Part 34
#Unicode
"Chu ...Jen ကို ဖက်တာ ရပ်တော့....ဟင်းချက်နေတာကို ဟွန့် "
Jennie ပြောပြီး သူမခါးကို ဖက်ထားတဲ့ သူမချစ်သူ လက်ကို ဖယ်ဖို့ ကြိုးစားနေသည်
"ဟင်း အရင်က Chuu ဖက်တုံးကဆို Jen တစ်ခါမှ အခုလို complain မတတ်ဘူးနော် ခုကျမှ "
Jisoo နှုတ်ခမ်းစူပြီး ပြောတော့ Jennieက သူမကို မျက်စောင်းထိုးလိုက်သည်
"ဟီး Jenကို လွမ်းလို့ပါ..."
"Jenလည်း Chuuကို အရမ်းလွမ်းနေခဲ့တာပါ "
Jisoo ဘက် Jennie လှည့်ပြီး Jisoo မျက်နှာလေးကို နမ်းလိုက်သည်
ထို့နောက် Jennieက ဟင်းဆက်ချက်နေပြီး Jisooကတော့ ဂိမ်းဆော့နေသည်
Jennie ဟင်းချက်ပြီးတဲ့အချိန်ထိ Jisooက ဂိမ်းဆော့လို့မပြီးသေးပေ
"Jisoo shii စားနေသောက်နေတုံး ဂိမ်းဆော့ခွင့်မပြုပါဘူးနော် "
Jisooရဲ့ ပခုံးကို ကိုင်ပြီး Jennieပြောပေမယ့် Jisooကတော့ ဂိမ်းထဲဘဲ အာရုံရောက်နေသည်
"Yah Kim Jisoo "
"ခဏလေး Jen. ..Chicken dinner စားရတော့မှာ ခဏ..."
Screenကို နှိပ်ပြီး အော်နေတဲ့ Jisoo ကို ကြည့်ပြီး Jennie သက်ပြင်းချလိုက်သည်
"Hehe နိုင်ပြီကွ..."
Jisoo ပြုံးပြီး ဖုန်းကို စားပွဲပေါ်ချလိုက်သည်
ထို့နောက် သူမရှေ့က Jennie ချက်ထားတဲ့ ဟင်းတွေကို ထမင်းနဲ့စားလိုက်သည်
"ဘယ်လိုလည်း စားကောင်းလား Chuu "
"စားလို့ကောင်းတယ် Jenရဲ့ လက်ရည်တွေ တိုးတက်လာသားဘဲ "
Jisoo လက်မထောင်ပြီးပြောတော့ Jennie gummy smileလေးနဲ့ ပြုံးလိုက်သည်
ညစာစားပြီးနောက်မှာတော့ Jensoo နှစ်ယောက် ကုတင်ပေါ်ရောက်နေကြပြီလေ
Jisoo လက်မောင်းပေါ် Jennie ခေါင်းအုံးအိပ်နေသည်
"Jen. ....Chuuကိုလေ Jen ဖွင့်ပြောတဲ့နေ့ကို မှတ်မိသေးလား ..."
Jisoo devil smile နဲ့မေးတော့ Jennieမှာ Jisooရဲ့ ပခုံးကို ကုန်းကိုက်လိုက်သည်
"အား နာတယ်နော် "
"နှစ်တွေအများကြီး ရှိသွားပြီကို Chuuက အခုထိ စနေတုံးလား "
Jennie မျက်စောင်းထိုးတော့ Jisoo ရယ်လေသည်
"ဘယ်လိုလုပ်မေ့နိုင်မှာလည်း ရယ်နေရတာကို "
Flashback
နေ့လည် ဆယ့်နှစ်နာရီမို့ ကျောင်းသူ ကျောင်းသားတွေ အတွက် ထမင်းစားချိန်ရောက်ပြီလေ
Jennieနဲ့ သူမ သူငယ်ချင်း Somiက နေ့လည်စာ စားဖို့ ကန်တင်းဘက်ကို သွားနေကြတယ်လေ
လမ်းမှာ ကျောင်းသူကျောင်းသားတွေက Jennie ကို နှုတ်ဆက်ကြပေမယ့် Jennieကတော့ ပြန်မနှုတ်ဆက်ဘဲ ချေနေသည်
"Jennie နင်က တော်တော် နာမည်ကြီးတယ်နော် "
"ဒါပေါ့ ငါက hotတယ် sexyကျတယ် ချစ်စရာကောင်းတယ် လှတယ်လေ "
Jennie ဆံပင်ခါပြီး ပြောတော့ Somi သဘောကျပြီး ရယ်လိုက်သည်
ကန်တင်းဘက် မရောက်ခင် Somiက Jennie ကျောင်းဝတ်စုံကို ဆွဲပြီး တိုးတိုးလေးပြောလိုက်သည်
"Jen. .....Flim ကောင်စီဘက် သွားရင်း သတင်းတစ်ခုကြားခဲ့တယ် "
"လန့်တာဟယ် ဘာများလည်း "
"အဲ့မှာ နင့်ကို သဘောကျနေတဲ့သူရှိတယ်တဲ့ "
"ဘယ်သူလည်း ..."
"Kim Jisoo "
Somi စကားကြောင့် Jennie ရင်တွေခုန်သွားပြီး ခြေလှမ်းတွေရပ်သွားသည်
"Kim Jisoo ဟုတ် ဟုတ်လား "
Jennieမှာ ဘယ်သူမှ မသိတဲ့ လျို့ဝှက်ချက်ရှိပါတယ် သူမ သူငယ်ချင်း Somiကိုတောင် သူမ အဲ့လျို့ဝှက်ချက်ကို မပြောပြခဲ့ပါ
ကန်တင်းကို ရောက်တော့ Somiက ထမင်းသွားမှာပြီး Jennieကတော့ စားပွဲရှာနေသည်
"Jisoo မြန်မြန်လျှောက်စမ်းပါ ငါတို့ တကယ် ဗိုက်ဆာနေပြီဟ "
Seulgi အသံကျယ်ကြီးကြောင့် ကန်တင်းက ကျောင်းသူတွေအပြင် Jennieပါ Seulgiတို့ကို လှမ်းကြည့်လိုက်သည်
Jisooကတော့ ဖုန်းဆော့နေလို့ လမ်းကို ဖြည်းဖြည်းလျှောက်နေသည် သူမသူငယ်ချင်း Lisa နဲ့ Seulgiမှာလည်း Jisooကို လျှောက်ရင်း လိပ်လို လျှောက်နေရသည်
Jennieကတော့ သူမ စားပွဲကနေ ထပြီး Jisooတို့ အုပ်စုဆီ သွားလေသည်
"Kim Jisoo "
Jennieမှာ Jisoo နာမည်ခေါ်လိုက်ပေမယ့် Jisooကတော့ ဖုန်းကိုသာ အာရုံစိုက်ဆော့နေသည် Seulgiက လက်နဲ့ကုတ်တာတောင် Jisoo ဂရုမစိုက်..
Lisa သက်ပြင်းချပြီး Jisoo လက်က ဖုန်းကို ဖြတ်ခနဲ ဆွဲလုကာ ထွက်ပြေးသွားသည်
Jisooမှာ မျက်လုံးပြူးပြီး Lisaနောက် လိုက်ဖို့လုပ်ပေမယ့် Jennieက Jisoo uniformကို လှမ်းဆွဲလိုက်သည်
ထိုအခါမှဘဲ Jennieက သူမရှေ့ ရပ်နေမှန်း Jisoo သိသွားတယ်
"Jennie? '
Seulgiကလည်း Jennieနဲ့ Jisooကို နှစ်ယောက်တည်း ထားခဲ့ပြီး Lisaနောက်လိုက်သွားသည်
"Yes ဟုတ်ပါတယ် One and only Jennie Kim ပါ "
Jennie ပြုံးပြီးပြောတော့ Jisoo မျက်မှောင်ကြုတ်သွားတယ်
"ငါ့ကို ပြောစရာရှိလို့လား "
ကန်တင်းက ကျောင်းသူကျောင်းသားတွေမှာ သူတို့နေ့လည်စာထက် Jensooတို့ကို အာရုံစိုက်ကြည့်နေသည်
"နင် ငါ့ကို သဘောကျနေတယ်လို့ သတင်းကြားတယ် "
Jennie စကားကြောင့် ကန်တင်းတစ်ခုလုံး ဝိုးခနဲ ဆူညံသွားတယ်
"Humm နင် ဘာတွေပြောနေတာလည်း "
Jennie ပြုံးပြီး Jisooရဲ့ ပခုံးနှစ်ဖက်ပေါ် လက်တင်လိုက်သည်
"Come on ဟန်ဆောင်မနေပါနဲ့တော့ ဘာမှစိတ်ပူမနေပါနဲ့ ငါတို့က ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဘဲကို "
Jennie အပြုအမူကြောင့် ကန်တင်းတစ်ခုလုံး ထပ်ပြီး ဆူညံသွားတယ်
"Jennie နင် ဘာတွေပြောနေတာလည်း "
Jennie ပြောနေတာတွေကို Jisoo ဘာတစ်ခုမှ နားမလည်ပေ
"Tsk ငါလည်း နင့်ကို သဘောကျတယ်လို့ ပိန်းဥမလေး '
Jennieစကားကြောင့် Jisoo အံ့သြသွားတယ်
Jennie ပြောရင်း မျက်နှာတွေ နီရဲလာတာကို Jisoo သတိထားမိသည်
"ဟင် ဘာ..."
"ထပ်ပြီး ငါနင့်ကို သဘောကျနေတာဆိုတဲ့ စကား ကြားချင်နေတာလား..."
Jennieပြောပြီး Jisoo ပခုံးလေးကို ခပ်ဖွဖွလေး ထုလိုက်သည်
"Sorry Jennie ဒါပေမယ့်..."
"Jennie "
Jennie လှည့်ကြည့်တော့ သူမ သူငယ်ချင်း Somiက ထမင်းလင်ဗန်းနဲ့ Jennieကို အံ့သြတကြီး ကြည့်နေတာကို တွေ့လိုက်ရသည်
"Jennie နင်ဘာတွေလုပ်နေတာလည်း..."
"ဘာလည်း ငါ့ Jisooလေးနဲ့ စကားပြောနေတာလေ "
Jennieပြောပြီး Jisoo ပါးတစ်ဖက်ကို နမ်းလိုက်သည်
ကျောင်းသူတွေမှာ အံ့သြပြီး ဓာတ်ပုံတွေ videoတွေ ရိုက်နေကြသော်လည်း Jennieကတော့ Jisoo သူမဘေးနား ရှိနေလို့ ဘာမှဂရုမစိုက်ပေ
"Humm ဘာကြီးလည်း "
Jisooကိုကြည့်ပြီး Somiမေးပေမယ့် Jisooက မသိဘူးဆိုပြီး ခေါင်းခါပြသည်
"ငါလည်းမသိဘူး သူက ငါ့ဆီလျှောက်လာပြီး ငါက သူ့ကိုသဘောကျနေတာမလားတဲ့ သူလည်း သဘောကျပါတယ်လို့ပြောတာဘဲ "
Jisoo စကားကြောင့် Somi ပါးစပ်အဟောင်းသား ဖြစ်ပြီး လက်ထဲက ဗန်းကြီးပြုတ်ကျသွားတယ်
"Somi "
"Jennie နင် ဒီ Kim Jisooနဲ့ ဘာလုပ်နေတာလည်း "
Jennieနားသို့ တိုးတိုးလေးကပ်ပြီး Somi ပြောလိုက်သည်
"ဟင် နင်ဘဲ Kim Jisooက ငါ့ကိုသဘောကျနေတယ်ပြောလို့ ငါလည်း သူ့ကို သဘောကျကြောင်းပြောတာလေ "
Jennie ပြောပြီး Jisooကို ထပ်နမ်းပြန်သည်
Somiမှာ Jennie အပြုအမူကြောင့် အော်ချင်စိတ်ကို ထိန်းပြီး
"ငါပြောတဲ့ Jisooက သူမဟုတ်ဘူး"
Somi စကားကြောင့် Jennie ကျောက်ရုပ်လိုဖြစိသွားတယ်
"ဘာ "
Jennieရဲ့ ခြေထောက်ကို Somi တက်နင်းပြီး
"ငါပြောတာက Flim ကောင်စီဘက်က မင်းသား Kim Jisooက နင့်ကို သဘောကျတယ်ပြောတာ ဒီ Kim Jisoo မဟုတ်ဘူး "
Somi စကားကြောင့် Jennie အရမ်းရှက်ပြီး မျက်နှာရော နားရွက်ပါ နီရဲလာသည်
Jisooမှာ Jennieနဲ့ အကြည့်ချင်းဆုံတော့ ရယ်လေသည်
Jennie အရမ်းရှက်သွားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ ကျောင်းသူတွေအပြင် သူမ ရန်သူ Nancyက သူမကို လှောင်ပြုံးပြုံးပြီး ကြည့်နေတာကို တွေ့ရသည်
နောက်ဆို Crush ငြင်းတာခံရမယ့် သူလို့ Nancyဟားတာကို Jennie ခံရတော့မှာလေ
Jennie မျက်နှာပျက်ပြီး ငိုမလိုဖြစိနေတော့ Jisoo စိတ်မကောင်း ဖြစ်သွားတယ်
"ငါသိပြီမို့ စိတ်မပူပါနဲ့ "
Jisoo ပြောပြီး Jennie မျက်နှာလေးကို ကိုင်ကာ နှုတ်ခမ်းလေးကို နမ်းချင်ယောင်ဆောင်ဖို့ ခေါင်းစောင်းလိုက်သည်
Jennieကလည်း မျက်လုံး မှိတ်ထားတော့ ကျောင်းသူကျောင်းသားတွေမှာ Jensooတို့ နမ်းနေကြတယ်လို့ ယုံကြည်သွားကြသည်
"Fuck "
Nancy ကျိန်ဆဲသံကိုကြားတော့ Jisoo ဟန်ဆောင်နမ်းတာကို ရပ်လိုက်သည်
ထို့နောက် သူမတို့ကို ကြည့်နေတဲ့ ကျောင်းသားတွေကို ငေါက်လိုက်သည်
"ကိုယ့်စားစရာရှိတာ စားလေ ဘာလို့ သူများကိစ္စ စိတ်ဝင်စားနေတာလည်း Jen လာသွားမယ်..."
Jennieရဲ့ လက်ကို ဆွဲပြီး ကျောင်းခေါင်းမိုးထပ်ကို Jisoo ခေါ်သွားလေသည်
ကျောင်းခေါင်မိုးထပ်ကို ရောက်တော့ Jisoo သူမလွယ်ထားတဲ့ ကျောပိုးအိတ်ထဲက ထမင်းဘူးကို ထုတ်လိုက်သည်
"ကဲ ဘယ်လိုဖြစ်တာလည်း ရှင်းပြပါအုံး Miss Jennie Kim "
Jennieကတော့ ချောင်းဟန့်ပြီး ဘာပြောရမှန်းမသိလို့ လက်သည်းကိုက်နေသည်
Jennie ပါးစပ်ထဲက လက်ကို Jisoo ဆွဲယူလိုက်သည်
"လက်သည်းမကိုက်နဲ့ "
Jisooတို့ စကားဆက်မပြောဘဲ တိတ်ဆိတ်သွားသည်
"ငါနင့်ကို သဘောကျတယ် "
"ငါ သိပါတယ် ခုန နင်ပြောထားတာကို "
Jisoo ရယ်တော့ Jennie ရှက်သွားပြန်သည်
"ကန်တင်းမှာ ငါ အရှက်ကွဲတော့မလို့ ကူညီပေးလို့ ကျေးဇူးတင်ပါတယ် နင့်ကြောင့် ငါအရှက်မကွဲတာ "
Jennieကို ကြည့်ပြီး Jisoo တစ်ယောက် အူယားနေသည်
"နင်က တော်တော်ချစ်ဖို့ကောင်းတယ် သိလား Jennie ငါလည်း နင်ပြောသလိုပါဘဲ...."
Jisoo စကားကြောင့် Jennie ဗိုက်ထဲ လိပ်ပြာတွေ ပျံဝဲနေသလို ခံစားရသည်
"နင်လည်း ငါ့ကိုသဘောကျတယ်ပေါ့ "
Jennieမေးတော့ Jisoo ခေါင်းညိတ်ပြီး Jennie ရဲ့ ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်သည်
"ဒါပေါ့ Jennie Kimလေးကို ဘာလို့ မကြိုက်ဘဲနေရမှာလည်း "
"ဒါဆို ခုနက ဘာလို့ တကယ်မနမ်းတာလည်း"
Jennie နှုတ်ခမ်းစူပြီး မေးတော့ Jisoo ရယ်လေသည်
Jennieလည်း Jisoo လက်မောင်းကို ထုပြီး
"ရယ်မနေနဲ့ ငါမေးတာ ဖြေပါ "
"Ok ok ဖြေပါမယ်....ငါတို့က Offical မဖြစ်သေးလို့ နင့်ကို Respect ထားတဲ့အနေနဲ့ မနမ်းတာပါ Jenရ ...ငါတို့သာ တွဲပြီဆိုရင် အားတိုင်းနမ်းမှာ စိတ်ချ "
"ကောင်းပြီ ဒါဆို အခု ငါက နင့်ရည်းစားဖြစ်ပြီလေ အခုနမ်းတော့ "
"မဟုတ်သေးဘူးလေ Jenရ ငါ့ပုံစံကို Jen ပြချင်သေးတယ် ပြီးကျ Jen မိဘတွေနဲ့တွေ့ချင်သေးတယ် "
"Aigoo စာအုပ်ကြီးကျနေတာဘဲ ဘယ်ခေတ်ကလည်း Kim Jisoo. .."
Jisooကို Jennie ရန်လုပ်တော့ Jisoo ရယ်ပြီး Jennieပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်
End of Flashback
Jendeukie တို့ကတော့ ဖြစ်ရမယ် 🤣
#Tbc
#zawgyi
#Unicode
"Yah Kim Jisoo "
"Hehe နိုင်ပြီကွ..."
"အား နာတယ်နော် "
Flashback
"လန့်တာဟယ် ဘာများလည်း "
"ဘယ်သူလည်း ..."
"Kim Jisoo "
"Kim Jisoo ဟုတ် ဟုတ်လား "
"Kim Jisoo "
"Jennie? '
"ဟင် ဘာ..."
"Sorry Jennie ဒါပေမယ့်..."
"Jennie "
"Humm ဘာကြီးလည်း "
"Somi "
"ဘာ "
"Fuck "
"လက်သည်းမကိုက်နဲ့ "
"ငါနင့်ကို သဘောကျတယ် "
End of Flashback
#Tbc
Bạn đang đọc truyện trên: Truyen3h.Co