Part 31
#unicode
Jisoo ကော်ဖီတစ်ငုံသောက်ပြီး ဇာတ်ညွှန်းဖတ်နေတဲ့ သရုပ်ဆောင်တွေကို လှမ်းကြည့်လိုက်သည်
သရုပ်ဆောင်တွေ ဇာတ်ညွှန်းဖတ်နေတာကို တစ်ကမ္ဘာလုံး ကြည့်လို့ရအောင် တိုက်ရိုက် live လွှင့်နေသည်
Live ကြည့်နေကြတဲ့ ပရိတ်သတ်တွေမှာ တစ်ချိန်လုံး ကင်မရာဘက်ကို ကြည့်ပြီး လက်ပြနှုတ်ဆက်လိုက် ပြောင်ပြလိုက်လုပ်နေတဲ့ Minoကို တော်တော်သဘောကျနေကြသည်
Live လွှင့်ပြီးသောအခါ Minoနဲ့ Jinwooတို့ အခန်းထဲက ထွက်သွားကြသည်
"Seul နင့်မှာ Fangirl အင်အားတောင့်တာဘဲ "
Jeongyeon မှာ Seulgi နားကပ်ပြီး တိုးတိုးလေးပြောလိုက်ပေမယ့် Seulgiကတော့ Ireneကိုသာ စိုက်ကြည့်နေသည်
Ireneကို သဘောကျမိတဲ့နေ့ကစပြီး Seulgi ဘယ်ကောင်မလေးကိုမှ စိတ်ဝင်စားလို့ မရတော့သလို အာရုံစိုက်မရ အီစီကလီ လုပ်မရတော့ပေ
"အချစ်လေးရေ... ဟိုနားက ဘောပင်လေး ယူပေးပါလား...."
Jennieမှာ Jisooဘေးနား ထိုင်နေတဲ့ Soojooရဲ့ ချွဲပျစ်ပျစ်အသံကြောင့် ဇာတ်ညွှန်းဖတ်ရင်း မသိမသာလှမ်းကြည့်လိုက်သည်
"အချစ်လေးတဲ့....ဘာကြီးတုံးဟ "
Jennie တိုးတိုးလေး ရေရွတ်ပြီး ဇာတ်ညွှန်းစာအုပ်ကို ထောင်လိုက်သည် ဒါမှ Jennie မမြင်ချင်တဲ့ Soojoo မျက်နှာကို မမြင်ရမှာလေ
သို့သော်လည်း ကံတရားက Jennie ဘက်မပါ....Soojoo အီစီကလီ ချွဲပျစ်တဲ့အသံက Jennieကို စိတ်ဒုက္ခ ပေးနေသည်
"အချစ်လေး တို့ကို ကျွေး...."
Soojoo နှုတ်ခမ်းလေးစူပြီး Jisoo လက်ထဲက ကိတ်မုန့်လေးကို လက်ညိုးထိုးရင်း ချွဲပျစ်တဲ့အသံနဲ့ ပြောပြန်သည်
Soojoo အသံကြောင့် အခန်းထဲက လူအားလုံးမှာ တိတ်ဆိတ်သွားပြီး Jisooတို့ကို လှမ်းကြည့်ကြသည်
Jisooမှာလည်း ရွေးချယ်စရာမရှိတာကြောင့် သူစားမယ့် ကိတ်မုန့်ကို Soojooအားခွံ့ကျွေးလေသည်
"ဆော့နေတာ ရပ်တော့ ငါတို့ အလုပ်လုပ်နေတာနော် "
Jisoo တိုးတိုးလေးပြောပြီး Soojoo လက်မောင်းကို ရိုက်လိုက်သည်
"ငါ့အစီအစဥ်တိုင်း လုပ်နေတာပါနော် "
Soojooမှာ Jisoo မျက်နှာနားသို့ ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်
"Jennieကို ကြည့်လိုက်ပါအုံး ...သူ့ကြည့်ရတာ အခု ငါ့ကို သတ်ချင်နေတဲ့အတိုင်းဘဲ "
Soojoo ပြောပြီး Jisoo ပခုံးပေါ်မှီပြန်သည်
Soojooတို့ကို ကြည့်ပြီး Jennie အမြင်ကတ်လာလို့ ချောင်းဟန့်လိုက်သည်
Jennieရဲ့ ဟန်ဆောင်ချောင်းဟန့်မှုကြောင့် သူမဘေးနားက မင်းသားနှစ်ယောက်က Jennieကို ဝိုင်းကြည့်ကြသည်
"ရော့ ဒီမယ် ရေသောက်လိုက် "
Lee Soo Hyuk မှာ သူ့ရှေ့က ရေဘူးအဖုံးကို ဖွင့်ပေးပြီး Jennieကို ပေးလိုက်သည်
"ငါ့မှာ ရှိတယ် "
Jennieပြောပြီး သူမရှေ့က ရေဘူးကို ယူသောက်လိုက်သည်
Lee Soo Hyukမှာ ရှက်ပြီး Jennie မယူတဲ့ရေဘူးကို သူကိုယ်တိုင်ဘဲ သောက်လိုက်သည်
Nam Joo Hyukမှာတော့ Lee Soo Hyukကို ကြည့်ပြီး ရယ်လေသည်
"Shut up Joo Hyuk "
တစ်ခန်းလုံး တိတ်ဆိတ်သွားစဥ် Mino တို့ အခန်းထဲ ဝုန်းခနဲ ဝင်လာကြသည်
"ခဏနားကြမယ် "
Lisa ပြောပြီး ထိုင်ရာက ထကာ Mino လက်ထဲက ဘူးတွေကို ကူသယ်ပေးသည်
"ဘာတွေလည်း "
Seulgi သိချင်လို့ လှမ်းမေးလိုက်သည်
"ကြက်ကြော်..."
Jinwoo စကားကြောင့် Jisooမှာ စိတ်လှုပ်ရှားပြီး ဇာတ်ညွှန်းစာအုပ်ကို ပိတ်လိုက်သည်
"Aigoo အခုထိ သူ ကြက်ကြော်ကို စွဲလမ်းနေတုံးဘဲ..."
Jisoo အပြုအမူကို Jennie သတိထားမိပြီး သဘောကျလို့ တိုးတိုးလေး ရေရွတ်လိုက်သည်
ရိုက်ကူးရေး ဝန်ထမ်းတွေနဲ့ သရုပ်ဆောင်တွေမှာ Minoတို့ ဝယ်ကျွေးတဲ့ ကြက်ကြော်နဲ့ထမင်းကို အားပါးတရ စားနေကြသည်
ဝန်ထမ်းတစ်ချို့မှာတော့ ကြက်ကြော်ကို ကလေးလေးတစ်ယောက်လို စားနေတဲ့ Jisooကို ကြည့်ပြီး သဘောကျနေကြသည်
"Yah Kim Jisoo ဖြည်းဖြည်းစားပါဟ "
Soojoo တစ်ယောက် ကြက်ကြော်ကို အားပါးတရ စားနေတဲ့Jisooကို ဆူလိုက်သည်
"အဟွတ်..."
Jisoo စားရင်း နင်သွားတော့ Soojooမှာ ရေဘူးအမြန်ယူကာ အဖုံးဖွင့်ပေးပြီး Jisooကို ပေးလိုက်သည်
"Dumb Jisoo "
CEOနဲ့ မင်းသမီးကို ကြည့်ပြီး အားလုံးက တိုးတိုးတိုးတိုးနဲ့ စနောက်နေကြပေမယ့် Jennieကတော့ မျက်နှာကြီးစူပုပ်နေသည်
"Yah နင်ဘာလို့ သူတို့ကို စနေတာလည်း"
Jennie သူမဘေးနားက Nam Joo Hyuk ကိုအလကားနေ ပြဿနာသွားရှာနေသည်
"သူတို့နှစ်ယောက်လုံး ကြည့်လေ ချစ်စရာလေးတွေကို....ငါ သူတို့ကို ship အား "
Nam Joo Hyukမှာ သူ့စကားမဆုံးသေး သူ့ခြေထောက်ကို Jennie တက်နင်းလိုက်ခြင်း ခံလိုက်ရသည်
"ဘာချစ်စရာကောင်းလို့လည်း စိတ်ပျက်စရာကြီး "
"ငါ့အမြင် ငါ ပြောတာကို မင်းက ဘာလို့စိတ်တိုနေတာလည်း "
Nam Joo Hyukပြောပြီး Jisoo နှုတ်ခမ်းကို သုတ်ပေးနေတဲ့ Soojooကို ကြည့်လိုက်သည်
"ကလေးလေးကျနေတာဘဲ ပေပွလို့..."
"သူက အမြဲ အဲ့လိုစားနေကြကို နင်လည်း သိသားနဲ့ "
Seulgi ဝက်ဝံပေါက်စလေးဟာလည်း Jennie ပိုလောင်အောင် လောင်စာတွေ ထပ်ထည့်ပေးပြန်သည်
"ဟုတ်ပါ့ အဲ့တာလေးကိုက အရမ်းချစ်ဖို့ကောင်းနေတာ "
Soojoo ပြောပြီး Jisoo မျက်နှာလေးကို လက်နဲ့ဆွဲညှစ်လိုက်သည်
ထို့နောက် Jisoo ဘယ်ဘက်ပါးလေးကို ရွှတ်ခနဲ နမ်းလိုက်သည်
Jennieမှာ ဝုန်းခနဲ ထရပ်ပြီး သူမ မန်နေဂျာကို အနောက်ကနေ လိုက်ခဲ့ဖို့ပြောလိုက်သည်
ထို့နောက် အခန်းထဲက ထွက်သွားတော့ Lisaတို့မှာ ကျေနပ်ပီတိဖြာနေသည်
"အလုပ်ဖြစ်တယ်ဟေ့ "
"Nice job Soojoo... Jennieတော့ သဝန်တိုနေပြီ"
Minoတို့မှာ Jennie အူတိုသွားတာကြည့်ပြီး သဘောနေကြသည်
"Yah Jennie ငါတို့ ဘာလို့ ဒီကိုလာ..."
Ireneမှာ Jennieက သူမကို အခန်းလွတ်ထဲ ဘာမှမပြောဘဲ ဆွဲခေါ်လာလို့ မေးလိုက်သည်
Jennie ကတော့ ဘာမှမဖြေဘဲ သူမ မန်နေဂျာကို ဖက်ကာ ငိုလေသည်
"Jennie. ..ဘာလို့ငိုနေတာလည်း "
Irene မှာ Jennie မျက်ရည်တွေ သုတ်ပေးရင်း မေးလိုက်သည်
Jennieမှာ သူမ ဖြစ်နေတာတွေ ပြောပြချင်ပေမယ့် သူမ ဒေါသတွေထွက်ပြီး ခံပြင်းနေလို့ နှုတ်ခမ်းတွေ တုန်နေပြီး အသံမထွက်လာပေ
ထို့ကြောင့် ခေါင်းခါပြပြီး Irene ပခုံးပေါ် မျက်နှာအပ်ကာ ငိုလေသည်
"Irene. ..နင့် ပခုံးပေါ်ခဏ ငိုခွင့်ပေးပါလား "
Ireneလည်း ဘာမှဆက်မမေးတော့ဘဲ ငိုနေတဲ့ သူမ Idolလေးကို ဖက်ထားလိုက်သည်
မိနစ်အနည်းငယ်ကြာတော့ Jennieဆီက ဘာအသံမှမကြားရလို့ Irene ကြည့်လိုက်တော့ Jennieမှာ သတိလစ်နေသည်
"Jennie ...ဟဲ့ဘာဖြစ်တာလည်း Jennie ထပါအုံး "
Ireneမှာ Jennieရဲ့ ခန္ဓာကိုယ်ကို လှုပ်ရမ်းပေမယ့် Jennieက သတိမရလာပေ
"ငါ ဘာလုပ်ရမလည်း...."
"Jisoo နင့်ချစ်သူရော "
Soojoo သူမခွက်ထဲ ရေထည့်ရင်း မေးတော့ Jisoo အခန်းထဲတွင် Jennieကို လိုက်ရှာလေသည်
"သူ အိမ်သာသွားမယ်လို့ပြောသွားတာမလား ဆယ့်ငါးမိနစ်ကျော်နေပြီနော် ပြန်မလာသေးဘူး "
Soojoo စကားကြောင့် Jisoo စိတ်ပူပြီး Jennieကို ရှာဖို့ အခန်းထဲက ထွက်လာစဥ် ပြာယာခတ်နေတဲ့Ireneကို တွေ့ရလေသည်
"Jisoo အတော်ဘဲ....Jennie အရမ်းငိုရင်း သတိလစ်သွားလို့ အိမ်ပြန်မလို့......အဲ့တာ လာပြောတာ "
Irene စကားကြောင့် Jisoo စိတ်ပူသွားသည်
"ဘာ ဘယ်လိုဖြစ်တာလည်း "
"မသိဘူး ငါ့ကို အခန်းတစ်ခန်းထဲဆွဲခေါ်ပြီး ဖက်ငိုရင်း သတိလစ်သွားတာဘဲ အားနာပေမယ့် ငါတို့ကို ခွင့်ပြုပါအုံး "
Irene စကားကြောင့် အခန်းထဲက နားထောင်နေတဲ့ Seulgi တို့မှာ စိတ်မကောင်းဖြစ်သွားကြသည်
"ငါတို့ တော်တော်လွန်သွားတာလား မသိဘူး...."
"Jisoo "
Lisaမှာ Jisooကို လှမ်းခေါ်ပေမယ့် Jisooကတော့ အခန်းရှေ့တွင် ငူငူငိုင်ငိုင်နဲ့ ရပ်နေသည်
"Irene ဘယ်လိုဖြစ်တာလည်း"
Jennieကို တွဲပြီး အိမ်ထဲဝင်လာတဲ့ Ireneကြောင့် Hyorin တို့ စိတ်ပူပြီး မေးလိုက်သည်
"အငိုလွန်ပြီး မျောသွားတာပါ...စိတ်မပူပါနဲ့ ဆေးတိုက်ထားတာမို့ ပြန်ကောင်းသွားမှာပါ.."
Ireneပြောပြီး Jennieကို သူမအခန်းထဲ ခေါ်သွားသည်
Hyorinကတော့ Ireneရှိလို့ သူ့သမီးကို စိတ်မပူဘဲ Tv ဖွင့်ကြည့်လိုက်သည်
Tvမှာပေါ်လာတဲ့ Jisooကို မြင်ပြီး Hyorin လန့်ပြီး လက်ထဲက Remote ပြုတ်ကျသွားသည်
#TBC
နောက်တစ်ပိုင်းကျ တကယ် ဇာတ်ရှိန်တက်လာပါပြီနော် Jenနဲ့ သူ့အမေတို့ တိုက်ပွဲရယ်....ပြီးကျ.......အမှန်တရားတချို့လည်းပေါ်လာတော့မှာမို့ စောင့်ဖတ်ပေးကြပါအုံး 😁
#zawgyi
Jisoo ေကာ္ဖီတစ္ငုံေသာက္ၿပီး ဇာတ္ၫႊန္းဖတ္ေနတဲ့ သ႐ုပ္ေဆာင္ေတြကို လွမ္းၾကည့္လိုက္သည္
သ႐ုပ္ေဆာင္ေတြ ဇာတ္ၫႊန္းဖတ္ေနတာကို တစ္ကမၻာလုံး ၾကည့္လို႔ရေအာင္ တိုက္ရိုက္ live လႊင့္ေနသည္
Live ၾကည့္ေနၾကတဲ့ ပရိတ္သတ္ေတြမွာ တစ္ခ်ိန္လုံး ကင္မရာဘက္ကို ၾကည့္ၿပီး လက္ျပႏႈတ္ဆက္လိုက္ ေျပာင္ျပလိုက္လုပ္ေနတဲ့ Minoကို ေတာ္ေတာ္သေဘာက်ေနၾကသည္
Live လႊင့္ၿပီးေသာအခါ Minoနဲ႕ Jinwooတို႔ အခန္းထဲက ထြက္သြားၾကသည္
"Seul နင့္မွာ Fangirl အင္အားေတာင့္တာဘဲ "
Jeongyeon မွာ Seulgi နားကပ္ၿပီး တိုးတိုးေလးေျပာလိုက္ေပမယ့္ Seulgiကေတာ့ Ireneကိုသာ စိုက္ၾကည့္ေနသည္
Ireneကို သေဘာက်မိတဲ့ေန႕ကစၿပီး Seulgi ဘယ္ေကာင္မေလးကိုမွ စိတ္ဝင္စားလို႔ မရေတာ့သလို အာ႐ုံစိုက္မရ အီစီကလီ လုပ္မရေတာ့ေပ
"အခ်စ္ေလးေရ... ဟိုနားက ေဘာပင္ေလး ယူေပးပါလား...."
Jennieမွာ Jisooေဘးနား ထိုင္ေနတဲ့ Soojooရဲ႕ ခြၽဲပ်စ္ပ်စ္အသံေၾကာင့္ ဇာတ္ၫႊန္းဖတ္ရင္း မသိမသာလွမ္းၾကည့္လိုက္သည္
"အခ်စ္ေလးတဲ့....ဘာႀကီးတုံးဟ "
Jennie တိုးတိုးေလး ေရ႐ြတ္ၿပီး ဇာတ္ၫႊန္းစာအုပ္ကို ေထာင္လိုက္သည္ ဒါမွ Jennie မျမင္ခ်င္တဲ့ Soojoo မ်က္ႏွာကို မျမင္ရမွာေလ
သို႔ေသာ္လည္း ကံတရားက Jennie ဘက္မပါ....Soojoo အီစီကလီ ခြၽဲပ်စ္တဲ့အသံက Jennieကို စိတ္ဒုကၡ ေပးေနသည္
"အခ်စ္ေလး တို႔ကို ေကြၽး...."
Soojoo ႏႈတ္ခမ္းေလးစူၿပီး Jisoo လက္ထဲက ကိတ္မုန့္ေလးကို လက္ညိုးထိုးရင္း ခြၽဲပ်စ္တဲ့အသံနဲ႕ ေျပာျပန္သည္
Soojoo အသံေၾကာင့္ အခန္းထဲက လူအားလုံးမွာ တိတ္ဆိတ္သြားၿပီး Jisooတို႔ကို လွမ္းၾကည့္ၾကသည္
Jisooမွာလည္း ေ႐ြးခ်ယ္စရာမရွိတာေၾကာင့္ သူစားမယ့္ ကိတ္မုန့္ကို Soojooအားခြံ႕ေကြၽးေလသည္
"ေဆာ့ေနတာ ရပ္ေတာ့ ငါတို႔ အလုပ္လုပ္ေနတာေနာ္ "
Jisoo တိုးတိုးေလးေျပာၿပီး Soojoo လက္ေမာင္းကို ရိုက္လိုက္သည္
"ငါ့အစီအစဥ္တိုင္း လုပ္ေနတာပါေနာ္ "
Soojooမွာ Jisoo မ်က္ႏွာနားသို႔ ကပ္ၿပီး တိုးတိုးေလးေျပာလိုက္သည္
"Jennieကို ၾကည့္လိုက္ပါအုံး ...သူ႕ၾကည့္ရတာ အခု ငါ့ကို သတ္ခ်င္ေနတဲ့အတိုင္းဘဲ "
Soojoo ေျပာၿပီး Jisoo ပခုံးေပၚမွီျပန္သည္
Soojooတို႔ကို ၾကည့္ၿပီး Jennie အျမင္ကတ္လာလို႔ ေခ်ာင္းဟန့္လိုက္သည္
Jennieရဲ႕ ဟန္ေဆာင္ေခ်ာင္းဟန့္မႈေၾကာင့္ သူမေဘးနားက မင္းသားႏွစ္ေယာက္က Jennieကို ဝိုင္းၾကည့္ၾကသည္
"ေရာ့ ဒီမယ္ ေရေသာက္လိုက္ "
Lee Soo Hyuk မွာ သူ႕ေရွ႕က ေရဘူးအဖုံးကို ဖြင့္ေပးၿပီး Jennieကို ေပးလိုက္သည္
"ငါ့မွာ ရွိတယ္ "
Jennieေျပာၿပီး သူမေရွ႕က ေရဘူးကို ယူေသာက္လိုက္သည္
Lee Soo Hyukမွာ ရွက္ၿပီး Jennie မယူတဲ့ေရဘူးကို သူကိုယ္တိုင္ဘဲ ေသာက္လိုက္သည္
Nam Joo Hyukမွာေတာ့ Lee Soo Hyukကို ၾကည့္ၿပီး ရယ္ေလသည္
"Shut up Joo Hyuk "
တစ္ခန္းလုံး တိတ္ဆိတ္သြားစဥ္ Mino တို႔ အခန္းထဲ ဝုန္းခနဲ ဝင္လာၾကသည္
"ခဏနားၾကမယ္ "
Lisa ေျပာၿပီး ထိုင္ရာက ထကာ Mino လက္ထဲက ဘူးေတြကို ကူသယ္ေပးသည္
"ဘာေတြလည္း "
Seulgi သိခ်င္လို႔ လွမ္းေမးလိုက္သည္
"ၾကက္ေၾကာ္..."
Jinwoo စကားေၾကာင့္ Jisooမွာ စိတ္လႈပ္ရွားၿပီး ဇာတ္ၫႊန္းစာအုပ္ကို ပိတ္လိုက္သည္
"Aigoo အခုထိ သူ ၾကက္ေၾကာ္ကို စြဲလမ္းေနတုံးဘဲ..."
Jisoo အျပဳအမူကို Jennie သတိထားမိၿပီး သေဘာက်လိဳ႕ တိုးတိုးေလး ေရ႐ြတ္လိုက္သည္
ရိုက္ကူးေရး ဝန္ထမ္းေတြနဲ႕ သ႐ုပ္ေဆာင္ေတြမွာ Minoတို႔ ဝယ္ေကြၽးတဲ့ ၾကက္ေၾကာ္နဲ႕ထမင္းကို အားပါးတရ စားေနၾကသည္
ဝန္ထမ္းတစ္ခ်ိဳ႕မွာေတာ့ ၾကက္ေၾကာ္ကို ကေလးေလးတစ္ေယာက္လို စားေနတဲ့ Jisooကို ၾကည့္ၿပီး သေဘာက်ေနၾကသည္
"Yah Kim Jisoo ျဖည္းျဖည္းစားပါဟ "
Soojoo တစ္ေယာက္ ၾကက္ေၾကာ္ကို အားပါးတရ စားေနတဲ့Jisooကို ဆူလိုက္သည္
"အဟြတ္..."
Jisoo စားရင္း နင္သြားေတာ့ Soojooမွာ ေရဘူးအျမန္ယူကာ အဖုံးဖြင့္ေပးၿပီး Jisooကို ေပးလိုက္သည္
"Dumb Jisoo "
CEOနဲ႕ မင္းသမီးကို ၾကည့္ၿပီး အားလုံးက တိုးတိုးတိုးတိုးနဲ႕ စေနာက္ေနၾကေပမယ့္ Jennieကေတာ့ မ်က္ႏွာႀကီးစူပုပ္ေနသည္
"Yah နင္ဘာလို႔ သူတို႔ကို စေနတာလည္း"
Jennie သူမေဘးနားက Nam Joo Hyuk ကိုအလကားေန ျပႆနာသြားရွာေနသည္
"သူတို႔ႏွစ္ေယာက္လုံး ၾကည့္ေလ ခ်စ္စရာေလးေတြကို....ငါ သူတို႔ကို ship အား "
Nam Joo Hyukမွာ သူ႕စကားမဆုံးေသး သူ႕ေျခေထာက္ကို Jennie တက္နင္းလိုက္ျခင္း ခံလိုက္ရသည္
"ဘာခ်စ္စရာေကာင္းလို႔လည္း စိတ္ပ်က္စရာႀကီး "
"ငါ့အျမင္ ငါ ေျပာတာကို မင္းက ဘာလို႔စိတ္တိုေနတာလည္း "
Nam Joo Hyukေျပာၿပီး Jisoo ႏႈတ္ခမ္းကို သုတ္ေပးေနတဲ့ Soojooကို ၾကည့္လိုက္သည္
"ကေလးေလးက်ေနတာဘဲ ေပပြလို႔..."
"သူက အၿမဲ အဲ့လိုစားေနၾကကို နင္လည္း သိသားနဲ႕ "
Seulgi ဝက္ဝံေပါက္စေလးဟာလည္း Jennie ပိုေလာင္ေအာင္ ေလာင္စာေတြ ထပ္ထည့္ေပးျပန္သည္
"ဟုတ္ပါ့ အဲ့တာေလးကိုက အရမ္းခ်စ္ဖို႔ေကာင္းေနတာ "
Soojoo ေျပာၿပီး Jisoo မ်က္ႏွာေလးကို လက္နဲ႕ဆြဲညွစ္လိုက္သည္
ထို႔ေနာက္ Jisoo ဘယ္ဘက္ပါးေလးကို ႐ႊတ္ခနဲ နမ္းလိုက္သည္
Jennieမွာ ဝုန္းခနဲ ထရပ္ၿပီး သူမ မန္ေနဂ်ာကို အေနာက္ကေန လိုက္ခဲ့ဖို႔ေျပာလိုက္သည္
ထို႔ေနာက္ အခန္းထဲက ထြက္သြားေတာ့ Lisaတို႔မွာ ေက်နပ္ပီတိျဖာေနသည္
"အလုပ္ျဖစ္တယ္ေဟ့ "
"Nice job Soojoo... Jennieေတာ့ သဝန္တိုေနၿပီ"
Minoတို႔မွာ Jennie အူတိုသြားတာၾကည့္ၿပီး သေဘာေနၾကသည္
"Yah Jennie ငါတို႔ ဘာလို႔ ဒီကိုလာ..."
Ireneမွာ Jennieက သူမကို အခန္းလြတ္ထဲ ဘာမွမေျပာဘဲ ဆြဲေခၚလာလို႔ ေမးလိုက္သည္
Jennie ကေတာ့ ဘာမွမေျဖဘဲ သူမ မန္ေနဂ်ာကို ဖက္ကာ ငိုေလသည္
"Jennie. ..ဘာလို႔ငိုေနတာလည္း "
Irene မွာ Jennie မ်က္ရည္ေတြ သုတ္ေပးရင္း ေမးလိုက္သည္
Jennieမွာ သူမ ျဖစ္ေနတာေတြ ေျပာျပခ်င္ေပမယ့္ သူမ ေဒါသေတြထြက္ၿပီး ခံျပင္းေနလို႔ ႏႈတ္ခမ္းေတြ တုန္ေနၿပီး အသံမထြက္လာေပ
ထို႔ေၾကာင့္ ေခါင္းခါျပၿပီး Irene ပခုံးေပၚ မ်က္ႏွာအပ္ကာ ငိုေလသည္
"Irene. ..နင့္ ပခုံးေပၚခဏ ငိုခြင့္ေပးပါလား "
Ireneလည္း ဘာမွဆက္မေမးေတာ့ဘဲ ငိုေနတဲ့ သူမ Idolေလးကို ဖက္ထားလိုက္သည္
မိနစ္အနည္းငယ္ၾကာေတာ့ Jennieဆီက ဘာအသံမွမၾကားရလို႔ Irene ၾကည့္လိုက္ေတာ့ Jennieမွာ သတိလစ္ေနသည္
"Jennie ...ဟဲ့ဘာျဖစ္တာလည္း Jennie ထပါအုံး "
Ireneမွာ Jennieရဲ႕ ခႏၶာကိုယ္ကို လႈပ္ရမ္းေပမယ့္ Jennieက သတိမရလာေပ
"ငါ ဘာလုပ္ရမလည္း...."
"Jisoo နင့္ခ်စ္သူေရာ "
Soojoo သူမခြက္ထဲ ေရထည့္ရင္း ေမးေတာ့ Jisoo အခန္းထဲတြင္ Jennieကို လိုက္ရွာေလသည္
"သူ အိမ္သာသြားမယ္လို႔ေျပာသြားတာမလား ဆယ့္ငါးမိနစ္ေက်ာ္ေနၿပီေနာ္ ျပန္မလာေသးဘူး "
Soojoo စကားေၾကာင့္ Jisoo စိတ္ပူၿပီး Jennieကို ရွာဖို႔ အခန္းထဲက ထြက္လာစဥ္ ျပာယာခတ္ေနတဲ့Ireneကို ေတြ႕ရေလသည္
"Jisoo အေတာ္ဘဲ....Jennie အရမ္းငိုရင္း သတိလစ္သြားလို႔ အိမ္ျပန္မလို႔......အဲ့တာ လာေျပာတာ "
Irene စကားေၾကာင့္ Jisoo စိတ္ပူသြားသည္
"ဘာ ဘယ္လိုျဖစ္တာလည္း "
"မသိဘူး ငါ့ကို အခန္းတစ္ခန္းထဲဆြဲေခၚၿပီး ဖက္ငိုရင္း သတိလစ္သြားတာဘဲ အားနာေပမယ့္ ငါတို႔ကို ခြင့္ျပဳပါအုံး "
Irene စကားေၾကာင့္ အခန္းထဲက နားေထာင္ေနတဲ့ Seulgi တို႔မွာ စိတ္မေကာင္းျဖစ္သြားၾကသည္
"ငါတို႔ ေတာ္ေတာ္လြန္သြားတာလား မသိဘူး...."
"Jisoo "
Lisaမွာ Jisooကို လွမ္းေခၚေပမယ့္ Jisooကေတာ့ အခန္းေရွ႕တြင္ ငူငူငိုင္ငိုင္နဲ႕ ရပ္ေနသည္
"Irene ဘယ္လိုျဖစ္တာလည္း"
Jennieကို တြဲၿပီး အိမ္ထဲဝင္လာတဲ့ Ireneေၾကာင့္ Hyorin တို႔ စိတ္ပူၿပီး ေမးလိုက္သည္
"အငိုလြန္ၿပီး ေမ်ာသြားတာပါ...စိတ္မပူပါနဲ႕ ေဆးတိုက္ထားတာမို႔ ျပန္ေကာင္းသြားမွာပါ.."
Ireneေျပာၿပီး Jennieကို သူမအခန္းထဲ ေခၚသြားသည္
Hyorinကေတာ့ Ireneရွိလို႔ သူ႕သမီးကို စိတ္မပူဘဲ Tv ဖြင့္ၾကည့္လိုက္သည္
Tvမွာေပၚလာတဲ့ Jisooကို ျမင္ၿပီး Hyorin လန့္ၿပီး လက္ထဲက Remote ျပဳတ္က်သြားသည္
#TBC
ေနာက္တစ္ပိုင္းက် တကယ္ ဇာတ္ရွိန္တက္လာပါၿပီေနာ္ Jenနဲ႕ သူ႕အေမတို႔ တိုက္ပြဲရယ္....ၿပီးက်.......အမွန္တရားတခ်ိဳ႕လည္းေပၚလာေတာ့မွာမို႔ ေစာင့္ဖတ္ေပးၾကပါအုံး 😁
Bạn đang đọc truyện trên: Truyen3h.Co