Truyen3h.Co

Hurt

Part 30

KimFany059

#Unicode

"လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်မှာ Jennieနဲ့ သူ့ရည်းစားဟောင်းက  ကျောင်းမှာ တွေ့ခဲ့ကြတယ် အတန်းလည်းတူ အခန်းလည်း တူတော့ သူတို့တွေ ပိုပြီး ရင်းနှီးသွားကြတယ် .....အဲ့ကတည်းက အဲ့ကောင်မလေးက အိမ်ကို ခဏခဏလာပြီး Jennieကို လာတွေ့တာ ...သူတို့နှစ်ယောက် အတူရှိနေတဲ့အချိန်ဆို Jennieက ပြုံးပျော်ပြီး သူ့မျက်လုံးထဲ အပျော်တွေကထင်းနေတာဘဲ ကျွန်မ မြင်နေတွေ့နေရတယ် ဒါပေမယ့် ကျွန်မရဲ့ မင်းသမီးလေးအတွက် သူ့ကို သဘောမကျဘူး "

Hyorin စကားကြောင့် Taeyang မျက်မှောင်ကြုတ်သွားတယ်...သို့သော်လည်း Hyorin ကို ဆက်ပြောဖို့ အချက်ပြလိုက်တယ်

"သူတို့ Relationship က တစ်နေ့တစ်ခြားပိုကောင်းလာပြီး ပိုပြီး ခိုင်မာသန်မာလာတယ် ဒါပေမယ့် တစ်နေ့မှာတော့ Jennieရဲ့ ရည်းစားဟောင်းကို cafeဆိုင်မှာ တစ်ခြားကောင်မလေးနဲ့ ချိန်းတွေ့နေတာကို ကျွန်မ ဖမ်းမိသွားတယ် ...သူငယ်ချင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငါးခါလောက် သူတို့နှစ်ယောက်ကို အတူရှိတာ တွေ့ရတော့ ငါ Jennieကို ပြောပြလိုက်တယ် အဲ့ဒီမှာဘဲ Jennieက သူနဲ့လမ်းခွဲလိုက်တာ "

Hyorin စကားကြောင့် Taeyang မျက်လုံးပြူးသွားသည်

"Jennieရဲ့ ရည်းစားဟောင်းက ဖောက်ပြန်တာ သေချာလို့လား သူ့ကိုရော အဲ့ကောင်မလေးနဲ့အကြောင်း မင်းတို့ သေချာမေးဖူး ရှင်းပြခိုင်းဖူးလား "

Taeyangမေးတော့ Hyorinခေါင်းခါပြသည်

"ဘာလို့လည်း အကြောင်းပြချက်ကဘာလည်း...."

"သူက ရှင်နဲ့ အခြေအနေ တူနေလို့ "

"ဘာ "

Taeyangမှာ သူ့မိန်းမပြောတဲ့ စကားကို နားမလည်ပေ

"သူက ရှင့်လိုဘဲ flim production တစ်ခုက
...."

"သူ့နာမည်က ဘယ်သူလည်း.... "

". .."

"Hyorin ငါ့ကိုပြောပြစမ်းပါ သူ့နာမည်က ဘယ်သူလည်း "

Taeyangမေးပေမယ့် Hyorinက ခေါင်းခါပြသည်

"မပြောပြနိုင်ဘူး ကျေးဇူးပြုပြီး ကျွန်မတို့ဆက်မပြောဘဲ နေရအောင် "

"Sir Taeyangရဲ့ သမီးနဲ့ စကားပြောနေပြန်ပြီလား "

Jisooကို Lisaမေးပြီး Jisooတို့ ပြောနေတဲ့စကားတွေကို ဖတ်ဖို့ ကြိုးစားပေမယ့် Jisooက ဖုန်းကို သူ့ jacketအိတ်ကပ်ထဲ ထည့်လိုက်သည်

"Sir Taeyangရဲ့ သမီးက ဘယ်သူလည်း "

Soojooမေးပြီး Jisooကို ကြည့်လိုက်သည်

"အံမယ် ပြောတော့ Jennieကို မမေ့နိုင်ဘူးဆိုပြီး Jisoo နင်နော် "

"Yah. ..Sir Taeyangရဲ့ သမီးက ငါ့အတွက် သူငယ်ချင်းဘဲ....Jennieက ငါ့ချစ်သူ...."

Jisoo အော်လိုက်ပေမယ့် Soojooနဲ့ JSLMအဖွဲ့သားတွေကတော့ Jisooကို စနေကြသည်

"Oh ဒါနဲ့ Soojoo  Jennieရဲ့ music showကို တက်ဖို့ရှိတယ် နင် လိုက်မလား "

Seulgi အကြံဆိုးကြီးနဲ့မေးတော့ Soojooကလည်း အကြံဆိုးကြီးနဲ့ သဘောတူလိုက်သည်

Jisooကတော့ သူမသူငယ်ချင်းတွေကို ကြည့်ပြီး သက်ပြင်းချလိုက်သည်

"ကဲ သွားကြစို့ "

Jisoo ကားသော့ထုတ်ပြီး အိမ်ထဲက ထွက်လာသည် ကျန်တဲ့သူတွေလည်း ပြင်ဆင်ပြီးလို့ Jisooနောက် လိုက်သွားကြသည်

ကားပေါ်တွင် Lisaတို့မှာ Radioက လွှင့်တဲ့ သီချင်းတွေကို လိုက်ဆိုပြီး ကခုန်နေကြသည်

"Yah yah ကားမောင်းနေတယ် ငြိမ်ငြိမ်နေကြဟ "

Jisoo ကားမောင်းရင်း သူ့သူငယ်ချင်းတွေကို ဆူလိုက်သည်

"Sorry "

Lisa တောင်းပန်လိုက်ပေမယ့် သီချင်းကတော့ ဆက်ဆိုနေသည်

ထိုစဥ် Jisoo ဖုန်းလာလို့ ရေဒီယိုကို ပိတ်ပြီး airpodကို သူ့နားတွင် တပ်လိုက်သည်

"Hello "

"Hello Jisooလား ငါ Ireneပါ နင်အခု ဘယ်မှာလည်း "

Irene စတိတ်စင်ကို လှမ်းကြည့်ပြီး မေးလိုက်သည်

"နောက်ဆယ့်ငါးမိနစ်ဆို Jennie performance ကးတော့မှာ "

"Shit. ..မိနစ်ပိုင်းအတွင်း ရောက်စေရမယ် ဒါဘဲနော် Irene "

Jisooမှာ Ireneဆီက တုံ့ပြန်မှုကို မစောင့်ဘဲ airpodကို ချွတ်ကာ ကားအမြန်မောင်းလိုက်သည်

"Yah yah Jisoo ဖြည်းဖြည်းမောင်းဟ ငါတို့တော့ Jennieဆီ မရောက်ဘဲ ရေဝေးရောက်တော့မယ် "

Seulgiမှာ ပြတင်းပေါက်ကို ကိုင်ပြီးအော်နေပေမယ့် CEOကတော့ ဂရုမစိုက်ဘဲ ကားကို အရှိန်ပိုတင်ပြီး မောင်းနေသည်

"Jisoo ရေ မီးနီ....ဟေး ဖမ်းခံရတော့မှာဘဲ "

Jisoo မီးနီကို ဖြတ်ပြီး မောင်းသွားလို့ Soojoo အော်ဟစ်နေသည်

Lisaမှာတော့ ခုန သီချင်းဆိုနေရာက အခုတော့  ထိုင်းက ဘုရားစာတွေရွတ်နေရသည်

ကံကောင်းစွာဖြင့် ဆယ်မိနစ်အတွင်း Jennieဆီသို့ Jisooတို့ ရောက်သွားကြသည်

Soojooနဲ့ JSLM အဖွဲ့သားတွေမှာ ခုန ကြောက်လန့်ခဲ့တာတွေမေ့ပြီး Jisooနဲ့အတူ Jennie solo performance ကို ကြည့်ရင်း သဘောကျနေကြသည်

"Jennieက ချစ်ဖို့ကောင်းလိုက်တာ "

"ဟုတ်တယ်နော် Soojoo ငါ သူ့ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ချင်တယ် "

Jisoo ပြောပြီး Jennieကို ဆက်ကြည့်နေသည်

After few weeks

Jennie ရဲ့ solo promotion ပြီးတဲ့နောက်တော့ Dramaအတွက် ဇာတ်ညွှန်းဖတ်ရမယ့် နေ့သို့ ရောက်လာခဲ့သည်

Jennie ကားပေါ်ကနေ ဆင်းဆင်းချင်း သတင်းထောက်တွေရဲ့ ဝန်းရံမှုကို ခံနေရသည်

သို့သော် လုံခြုံရေးတွေကြောင့် အထိအခိုက်မရှိဘဲ အဆောက်အဦးထဲရောက်သွားသည်

"နောက်ကျတယ်နော် "

Jennie သူမ CEO စကားကြောင့် မျက်မှောင်ကြုတ်ပြီး

"မီးပွိုင့်မိနေလို့...Sorryပါ.."

Jennie ပြောပြီး မင်းသားနှစ်ယောက်ကြား ဝင်ထိုင်လိုက်သည်

"ရပါတယ် "

Jisoo ပြောပြီး မတ်တပ်ထရပ်လိုက်သည် တခြား CEO လေးယောက်ကိုလည်း ထရပ်ဖို့ အချက်ပြလိုက်သည်

"Annyeonghasayeo Song Minoပါ..."

"Annyeonghasayeo... Kim Jinwooပါ "

"Annyeonghasayeo Kang Seulgiပါ '

"Annyeonghasayeo Lalisa Manoban ပါ "

လေးယောက်လုံး မိတ်ဆက်ပြီးနောက် Jisooကို လှမ်းကြည့်ကြသည်

Jisooလည်း ခေါင်းညိတ်ပြီး သရုပ်ဆောင်တွေဘက်လှည့်ကာ

"Annyeonghasayeo.... တစ်ချို့လူတွေက ကျွန်မကို မသိတာမို့ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပါရစေ ကျွန်မက JLSMရဲ့ ခေါင်းဆောင်ဖြစ်ပြီး အဓိက CEO ဖြစ်တဲ့ Kim Jisooပါ "

JSLMတို့ မိတ်ဆက်ပြီးနောက် သရုပ်ဆောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ကြသည်

"JSLM မှာ CEO ငါးယောက်ရှိတယ်လို့ ထင်မထားဘူး "

Nam Joohyuk စကားကြောင့် Jisoo သူမ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး ခေါင်းညိတ်လိုက်သည်

"ဟုတ်တယ် ကျွန်မက အင်တာဗျူးတွေဆို တခြားအလုပ်တွေကြောင့် သိပ်မတက်ဘူးလေ...ဒါကြောင့်မို့ တော်တော်များများက ကျွန်မဆိုသိပ်မသိကြဘူး "

Jisooတို့ တစ်ယောက်ကိုတစ်ယောက်မိတ်ဆက်ပြီး ရင်းနှီးသွားအောင် စကားတွေပြောနေကြသည်

#TBC

နောက်တပိုင်းဆို Soojoo တစ်ယောက် Jen သဝန်တိုအောင် ဘယ်လိုလုပ်မလည်း Jenကလည်း ဘယ်လိုသဝန်တိုမလည်းဆိုတာ.....

#ZAWGYI









"ဘာ "


...."

"သူ့နာမည်က ဘယ်သူလည်း.... "

". .."














"ကဲ သွားကြစို့ "





"Sorry "



"Hello "
















After few weeks




"နောက်ကျတယ်နော် "




"ရပါတယ် "














#TBC


Bạn đang đọc truyện trên: Truyen3h.Co