Part 4
#Unicode
6 years later
"Jennieရေ "
Irene တစ်ယောက် အော်ပြီး Jennieရဲ့ တံခါးကို ခေါက်လေသည်
"သောက်တံခါးကို ဖွင့်ပေးပါဟဲ့...... Miss Yooက နင့်ကို တွေ့ချင်လို့တဲ့ ခေါ်ခိုင်းနေတယ် "
Irene တံခါးကို အဆက်မပြတ်ခေါက်ရင်း မိနစ်အနည်းငယ်ကြာတော့ အထဲက တံခါးဖွင့်သံကြားတော့ အမြန်ဘဲ တံခါးဘုခလုတ်ကို လှည့်ပြီး အိမ်ထဲ ဝင်လာလိုက်သည်
"ချီးပဲ....."
Irene မှာ Jennieရဲ့ ရှုပ်ပွနေတဲ့ ဧည့်ခန်းကိုကြည့်ပြီး ဆဲလိုက်သည်
"ဒါက Idol တစ်ယောက်ရဲ့ အခန်းလား ဝက်နေတဲ့ အခန်းလား ဟမ် "
"Ash Ireneရေ ငါ့အခန်းကို dissလုပ်ဖို့ဆို သွားတော့ ပြန်လိုက်တော့ ငါ ပင်ပန်းနေလို့ "
Jennie ညည်းညူပြီး သူမ ကုတင်ပေါ် ပစ်လှဲလိုက်သည်
"ပင်ပန်းတယ် ဟုတ်လား အမလေး ဟုတ်ပါ့ ပင်ပန်းမှာပေါ့ clubမှာ မနက် ၂နာရီထိ ကဲနေရလို့ ပင်ပန်းနေမှာပေါ့ "
Irene ပြောပြီး ကုတင်ပေါ်အိပ်နေတဲ့ Jennieရဲ့ စောင်ကို ဆွဲဖယ်ပြီး Jennieရဲ့ တင်ပါးကို ဖြန်းခနဲ ရိုက်လိုက်သည်
"Ash Irene နာတယ်ဟ "
Jennie သူမ တင်ပါးကို ပွတ်ပြီး Irene ကို မျက်စောင်းထိုးလိုက်သည်
"Miss Yooက နင့်ကို တွေ့ချင်လို့ ခေါ်ခိုင်းလိုက်ပါတယ်ဆို "
Jennieရဲ့ စောင်ကို ခေါက်ရင်း Irene ထပ်ပြောပြန်သည်
"သူက ဘာလို့ ရုတ်တရက်ကြီး တွေ့ချင်ရပြန်တာလည်း.......သူ ခေါ်တိုင်း အဆင်ပြေလား ရည်းစားရနေပြီလားဘဲ မေးနေတာ "
Jennie သူမရဲ့ personal အကြောင်းတွေ မေးလျှင် အရမ်းစိတ်တိုသည်....သူမ ယခုလက်ရှိနေနေတဲ့ Yoo Agencyကို လုံးဝမကြိုက်ပါ ဖြစ်နိုင်ရင် Agencyကနေတောင် ထွက်သွားချင်မိသည်
သို့သော်လည်း စာချုပ်သက်တမ်းမပြည့်သေးသောကြောင့် သီးခံနေရသည်
"ဒါပေါ့ သူက CEOဘဲပေါ့ အဲ့လိုတွေမမေးလို့ ဘယ်လိုဟာတွေ မေးရမလည်း စားပြီးပြီလား လစာတိုးချင်လား ဘာလား ဟွန်း"
Irene မှာ Jennieကို စိတ်တိုအောင် စနောက်သောကြောင့် Jennie မှာ Ireneကို ခေါင်းအုံးနဲ ပစ်ပေါက်လိုက်သည်
"အခန်းထဲက လစ်လိုက်တော့ Unnie က ငါ့ကို စိတ်တိုအောင် လုပ်နေတယ်..."
". ."
"မိနစ်သုံးဆယ်နေရင် ထွက်လာခဲ့မယ် ဧည့်ခန်းက စောင့်နေလိုက် "
Jennie ပြောပြီး ရေချိုးခန်းထဲသို့ ဝင်သွားလေသည်
ရေချိုးပြီးနောက် Jennie သူမဝတ်ဖို့ အဝတ်အစားတွေ ရွေးနေသည်
"Humm ဒါက သာမန်နဲ့ တူတယ် ဒီတစ်ထည်ကျ အရောင်တောက်လွန်းတယ် ...အိုး ဒါလေး လန်းတယ် "
Jennie ဘီဒိုထဲက အဝတ်အစားရွေးနေတုံး ဓာတ်ပုံတစ်ပုံ ပြုတ်ကျလာသည်
Jennie ကောက်ယူကြည့်လိုက်တော့ Jisooနဲ့ သူမ တွဲရိုက်ထားတဲ့ couple ဓာတ်ပုံလေး ဖြစ်နေသည်
"မကောင်းတဲ့သူ....."
Jennie မှာ Jisooကို ကြည့်ပြီး ကျိန်ဆဲလိုက်ပေမယ့် ဓာတ်ပုံထဲက Jisoo မျက်နှာလေးကို စိုက်ကြည့်နေမိသည်
"Jennie မိနစ်သုံးဆယ်ကျော်တော့မယ်နော် "
ဧည့်ခန်းထဲက Irene အသံကြောင့် Jennie သူမတို့ ဓာတ်ပုံကို မှန်တင်ခုံက အံဆွဲထဲ ထည့်လိုက်သည်
ထို့နောက် မိတ်ကပ်ပါးပါးလေး လိမ်းပြီး Ireneနဲ့အတူ သူမ Agency သို့ ထွက်လာခဲ့သည်
Agency ရှေ့ရောက်တော့ သူမကို စောင့်နေတဲ့ fanတွေကို တွေ့ရသည်
"Jennie notice me. ..."
"ဒီကို ကြည့်ပါအုံး Jennie "
"Jennie i love you "
"Marry Me Jennie "
Jennieရဲ့ fansiteတွေမှာ Jennieကို ဓာတ်ပုံရိုက်ရင်း Jennie ဆီက attention ရဖို့ အော်ဟစ်နေကြသည်
ခုနက Jisooနဲ့ပုံ မြင်ပြီး Jennie စိတ်ခံစားချက်မကောင်းလို့ သူမ Fanတွေကို လှမ်းမကြည့်နိုင်ဘဲ ခေါင်းငုံ့ကာ Agency ဘက် လျှောက်သွားသည်
"Jendeukie ဒီကိုကြည့်ပါ "
Fansiteတွေ အော်ဟစ်သံနဲ့ ပြည့်နှက်နေတဲ့နေရာမှာ Jennie အသံတစ်ခုကို ပြက်ပြက်သားသား ကြားလိုက်ရသည်
Jennie ချက်ချင်းဘဲ မတွေ့ရတာကြာပြီဖြစ်တဲ့ ရင်းနှီးတဲ့ မျက်နှာလေးကို မြင်ရဖို့ အမြန် လူအုပ်ထဲ လှမ်းကြည့်ကာ တစ်စုံတစ်ယောက်ကို ရှာဖွေနေသည်
"Gosh Jennie သူဒီမှာ ရှိနေတယ်လို့ နင် ဘယ်လိုတွေးလိုက်တာလည်း ရူးနေတာလား "
Jennie သူမစိတ်ကို ပြန်ထိန်းလိုက်ပြီး agency ထဲ ဝင်သွားလိုက်သည်
Agency ထဲက ဝန်ထမ်းတွေက Jennieကို နှုတ်ဆက်ပေမယ့် ပြန်မနှုတ်ဆက်ဘဲ ဓာတ်လှေကားထဲ Jennie ဝင်သွားတယ်
Ireneပြောနေတဲ့ စကားတွေလည်း Jennie မကြား......သူမ စိတ်ထဲ Jendeukie ဆိုတဲ့ ခေါ်သံဘဲ တွေးနေမိသည်။
သူမကို Jendeukie လို့ခေါ်တာ Jisoo တစ်ယောက်သာ ရှိသည်
Jisoo တကယ်ဘဲ ထိုနေရာမှာ ရှိနေတာလား ဒါမှမဟုတ် ခုန Jisoo ဓာတ်ပုံမြင်ပြီး Jennie စိတ်ကူးယဥ်နေမိတာလား ......
"Jendeukie "
ဓာတ်လှေကား တံခါးမပိတ်ခင် သူမနာမည်ခေါ်သံကို Jennie ထပ်ပြီး ကြားရပြန်သည်
အပြင်ထွက်ကြည့်မယ် လုပ်ပေမယ့် ကံဆိုးစွာဖြင့် ဓာတ်လှေကားတံခါးက ပိတ်သွားပြီး အပေါ်ထပ်သို့ တက်သွားလေသည်
ဓာတ်လှေကား တံခါးလည်း ပွင့်ရော အထဲကနေ ထွက်လာပြီး Ireneနဲ့အတူ သူမ CEOရုံးခန်းသို့ Jennie သွားလေသည်
"ဟော Jennie ရောက်လာပြီလား ထိုင် ထိုင် "
Yoo jeongyeon. ....YJY Agency ရဲ့ CEO တစ်ဦး ဖြစ်သည်
"Good morning CEO "
Jennie သူမရဲ့ CEOကို နှုတ်ဆက်လိုက်သည်
"ထိုင်ပါ မင်းကို ပြောစရာရှိလို့ ခေါ်လိုက်တာ....ဘယ်လိုလည်း အဆင်ပြေလား...."
"ဒီလိုပါပဲ.... "
Jennie ဆိိုဖာမှာထိုင်ပြီး သူမ CEO မေးခွန်းကို ပြန်ဖြေလိုက်သည်
"အင်း မင်းကို ပြောစရာရှိတယ်ဆိုတာ ခုနက music producer တစ်ယောက် လာသွားတယ် သူက သူရေးပြီး produce လုပ်ထားတဲ့ သီချင်းကို မင်းနဲ့ ထုတ်ချင်တယ်လို့ ကမ်းလှမ်းသွားတယ် "
"အဲ့ သီချင်းကို ကျွန်မ နားထောင်ကြည့်လို့ရမလား "
Jeongyeon ခေါင်းညိတ်ပြီး သူမ laptopကို ဖွင့်လိုက်သည်
သီချင်းသံလည်း ကြားရော သီချင်းပုံစံက သူမ ရဲ့ ပုံစံမို့ Jennie စိတ်လှုပ်ရှားသွားတယ်
"Producerက ဘယ်သူလည်းဆိုတာ သိလို့ရလား "
"အိုး ရတာပေါ့ Song Minoတဲ့ ဂျပန်က film company တစ်ခုကလေ "
"သူ ကမ်းလှမ်းတာကို လက်ခံလိုက်မယ် ပြီးတော့ သူနဲ့လည်း တွေ့ချင်တယ် "
"ကောင်းပြီလေ ငါ သူ့ကိုဆက်သွယ်ပြီး တွေ့ရမယ့်ရက် ညှိလိုက်မယ် အဲ့တာပြောချင်လို့ ခေါ်လိုက်တာ သွားနားလို့ရပါပြီ "
"Nae "
Jennie သူမ CEOကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်
"မင်းတို့သိလား YJY Agency က တော်တော်ကို ကြီးတာကွ အထဲဝင်လိုက်တာနဲ့ သူတို့ agency က idolတွေ မင်းသားမင်းသမီးပုံတွေ အများကြီးဘဲ ချိတ်ထား ကပ်ထားတာ "
Mino YJY agencyက ဘယ်လောက်ကြီးမားကြောင်း သူ့သူငယ်ချင်းကို ပြန်ပြောပြနေသည်
"အော် Koreaရဲ့ နာမည်ကြီး Agency ထဲက တစ်ခုပါဆို အဲ့လောက်တော့ ကြီးမှာပေါ့ကွ "
Jinwoo video callကနေ Minoကို ပြန်ပြောလိုက်သည်
ဟုတ်ပါတယ် Minoနဲ့Jinwooတို့က video callပြောနေကြတာပါ ဘာလို့ဆို Jinwooနဲ့ အဖွဲ့သားတစ်ချို့က ဂျပန်မှာဘဲ ရှိနေသောကြောင့် ဖြစ်သည်
"Idol တွေရော တွေ့ခဲ့လား "
Lisaစိတ်လှုပ်ရှားပြီး မေးလိုက်သည်
Lisa မေးတော့ Mino နှုတ်ခမ်းဆူပြီး ခေါင်းခါပြသည်
"မတွေ့ခဲ့ဘူး ငါမေးတော့ သူတို့တွေ schedule အသီးသီးကြောင့် အလုပ်များနေတယ်တဲ့ "
ဂျပန်က ပြိုင်ပွဲမှာ Jisooတို့အဖွဲ့ ပထမရသွားတာ ခြောက်နှစ်ရှိသွားပါပြီ ယခုဆို သူတို့ဖြစ်ချင်တဲ့အတိုင်း company တစ်ခု ဂျပန်မှာ တည်ထောင်နိုင်ခဲ့ပြီလေ .......
ဒါပေမယ့် Jisooကတော့ Koreaမှာ film တစ်ခု ရိုက်စရာရှိတယ်ဆိုပြီး Minoနဲ့အတူ koreaကို ခဏပြန်သွားတယ်
"Hey ခေါင်းဆောင် "
Video callထဲ Jisooပါ လာjoinလို့ Seulgi လှမ်းနှုတ်ဆက်လိုက်သည်
"Hey guys. ...company အခြေအနေရော ဘယ်လိုလည်း "
Jisokမေးပြီး သူမ မျက်နှာမှာတပ်ထားတဲ့ maskကို ဖြုတ်လိုက်သည်
"အယ် ဒါနဲ့ ခေါင်းဆောင် ကျွန်တော် ကားသွားယူနေတုံး ဘယ်ရောက်သွားတာလည်း "
Minoမှာ YJY Agency က CEOနဲ့တွေ့ပြီး အပြန် Jisoo သူ့ဘေးနားက ပျောက်သွားတာကို သတိရလို့ မေးလိုက်သည်
"ငါ့ကိစ္စပါ မစပ်စုနဲ့ mino"
Jisooပြောတော့ Mino မျက်နှာရှုံ့မဲ့ပြလိုက်သည်
"ခေါင်းဆောင်ရေ ဒီက အလုပ်တွေ ပြီးသွားလို့ ငါတို့ မနက်ဖြန် Koreaကို လာမယ်နော် Sir Youngbaeက company ကို သူနဲ့စိတ်ချလက်ချထားခဲ့တဲ့ "
"အေး အေး ရောက်ရင် ဖုန်းဆက်လိုက် "
"ဒါဆို ပစ္စည်းတွေသိမ်းမလို့ out ပြီဗျာ့ see ya "
Jinwooတို့ koreaကို ပြန်လာဖို့ ပစ္စည်းတွေ သိမ်းရန် လိုင်းပေါ်က ဆင်းသွားတော့ Minoနဲ့Jisooသာ ကျန်ခဲ့သည်
"Hey ခေါင်းဆောင် "
"Wae ဘာလည်း "
"ငါနဲ့ အတူတူ ပြန်လိုက်မလာတော့ ဟိုတစ်ယောက်ကြောင့်လား "
Minoမေးတော့ Jisoo ခေါင်းညိတ်ပြသည်
"Ah သူ့ကို တကယ်ချစ်တာလား "
"ဒါပေါ့ ငါ သူ့ကိုအမြဲ ချစ်နေအုံးမှာ "
"သူ မင်းကို မြင်လိုက်လား "
"Umm လူအုပ်ကြီးတွေများတော့ သူမြင်မယ်မထင်ဘူး ဒါပေမယ့် သူ့နာမည်ပြောင်လေး ငါအော်ခေါ်ခဲ့တယ် အဲ့အချိန် သူ နောက်ကို လှည့်ပြီး ကြည့်တာလေး back viewလေးက တော်တော်လှတာဘဲ "
Jisooမှာ Jennieရဲ့ အလှဆုံး ပုံလေးတွေ ရိုက်လိုက်နိုင်လို့ ပျော်နေသည်
"ခြောက်နှစ်တောင် ရှိသွားပြီ ဘာလို့ ဒီတိုင်းနေနေတာလည်း ပြန်တွဲဖို့ ကြိုးစားပါလား ခေါင်းဆောင်လည်း ဒုတိယအခွင့်အရေး မျှော်နေတာမလား "
Mino စကားကြောင့် Jisoo သက်ပြင်းချမိသည်
"ငါ.....သူနဲ့ပြန်တွဲချင််တယ် ဒါပေမယ့် အခု သူ့ကို ကြည့်ရတာ ပျော်ပြီးအဆင်ပြေနေတဲ့ပုံပါဘဲ ငါ သူ့ဘဝကို ထပ်ပြီး မဖျက်စီးချင်ဘူး Mino "
"Wow ငါတို့ companyရဲ့ CEO ဖြစ်တဲ့ ခေါင်းဆောင်ဖြစ်တဲ့ Jisooက အခု ကြောက်နေတာလား "
"ငါ ကြောက်နေတာ မဟုတ်ဘူး Mino "
" ဘာဘဲ ဖြစ်ဖြစ် ဒုတိယအကြိမ် ပြန်ကြိုးစားကြည့်သင့်တယ် ထင်တယ် အဲ့တာမှ သူလက်မခံရင်တော့ ခေါင်းဆောင် သူ့ကို အပြီးပိုင် လက်လွှတ်လိုက်တော့ ....အချိန်အကြာကြီး နာကျင်ခဲ့ပြီးပြီလေ လုံလောက်ပြီမလား "
"သူ ပျော်နေတာ မြင်ရရင် ငါနာကျင်လည်း အဆင်ပြေပါတယ် Mino "
"Stupid Jisoo "
"Yah နင် CEOကို ဘာပြောတယ် ငါ လစာဖြတ်လိုက်ရမလား "
Jisoo ငေါက်တော့ Mino ပြောင်ပြပြီး video callပြောတာကို ချပစ်လိုက်သည်
Jisooကတော့ သူမ ရိုက်လာတဲ့ jennieပုံလေးတွေကို laptopမှာ ပြန်ပြင်နေသည်
#TBC
#Zawgyi
6 years later
"Jennieေရ "
Irene တစ္ေယာက္ ေအာ္ၿပီး Jennieရဲ႕ တံခါးကို ေခါက္ေလသည္
"ေသာက္တံခါးကို ဖြင့္ေပးပါဟဲ့...... Miss Yooက နင့္ကို ေတြ႕ခ်င္လို႔တဲ့ ေခၚခိုင္းေနတယ္ "
Irene တံခါးကို အဆက္မျပတ္ေခါက္ရင္း မိနစ္အနည္းငယ္ၾကာေတာ့ အထဲက တံခါးဖြင့္သံၾကားေတာ့ အျမန္ဘဲ တံခါးဘုခလုတ္ကို လွည့္ၿပီး အိမ္ထဲ ဝင္လာလိုက္သည္
"ခ်ီးပဲ....."
Irene မွာ Jennieရဲ႕ ရႈပ္ပြေနတဲ့ ဧည့္ခန္းကိုၾကည့္ၿပီး ဆဲလိုက္သည္
"ဒါက Idol တစ္ေယာက္ရဲ႕ အခန္းလား ဝက္ေနတဲ့ အခန္းလား ဟမ္ "
"Ash Ireneေရ ငါ့အခန္းကို dissလုပ္ဖို႔ဆို သြားေတာ့ ျပန္လိုက္ေတာ့ ငါ ပင္ပန္းေနလို႔ "
Jennie ညည္းၫူၿပီး သူမ ကုတင္ေပၚ ပစ္လွဲလိုက္သည္
"ပင္ပန္းတယ္ ဟုတ္လား အမေလး ဟုတ္ပါ့ ပင္ပန္းမွာေပါ့ clubမွာ မနက္ ၂နာရီထိ ကဲေနရလို႔ ပင္ပန္းေနမွာေပါ့ "
Irene ေျပာၿပီး ကုတင္ေပၚအိပ္ေနတဲ့ Jennieရဲ႕ ေစာင္ကို ဆြဲဖယ္ၿပီး Jennieရဲ႕ တင္ပါးကို ျဖန္းခနဲ ရိုက္လိုက္သည္
"Ash Irene နာတယ္ဟ "
Jennie သူမ တင္ပါးကို ပြတ္ၿပီး Irene ကို မ်က္ေစာင္းထိုးလိုက္သည္
"Miss Yooက နင့္ကို ေတြ႕ခ်င္လို႔ ေခၚခိုင္းလိုက္ပါတယ္ဆို "
Jennieရဲ႕ ေစာင္ကို ေခါက္ရင္း Irene ထပ္ေျပာျပန္သည္
"သူက ဘာလို႔ ႐ုတ္တရက္ႀကီး ေတြ႕ခ်င္ရျပန္တာလည္း.......သူ ေခၚတိုင္း အဆင္ေျပလား ရည္းစားရေနၿပီလားဘဲ ေမးေနတာ "
Jennie သူမရဲ႕ personal အေၾကာင္းေတြ ေမးလွ်င္ အရမ္းစိတ္တိုသည္....သူမ ယခုလက္ရွိေနေနတဲ့ Yoo Agencyကို လုံးဝမႀကိဳက္ပါ ျဖစ္နိုင္ရင္ Agencyကေနေတာင္ ထြက္သြားခ်င္မိသည္
သို႔ေသာ္လည္း စာခ်ဳပ္သက္တမ္းမျပည့္ေသးေသာေၾကာင့္ သီးခံေနရသည္
"ဒါေပါ့ သူက CEOဘဲေပါ့ အဲ့လိုေတြမေမးလို႔ ဘယ္လိုဟာေတြ ေမးရမလည္း စားၿပီးၿပီလား လစာတိုးခ်င္လား ဘာလား ဟြန္း"
Irene မွာ Jennieကို စိတ္တိုေအာင္ စေနာက္ေသာေၾကာင့္ Jennie မွာ Ireneကို ေခါင္းအုံးနဲ ပစ္ေပါက္လိုက္သည္
"အခန္းထဲက လစ္လိုက္ေတာ့ Unnie က ငါ့ကို စိတ္တိုေအာင္ လုပ္ေနတယ္..."
". ."
"မိနစ္သုံးဆယ္ေနရင္ ထြက္လာခဲ့မယ္ ဧည့္ခန္းက ေစာင့္ေနလိုက္ "
Jennie ေျပာၿပီး ေရခ်ိဳးခန္းထဲသို႔ ဝင္သြားေလသည္
ေရခ်ိဳးၿပီးေနာက္ Jennie သူမဝတ္ဖို႔ အဝတ္အစားေတြ ေ႐ြးေနသည္
"Humm ဒါက သာမန္နဲ႕ တူတယ္ ဒီတစ္ထည္က် အေရာင္ေတာက္လြန္းတယ္ ...အိုး ဒါေလး လန္းတယ္ "
Jennie ဘီဒိုထဲက အဝတ္အစားေ႐ြးေနတုံး ဓာတ္ပုံတစ္ပုံ ျပဳတ္က်လာသည္
Jennie ေကာက္ယူၾကည့္လိုက္ေတာ့ Jisooနဲ႕ သူမ တြဲရိုက္ထားတဲ့ couple ဓာတ္ပုံေလး ျဖစ္ေနသည္
"မေကာင္းတဲ့သူ....."
Jennie မွာ Jisooကို ၾကည့္ၿပီး က်ိန္ဆဲလိုက္ေပမယ့္ ဓာတ္ပုံထဲက Jisoo မ်က္ႏွာေလးကို စိုက္ၾကည့္ေနမိသည္
"Jennie မိနစ္သုံးဆယ္ေက်ာ္ေတာ့မယ္ေနာ္ "
ဧည့္ခန္းထဲက Irene အသံေၾကာင့္ Jennie သူမတို႔ ဓာတ္ပုံကို မွန္တင္ခုံက အံဆြဲထဲ ထည့္လိုက္သည္
ထို႔ေနာက္ မိတ္ကပ္ပါးပါးေလး လိမ္းၿပီး Ireneနဲ႕အတူ သူမ Agency သို႔ ထြက္လာခဲ့သည္
Agency ေရွ႕ေရာက္ေတာ့ သူမကို ေစာင့္ေနတဲ့ fanေတြကို ေတြ႕ရသည္
"Jennie notice me. ..."
"ဒီကို ၾကည့္ပါအုံး Jennie "
"Jennie i love you "
"Marry Me Jennie "
Jennieရဲ႕ fansiteေတြမွာ Jennieကို ဓာတ္ပုံရိုက္ရင္း Jennie ဆီက attention ရဖို႔ ေအာ္ဟစ္ေနၾကသည္
ခုနက Jisooနဲ႕ပုံ ျမင္ၿပီး Jennie စိတ္ခံစားခ်က္မေကာင္းလို႔ သူမ Fanေတြကို လွမ္းမၾကည့္နိုင္ဘဲ ေခါင္းငုံ႕ကာ Agency ဘက္ ေလွ်ာက္သြားသည္
"Jendeukie ဒီကိုၾကည့္ပါ "
Fansiteေတြ ေအာ္ဟစ္သံနဲ႕ ျပည့္ႏွက္ေနတဲ့ေနရာမွာ Jennie အသံတစ္ခုကို ျပက္ျပက္သားသား ၾကားလိုက္ရသည္
Jennie ခ်က္ခ်င္းဘဲ မေတြ႕ရတာၾကာၿပီျဖစ္တဲ့ ရင္းႏွီးတဲ့ မ်က္ႏွာေလးကို ျမင္ရဖို႔ အျမန္ လူအုပ္ထဲ လွမ္းၾကည့္ကာ တစ္စုံတစ္ေယာက္ကို ရွာေဖြေနသည္
"Gosh Jennie သူဒီမွာ ရွိေနတယ္လို႔ နင္ ဘယ္လိုေတြးလိုက္တာလည္း ႐ူးေနတာလား "
Jennie သူမစိတ္ကို ျပန္ထိန္းလိုက္ၿပီး agency ထဲ ဝင္သြားလိုက္သည္
Agency ထဲက ဝန္ထမ္းေတြက Jennieကို ႏႈတ္ဆက္ေပမယ့္ ျပန္မႏႈတ္ဆက္ဘဲ ဓာတ္ေလွကားထဲ Jennie ဝင္သြားတယ္
Ireneေျပာေနတဲ့ စကားေတြလည္း Jennie မၾကား......သူမ စိတ္ထဲ Jendeukie ဆိုတဲ့ ေခၚသံဘဲ ေတြးေနမိသည္။
သူမကို Jendeukie လို႔ေခၚတာ Jisoo တစ္ေယာက္သာ ရွိသည္
Jisoo တကယ္ဘဲ ထိုေနရာမွာ ရွိေနတာလား ဒါမွမဟုတ္ ခုန Jisoo ဓာတ္ပုံျမင္ၿပီး Jennie စိတ္ကူးယဥ္ေနမိတာလား ......
"Jendeukie "
ဓာတ္ေလွကား တံခါးမပိတ္ခင္ သူမနာမည္ေခၚသံကို Jennie ထပ္ၿပီး ၾကားရျပန္သည္
အျပင္ထြက္ၾကည့္မယ္ လုပ္ေပမယ့္ ကံဆိုးစြာျဖင့္ ဓာတ္ေလွကားတံခါးက ပိတ္သြားၿပီး အေပၚထပ္သို႔ တက္သြားေလသည္
ဓာတ္ေလွကား တံခါးလည္း ပြင့္ေရာ အထဲကေန ထြက္လာၿပီး Ireneနဲ႕အတူ သူမ CEO႐ုံးခန္းသို႔ Jennie သြားေလသည္
"ေဟာ Jennie ေရာက္လာၿပီလား ထိုင္ ထိုင္ "
Yoo jeongyeon. ....YJY Agency ရဲ႕ CEO တစ္ဦး ျဖစ္သည္
"Good morning CEO "
Jennie သူမရဲ႕ CEOကို ႏႈတ္ဆက္လိုက္သည္
"ထိုင္ပါ မင္းကို ေျပာစရာရွိလို႔ ေခၚလိုက္တာ....ဘယ္လိုလည္း အဆင္ေျပလား...."
"ဒီလိုပါပဲ.... "
Jennie ဆိိုဖာမွာထိုင္ၿပီး သူမ CEO ေမးခြန္းကို ျပန္ေျဖလိုက္သည္
"အင္း မင္းကို ေျပာစရာရွိတယ္ဆိုတာ ခုနက music producer တစ္ေယာက္ လာသြားတယ္ သူက သူေရးၿပီး produce လုပ္ထားတဲ့ သီခ်င္းကို မင္းနဲ႕ ထုတ္ခ်င္တယ္လို႔ ကမ္းလွမ္းသြားတယ္ "
"အဲ့ သီခ်င္းကို ကြၽန္မ နားေထာင္ၾကည့္လို႔ရမလား "
Jeongyeon ေခါင္းညိတ္ၿပီး သူမ laptopကို ဖြင့္လိုက္သည္
သီခ်င္းသံလည္း ၾကားေရာ သီခ်င္းပုံစံက သူမ ရဲ႕ ပုံစံမို႔ Jennie စိတ္လႈပ္ရွားသြားတယ္
"Producerက ဘယ္သူလည္းဆိုတာ သိလို႔ရလား "
"အိုး ရတာေပါ့ Song Minoတဲ့ ဂ်ပန္က film company တစ္ခုကေလ "
"သူ ကမ္းလွမ္းတာကို လက္ခံလိုက္မယ္ ၿပီးေတာ့ သူနဲ႕လည္း ေတြ႕ခ်င္တယ္ "
"ေကာင္းၿပီေလ ငါ သူ႕ကိုဆက္သြယ္ၿပီး ေတြ႕ရမယ့္ရက္ ညွိလိုက္မယ္ အဲ့တာေျပာခ်င္လို႔ ေခၚလိုက္တာ သြားနားလို႔ရပါၿပီ "
"Nae "
Jennie သူမ CEOကို ႏႈတ္ဆက္ၿပီး ထြက္လာခဲ့သည္
"မင္းတို႔သိလား YJY Agency က ေတာ္ေတာ္ကို ႀကီးတာကြ အထဲဝင္လိုက္တာနဲ႕ သူတို႔ agency က idolေတြ မင္းသားမင္းသမီးပုံေတြ အမ်ားႀကီးဘဲ ခ်ိတ္ထား ကပ္ထားတာ "
Mino YJY agencyက ဘယ္ေလာက္ႀကီးမားေၾကာင္း သူ႕သူငယ္ခ်င္းကို ျပန္ေျပာျပေနသည္
"ေအာ္ Koreaရဲ႕ နာမည္ႀကီး Agency ထဲက တစ္ခုပါဆို အဲ့ေလာက္ေတာ့ ႀကီးမွာေပါ့ကြ "
Jinwoo video callကေန Minoကို ျပန္ေျပာလိုက္သည္
ဟုတ္ပါတယ္ Minoနဲ႕Jinwooတို႔က video callေျပာေနၾကတာပါ ဘာလို႔ဆို Jinwooနဲ႕ အဖြဲ႕သားတစ္ခ်ိဳ႕က ဂ်ပန္မွာဘဲ ရွိေနေသာေၾကာင့္ ျဖစ္သည္
"Idol ေတြေရာ ေတြ႕ခဲ့လား "
Lisaစိတ္လႈပ္ရွားၿပီး ေမးလိုက္သည္
Lisa ေမးေတာ့ Mino ႏႈတ္ခမ္းဆူၿပီး ေခါင္းခါျပသည္
"မေတြ႕ခဲ့ဘူး ငါေမးေတာ့ သူတို႔ေတြ schedule အသီးသီးေၾကာင့္ အလုပ္မ်ားေနတယ္တဲ့ "
ဂ်ပန္က ၿပိဳင္ပြဲမွာ Jisooတို႔အဖြဲ႕ ပထမရသြားတာ ေျခာက္ႏွစ္ရွိသြားပါၿပီ ယခုဆို သူတို႔ျဖစ္ခ်င္တဲ့အတိုင္း company တစ္ခု ဂ်ပန္မွာ တည္ေထာင္နိုင္ခဲ့ၿပီေလ .......
ဒါေပမယ့္ Jisooကေတာ့ Koreaမွာ film တစ္ခု ရိုက္စရာရွိတယ္ဆိုၿပီး Minoနဲ႕အတူ koreaကို ခဏျပန္သြားတယ္
"Hey ေခါင္းေဆာင္ "
Video callထဲ Jisooပါ လာjoinလို႔ Seulgi လွမ္းႏႈတ္ဆက္လိုက္သည္
"Hey guys. ...company အေျခအေနေရာ ဘယ္လိုလည္း "
Jisokေမးၿပီး သူမ မ်က္ႏွာမွာတပ္ထားတဲ့ maskကို ျဖဳတ္လိုက္သည္
"အယ္ ဒါနဲ႕ ေခါင္းေဆာင္ ကြၽန္ေတာ္ ကားသြားယူေနတုံး ဘယ္ေရာက္သြားတာလည္း "
Minoမွာ YJY Agency က CEOနဲ႕ေတြ႕ၿပီး အျပန္ Jisoo သူ႕ေဘးနားက ေပ်ာက္သြားတာကို သတိရလို႔ ေမးလိုက္သည္
"ငါ့ကိစၥပါ မစပ္စုနဲ႕ mino"
Jisooေျပာေတာ့ Mino မ်က္ႏွာရႈံ႕မဲ့ျပလိုက္သည္
"ေခါင္းေဆာင္ေရ ဒီက အလုပ္ေတြ ၿပီးသြားလို႔ ငါတို႔ မနက္ျဖန္ Koreaကို လာမယ္ေနာ္ Sir Youngbaeက company ကို သူနဲ႕စိတ္ခ်လက္ခ်ထားခဲ့တဲ့ "
"ေအး ေအး ေရာက္ရင္ ဖုန္းဆက္လိုက္ "
"ဒါဆို ပစၥည္းေတြသိမ္းမလို႔ out ၿပီဗ်ာ့ see ya "
Jinwooတို႔ koreaကို ျပန္လာဖို႔ ပစၥည္းေတြ သိမ္းရန္ လိုင္းေပၚက ဆင္းသြားေတာ့ Minoနဲ႕Jisooသာ က်န္ခဲ့သည္
"Hey ေခါင္းေဆာင္ "
"Wae ဘာလည္း "
"ငါနဲ႕ အတူတူ ျပန္လိုက္မလာေတာ့ ဟိုတစ္ေယာက္ေၾကာင့္လား "
Minoေမးေတာ့ Jisoo ေခါင္းညိတ္ျပသည္
"Ah သူ႕ကို တကယ္ခ်စ္တာလား "
"ဒါေပါ့ ငါ သူ႕ကိုအၿမဲ ခ်စ္ေနအုံးမွာ "
"သူ မင္းကို ျမင္လိုက္လား "
"Umm လူအုပ္ႀကီးေတြမ်ားေတာ့ သူျမင္မယ္မထင္ဘူး ဒါေပမယ့္ သူ႕နာမည္ေျပာင္ေလး ငါေအာ္ေခၚခဲ့တယ္ အဲ့အခ်ိန္ သူ ေနာက္ကို လွည့္ၿပီး ၾကည့္တာေလး back viewေလးက ေတာ္ေတာ္လွတာဘဲ "
Jisooမွာ Jennieရဲ႕ အလွဆုံး ပုံေလးေတြ ရိုက္လိုက္နိုင္လို႔ ေပ်ာ္ေနသည္
"ေျခာက္ႏွစ္ေတာင္ ရွိသြားၿပီ ဘာလို႔ ဒီတိုင္းေနေနတာလည္း ျပန္တြဲဖို႔ ႀကိဳးစားပါလား ေခါင္းေဆာင္လည္း ဒုတိယအခြင့္အေရး ေမွ်ာ္ေနတာမလား "
Mino စကားေၾကာင့္ Jisoo သက္ျပင္းခ်မိသည္
"ငါ.....သူနဲ႕ျပန္တြဲခ်င္္တယ္ ဒါေပမယ့္ အခု သူ႕ကို ၾကည့္ရတာ ေပ်ာ္ၿပီးအဆင္ေျပေနတဲ့ပုံပါဘဲ ငါ သူ႕ဘဝကို ထပ္ၿပီး မဖ်က္စီးခ်င္ဘူး Mino "
"Wow ငါတို႔ companyရဲ႕ CEO ျဖစ္တဲ့ ေခါင္းေဆာင္ျဖစ္တဲ့ Jisooက အခု ေၾကာက္ေနတာလား "
"ငါ ေၾကာက္ေနတာ မဟုတ္ဘူး Mino "
" ဘာဘဲ ျဖစ္ျဖစ္ ဒုတိယအႀကိမ္ ျပန္ႀကိဳးစားၾကည့္သင့္တယ္ ထင္တယ္ အဲ့တာမွ သူလက္မခံရင္ေတာ့ ေခါင္းေဆာင္ သူ႕ကို အၿပီးပိုင္ လက္လႊတ္လိုက္ေတာ့ ....အခ်ိန္အၾကာႀကီး နာက်င္ခဲ့ၿပီးၿပီေလ လုံေလာက္ၿပီမလား "
"သူ ေပ်ာ္ေနတာ ျမင္ရရင္ ငါနာက်င္လည္း အဆင္ေျပပါတယ္ Mino "
"Stupid Jisoo "
"Yah နင္ CEOကို ဘာေျပာတယ္ ငါ လစာျဖတ္လိုက္ရမလား "
Jisoo ေငါက္ေတာ့ Mino ေျပာင္ျပၿပီး video callေျပာတာကို ခ်ပစ္လိုက္သည္
Jisooကေတာ့ သူမ ရိုက္လာတဲ့ jennieပုံေလးေတြကို laptopမွာ ျပန္ျပင္ေနသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co