Part 29
#Unicode
"Jisoo! "
ချွဲပြစ်ပြစ်အသံကို JSLM တစ်ဖွဲ့လုံး ဧည့်ခန်းထဲကနေ ကြားလိုက်ရသည်
အဖွဲ့သားအားလုံးမှာ အိမ်ထဲဝင်လာတဲ့ အသံပိုင်ရှင်ကို ကြည့်လိုက်ကြသည်
"Soojoo "
Jisooမှာ သူမ သူငယ်ချင်းကို မြင်တော့ ထိုင်ရာက ထပြီး ပြေးဖက်လေသည်
"ရောက်လာပြီလား Soojoo ဒီလာထိုင်လေ "
Lisa ပြောပြီး Soojooကို ပေါက်ပေါက်ဆုပ်တွေနဲ့ လှမ်းပေါက်လိုက်သည်
"Yah. ..ဧည့်ခန်း ညစ်ပတ်အောင် လျှောက်ဆော့နေ "
"ပြီးရင် ရှင်းလိုက်ပါမယ် Jisooရ "
Soojooမှာ Jisoo လက်ကိုဆွဲပြီး Lisaတို့ ကြားထဲ ဝင်ထိုင်လေသည်
"နောက်ကျတယ်နော် Soojoo "
Jinwooက ပြောတော့ Soojooမှာ Lisaပေးတဲ့ ပေါက်ပေါက်ဆုပ်ကို ယူပြီး
"ဟုတ်တယ် ဟိုတယ်ရှေ့ fanတွေ အများကြီး ရပ်စောင့်နေကြလို့ ...နားရက်ဆိုတော့ bodyguard ရော မန်နေဂျာရော မရှိလို့လေ..... အဲ့တာ fanတွေအလစ် ချောင်းနေရတာ "
"နင် ပိုပြီး ချစ်ဖို့ကောင်းလာတယ် Joo. .."
Seulgiမှာ sexyဆန်တဲ့အကြည့်နဲ့ Soojoo ကျို ကြည့်ပြီး ပြောတော့ Soojooမှာ သူမဆံပင်ကို ခါဝဲလိုက်ပြီး Jisoo လက်မောင်းကို တွဲလိုက်သည်
"Sorry Seul. ..ငါ့မှာ Jisoo ရှိတယ် "
"No နင် Jisooကို ရမယ် မထင်နဲ့ အခုထိ သူ့နှလုံးသားထဲမယ် Jennieက နေရာယူထားတုံး "
Lisa ပေါက်ပေါက်ဆုပ် စားရင်း လှမ်းပြောလိုက်သည်
"Soojooက ငါတို့ခေါင်းဆောင်ရဲ့ နှလုံးသားကို ရဖို့ ကြိုးစားနေတာကို ဘာလို့တားနေတာလည်း Lisaရ "
Mino ကော်ဖီသောက်ရင်း Lisaကိုပြောလိုက်သည်
"နင် အခုထိ သူ့ကိုချစ်နေတုံးပေါ့ ဟုတ်လား အချစ်ကလေး Jisoo. ...ဘာလို့ ငါ့နှလုံးသားကိုကျ လျစ်လျူရှုထားတာလည်း ဟင့် "
Soojoo နှုတ်ခမ်းလေးစူပြီး Jisoo မျက်နှာလေးကို လက်ညိုးနဲ့တို့ကာ ပြောလိုက်သည်
"ငါ သူ့ကို ချစ်နေတုံးဘဲ အချစ်လေး Soojooရ...အမြဲတမ်း ချစ်နေမှာ ဟင့် "
Jisoo စကားကြောင့် Soojoo ရယ်လိုက်သည်
Soojooနဲ့ Jisoo တို့ တစ်ယောက်ကိုတစ်ယောက် အချစ်ကလေး ဘာညာခေါ်ကြပြောကြတာက အီစီကလီ မဟုတ်ဘဲ အရမ်းရင်းနှီးလို့ စနောက်ကြခြင်း ဖြစ်သည်
"သိပါ့ သိပါ့ ဒါကြောင့် ငါ အစီအစဉ် တစ်ခု ဆွဲထားတာ ...."
Soojooပြောပြီး သူမအိတ်ထဲက ပိုက်ဆံတွေထုတ်လိုက်သည်
"ဘာများလည်း "
Jinwoo စိတ်ဝင်စားသွားသလို Lisaကနေ ကြည့်နေတဲ့ Goblin Korea dramaကားကို Pause နှိပ်ပြီး Soojooပြောတာ နားထောင်နေသည်
"Jennie သဝန်တို အူတိုအောင်လုပ်မလို့ "
Soojoo စကားကို တစ်ဖွဲ့လုံးထောက်ခံအားပေးကြသည်
"နင် အဲ့လိုလုပ်စရာမလိုတော့ပါဘူး Jennie က ငါ့အပေါ် ဘာခံစားချက်မှ မရှိတော့ဘူးဟ...အခုဖြင့် သူငယ်ချင်းတောင် ဖြစ်သွားပေါ့ "
Jisooပြောပြီး ကိုလာကိုသောက်လိုက်သည်
"Shut up bitch ငါကတော့ ငါ့အစီအစဥ်တိုင်း ဆက်လုပ်မှာ JSLM တဖွဲ့လုံး ပါမယ်မဟုတ်လား "
"Yeah "
Minoတို့ ထောက်ခံချက်ကြောင့် Soojoo ကျေနပ်သွားတယ်
"ပထမဆုံး ဇာတ်ညွှန်းဖတ်တဲ့နေ့ အားလုံးနဲ့ တွေ့ရမှာမလား အဲ့မှာ ငါ jennieကို သဝန်တိုအောင်လုပ်မယ် ဟိဟိ "
"Soojoo. ..."
"Jennie သူ့ခံစားချက် အစစ်အမှန်ကိုဖွင့်ပြောအောင်ထိ ငါ လုပ်ပြမယ် "
"Soojoo. ...သူက ငါ့အပေါ် ဘာခံစားချက်မှ မရှိတော့ပါဘူးဆို "
Jisoo ပြောနေပေမယ့် ဘယ်သူမှ သူ့ကိုအဖက်မလုပ်ကြပေ
"Soojoo အစီအစဉ်က အလုပ်ဖြစ်မယ်ထင်တယ် "
Mino လက်မထောင်ပြီး ပြောလိုက်သည်
"နင်တို့နှစ်ယောက် skinshipတွေနဲ့တင် Jennieက ဂျယ်လီနင်မှာသေချာတယ် "
"ဒါပေါ့ ငါတို့နှစ်ယောက်က အဲ့လိုဘဲလေနော့် Baby Jisoo "
Jisoo ဘာမှမပြောဘဲ ရုပ်ရှင်ကို ပြန်ဖွင့်ကြည့်လိုက်သည်
"ရုပ်ရှင် ဆက်ကြည့်ကြစို့ "
"ငါ့ကို လျစ်လျူရှုတာလား Baby "
"ဟူး ဟုတ်တယ် ဟုတ်တယ် နင်ပြောသလိုဘဲ Soojoo "
"Babyလည်း ထည့်မပြောဘူး "
Soojoo နှုတ်ခမ်းစူသွားတော့ jisoo သက်ပြင်းချပြီး
"ကောင်းပါပြီ baby Soojoo ရေ "
Soojooရဲ့ ပါးကို လက်ညိုးနဲ့ Jisoo ထိုးလိုက်သောကြောင့် ကျန်တဲ့သူတွေမှာ Jisooကို ကြည့်ပြီး ရယ်နေကြသည်
"သမီး အခုတလော အရမ်းငိုနေတယ်လို့ Ireneက ပြောတယ် "
Hyorinမှာ သူ့သမီးကို ကြည့်ပြီး မေးလိုက်သည်
"Ommaနဲ့ မဆိုင်ပါဘူး "
"Jen. .Omma တကယ်မေးနေတာနော် "
"Omma. .."
"Hey. .."
Taeyang ရုတ်တရက်ရောက်လာတော့ Jennie မှာ သူ့အဖေကို ပြေးဖက်လိုက်သည်
"Appa "
Taeyangမှာ ထမင်းစားပွဲတွင် ထိုင်လိုက်ပြီး
"သားအမိနှစ်ယောက် ဘာဖြစ်နေကြတာလည်း "
"Ireneက ခုတလော Jennie တအားငိုနေတယ်ပြောလို့ ဘာဖြစ်လို့လည်း မေးတာကို ရှင့်သမီးက ကျွန်မကို မထီမဲ့မြင်ပြောနေတယ်လေ "
"Omma. .."
"ကဲ ပြောပါအုံး Appa သမီးလေးက ဘာလို့ငိုနေတာလည်း "
Jennieလည်း သူမအဖေကပါ မေးနေတော့ ရွေးချယ်စရာမရှိတာနဲ့ အမှန်တိုင်းဖြေဖို့ ဆုံးဖြတ်လိုက်တယ်
"Ji. .."
"ထပ်ပြီး သူမကြောင့်ဘဲလား "
Hyorin စိတ်ပျက်တဲ့လေသံနဲ့ မေးတော့ Jennieခေါင်းညိတ်ပြသည်
Taeyangကတော့ ဘာမှမသိတာကြောင့် အူကြောင်ကြောင် ဖြစ်နေသည်...
"သူမ....ဟင် ဘာကြီးလည်း "
"Chawရဲ့ ရည်းစားဟောင်းကောင်မလေးပါ "
"ရှင့်သမီးက မိန်းကလေးချင်းကြိုက်နေတာလေ ..."
Jennieမှာ သူမအဖေက စိတ်ဆိုးပြီး သူမကို ဆူမယ်ထင်နေသည်
"သူ့ကို သစ္စာ ဖောက်သွားတဲ့ ကောင်မလေးကြောင့် ခုထိ မျက်ရည်လွယ်နေတုံး "
"သူက သမီးကို သစ္စာ ဖောက်သွားတာလား "
Taeyangကမေးတော့ Jennie ခေါင်းညိတ်ပြသည်
"အတိတ်က အတိတ်ပါဘဲ Appaရယ် "
သူမအဖေက Jisooကို လူဆိုးလို့ အထင်မခံစေချင်လို့ Jennie ရှည်ရှည်ဝေးဝေး မပြောတော့ပေ
Jisooကို လူတွေက မကောင်းပြောရင် Jennie မကြိုက်ဘူးလေ
"သူ့နာမည်က ဘယ်သူလည်း "
"Appa သိစရာမလိုတော့ပါဘူး ဘာလို့ဆို ပြီးသွားပြီဘဲလေ ဒီတိုင်း သမီးက အရင်က အကြောင်းတွေ တွေးမိလို့ ငိုမိရုံပါ "
Taeyangလည်း သူ့သမီး ဝမ်းနည်းနေတာကို မကြည့်ရက်လို့ ဆက်မမေးတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်
"CEO Kimက သမီးနဲ့သူ စာတွေပို့ဖြစ်တယ်လို့ပြောတယ် "
"ဟုတ်တယ် သူက တော်တော်ဟာသတွေပြောတတ်တယ်နော် ရယ်နေရတာ "
"ဟုတ်ပါ့ ရုပ်ကလည်းချော Personality ကလည်းကောင်းတော့ ငါ့သမီး သူ့ကို ပိုသဘောကျမှာ..."
"နေပါအုံး Jenရဲ့ အသစ်ရသွားတာလား "
"မဟုတ်ပါဘူး Omma. ..Appa တပည့်နဲ့ စကားပြောရုံပါ "
"စကားဘဲပြောမနေနဲ့ ဒိတ်ကြည့်ပါလား ဒါမှ ဟိုအရေးမပါတဲ့ သစ္စာဖောက်ကို မေ့သွားမှာ "
"Omma. ..ပါးစပ်လေးပိတ်ပေးထားပါလား "
"Omma ပြောတာ မဟုတ်လို့လား သူက သမီးကို နာကျင်အောင် လုပ်ပြီး သစ္စာဖောက်သွားတာလေ အဲ့လို လူမျိုးကို ဘာလို့ဆက်ချစ်နေသေးတာလည်း "
"Omma "
Jennie ဝုန်းခနဲ ထရပ်တော့ သားအမိနှစ်ယောက်ကြား ပြဿနာဖြစ်တော့မယ်ဆိုတာ Taeyang သိလို့ ဝင်တားလိုက်သည်
"Hyorin တော်တော့ သမီး Jen. .စားပြီးပြီဆို အခန်းထဲသွားတော့ appa ပန်းကန်ဆေးလိုက်မယ် ထားခဲ့ "
Jennie ထွက်သွားတော့ Taeyang သူ့မိန်းမဘက်ကို လှည့်ပြီး
"Hyorin. ...Jennieရဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်သမျှ အကုန် မထိမ်ချန်ဘဲ ကိုယ့်ကိုပြောပြ "
#TBC
#zawgyi
"Jisoo! "
ခြၽဲျပစ္ျပစ္အသံကို JSLM တစ္ဖြဲ႕လုံး ဧည့္ခန္းထဲကေန ၾကားလိုက္ရသည္
အဖြဲ႕သားအားလုံးမွာ အိမ္ထဲဝင္လာတဲ့ အသံပိုင္ရွင္ကို ၾကည့္လိုက္ၾကသည္
"Soojoo "
Jisooမွာ သူမ သူငယ္ခ်င္းကို ျမင္ေတာ့ ထိုင္ရာက ထၿပီး ေျပးဖက္ေလသည္
"ေရာက္လာၿပီလား Soojoo ဒီလာထိုင္ေလ "
Lisa ေျပာၿပီး Soojooကို ေပါက္ေပါက္ဆုပ္ေတြနဲ႕ လွမ္းေပါက္လိုက္သည္
"Yah. ..ဧည့္ခန္း ညစ္ပတ္ေအာင္ ေလွ်ာက္ေဆာ့ေန "
"ၿပီးရင္ ရွင္းလိုက္ပါမယ္ Jisooရ "
Soojooမွာ Jisoo လက္ကိုဆြဲၿပီး Lisaတို႔ ၾကားထဲ ဝင္ထိုင္ေလသည္
"ေနာက္က်တယ္ေနာ္ Soojoo "
Jinwooက ေျပာေတာ့ Soojooမွာ Lisaေပးတဲ့ ေပါက္ေပါက္ဆုပ္ကို ယူၿပီး
"ဟုတ္တယ္ ဟိုတယ္ေရွ႕ fanေတြ အမ်ားႀကီး ရပ္ေစာင့္ေနၾကလို႔ ...နားရက္ဆိုေတာ့ bodyguard ေရာ မန္ေနဂ်ာေရာ မရွိလို႔ေလ..... အဲ့တာ fanေတြအလစ္ ေခ်ာင္းေနရတာ "
"နင္ ပိုၿပီး ခ်စ္ဖို႔ေကာင္းလာတယ္ Joo. .."
Seulgiမွာ sexyဆန္တဲ့အၾကည့္နဲ႕ Soojoo က်ို ၾကည့္ၿပီး ေျပာေတာ့ Soojooမွာ သူမဆံပင္ကို ခါဝဲလိုက္ၿပီး Jisoo လက္ေမာင္းကို တြဲလိုက္သည္
"Sorry Seul. ..ငါ့မွာ Jisoo ရွိတယ္ "
"No နင္ Jisooကို ရမယ္ မထင္နဲ႕ အခုထိ သူ႕ႏွလုံးသားထဲမယ္ Jennieက ေနရာယူထားတုံး "
Lisa ေပါက္ေပါက္ဆုပ္ စားရင္း လွမ္းေျပာလိုက္သည္
"Soojooက ငါတို႔ေခါင္းေဆာင္ရဲ႕ ႏွလုံးသားကို ရဖို႔ ႀကိဳးစားေနတာကို ဘာလို႔တားေနတာလည္း Lisaရ "
Mino ေကာ္ဖီေသာက္ရင္း Lisaကိုေျပာလိုက္သည္
"နင္ အခုထိ သူ႕ကိုခ်စ္ေနတုံးေပါ့ ဟုတ္လား အခ်စ္ကေလး Jisoo. ...ဘာလို႔ ငါ့ႏွလုံးသားကိုက် လ်စ္လ်ဴရႈထားတာလည္း ဟင့္ "
Soojoo ႏႈတ္ခမ္းေလးစူၿပီး Jisoo မ်က္ႏွာေလးကို လက္ညိုးနဲ႕တို႔ကာ ေျပာလိုက္သည္
"ငါ သူ႕ကို ခ်စ္ေနတုံးဘဲ အခ်စ္ေလး Soojooရ...အၿမဲတမ္း ခ်စ္ေနမွာ ဟင့္ "
Jisoo စကားေၾကာင့္ Soojoo ရယ္လိုက္သည္
Soojooနဲ႕ Jisoo တို႔ တစ္ေယာက္ကိုတစ္ေယာက္ အခ်စ္ကေလး ဘာညာေခၚၾကေျပာၾကတာက အီစီကလီ မဟုတ္ဘဲ အရမ္းရင္းႏွီးလို႔ စေနာက္ၾကျခင္း ျဖစ္သည္
"သိပါ့ သိပါ့ ဒါေၾကာင့္ ငါ အစီအစဥ္ တစ္ခု ဆြဲထားတာ ...."
Soojooေျပာၿပီး သူမအိတ္ထဲက ပိုက္ဆံေတြထုတ္လိုက္သည္
"ဘာမ်ားလည္း "
Jinwoo စိတ္ဝင္စားသြားသလို Lisaကေန ၾကည့္ေနတဲ့ Goblin Korea dramaကားကို Pause ႏွိပ္ၿပီး Soojooေျပာတာ နားေထာင္ေနသည္
"Jennie သဝန္တို အူတိုေအာင္လုပ္မလို႔ "
Soojoo စကားကို တစ္ဖြဲ႕လုံးေထာက္ခံအားေပးၾကသည္
"နင္ အဲ့လိုလုပ္စရာမလိုေတာ့ပါဘူး Jennie က ငါ့အေပၚ ဘာခံစားခ်က္မွ မရွိေတာ့ဘူးဟ...အခုျဖင့္ သူငယ္ခ်င္းေတာင္ ျဖစ္သြားေပါ့ "
Jisooေျပာၿပီး ကိုလာကိုေသာက္လိုက္သည္
"Shut up bitch ငါကေတာ့ ငါ့အစီအစဥ္တိုင္း ဆက္လုပ္မွာ JSLM တဖြဲ႕လုံး ပါမယ္မဟုတ္လား "
"Yeah "
Minoတို႔ ေထာက္ခံခ်က္ေၾကာင့္ Soojoo ေက်နပ္သြားတယ္
"ပထမဆုံး ဇာတ္ၫႊန္းဖတ္တဲ့ေန႕ အားလုံးနဲ႕ ေတြ႕ရမွာမလား အဲ့မွာ ငါ jennieကို သဝန္တိုေအာင္လုပ္မယ္ ဟိဟိ "
"Soojoo. ..."
"Jennie သူ႕ခံစားခ်က္ အစစ္အမွန္ကိုဖြင့္ေျပာေအာင္ထိ ငါ လုပ္ျပမယ္ "
"Soojoo. ...သူက ငါ့အေပၚ ဘာခံစားခ်က္မွ မရွိေတာ့ပါဘူးဆို "
Jisoo ေျပာေနေပမယ့္ ဘယ္သူမွ သူ႕ကိုအဖက္မလုပ္ၾကေပ
"Soojoo အစီအစဥ္က အလုပ္ျဖစ္မယ္ထင္တယ္ "
Mino လက္မေထာင္ၿပီး ေျပာလိုက္သည္
"နင္တို႔ႏွစ္ေယာက္ skinshipေတြနဲ႕တင္ Jennieက ဂ်ယ္လီနင္မွာေသခ်ာတယ္ "
"ဒါေပါ့ ငါတို႔ႏွစ္ေယာက္က အဲ့လိုဘဲေလေနာ့္ Baby Jisoo "
Jisoo ဘာမွမေျပာဘဲ ႐ုပ္ရွင္ကို ျပန္ဖြင့္ၾကည့္လိုက္သည္
"႐ုပ္ရွင္ ဆက္ၾကည့္ၾကစို႔ "
"ငါ့ကို လ်စ္လ်ဴရႈတာလား Baby "
"ဟူး ဟုတ္တယ္ ဟုတ္တယ္ နင္ေျပာသလိုဘဲ Soojoo "
"Babyလည္း ထည့္မေျပာဘူး "
Soojoo ႏႈတ္ခမ္းစူသြားေတာ့ jisoo သက္ျပင္းခ်ၿပီး
"ေကာင္းပါၿပီ baby Soojoo ေရ "
Soojooရဲ႕ ပါးကို လက္ညိုးနဲ႕ Jisoo ထိုးလိုက္ေသာေၾကာင့္ က်န္တဲ့သူေတြမွာ Jisooကို ၾကည့္ၿပီး ရယ္ေနၾကသည္
"သမီး အခုတေလာ အရမ္းငိုေနတယ္လို႔ Ireneက ေျပာတယ္ "
Hyorinမွာ သူ႕သမီးကို ၾကည့္ၿပီး ေမးလိုက္သည္
"Ommaနဲ႕ မဆိုင္ပါဘူး "
"Jen. .Omma တကယ္ေမးေနတာေနာ္ "
"Omma. .."
"Hey. .."
Taeyang ႐ုတ္တရက္ေရာက္လာေတာ့ Jennie မွာ သူ႕အေဖကို ေျပးဖက္လိုက္သည္
"Appa "
Taeyangမွာ ထမင္းစားပြဲတြင္ ထိုင္လိုက္ၿပီး
"သားအမိႏွစ္ေယာက္ ဘာျဖစ္ေနၾကတာလည္း "
"Ireneက ခုတေလာ Jennie တအားငိုေနတယ္ေျပာလို႔ ဘာျဖစ္လို႔လည္း ေမးတာကို ရွင့္သမီးက ကြၽန္မကို မထီမဲ့ျမင္ေျပာေနတယ္ေလ "
"Omma. .."
"ကဲ ေျပာပါအုံး Appa သမီးေလးက ဘာလို႔ငိုေနတာလည္း "
Jennieလည္း သူမအေဖကပါ ေမးေနေတာ့ ေ႐ြးခ်ယ္စရာမရွိတာနဲ႕ အမွန္တိုင္းေျဖဖို႔ ဆုံးျဖတ္လိုက္တယ္
"Ji. .."
"ထပ္ၿပီး သူမေၾကာင့္ဘဲလား "
Hyorin စိတ္ပ်က္တဲ့ေလသံနဲ႕ ေမးေတာ့ Jennieေခါင္းညိတ္ျပသည္
Taeyangကေတာ့ ဘာမွမသိတာေၾကာင့္ အူေၾကာင္ေၾကာင္ ျဖစ္ေနသည္...
"သူမ....ဟင္ ဘာႀကီးလည္း "
"Chawရဲ႕ ရည္းစားေဟာင္းေကာင္မေလးပါ "
"ရွင့္သမီးက မိန္းကေလးခ်င္းႀကိဳက္ေနတာေလ ..."
Jennieမွာ သူမအေဖက စိတ္ဆိုးၿပီး သူမကို ဆူမယ္ထင္ေနသည္
"သူ႕ကို သစၥာ ေဖာက္သြားတဲ့ ေကာင္မေလးေၾကာင့္ ခုထိ မ်က္ရည္လြယ္ေနတုံး "
"သူက သမီးကို သစၥာ ေဖာက္သြားတာလား "
Taeyangကေမးေတာ့ Jennie ေခါင္းညိတ္ျပသည္
"အတိတ္က အတိတ္ပါဘဲ Appaရယ္ "
သူမအေဖက Jisooကို လူဆိုးလို႔ အထင္မခံေစခ်င္လို႔ Jennie ရွည္ရွည္ေဝးေဝး မေျပာေတာ့ေပ
Jisooကို လူေတြက မေကာင္းေျပာရင္ Jennie မႀကိဳက္ဘူးေလ
"သူ႕နာမည္က ဘယ္သူလည္း "
"Appa သိစရာမလိုေတာ့ပါဘူး ဘာလို႔ဆို ၿပီးသြားၿပီဘဲေလ ဒီတိုင္း သမီးက အရင္က အေၾကာင္းေတြ ေတြးမိလို႔ ငိုမိ႐ုံပါ "
Taeyangလည္း သူ႕သမီး ဝမ္းနည္းေနတာကို မၾကည့္ရက္လို႔ ဆက္မေမးေတာ့ဘဲ စကားလမ္းေၾကာင္း လႊဲလိုက္သည္
"CEO Kimက သမီးနဲ႕သူ စာေတြပို႔ျဖစ္တယ္လို႔ေျပာတယ္ "
"ဟုတ္တယ္ သူက ေတာ္ေတာ္ဟာသေတြေျပာတတ္တယ္ေနာ္ ရယ္ေနရတာ "
"ဟုတ္ပါ့ ႐ုပ္ကလည္းေခ်ာ Personality ကလည္းေကာင္းေတာ့ ငါ့သမီး သူ႕ကို ပိုသေဘာက်မွာ..."
"ေနပါအုံး Jenရဲ႕ အသစ္ရသြားတာလား "
"မဟုတ္ပါဘူး Omma. ..Appa တပည့္နဲ႕ စကားေျပာ႐ုံပါ "
"စကားဘဲေျပာမေနနဲ႕ ဒိတ္ၾကည့္ပါလား ဒါမွ ဟိုအေရးမပါတဲ့ သစၥာေဖာက္ကို ေမ့သြားမွာ "
"Omma. ..ပါးစပ္ေလးပိတ္ေပးထားပါလား "
"Omma ေျပာတာ မဟုတ္လို႔လား သူက သမီးကို နာက်င္ေအာင္ လုပ္ၿပီး သစၥာေဖာက္သြားတာေလ အဲ့လို လူမ်ိဳးကို ဘာလို႔ဆက္ခ်စ္ေနေသးတာလည္း "
"Omma "
Jennie ဝုန္းခနဲ ထရပ္ေတာ့ သားအမိႏွစ္ေယာက္ၾကား ျပႆနာျဖစ္ေတာ့မယ္ဆိုတာ Taeyang သိလို႔ ဝင္တားလိုက္သည္
"Hyorin ေတာ္ေတာ့ သမီး Jen. .စားၿပီးၿပီဆို အခန္းထဲသြားေတာ့ appa ပန္းကန္ေဆးလိုက္မယ္ ထားခဲ့ "
Jennie ထြက္သြားေတာ့ Taeyang သူ႕မိန္းမဘက္ကို လွည့္ၿပီး
"Hyorin. ...Jennieရဲ႕ ရည္းစားေဟာင္းနဲ႕ ပတ္သက္သမွ် အကုန္ မထိမ္ခ်န္ဘဲ ကိုယ့္ကိုေျပာျပ "
#TBC
Bạn đang đọc truyện trên: Truyen3h.Co