Part 32
#Unicode
Taeyangကတော့ အောက်ကျသွားတဲ့ ရီမုကို စားပွဲခုံပေါ် ပြန်တင်လိုက်သည်
"Jennie အိပ်ပျော်သွားပြီဆိုတော့ ပြန်လိုက်အုံးမယ်နော် အန်ကယ်တို့ "
"Aww အေးအေး ဖြေးဖြေးသွားနော် သမီး "
Ireneကို နှုတ်ဆက်ပြီး Taeyangတို့ Tv ပြန်ကြည့်နေကြသည်
Taeyangကတော့ Tv screenပေါ်က သူ့တပည့်တွေကို ကြည့်ပြီး ကျေနပ်ပီတိဖြာနေသည်
"Hey Hyorin. .."
"ဟင် "
"သူတို့အားလုံး ချစ်ဖို့ကောင်းတယ် မဟုတ်လား "
Hyorinမှာ ဟန်ဆောင်ရယ်ပြီး ခေါင်းညိတ်လိုက်သည် ထို့နောက် Tvကို ပြန်ကြည့်လိုက်သည်
"သူတို့အတွက် အရမ်းဂုဏ်ယူတာဘဲ "
Taeyang စကားကြောင့် Hyorin မျက်မှောင်ကြုတ်သွားတယ် ဘာလို့လည်းဆို jisooတို့က Taeyang တပည့်ဆိုတာ Hyorin မသိဘူးလေ ဒါကြောင့်မို့ Taeyang ဘာပြောနေမှန်း သဘောမပေါက်ပေ
"သူတို့ကို သိလို့လား "
Hyorinမေးတော့ Taeyangမှာ ပြုံးပြီး
"သူတို့က ကိုယ့်တပည့်တွေလေ "
Taeyang စကားကြောင့် Hyorin ဒူးတွေပျော့ခွေသွားသလို ခံစားရသည်
"ဒါဆို Kim Jisooကလည်း ရှင့်တပည့်ပေါ့ "
Hyorin သူ့နဖူးကို လက်တင်ပြီး Taeyangကိုမေးတော့ Taeyangမှာ ခေါင်းညိတ်ပြသည်
"Oh my god "
Hyorin သူ့ဇတ်ပိုးကို ကိုင်ပြီး အော်လိုက်မိသည်
"ဘာဖြစ်လို့လည်း မင်းက သူ့ကိုသိနေတာလား"
Hyorinမှာ သူ့ယောက်ကျားကို အမှန်တိုင်းပြောသင့်မပြောသင့် တွေဝေနေသည်
**********
"မနက် ခုနှစ်နာရီရောက်တော့ Jennie အိပ်ရာကနိုးလာပြီး မျက်နှာသစ်ကာ အခန်းပြင်သို့ ထွက်လာသည်
ထို့နောက် မနက်စာ စားဖို့ ထမင်းစားခန်းထဲဝင်သွားတော့ စားပွဲခုံပေါ်တွင် ပန်ကိတ်ကို တွေ့ရလေသည်
"Wow ပန်ကိတ် "
Jennie ထိုင်ပြီး ပန်ကိတ်စားမယ်လုပ်တော့ သူမ အမေရောက်လာသည်
"Jennie "
"ဟုတ်...'
"မနေ့က သမီးရဲ့ Drama live ကြည့်လိုက်ရတယ် ....Jisooလည်း ပါတယ်ဆိုတာ သမီး Ommaကို မပြောရသေးဘူးနော် "
"Aww ဟုတ်လား ပြောပြီးပြီထင်နေတာ.....Dramaက သမီးအတွက် တကယ် အဆင်ပြေတဲ့ Project..... နာမည်ကြီး မင်းသားနှစ်ယောက်နဲ့တွဲရတော့ ရှေ့လျှောက် Dramလောကထဲ ဝင်ဆန့်နိုင် "
Jennie စကားမဆုံးသေး သူမ အမေက ဖြတ်ပြောသည်
"မနေ့ညက သမီး အသေငိုပြီး သတိလစ်တာ သူ့ကြောင့်လား....ဒီကောင်မလေးကြောင့် သမီးကိုယ့်ကိုကိုယ် စိတ်ပင်ပန်းခံနေတာလား "
"ဟုတ်တယ် နာကျင်ရတယ် သူ့ကို chaw မဟုတ်ဘဲ တစ်ခြားတစ်ယောက်နဲ့ အတူရယ်မောပျော်ရွှင်နေတာကို မြင်ရတဲ့အခါ သေလောက်အောင် နာကျင်ရတယ် အဲ့တာ ဘာဖြစ်လို့လည်း Omma. ...နှစ်တွေအများကြီး ကုန်သွားတာတောင်...Chaw သူ့ကို အခုထိ ချစ်နေသေးတာ အမှားလား ...."
Jennie စားပွဲခုံကို ဘုန်းခနဲ ရိုက်ပြီး ပြောလိုက်သည်
"Jennie... Dramaကို ဖျက်ပစ်လိုက် "
Hyorin သူ့သမီးမျက်နှာကို ကိုင်ပြီး ပြောလိုက်သည်
"မဖျက်နိုင်ဘူး Dramaကြောင့် သမီး Jisoo အနားမှာနေနိုင်တာ "
"Jennie အသိစိတ်ဝင်ပါအုံး....သူ့ကိုမေ့ပစ်သင့်ပြီလေ "
"မမေ့ပစ်နိုင်ဘူး ....မလုပ်နိုင်ဘူး Omma Chaw စိတ်ကို ပြောင်းလဲလို့ရမယ် မထင်နဲ့ "
Taeyang အိပ်ရာကနိုးလာပြီး ထမင်းစားခန်းဘက် လျှောက်လာစဥ် သူ့မိန်းမနဲ့ သူ့သမီး စကားများနေကြတာကို ကြားနေရသည်
"ဘာဖြစ်ကြတာလည်း "
Taeyang မေးတော့ Jennie မဖြေဘဲ ခြေဆောင့်ကာ သူမအခန်းထဲ ဝင်သွားသည်
"Hyorin ဘာဖြစ်တာလည်း "
"ကျွန်မကို လာမမေးနဲ့ "
Hyorinလည်း သူမအခန်းထဲ ဝင်သွားလို့ Taeyang သက်ပြင်းချလိုက်သည်
Taeyangလည်း သူ့သမီးကိုဘဲ မေးမယ်ဆိုပြီး သူ့သမီးအခန်းဘက် သွားလိုက်သည်
"Jen သမီးလေး Appaကို တံခါးဖွင့်ပေးပါအုံး Appaနဲ့ စကားမပြောချင်ဘူးလား "
Taeyang သူ့သမီးရဲ့ အခန်းတံခါးကို ခေါက်ပြီး ပြောလိုက်သည်
ခဏကြာတော့ အခန်းတံခါး ဖွင့်သံကြောင့် Taeyangအခန်းထဲ ဝင်သွားတော့ Jennieမှာ သူ့အဖေကို ဖက်ပြီး ငိုလေသည်
"Appa "
Taeyangက သူ့နောက်ကျောလေးကို ပုတ်ပေးပြီး နှစ်သိမ့်တော့ Jennie ပိုငိုလေသည်
"Jen သမီးလေး ဘာလို့ငိုနေတာလည်း "
"နာကျင်လို့ Appa. ..သူ ရယ်မောနေတဲ့ အကြောင်းပြချက်က chaw မဟုတ်လို့ chaw ကြောင့် သူပျော်နေတာ မဟုတ်လို့ အရမ်းနာကျင်ရတယ်...."
Jennie အရမ်းငိုထားလို့ မျက်လုံးတွေလည်းနီရဲနေသည်
"Chaw ဘာလုပ်သင့်လည်း Appa. .သူ့ကို အခုထိ ချစ်နေတုံးဘဲ "
Taeyang သက်ပြင်းချပြီး သူ့သမီးမျက်နှာလေးကို ကိုင်လိုက်သည်
"Jen. ..သမီး အမှန်ကို သိသင့်တယ်လို့ Appa ထင်တယ်..."
သူမအဖေ စကားကြောင့် Jennie မျက်မှောင်ကြုတ်သွားသည်
"Appa ဘာပြောချင်တာလည်း "
"သမီးအမေက Appaကို အမှန်တိုင်းပြောပြတယ်...သမီးရဲ့ ရည်းစားဟောင်းက ဖောက်ပြန်လား မပြန်လားဆိုတာ သူသေချာမသိဘူးတဲ့ ...သမီးတို့ကို လမ်းခွဲစေချင်လို့ သူက ဒီတိုင်း ပုံရိုက်ခဲ့တာတဲ့ ...သမီးတို့ကို လမ်းခွဲရအောင် သူလုပ်ခဲ့တာ "
Taeyang စကားလည်းဆုံးရော Jennie သူမ အံဆွဲထဲက ပုံတချို့ယူပြီး
အခန်းထဲက ပြေးထွက်သွားတယ်
သူမ အမေ အခန်းရှေ့သွားပြီး Jennie အခန်းတံခါးကို တဘုန်းဘုန်းထုလေသည်
"နှစ်တွေအကြာကြီး chaw နာကျင်ခံစားခဲ့ရတာ ....Ommaက သမီး ကမ္ဘာကြီးကိုဖျက်စီးခဲ့တာဘဲ "
Hyorinမှာ သူ့သမီး ဘာဖြစ်နေမှန်း မသိလို့ အခန်းထဲက ထွက်လာသည်
"Jennie သမီး ဘာတွေပြော "
"ဒီပုံထဲက ကောင်မလေးက ဘယ်သူလည်း ဖြေ ဖြေလေ ဖြေလိုက်စမ်းပါ "
Jennie သူ့လက်ထဲက ပုံတွေကို သူ့အမေရှေ့သို့ ပစ်ချလိုက်သည်
Hyorin အံ့သြပြီး သူ့ယောက်ျားကို လှမ်းကြည့်လိုက်သည်
Taeyangကတော့ သားအမိနှစ်ယောက်ကို စိတ်မကောင်းတဲ့အကြည့်နဲ့ ကြည့်နေသည်
"Jisooနဲ့ စကားပြောနေတာ ဘယ်သူလည်း ဖြေပါအုံး "
"မသိဘူး ငါ မသိဘူး ဟုတ်ပြီလား ရပြီလား..... ငါက နင့်ကို Jisooလို အမှိုက်နဲ့ ဆက်မပတ်သက်စေချင်လို့ သစ္စာ ဖောက်တယ်ဆိုပြီး ဇာတ်လမ်းထွင်ခဲ့တာ ရပြီလား "
"သူက အမှိုက်မဟုတ်ဘူး အမှိုက်မဟုတ်ဘူး.... chawရဲ့ ကမ္ဘာကြီး...chawရဲ့ဘဝဆိုတာ Omma သိလား ..."
"Jennie ငါက နင့်အမေနော် အမေတိုင်းက ကိုယ့်သမီးကို ကောင်းစားစေချင်ကြတာ အကောင်းဆုံးဖြစ်စေချင်ကြတာ ပျော်စေချင်ကြတာ "
"ဟုတ်တယ် Ommaက chaw အမေပါ ဒါပေမယ့် chawအတွက် ဘာကအကောင်းဆုံးလည်းဆိုတာ Omma မသိဘူးလေ....အဟက် Ommaကို ယုံကြည်မိတာ Chaw အမှားကြီးမှားတာဘဲ "
Jennie ထွက်သွားမယ်လုပ်တော့ Hyorin က Jennie လက်ကို ဆောင့်ဆွဲသည်
"နင်တို့ အဲ့တုံးက လမ်းမခွဲဖြစ်ဘူးဆိုရင်တောင် အခုချိန်ထိ တည်မြဲနေမယ်လို့ ထင်နေလား Jennie ....သူက နင့်အဖေလိုဘဲ သူ့ carrer ကိုဘဲ ရွေးချယ်သွားတာ ......"
"Ommaက Jisoo အကြောင်း ဘာသိလို့ အခုလိုပြောတာလည်း "
Jennie သူ့အမေကို ငယ်သံပါအောင်အော်တော့ Hyorinမှာ သူ့ယောက်ျားကို ရန်လုပ်လေသည်
"တွေ့လား ရှင့်ကြောင့် ရှင် လျှာရှည်ပြီး သွားပြောတာ "
Taeyangမှာတော့ သူ့သမီးစကားကြောင့် အံ့သြနေသည်
"Jisoo ....Jisooက သမီး ရည်းစားဟောင်းလား "
Taeyang အရမ်းအံ့သြပြီး အသံတွေတုန်နေသည်
"ဟုတ်တယ် Appa သူ့ကိုသိလို့လား "
"သူက Appa ...."
Taeyang စကားမဆုံးသေး တံခါး bellသံကြောင့် Jennie တံခါးဘက် ပြေးသွားလေသည်
Jennie တံခါးဖွင့်ကြည့်လိုက်တော့ Jisooကို တွေ့ရသည်
Jennieမှာ Jisoo လက်ကို ဆွဲပြီး သူမကားဘက်သို့ ခေါ်သွားလေသည်
"Jen ဘာဖြစ်တာလည်း "
ကားထဲတွင် Jennie မှာ ငိုရင်း
"နင့်အိမ်ကို ခေါ်သွားပေး ငါ ငါ့အမေ အိမ်မှာ မနေနိုင်တော့ဘူး "
Jisooလည်း ဆက်မမေးဘဲ တစ်ရှူးကို Jennieကို ပေးလိုက်သည်
ထို့နောက် သူမတို့ အဖွဲ့သားတွေနဲ့ အတူတူနေတဲ့ အိမ်ကို မောင်းသွားလေသည်
သို့သော် အိမ်နားရောက်ခါနီး တစ်ခုခုကို သတိရသှားပွိီး Jisoo ပြန်ကွေ့လိုက်သည်
သူမအခန်းထဲက Jennieပိုစတာတွေ albumနဲ့ goodsတွေကို Jennie မြင်လို့မဖြစ်ဘူးလေ
Jisooကွေ့ရင်း ငိုပြီး အိပ်ပျော်နေတဲ့ ကောင်မလေးကို ကြည့်လိုက်သည်
"Jen. ..ဘာတွေဖြစ်လို့ နင် အရမ်းကိုငိုနေရတာလည်း "
Jennie နိုးလာတော့ သူမ အိပ်ခန်းထဲရောက်နေတာကို တွေ့လိုက်ရသည်
ဟုတ်ပါတယ် သူမ အိပ်ခန်းပါ wallpaperတွေကအစ ဘာမှမပြောင်းထားတဲ့ ဟိုးအရင်က Jennieရဲ့ အခန်းလေးပါ
Jennie ဘယ်ကိုရောက်နေတယ်ဆိုတာ သိသွားပြီး ထအော်မိသည်
"Oh my gosh. .."
ထိုစဥ် Jisoo မှာ မုန့်ဗန်းနဲ့အတူ Jennie အခန်းထဲသို့ ဝင်လာသည်
"Oh Jennie နိုးလာပြီလား "
"Ji. ...ဒီ ဒီအခန်းက..."
Jennie စိတ်လှုပ်ရှားပြီး စကားတွေထစ်နေသည်
"ဟုတ်တယ် Jenရဲ့ အခန်းလေး အခု Jenက ငါတို့ရဲ့ အိမ်လေးမှာ..."
#TBC
ကဲ ပြန်ပေါင်းထုပ်စေချင်တဲ့သူတွေ ဆန္ဒပြည့်ဝတော့ပါမယ် ဟိဟိ😁 ချောင်းငါးလေးလည်း ပါလာမှာပါ Debut လုပ်ဖို့ trainနေရလို့ပါဗျာ့ xD
#Zawgyi
"Hey Hyorin. .."
"ဟင် "
"သူတို့ကို သိလို့လား "
"Oh my god "
**********
"Wow ပန်ကိတ် "
"Jennie "
"ဟုတ်...'
"ဘာဖြစ်ကြတာလည်း "
"Hyorin ဘာဖြစ်တာလည်း "
"ကျွန်မကို လာမမေးနဲ့ "
"Appa "
"Jennie သမီး ဘာတွေပြော "
"သူက Appa ...."
"Jen ဘာဖြစ်တာလည်း "
သို့သော် အိမ်နားရောက်ခါနီး တစ်ခုခုကို သတိရသှားပှီး Jisoo ပြန်ကွေ့လိုက်သည်
"Oh my gosh. .."
"Ji. ...ဒီ ဒီအခန်းက..."
#TBC
Bạn đang đọc truyện trên: Truyen3h.Co