အကိုင်ပေါ်သာ အာရုံ စိုက်နေကြသည်

အထူးသဖြင့် Jennie ...သူမရဲ့ talent နဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် သူမ training ဆင်းနေတဲ့ agencyမှ သူမကို debut လုပ်ပေးဖို့ စီစဥ်နေကြသည်

Jisooကရော.....Jisooကလည်း သူမရဲ့ ဓာတ်ပုံရိုက်တဲ့ skillပိုမို ကျွမ်းကျင်လာပေမယ့် သူမ စိတ်ထဲမှာတော့ ဗလာဖြစ်နေသည် .....သူမ Jennie ကို တော်တော်လေး သတိရနေသည်

တစ်ခါကဆို အလုပ်ကနေ အိမ်ပြန်ရောက်ရောက်ချင်း Jennie နာမည်ကို အော်ခေါ်မိသေးသည်..... တုံ့ပြန်မှုမကြားမှ သူမတို့ လမ်းခွဲခဲ့တာကို သတိရသွားပြီး ငိုင်ကျသွားခဲ့သေးသည်

"Kim Jisoo "

Jisoo သူမရဲ့ ဆရာ့အသံကြောင့် တွေဝေနေရာက ရပ်ပြီး ဦးညွှတ်လိုက်သည်

"Nae Sir Youngbae "

Jisoo လမ်းခွဲခဲ့ပြီးနောက် သူမ သူငယ်ချင်း Lisaနဲ့ Seulgi တို့နဲ့အတူ ရိုက်ကူးရေးသင်တန်းသို့ တက်ရောက်ခဲ့သည်

"မင်းအတွက် သတင်းကောင်းပါတယ် Jisoo "

"ဟုတ် "

"အရင်ဆုံး ဆရာတို့ သင်တန်းကို ကိုယ်စားပြုမယ့် အဖွဲ့တစ်ခုလိုတယ် ...နောက်တစ်ပတ် ဂျပန်က ပြိုင်ပွဲမှာ သွားရောက်ယှဥ်ပြိုင်ဖို့ ဆရာတွေအားလုံးက Jisooတို့ကို ရွေးချယ်လိုက်တယ် "

"တ တကယ်ပြောတာလား Sir "

Jisooမှာ ဆရာအားလုံးက သူမတို့ကို ယုံကြည်လို့ အရမ်းပျော်သွားတယ်

"ဒါပေါ့ ဒါပေမယ့် ဂျပန်က ဒိုင်တွေက တစ်ဖွဲ့ကို လူ ငါးယောက်လိုတယ်လို့ ပြောတယ် အဲ့တာကြောင့် Jisoo Seulgi Lisa အပြင် ဆရာတို့ Minoနဲ့ Jinwooကိုပါ မင်းတို့အသင်းထဲ ထပ်ထည့်လိုက်မယ် သူတို့နှစ်ယောက်က မင်းတို့အဖွဲ့ရဲ့ သီချင်းနဲ့ video ပြုလုပ်သူတွေပေါ့ "

"အာ သူတို့က Class Cကမလား...တော်တော်ဆူတယ်နော် သူတို့နှစ်ယောက်က "

"သူတို့က ဆူပေမယ့် တကယ် အလုပ်ကြိုးစားပြီး အရည်အချင်းရှိလို့ ဆရာ မင်းတို့ အဖွဲ့ထဲ ထည့်လိုက်တာ .....Jisoo please..... ဆရာတို့ သင်တန်းအတွက် နံပါတ်တစ်ရအောင် လုပ်ပေးပါ....နော် ပြီးတော့ ပြောရအုံးမယ် ပထမရတဲ့ အဖွဲ့က ဒေါ်လာ 200000 ရမှာ ....နိုင်ငံအသီးသီးက လူတွေသွားပြိုင်ကြမှာမို့ Jisoo မင်းတို့ကို ဆရာအားလုံးက အားကိုးပါတယ် "

Youngbaeရဲ့ စကားကြောင့် Jisoo ဒူးတွေတုန်လာသည်

"ကဲ ခဏနေကြ Cအတန်းက Minoတို့ မင်းတို့အဖွဲ့ဆီ လာလိမ့်မယ် "

"Nae "

Minoတို့ ရောက်လာပြီး အချင်းချင်း မိတ်ဆက်ပြီးနောက် Jisoo meeting စခေါ်လေသည်

"ဂျပန်ကို သင်တန်းအတွက် ကိုယ်စားပြု သွားပြိုင်ရမယ့်အဖွဲ့အတွက် ငါတို့အဖွဲ့ ရွေးချယ် ခံရတယ် ပထမရတဲ့ အဖွဲ့က ဒေါ်လာ ၂၀၀၀၀၀ ရမယ်တဲ့ "

Jisooရဲ့ စကားကြောင့် ကျန်တဲ့သူတွေမှာ အံ့သြပြီး ပျော်သွားကြသည်

"Yeah လိုချင်တာတွေ ဝယ်ရမယ်ကွ ဘာဝယ်ရင်ကောင်းမလည်း "

Mino သူလိုချင်တာတွေ ဝယ်ဖို့ စဥ်းစားနေသည်

"ပိုက်ဆံတွေက အများကြီးကွ အသုံးမလိုတဲ့အရာတွေအတွက် ဖြုန်းစရာမလိုဘူး ငထုံရဲ့ "

Minoရဲ့ ခေါင်းကို ရိုက်ပြီး Jinwoo ဟောက်လိုက်သည်

"Jinwoo ပြောတာ ထောက်ခံတယ်"

Jinwooရဲ့ စကားကို Lisa ထောက်ခံလိုက်သည်

Jisooကတော့ ထိုင်ခုံမှာ ထိုင်ပြီး မျက်လုံးမှိတ်ကာ ဆုကြေးငွေရရင် ဘာလုပ်ရမလည်းဆိုပြီး စဥ်းစားနေသည်

"Idea ရပြီ "

Seulgi စကားကြောင့် တစ်ဖွဲ့လုံး Seulgiကို လှမ်းကြည့်ကြသည်

"ပြောကြည့် "

Jinwoo မျက်ခုံးပင့်ပြီး Seulgiကို ပြောလိုက်သည်

"ဆုကြေးငွေတစ်ဝက်ကို companyထောင်ဖို့အတွက် သုံးရအောင်လေ "

"ဒါဆို ဒေါ်လာ ၁၀၀၀၀၀ကို companyထောင်ဖို့အတွက် သုံးချင်တာလား Seul "

Jisooမေးတော့ Seulgi ခေါင်းညိတ်ပြသည်

"ငါတို့ ငါးယောက် အဲ့ companyကို အတူ management လုပ်မယ်လေ အဲ့ကရမယ့် incomeတွေလည်း ရှိလာအုံးမှာဘဲ ကျန်တဲ့ဆုဝေတဝက်ကို ခွဲယူကြတာ မကောင်းဘူးလား "

Seulgi အကြံကို Lisaတို့ပါ ထောက်ခံကြသည်

"Seulgi အကြံကို ထောက်ခံပါတယ် "

"Yeah. ...."

အားလုံး လက်ခုပ်တီးပြီး ထအော်ကြသည်

.......

"Hey guys ....ကျွန်တော်တို့ အခု Japan ကို ရောက်နေပါတယ်ဗျာ့ ....သူတို့ကတော့ ကျွန်တော့်ရဲ့ ပါတနာတွေပေါ့ဗျာ "

Mino ကင်မရာကိုင်ပြီး သူ့ အဖွဲ့သားတွေကို video ရိုက်နေသည်

Lisa Seulgiနဲ့ Jinwooမှာ ကင်မရာကို လက်ပြနှုတ်ဆက်လိုက်သည်

"ကျွန်တော်တို့ ခေါင်းဆောင် Jisooကတော့ ဒီမှာ မရှိဘူးဗျာ့ ပြိုင်ပွဲအတွက် အလုပ်ရှုပ်နေတယ် အားလုံးဘဲ ကျွန်တော်တို့ နိုင်ဖို့အတွက် ဆုတောင်းပေးကြပါအုံး "

Minoဟာ သီချင်းရိုက်ကူးထုတ်လုပ်ရေးရဲ့ rookie လေးတစ်ဦး ဖြစ်သည် သူ အားလပ်ချိန်ဆို blog တွေ အမြဲရိုက်ကူးလေ့ရှိသည်

သူ့ရဲ့ you tubeမှာဆို subscribe လုပ်ထားတဲ့သူပေါင်း 1M လောက်ရှိသည် ဘာလို့ဆို သူရဲ့ ရယ်စရာကောင်းတဲ့ အပြုအမူနဲ့ဖော်ရွေတဲ့ အပြုအမူကြောင့် ဖြစ်သည်

"Hey leader က ငါ့ဆီစာပို့နေတယ် သူ ငါတို့ကို နေ့လည်စာကျွေးဖို့ booking လုပ်ထားတယ်တဲ့ "

Lisa သူမဆီ စာဝင်လာလို့ သူ့အဖွဲ့သားတွေကို ဝမ်းသာအားရပြောလိုက်သည်

"ငါ ခရီးပန်းနေတယ် "

Seulgi ဝှားသမ်းပြီး ပြောတော့ Lisa မျက်မှောင်ကြုတ်ကာ

"Hey သူ ဝယ်ကျွေးမှာလေ "

Jisoo ဝယ်ကျွေးမယ်လို့လည်း ကြားရော Seulgi အမြန်အဝတ်အစား ထလဲပြီး lisa လက်ကို တွဲလိုက်သည်

"Ok သွားကြစို့ "

Minoတို့မှာ အပြောင်းအလဲမြန်တဲ့ ဝက်ဝံပေါက်စလေးကို ကြည့်ပြီး ရယ်လေသည်

"စားသောက်ဆိုင်က ငါတို့နေရာနဲ့ သိပ်မဝေးဘူးဘဲ လမ်းလျှောက်သွားကြမလား Minoလည်း သူ့ channelအတွက် တင်စရာ videoလေး တွေ ရိုက်ရတာပေါ့ "

"ကောင်းတာပေါ့ "

Lisa စကားကို အားလုံးထောက်ခံပြီး လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်တယ်

"Hey နင်တို့ တော်တော်နောက်ကျတယ်နော် "

Jisoo စားသောက်ဆိုင်တွင် တော်တော်လေး စောင့်လိုက်ရလို့ Lisaတို့ကို မျက်စောင်းထိုးကာ ပြောလေသည်

"Sorry ခေါင်းဆောင်ရေ Seulgi နဲ့ Lisa တစ်လမ်းလုံး ဓာတ်ပုံရိုက်နေလို့ "

Jinwoo ထိုင်ခုံယူထိုင်ပြီး lisaတို့ကို လက်ညိုးထိုးလိုက်သည်

"ခေါင်းဆောင်ကလည်း ငါတို့က ခုမှ ဂျပန်ရောက်ဖူးတာလေ.....ခေါင်းဆောင်လို ခဏခဏ ရောက်ဖူးတာမှ မဟုတ်တာ "

Seulgi နှုတ်ခမ်းစူပြီး ပြောတော့ Jisoo မျက်မှောင်ကြုတ်ကာ

"အာ ငါ့ကို ခေါင်းဆောင်လို့ မခေါ်ပါနဲ့ ငါက ခေါင်းဆောင်မှ မဟုတ်တာ ငါတို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ သွားစစ်ပေးရုံကို "

"မရဘူး ခေါင်းဆောင်လို့ ခေါ်မှာဘဲ နင်က ငါတို့ရဲ့ ခေါင်းဆောင်အပြင် ငါတို့ထောင်မယ့် companyရဲ့ CEOဘဲ အားလုံးထောက်ခံတယ်မလား "

Lisa ပြောတော့ Jinwooတို့ ခေါင်းညိတ်ပြီး လက်မထောင်ပြကြသည်

"ကဲ ဟုတ်ပါပြီ ဆာနေကြမှာပေါ့ စားလိုက်ကြအုံး "

"Nae. ..."

Lisaတို့ Jisooဝယ်ကျွေးတဲ့ နေ့လည်စာကို အားပါးတရစားနေကြသည်

"အာ ဆူရှီက စားလို့အရမ်းကောင်းတာဘဲ....ဒီလောက်ကောင်းတဲ့ဆိုင်မျိုးမှာ တစ်ခါမှ မစားဖူးဘူး ခေါင်းဆောင် ဒိီဆိုငျကို ဘယ်ကရှာတွေ့တာလည်း  "

Seulgi ဆူရှီစားရင် ဖုန်းကိုဘဲ ကြည့်နေတဲ့ Jisooကို မေးလိုက်သည်

Seulgiရဲ့ မေးခွန်းကြောင့် Jisoo ဖုန်းပွတ်နေရာက ရပ်သွားသည်

Flashback

"Oh fuck. ..ဒီဆူရှီက စားလို့အကောင်းဆုံးဘဲ အရမ်း ကြိုက်တယ်....ouuchhhhh နာတယ် Jendeukie ရ ဘာလုပ်တာလည်း "

Jisoo ဆူရှီစားကောင်းကြောင်း ပြောနေစဥ် Jennieက သူမ ပါးစပ်ကို ရိုက်လိုက်လို့ Jennie ကို ကြည့်ကာ မေးလိုက်သည်

"အစားစားနေချိန် မဆဲရဘူးလေ chuရ "

"ဟုတ်ပါပြီ မဆဲတော့ဘူးလေနော် "

Jisooပြောတော့ Jennie ခေါင်းညိတ်ပြီး သူမှာထားတဲ့ ဖက်ထုပ်ကို စားလေသည်

Jennie ဖက်ထုပ်စားနေတဲ့ပုံလေးက အရမ်းချစ်စရာကောင်းနေတော့ Jisoo ကင်မရာကိုဖွင့်ကာ videoရိုက်လေသည်

"စားနေတုံး ဘာလို့ရိုက်တာလည်း Chuရ ဖျက်လိုက် "

"ဘာလို့လည်း ဒီလောက်ချစ်ဖို့ကောင်းနေတာကို manduလေးကလည်း "

Jisoo သူ့ချစ်သူကို စနောက်ပေမယ့် Jennieက ရုပ်တည်နဲ့ သူမကို ကြည့်နေလို့ ငြိမ်ကျသွားသည်

"Sorry "

Jisoo တောင်းပန်ပြီး သူမရှေ့က ဆူရှီကို ယူစားလိုက်သည်

ထိုစဥ် Jennie ရုတ်တရက် ထရပ်ပြီး Jisoo လက်ကို ဆွဲကာ စားသောက်ဆိုင်ကနေ ထွက်လာသည်

"ငယ် ဘာလုပ်တာလည်း စားလို့မပြီးသေးဘူးလေ "

ဆူရှီဆိုင်နဲ့ မလှမ်းမကမ်းက ဘုရားကျောင်းသို့ Jisooကို Jennie ခေါ်သွားလေသည်

Jisooမှာတော့ ဘာမှမသိဘဲ Jennieနောက်သို့ ပါလာသည်

"အခု ဘယ်ချိန်ရှိပြီလည်း "

Jennieမေးတော့ Jisoo သူမ လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်ပြီး

"11နာရီထိုးဖို့ တစ်မိနစ်ဘဲ လိုတော့တယ် ဘာလို့လည်း"

Jennie ဘာမှပြန်မဖြေဘဲ စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားတယ်

"12ထိုးပြီ Happy one year anniပါ chu. ...."

Jennie ထအော်ပြီး Jisooကို ဖက်လိုက်သည်

Jisooလည်း သူ့ကောင်မလေး အပြုအမူကြောင့် အရမ်းပျော်သွားပြီး Jennieကို ပြန်ဖက်လိုက်သည်

"Happy one year anniပါ ချစ်တယ် ငယ်...."

Jisoo သူမတို့ရဲ့ တစ်နှစ်ပြည့် ချစ်သက်တမ်းကို သူမ သဘောကျတဲ့ ဂျပန်နိုင်ငံမှာ ဖြတ်သန်းခွင့်ရလို့ အရမ်းပျော်နေပြီး မယုံနိုင်ဖြစ်နေသည်

End of Flashback

"ဒီဆိုင်မှာ Jennie နဲ့ ငါ တစ်နှစ်ပြည့်တဲ့နေ့ကအတူရှိခဲ့တာ "

"Oh shit. ..တကယ်တောင်းပန်ပါတယ် ငါမသိလို့ မေးမိတာ "

Seulgi သူမမေးမိတာ မှားသွားကြောင်း သိပြီး Jisooကို တောင်းပန်လေသည်

"Jennieက ဘယ်သူလည်း "

"ခေါင်းဆောင်ရဲ့ ကောင်မလေးလေ Mino. ..သူတို့ "

"Wow ခေါင်းဆောင်မှာ ချစ်သူရှိတာလား "

Jinwoo မှာ Lisa စကားကြောင့် အံ့သြသွားတယ်

"လွန်ခဲ့တဲ့ လေးလကဘဲ ပြတ်သွားပြီ "

Jisoo သက်ပြင်းချပြီး ပြောတော့ Mino ခွက်တစ်ခွက်ထဲ ရေထဲပြီး Jisooကိုပေးလိုက်သည်

"Rsသက်တမ်းက ဘယ်လောက်ကြာလည်း "

"ငါးနှစ် "

"ငါးနှစ် ဝါး တော်တော်ကြာတာဘဲ ဒီလောက်ထိ တွဲလာပြီး ဘာလို့ဖြတ်
လိုက်တာလည်း ခေါင်းဆောင် "

"ငါ သူ့ကို ဖြတ်ဖို့မပြောနဲ့ လမ်းခွဲဖို့ စိတ်ကူးထဲမှာတောင် မတွေးကြည့်ဖူးပါဘူး Jinwooရယ် "

"ဒါဆို သူဖြတ်တာပေါ့ ဘာလို့လည်း "

"အထင်လွဲသွားလို့ Mino. ..."

"သူ့အမေကြောင့်လေ သူ့အမေက Jisooက တစ်ခြားမိန်းကလေးနဲ့ဖောက်ပြန်နေပါတယ်လို့ ပုံပြင်ဖန်တီးတာကို Jennieက ယုံသွားတာ "

အဖြစ်မှန်ကိုသိတဲ့ Lisa တစ်ယောက် ဝင်ပြောလိုက်သည်

"ဘာလို့ သူ့အမေက အဲ့လိုပြောတာလည်း ခေါင်းဆောင်ကို သဘောမကျလို့လား "

"ဒါပေါ့ သူက Jisooကို ဆင်းရဲတယ်ဆိုပြီး နှိမ်တာလေ "

Jinwoo တို့မှာ Jisooအကြောင်းသိပြီး စိတ်မကောင်းဖြစ်သွားကြသည်

Jisooမှာ အတိတ်ကအကြောင်းတွေ ပြန်တွေးမိပြီး မျက်ရည်တွေကျလာတော့ Lisaမှာ ဖက်ပြီး နှစ်သိမ့်ပေးလေသည်

"မငိုပါနဲ့ Jisooရာ "

"မငိုပါနဲ့ ခေါင်းဆောင်ဘေးမှာ ငါတို့ရှိပါတယ်အားတင်းထား ဖိုက်တင်း "

Seulgiတို့ပါ Jisooကို ဝိုင်းဖက်ပြီး နှစ်သိမ့်ကြသည်

#TBC

#Zawgyi

Jensooတို႔ ႏွစ္ေယာက္ လမ္းခြဲခဲ့တာ ႏွစ္လျပည့္သြားၿပီ....

ႏွစ္ေယာက္လုံးက သူတို႔ career အလုပ္အကိုင္ေပၚသာ အာ႐ုံ စိုက္ေနၾကသည္

အထူးသျဖင့္ Jennie ...သူမရဲ႕ talent နဲ႕ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ သူမ training ဆင္းေနတဲ့ agencyမွ သူမကို debut လုပ္ေပးဖို႔ စီစဥ္ေနၾကသည္

Jisooကေရာ.....Jisooကလည္း သူမရဲ႕ ဓာတ္ပုံရိုက္တဲ့ skillပိုမို ကြၽမ္းက်င္လာေပမယ့္ သူမ စိတ္ထဲမွာေတာ့ ဗလာျဖစ္ေနသည္ .....သူမ Jennie ကို ေတာ္ေတာ္ေလး သတိရေနသည္

တစ္ခါကဆို အလုပ္ကေန အိမ္ျပန္ေရာက္ေရာက္ခ်င္း Jennie နာမည္ကို ေအာ္ေခၚမိေသးသည္..... တုံ႕ျပန္မႈမၾကားမွ သူမတို႔ လမ္းခြဲခဲ့တာကို သတိရသြားၿပီး ငိုင္က်သြားခဲ့ေသးသည္

"Kim Jisoo "

Jisoo သူမရဲ႕ ဆရာ့အသံေၾကာင့္ ေတြေဝေနရာက ရပ္ၿပီး ဦးၫႊတ္လိုက္သည္

"Nae Sir Youngbae "

Jisoo လမ္းခြဲခဲ့ၿပီးေနာက္ သူမ သူငယ္ခ်င္း Lisaနဲ႕ Seulgi တို႔နဲ႕အတူ ရိုက္ကူးေရးသင္တန္းသို႔ တက္ေရာက္ခဲ့သည္

"မင္းအတြက္ သတင္းေကာင္းပါတယ္ Jisoo "

"ဟုတ္ "

"အရင္ဆုံး ဆရာတို႔ သင္တန္းကို ကိုယ္စားျပဳမယ့္ အဖြဲ႕တစ္ခုလိုတယ္ ...ေနာက္တစ္ပတ္ ဂ်ပန္က ၿပိဳင္ပြဲမွာ သြားေရာက္ယွဥ္ၿပိဳင္ဖို႔ ဆရာေတြအားလုံးက Jisooတို႔ကို ေ႐ြးခ်ယ္လိုက္တယ္ "

"တ တကယ္ေျပာတာလား Sir "

Jisooမွာ ဆရာအားလုံးက သူမတို႔ကို ယုံၾကည္လို႔ အရမ္းေပ်ာ္သြားတယ္

"ဒါေပါ့ ဒါေပမယ့္ ဂ်ပန္က ဒိုင္ေတြက တစ္ဖြဲ႕ကို လူ ငါးေယာက္လိုတယ္လို႔ ေျပာတယ္ အဲ့တာေၾကာင့္ Jisoo Seulgi Lisa အျပင္ ဆရာတို႔ Minoနဲ႕ Jinwooကိုပါ မင္းတို႔အသင္းထဲ ထပ္ထည့္လိုက္မယ္ သူတို႔ႏွစ္ေယာက္က မင္းတို႔အဖြဲ႕ရဲ႕ သီခ်င္းနဲ႕ video ျပဳလုပ္သူေတြေပါ့ "

"အာ သူတို႔က Class Cကမလား...ေတာ္ေတာ္ဆူတယ္ေနာ္ သူတို႔ႏွစ္ေယာက္က "

"သူတို႔က ဆူေပမယ့္ တကယ္ အလုပ္ႀကိဳးစားၿပီး အရည္အခ်င္းရွိလို႔ ဆရာ မင္းတို႔ အဖြဲ႕ထဲ ထည့္လိုက္တာ .....Jisoo please..... ဆရာတို႔ သင္တန္းအတြက္ နံပါတ္တစ္ရေအာင္ လုပ္ေပးပါ....ေနာ္ ၿပီးေတာ့ ေျပာရအုံးမယ္ ပထမရတဲ့ အဖြဲ႕က ေဒၚလာ 200000 ရမွာ ....နိုင္ငံအသီးသီးက လူေတြသြားၿပိဳင္ၾကမွာမို႔ Jisoo မင္းတို႔ကို ဆရာအားလုံးက အားကိုးပါတယ္ "

Youngbaeရဲ႕ စကားေၾကာင့္ Jisoo ဒူးေတြတုန္လာသည္

"ကဲ ခဏေနၾက Cအတန္းက Minoတို႔ မင္းတို႔အဖြဲ႕ဆီ လာလိမ့္မယ္ "

"Nae "

Minoတို႔ ေရာက္လာၿပီး အခ်င္းခ်င္း မိတ္ဆက္ၿပီးေနာက္ Jisoo meeting စေခၚေလသည္

"ဂ်ပန္ကို သင္တန္းအတြက္ ကိုယ္စားျပဳ သြားၿပိဳင္ရမယ့္အဖြဲ႕အတြက္ ငါတို႔အဖြဲ႕ ေ႐ြးခ်ယ္ ခံရတယ္ ပထမရတဲ့ အဖြဲ႕က ေဒၚလာ ၂၀၀၀၀၀ ရမယ္တဲ့ "

Jisooရဲ႕ စကားေၾကာင့္ က်န္တဲ့သူေတြမွာ အံ့ၾသၿပီး ေပ်ာ္သြားၾကသည္

"Yeah လိုခ်င္တာေတြ ဝယ္ရမယ္ကြ ဘာဝယ္ရင္ေကာင္းမလည္း "

Mino သူလိုခ်င္တာေတြ ဝယ္ဖို႔ စဥ္းစားေနသည္

"ပိုက္ဆံေတြက အမ်ားႀကီးကြ အသုံးမလိုတဲ့အရာေတြအတြက္ ျဖဳန္းစရာမလိုဘူး ငထုံရဲ႕ "

Minoရဲ႕ ေခါင္းကို ရိုက္ၿပီး Jinwoo ေဟာက္လိုက္သည္

"Jinwoo ေျပာတာ ေထာက္ခံတယ္"

Jinwooရဲ႕ စကားကို Lisa ေထာက္ခံလိုက္သည္

Jisooကေတာ့ ထိုင္ခုံမွာ ထိုင္ၿပီး မ်က္လုံးမွိတ္ကာ ဆုေၾကးေငြရရင္ ဘာလုပ္ရမလည္းဆိုၿပီး စဥ္းစားေနသည္

"Idea ရၿပီ "

Seulgi စကားေၾကာင့္ တစ္ဖြဲ႕လုံး Seulgiကို လွမ္းၾကည့္ၾကသည္

"ေျပာၾကည့္ "

Jinwoo မ်က္ခုံးပင့္ၿပီး Seulgiကို ေျပာလိုက္သည္

"ဆုေၾကးေငြတစ္ဝက္ကို companyေထာင္ဖို႔အတြက္ သုံးရေအာင္ေလ "

"ဒါဆို ေဒၚလာ ၁၀၀၀၀၀ကို companyေထာင္ဖို႔အတြက္ သုံးခ်င္တာလား Seul "

Jisooေမးေတာ့ Seulgi ေခါင္းညိတ္ျပသည္

"ငါတို႔ ငါးေယာက္ အဲ့ companyကို အတူ management လုပ္မယ္ေလ အဲ့ကရမယ့္ incomeေတြလည္း ရွိလာအုံးမွာဘဲ က်န္တဲ့ဆုေဝတဝက္ကို ခြဲယူၾကတာ မေကာင္းဘူးလား "

Seulgi အႀကံကို Lisaတို႔ပါ ေထာက္ခံၾကသည္

"Seulgi အႀကံကို ေထာက္ခံပါတယ္ "

"Yeah. ...."

အားလုံး လက္ခုပ္တီးၿပီး ထေအာ္ၾကသည္

.......

"Hey guys ....ကြၽန္ေတာ္တို႔ အခု Japan ကို ေရာက္ေနပါတယ္ဗ်ာ့ ....သူတို႔ကေတာ့ ကြၽန္ေတာ့္ရဲ႕ ပါတနာေတြေပါ့ဗ်ာ "

Mino ကင္မရာကိုင္ၿပီး သူ႕ အဖြဲ႕သားေတြကို video ရိုက္ေနသည္

Lisa Seulgiနဲ႕ Jinwooမွာ ကင္မရာကို လက္ျပႏႈတ္ဆက္လိုက္သည္

"ကြၽန္ေတာ္တို႔ ေခါင္းေဆာင္ Jisooကေတာ့ ဒီမွာ မရွိဘူးဗ်ာ့ ၿပိဳင္ပြဲအတြက္ အလုပ္ရႈပ္ေနတယ္ အားလုံးဘဲ ကြၽန္ေတာ္တို႔ နိုင္ဖို႔အတြက္ ဆုေတာင္းေပးၾကပါအုံး "

Minoဟာ သီခ်င္းရိုက္ကူးထုတ္လုပ္ေရးရဲ႕ rookie ေလးတစ္ဦး ျဖစ္သည္ သူ အားလပ္ခ်ိန္ဆို blog ေတြ အၿမဲရိုက္ကူးေလ့ရွိသည္

သူ႕ရဲ႕ you tubeမွာဆို subscribe လုပ္ထားတဲ့သူေပါင္း 1M ေလာက္ရွိသည္ ဘာလို႔ဆို သူရဲ႕ ရယ္စရာေကာင္းတဲ့ အျပဳအမူနဲ႕ေဖာ္ေ႐ြတဲ့ အျပဳအမူေၾကာင့္ ျဖစ္သည္

"Hey leader က ငါ့ဆီစာပို႔ေနတယ္ သူ ငါတို႔ကို ေန႕လည္စာေကြၽးဖို႔ booking လုပ္ထားတယ္တဲ့ "

Lisa သူမဆီ စာဝင္လာလို႔ သူ႕အဖြဲ႕သားေတြကို ဝမ္းသာအားရေျပာလိုက္သည္

"ငါ ခရီးပန္းေနတယ္ "

Seulgi ဝွားသမ္းၿပီး ေျပာေတာ့ Lisa မ်က္ေမွာင္ၾကဳတ္ကာ

"Hey သူ ဝယ္ေကြၽးမွာေလ "

Jisoo ဝယ္ေကြၽးမယ္လို႔လည္း ၾကားေရာ Seulgi အျမန္အဝတ္အစား ထလဲၿပီး lisa လက္ကို တြဲလိုက္သည္

"Ok သြားၾကစို႔ "

Minoတို႔မွာ အေျပာင္းအလဲျမန္တဲ့ ဝက္ဝံေပါက္စေလးကို ၾကည့္ၿပီး ရယ္ေလသည္

"စားေသာက္ဆိုင္က ငါတို႔ေနရာနဲ႕ သိပ္မေဝးဘူးဘဲ လမ္းေလွ်ာက္သြားၾကမလား Minoလည္း သူ႕ channelအတြက္ တင္စရာ videoေလး ေတြ ရိုက္ရတာေပါ့ "

"ေကာင္းတာေပါ့ "

Lisa စကားကို အားလုံးေထာက္ခံၿပီး လမ္းေလွ်ာက္သြားဖို႔ ဆုံးျဖတ္လိုက္တယ္

"Hey နင္တို႔ ေတာ္ေတာ္ေနာက္က်တယ္ေနာ္ "

Jisoo စားေသာက္ဆိုင္တြင္ ေတာ္ေတာ္ေလး ေစာင့္လိုက္ရလို႔ Lisaတို႔ကို မ်က္ေစာင္းထိုးကာ ေျပာေလသည္

"Sorry ေခါင္းေဆာင္ေရ Seulgi နဲ႕ Lisa တစ္လမ္းလုံး ဓာတ္ပုံရိုက္ေနလို႔ "

Jinwoo ထိုင္ခုံယူထိုင္ၿပီး lisaတို႔ကို လက္ညိုးထိုးလိုက္သည္

"ေခါင္းေဆာင္ကလည္း ငါတို႔က ခုမွ ဂ်ပန္ေရာက္ဖူးတာေလ.....ေခါင္းေဆာင္လို ခဏခဏ ေရာက္ဖူးတာမွ မဟုတ္တာ "

Seulgi ႏႈတ္ခမ္းစူၿပီး ေျပာေတာ့ Jisoo မ်က္ေမွာင္ၾကဳတ္ကာ

"အာ ငါ့ကို ေခါင္းေဆာင္လို႔ မေခၚပါနဲ႕ ငါက ေခါင္းေဆာင္မွ မဟုတ္တာ ငါတို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြ သြားစစ္ေပး႐ုံကို "

"မရဘူး ေခါင္းေဆာင္လို႔ ေခၚမွာဘဲ နင္က ငါတို႔ရဲ႕ ေခါင္းေဆာင္အျပင္ ငါတို႔ေထာင္မယ့္ companyရဲ႕ CEOဘဲ အားလုံးေထာက္ခံတယ္မလား "

Lisa ေျပာေတာ့ Jinwooတို႔ ေခါင္းညိတ္ၿပီး လက္မေထာင္ျပၾကသည္

"ကဲ ဟုတ္ပါၿပီ ဆာေနၾကမွာေပါ့ စားလိုက္ၾကအုံး "

"Nae. ..."

Lisaတို႔ Jisooဝယ္ေကြၽးတဲ့ ေန႕လည္စာကို အားပါးတရစားေနၾကသည္

"အာ ဆူရွီက စားလို႔အရမ္းေကာင္းတာဘဲ....ဒီေလာက္ေကာင္းတဲ့ဆိုင္မ်ိဳးမွာ တစ္ခါမွ မစားဖူးဘူး ေခါင္းေဆာင္ ဒိီဆိုင်ကို ဘယ္ကရွာေတြ႕တာလည္း  "

Seulgi ဆူရွီစားရင္ ဖုန္းကိုဘဲ ၾကည့္ေနတဲ့ Jisooကို ေမးလိုက္သည္

Seulgiရဲ႕ ေမးခြန္းေၾကာင့္ Jisoo ဖုန္းပြတ္ေနရာက ရပ္သြားသည္

Flashback

"Oh fuck. ..ဒီဆူရွီက စားလို႔အေကာင္းဆုံးဘဲ အရမ္း ႀကိဳက္တယ္....ouuchhhhh နာတယ္ Jendeukie ရ ဘာလုပ္တာလည္း "

Jisoo ဆူရွီစားေကာင္းေၾကာင္း ေျပာေနစဥ္ Jennieက သူမ ပါးစပ္ကို ရိုက္လိုက္လို႔ Jennie ကို ၾကည့္ကာ ေမးလိုက္သည္

"အစားစားေနခ်ိန္ မဆဲရဘူးေလ chuရ "

"ဟုတ္ပါၿပီ မဆဲေတာ့ဘူးေလေနာ္ "

Jisooေျပာေတာ့ Jennie ေခါင္းညိတ္ၿပီး သူမွာထားတဲ့ ဖက္ထုပ္ကို စားေလသည္

Jennie ဖက္ထုပ္စားေနတဲ့ပုံေလးက အရမ္းခ်စ္စရာေကာင္းေနေတာ့ Jisoo ကင္မရာကိုဖြင့္ကာ videoရိုက္ေလသည္

"စားေနတုံး ဘာလို႔ရိုက္တာလည္း Chuရ ဖ်က္လိုက္ "

"ဘာလို႔လည္း ဒီေလာက္ခ်စ္ဖို႔ေကာင္းေနတာကို manduေလးကလည္း "

Jisoo သူ႕ခ်စ္သူကို စေနာက္ေပမယ့္ Jennieက ႐ုပ္တည္နဲ႕ သူမကို ၾကည့္ေနလို႔ ၿငိမ္က်သြားသည္

"Sorry "

Jisoo ေတာင္းပန္ၿပီး သူမေရွ႕က ဆူရွီကို ယူစားလိုက္သည္

ထိုစဥ္ Jennie ႐ုတ္တရက္ ထရပ္ၿပီး Jisoo လက္ကို ဆြဲကာ စားေသာက္ဆိုင္ကေန ထြက္လာသည္

"ငယ္ ဘာလုပ္တာလည္း စားလို႔မၿပီးေသးဘူးေလ "

ဆူရွီဆိုင္နဲ႕ မလွမ္းမကမ္းက ဘုရားေက်ာင္းသို႔ Jisooကို Jennie ေခၚသြားေလသည္

Jisooမွာေတာ့ ဘာမွမသိဘဲ Jennieေနာက္သို႔ ပါလာသည္

"အခု ဘယ္ခ်ိန္ရွိၿပီလည္း "

Jennieေမးေတာ့ Jisoo သူမ လက္မွာ ပတ္ထားတဲ့ နာရီကို ၾကည့္ၿပီး

"11နာရီထိုးဖို႔ တစ္မိနစ္ဘဲ လိုေတာ့တယ္ ဘာလို႔လည္း"

Jennie ဘာမွျပန္မေျဖဘဲ စကၠန့္အနည္းငယ္ တိတ္ဆိတ္သြားတယ္

"12ထိုးၿပီ Happy one year anniပါ chu. ...."

Jennie ထေအာ္ၿပီး Jisooကို ဖက္လိုက္သည္

Jisooလည္း သူ႕ေကာင္မေလး အျပဳအမူေၾကာင့္ အရမ္းေပ်ာ္သြားၿပီး Jennieကို ျပန္ဖက္လိုက္သည္

"Happy one year anniပါ ခ်စ္တယ္ ငယ္...."

Jisoo သူမတို႔ရဲ႕ တစ္ႏွစ္ျပည့္ ခ်စ္သက္တမ္းကို သူမ သေဘာက်တဲ့ ဂ်ပန္နိုင္ငံမွာ ျဖတ္သန္းခြင့္ရလို႔ အရမ္းေပ်ာ္ေနၿပီး မယုံနိုင္ျဖစ္ေနသည္

End of Flashback

"ဒီဆိုင္မွာ Jennie နဲ႕ ငါ တစ္ႏွစ္ျပည့္တဲ့ေန႕ကအတူရွိခဲ့တာ "

"Oh shit. ..တကယ္ေတာင္းပန္ပါတယ္ ငါမသိလို႔ ေမးမိတာ "

Seulgi သူမေမးမိတာ မွားသြားေၾကာင္း သိၿပီး Jisooကို ေတာင္းပန္ေလသည္

"Jennieက ဘယ္သူလည္း "

"ေခါင္းေဆာင္ရဲ႕ ေကာင္မေလးေလ Mino. ..သူတို႔ "

"Wow ေခါင္းေဆာင္မွာ ခ်စ္သူရွိတာလား "

Jinwoo မွာ Lisa စကားေၾကာင့္ အံ့ၾသသြားတယ္

"လြန္ခဲ့တဲ့ ေလးလကဘဲ ျပတ္သြားၿပီ "

Jisoo သက္ျပင္းခ်ၿပီး ေျပာေတာ့ Mino ခြက္တစ္ခြက္ထဲ ေရထဲၿပီး Jisooကိုေပးလိုက္သည္

"Rsသက္တမ္းက ဘယ္ေလာက္ၾကာလည္း "

"ငါးႏွစ္ "

"ငါးႏွစ္ ဝါး ေတာ္ေတာ္ၾကာတာဘဲ ဒီေလာက္ထိ တြဲလာၿပီး ဘာလို႔ျဖတ္
လိုက္တာလည္း ေခါင္းေဆာင္ "

"ငါ သူ႕ကို ျဖတ္ဖို႔မေျပာနဲ႕ လမ္းခြဲဖို႔ စိတ္ကူးထဲမွာေတာင္ မေတြးၾကည့္ဖူးပါဘူး Jinwooရယ္ "

"ဒါဆို သူျဖတ္တာေပါ့ ဘာလို႔လည္း "

"အထင္လြဲသြားလို႔ Mino. ..."

"သူ႕အေမေၾကာင့္ေလ သူ႕အေမက Jisooက တစ္ျခားမိန္းကေလးနဲ႕ေဖာက္ျပန္ေနပါတယ္လို႔ ပုံျပင္ဖန္တီးတာကို Jennieက ယုံသြားတာ "

အျဖစ္မွန္ကိုသိတဲ့ Lisa တစ္ေယာက္ ဝင္ေျပာလိုက္သည္

"ဘာလို႔ သူ႕အေမက အဲ့လိုေျပာတာလည္း ေခါင္းေဆာင္ကို သေဘာမက်လိဳ႕လား "

"ဒါေပါ့ သူက Jisooကို ဆင္းရဲတယ္ဆိုၿပီး ႏွိမ္တာေလ "

Jinwoo တို႔မွာ Jisooအေၾကာင္းသိၿပီး စိတ္မေကာင္းျဖစ္သြားၾကသည္

Jisooမွာ အတိတ္ကအေၾကာင္းေတြ ျပန္ေတြးမိၿပီး မ်က္ရည္ေတြက်လာေတာ့ Lisaမွာ ဖက္ၿပီး ႏွစ္သိမ့္ေပးေလသည္

"မငိုပါနဲ႕ Jisooရာ "

"မငိုပါနဲ႕ ေခါင္းေဆာင္ေဘးမွာ ငါတို႔ရွိပါတယ္အားတင္းထား ဖိုက္တင္း "

Seulgiတို႔ပါ Jisooကို ဝိုင္းဖက္ၿပီး ႏွစ္သိမ့္ၾကသည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co