Part 33
#Unicode
"ဒါပေမယ့်...ငါ ငါပိုင်တာတွေအကုန် ရောင်းခဲ့တာလေ...Jisoo. ..မဟုတ်မှလွဲလို့ "
"နင်ရောင်းခဲ့တဲ့ ဒီအိမ်တစ်ဝက်ကို ငါ ပြန်ဝယ်ခဲ့တာ "
Jisoo သက်ပြင်းချပြီး အမှန်တိုင်း ပြောလိုက်သည်
Jennie ထပ်ပြီး ငိုချင်လာလို့ သူမ မျက်နှာကို သူမ ရိုက်ပစ်ချင်လာသည်
"Hey hey ဘာလို့ ထပ်ငိုပြန်တာလည်း "
Jisoo Jennie ဘေးနား ဝင်ထိုင်လိုက်ပြီး Jennie လက်မောင်းလေးကို ပွတ်ပေးကာ မေးလိုက်သည်
"နင် ငါ့ကို ရူးအောင်လုပ်နေတာဘဲ Kim Jisoo "
Jennie တိုးတိုးလေး ရေရွတ်လိုက်လို့ Jisoo မကြားပေ
Jisooလည်း Jennieကို အခန်းထဲက တွဲခေါ်လာပြီး ဧည့်ခန်းထဲတွင် ထိုင်ခိုင်းသည်
"ဒီမှာ ခဏစောင့်နော် ငါ လက်ဖက်ရည်သွားဖျော်လိုက်အုံးမယ် "
Jisoo မီးဖိုချောင်ထဲ ဝင်သွားစဥ် Jennieမှာ တစ်အိမ်လုံးကို လှည့်ပတ်ကြည့်နေသည်
ပရိဘောဂအစ ပန်းချီကားအဆုံး သူမတို့ အရင်က ထားခဲ့တဲ့အတိုင်းဘဲ ဘာမှမပြောင်းလဲပေ
ခဏကြာတော့ Jisoo လက်ဖက်ရည်နှစ်ခွက်နဲ့ ပြန်လာပြီး Jennie ကို တစ်ခွက်ပေးလိုက်သည်
"နင့်ကြည့်ရတာ ဝမ်းနည်းနေတဲ့ပုံဘဲ ဘာဖြစ်လို့လည်း ပြောပြလို့ရလား "
Jisooမှာ Jennieက သူ့မေးခွန်းကိုမဖြေဘဲ သူ့ကိုဘဲ စိုက်ကြည့်နေလို့ နေရခက်နေသည်
"Jisoo နင် တစ်ကယ်ဘဲ ငါ့အပေါ် ဖောက်ပြန်ခဲ့တာလား"
Jennie မေးခွန်းကြောင့် Jisoo သောက်နေတဲ့ လက်ဖက်ရည်တွေ သိီးကုနျသညျ
Jennieကတော့ Jisoo ဘာဖြေမလည်းဆိုတာဘဲ သိချင်နေသည်
"ငါ အဲ့လိုမလုပ်ဘူးဆိုတာ နင်သိပါတယ် Jenရာ...."
Jisooမှာ Jennieကို မကြည့်ဘဲ ဖြေလိုက်သည်
"ငါ နင့်ကို အရမ်းချစ်တာ နင်လည်း သိပါတယ်..."
"Jisoo. ...ငါတို့ကြားမှာ အကြောင်းအရာတွေ အများကြီး ဖြစ်ပျက်သွားတယ် ....ရှေ့လျှောက်လည်း မဟုတ်တဲ့သတင်းတွေ ထပ်မကြားချင်လို့ ငါမေးတာကို အမှန်တိုင်းဖြေပေးနော်..."
မျက်ရည်တွေနဲ့ Jennieကို Jisoo မကြည့်ရက်သောကြောင့် ခေါင်းအမြန်ညိတ်လိုက်သည်
"အဲ့ကောင်မလေးက ဘယ်သူလည်း "
Jennie သူမဖုန်းထဲမှာ ရိုက်ထားတဲ့ပုံကို ထုတ်ပြတော့ Jisoo ကြည့်လိုက်သည်
Jisooလည်း ပုံကို ကြည့်လိုက်သည်
သူမနဲ့ Nayeon ကော်ဖီဆိုင်မှာ တွေ့နေတဲ့ပုံတွေ....
"Nayeonလေ သူက "
"Nayeon ဟုတ်လား သူ့နာမည်ကို နင် တစ်ခါမှ မပြောဖူးဘူးနော် "
Jennie မျက်ခုံးပင့်ပြီး မေးလိုက်သည်
"သူက Jeongyeonရဲ့ ချစ်သူလေ...".
Jisoo စကားကြောင့် Jennie မျက်လုံးပြူးသွားပြီး ဝမ်းနည်းနေတာတွေတောင် ပျောက်သွားသည်
"Jeongyeon မှာ ချစ်သူရှိတယ် ဟုတ်လား "
Jennie သေချာအောင်မေးတော့ Jisooက ကလေးတစ်ယောက်လို ခေါင်းညိတ်ပြသည်
"သူတို့ တွဲနေတာ ကိုးနှစ်လောက်ရှိပြီ.....Jeongyeonက သူ့ကို လက်ထပ်ခွင့်တောင်တောင်းတော့မှာလေ "
"What the hell? သူ Nayeonနဲ့ တွဲနေတာ ငါ ဘာလို့မသိရတာလည်း "
Jennie ဓာတ်ပုံကို ကြည့်ပြီး ရေရွတ်လိုက်သည်
"နေပါအုံး သူက Jeongyeon ချစ်သူဆို နင်တို့က ဘာလို့ ကော်ဖီဆိုင်မှာ ခဏခဏတွေ့နေရတာလည်း "
Jennie အော်လိုက်တော့ Jisoo လန့်သွားတယ်
"ငါ နင့်ရှေ့မှာပါဟ ဖြည်းဖြည်းပြောပါ လန့်တာ "
"ငါမေးတာကိုသာ ဖြေစမ်းပါ "
Jennie ဘာလို့ Jisooကို အော်ရသလည်း တခြားမတွေးပါနဲ့ သူမ သဝန်တိုနေလို့ပါ ....
Jisooမှာ ချောင်းဟန့်ပြီး လည်ချောင်းရှင်းလိုက်သည် ဘာလို့ဆို Jennieက သူမကို ပြန်ပြီး ချစ်သွားမယ့်စကားတွေ ပြောတော့မှာမို့လို့လေ
"ငါနဲ့ Nayeonက သူငယ်ချင်းတွေလေ တစ်နေ့ကျ သူကJeongyeonနဲ့ တွဲနေတာ သုံးလရှိပြီလို့ ကော်ဖီဆိုင်ထဲ ငါ့ကိုပြောတယ်ဟာ ပြီးကျ ငါ နင် idol ဖြစ်ချင်တာကို သတိရသွားတယ် "
Jisoo ပြောရင်း ရုတ်တရက်ထရယ်သည်
"Yah ပြောတဲ့ထဲ ဘာရယ်စရာပါလို့လည်း ဆက်ပြောလေ "
"Sorry နင် ငါ့ကို ကြည့်နေတာလေးက ချစ်စရာကောင်းနေလို့ .....အဲ့မှာ Jeongyeonက Entertainment ရဲ့ CEOဆိုတာ ငါသိလိုက်ရတော့ Nayeonကို သူ့ပါဝါသုံးပြီး နင့်ကိုကူညီပေးပါလားလို့ ပြောလိုက်တာ.."
"ငါ့ကို ကူညီခိုင်းတာ ဟုတ်လား ဘာအတွက်လည်း "
"အဲ့ဒီမှာ trainee ဖြစ်နိုင်မလားလို့ "
Jisoo ပြောချင်တဲ့ အဓိပ်ပါယျကို Jennie သဘောမပေါက်လို့ ခဏတွေဝေသွားတယ်
နောက်မှ သဘောပေါက်ပြီး ထအော်သည်
"What the fuck "
Jennie အော်တော့ Jisooမှာ Jennieရဲ့ နဖူးကို ရိုက်လိုက်သည်
"Yah မရိုင်းရဘူး....ငါပြောနေတာ မပြီးသေးဘူးနော် ဒီတော့ ပါးစပ်ပိတ်ထားပေးပါ Miss Jennie Kim "
Jennie ခေါင်းညိတ်ပြီး Jisooပြောတာ ဆက်နားထောင်သည်
"အစကတော့ Jeongyeonက လက်မခံခဲ့ဘူး ဒါပေမယ့် ငါတို့ Anniversary နေ့မှာ Jeongyeonက လက်ခံလိုက်ပြီဆိုပြီး Nayeonက ငါ့ရုံးခန်းထဲ စာချူပ်လာပေးခဲ့တယ် .....Anniversary လက်ဆောင် ဆိုပြီး နင့်ကို အံ့သြသွားအောင် ငါ လက်ဆောင် ပေးဖို့ တွေးခဲ့ပေမယ့် နင့်လမ်းခွဲစကားကြောင့် တကယ် အံ့သြသွားရတာ ငါဘဲလေ "
Jisoo စကားကိုကြားတော့ Jennie ဝမ်းနည်းပြီး သူမကိုယ်သူမ စိတ်တိုကာ အပြစ်ရှိသလို ခံစားရသည်
"Jisoo. ..."
Jennie ငိုသံလေးနဲ့ပြောပြီး Jisooပေါင်ပေါ်တက်ထိုင်လိုက်သည် ထို့နောက် Jisooကို ဖက်ကာ တောင်းပန်လေသည်
"ငါတောင်းပန်ပါတယ် ...."
Jisooမှာတော့ သူမကို ဖက်ပြီး ငိုနေတဲ့ ကောင်မလေးရဲ့ နောက်ကျောကို ပုတ်ပေးကာ ချော့နေသည်
"ငါ့အမေရဲ့ စကားကို ငါနားမယောင်ခဲ့သင့်ဘူး ငါ နင့်ကို ယုံကြည်ခဲ့ရမှာ....အချိန်တွေကို ငါပြန်လှည့်လို့ရရင် ပြန်လှည့်ပြီး ငါ့အမှားတွေကို ပြင်ဆင်ချင်တယ် ငါတကယ် တောင်းပန်ပါတယ် Jisooရယ် "
Jennie မှာ Jisoo ပခုံးပေါ်တွင် ငိုလေသည်
"ကျေးဇူးတင်ပါတယ် Jisoo ငါတို့ပေးခဲ့တဲ့ ကတိကို တည်ခဲ့လို့ ငါ့အိမ်မက်ကို အကောင်အထည်ဖော်ပေးလို့ တကယ် ကျေးဇူးတင်ပါတယ် Jisooရယ် "
"ကျေးဇူးတင်စရာမလိုပါဘူး Jenရ နင်နဲ့ထိုက်တန်လို့......တောင်းပန်စရာလည်း မလိုပါဘူး ဘာလို့ဆို ငါက နင့်ဆိုအမြဲ ခွင့်လွှတ်ပြီးသားမို့လို့ ပြီးတော့ ထပ်မငိုပါနဲ့တော့ နင့်မျက်ရည်တွေ မြင်ရရင် ငါနာကျင်လို့ "
Jisooပြောပြီး သူမ ရင်ခွင်ထဲက Jennieကို ဆွဲပြီး မျက်ရည်တွေ သုတ်ပေးလေသည်
"Jisoo... ငါ ဝန်ခံစရာရှိတယ် "
"ဘာများလည်း "
"လမ်းခွဲတယ်ဆိုတာလေ ငါတကယ်ပြောတာမဟုတ်ဘူး သိလား"
Jennie ပြောပြီး ရှက်လို့ သူမမျက်နှာကို လက်နဲ့အုပ်ထားလေသည်
"ဒီလောက်လှတဲ့ မျက်နှာလေးကို မကာထားပါနဲ့ "
Jennie လက်ကို ကိုင်ပြီး Jisoo စနေသည် Jennieကတော့ အရမ်းရှက်နေသည်... Jennie ရှက်နေတာလေး ကြည့်ပြီး Jisoo အရမ်း သဘောကျနေတယ်
"ငါ တကယ်ပြောနေတာနော် Chuu ...ငါ ပြောခဲ့တာကလေ..ငါ နင်နဲ့ လမ်းခွဲချင်တယ်လို့ပြောတာက ငါတကယ် လမ်းခွဲချင်လို့ ပြောတာမဟုတ်ပါဘူး ငါက... ငါ..Ughhh... ဘာလို့ ခက်ခဲနေတာလည်း .."
Jennie အော်တော့ Jisoo ထပ်ရယ်ပြန်သည်
"မရည်ရွယ်ပါဘူးဆို ဘာလို့ ပြောခဲ့တာလည်းဟာ...."
Jisoo သီချင်းလို ညည်းတော့ Jennieမှာ Jisoo ရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ ဖွဖွလေးထုလေသည်
"ငါတကယ်ပြောနေတာကို မနောက်နဲ့..."
"Ok ok မနောက်တော့ဘူး "
"ဟွန့်.."
"Jen. .."
"Humm. .."
"မ တို့ ပြန်တွဲရအောင်လား "
သူမကို စိုက်ကြည့်ပြီး အတည်ကြီးပြောနေတဲ့ Jisooကြောင့် Jennie ဗိုက်ထဲ လိပ်ပြာတွေ ပျံဝဲနေသလို ခံစားနေရသည်
"Chuuက... အခုထိ Jenကို ချစ်နေသေးလို့လား "
"ချစ်တာပေါ့ Jenရ အမြဲချစ်နေမှာ အဲ့တာကြောင့် Jenနဲ့ ပြန်တွဲချင်တာ...Humm Jen မ ကို ပြန်ချစ်လာအောင် ကြိုးစား"
Jisoo စကားမဆုံးသေး သူမနှုတ်ခမ်းပေါ်သို့ Jennie နှုတ်ခမ်း တစ်စုံက ကျရောက်လာသည်
"Stupid ဘာတွေလျှောက်ပြောနေတာလည်း Jenက ဘယ်တော့မှ Chuuအပေါ်ထားတဲ့ အချစ်တွေကို ရပ်တန့်မပစ်ဘူး "
Jennieပြောပြီး Jisooနှုတ်ခမ်းကို ထပ်နမ်းပြန်သည်
"Jen နှုတ်ခမ်းလေးက အရင်လိုဘဲ ချိုလိုက်တာ ထပ်နမ်းပါရစေအုံး "
"Kim Jisoo ရှင်က Jen အပိုင်ဘဲနော် "
"ဟုတ်ပါတယ် မ ကအမြဲ Jenလေးအပိုင်ပါ "
"အဲ့တာကို ဂျပန်မ သုံးယောက်သိသင့်တယ် ပြီးတော့ Soojooမ..."
Jennie သဝန်တိုနေတာလေး ကြည့်ပြီး Jisoo အရမ်းသဘောကျနေသည်
"Aigoo Roger Jendeukie "
Jisoo မှာ Jennie ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ပြီး ထပ်နမ်းပြန်သည် ထို့နောက် Jealous Jennieလေးကို အကြာကြီးဖက်ထားလေသည်.....
နှစ်ယောက်လုံးက အရမ်းလွမ်းနေခဲ့တာလေ Jealous Jennieလေးကိုရော Jendeukie လို့ခေါ်တဲ့ Dorky လေးကိုရော......အရမ်းလွမ်းနေခဲ့တာ
ဒန်တန်တန့် ပြန်ပေါင်းထုပ်သွားကြပါပြီ🤗🤗
#TBC
#zawgyi
Jennie မေးခွန်းကြောင့် Jisoo သောက်နေတဲ့ လက်ဖက်ရည်တွေ သီးကုနသြညြ
"Nayeonလေ သူက "
"What the fuck "
"Jisoo. ..."
"ငါတောင်းပန်ပါတယ် ...."
"ဘာများလည်း "
"Ok ok မနောက်တော့ဘူး "
"ဟွန့်.."
"Jen. .."
"Humm. .."
"Aigoo Roger Jendeukie "
#TBC
Bạn đang đọc truyện trên: Truyen3h.Co