Part 35
#unicode
"ဒီအိမ်တစ်အိမ်လုံးကို ငါတို့ ကိုယ်တိုင်ရှင်းဖို့ လိုလို့လား..... "
Jennie သက်ပြင်းချပြီး ကြမ်းတိုက်တုတ်ကို ပစ်ချလိုက်သည်
"အလုပ်သမားကို ငှားလိုက်လို့လည်း ရတာကို Chuu ကလည်း "
Jisooလည်း သက်ပြင်းချပြီး Jennie ပစ်ချတဲ့ ကြမ်းတိုက်တုတ်ကို ကောက်ယူလိုက်သည်
"Babeရဲ့ ဒီအိမ်အလုပ်တွေကို ငါတို့ကိုယ်တိုင်လုပ်ရမှာပေါ့ ဘာလို့လည်းဆိုတော့ တစ်နေ့ကျ ငါတို့ ကလေးရလာရင် ကလေးတွေ ရှုပ်ထားတာကို ငါတို့ဘဲ ပြန်ရှင်းရမှာမို့လို့လေ ဟုတ်ဘူးလား....ငါက အခန်းရှင်းလိုက်မယ်နော် "
Jisoo ပြောပြီး Jennie ရဲ့ နှုတ်ခမ်းကို ပြွတ်ခနဲ နမ်းကာ သူမအခန်းထဲ ဝင်သွားတယ်
မိနစ်အနည်းငယ်ကြာတော့ Jisoo တစ်ယောက် Jennie ကြမ်းတိုက်ပြီးပြီလားဆိုပြီး အခန်းထဲက ထွက်လာကြည့်သည်
"Jendeukieရေ ပြီးပြီလား...ဟင် ဘာဖြစ်တာလည်း "
Jisooမှာ Jennie မျက်နှာကြီးနီရဲနေတာ တွေ့တော့ စိတ်ပူပြီး Jennieရဲ့ နဖူးကို စမ်းကြည့်သည်
"ကိုယ်လည်း မပူတော့ ဖျားတာမဟုတ်ဘူးရော် ဘာဖြစ်လို့လည်း Bae. .. "
"ဘာဖြစ်လို့လည်းလို့ မေးနိုင်သေးတယ်နော် "
Jennie ရန်လုပ်ပြီး Jisooဆီ သွားကာ Jisooရဲ့ ရင်ဘတ်ကို ဖွဖွလေးထုလိုက်သည်
"Jen ဟောဗျာ ဘာလို့ စိတ်ဆိုးနေတာလည်း "
Jennieရဲ့ ထုချက်တွေကို Jisoo ရှောင်ရင်း Jennieကို ချုပ်ကာမေးလိုက်သည်
"Chuuက Jenကို Babeလို့ ခေါ်တဲ့အပြင် ကလေးမွေးမယ့်အကြောင်းပါ ပြောတာလေ "
Jisoo မျက်မှောင်ကြုတ်ကာ အဲ့တာဘာဖြစ်လို့လည်းလို့ မေးဖို့လုပ်ပေမယ့် Jennieက ရုန်းလိုက်တော့ Jennie လက်သီးဆုပ်လေးဟာ Jisoo မျက်လုံးကို ခိုက်မိသွားလေသည်
"Ahhh "
Jenniaရဲ့ လက်သီးနဲ့ ခိုက်မိတော့ Jisoo တစ်ယောက် အော်လေသည်
"Oh my god. ..တောင်းပန်ပါတယ် Chuu "
Jennieမှာ တောင်းပန်ပြီး ရေခဲသေတ္တာဘက် ပြေးသွားကာ ရေခဲတွေကို ယူပြီး ပုဝါနဲထုပ်လေသည်
ထို့နောက် Jisooကို ကောဇော်ပေါ် ထိုင်ခိုင်းပြီး ကျပ်ပူထိုးပေးလေသည်
"တကယ် တောင်းပန်ပါတယ် Chuu ရယ် မရည်ရွယ်ပါဘူး "
"ရပါတယ် Jenရ တောင်းပန်စကား မပြောပါနဲ့
မတော်တဆဖြစ်တာဘဲကို "
Jennie ရဲ့ နှုတ်ခမ်းလေးကို နမ်းပြီး Jisoo ပြောလိုက်သည်
"ဒါနဲ့ Chuuကို ဘာလို့ စိတ်ဆိုးတာလည်း တကယ်သိချင်တယ် ပြောပြပါလား "
Jisooမေးတော့ Jennieမှာ Jisoo ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်သွားသည်
"Jen ရင်ထဲတလှပ်လှပ်ခုန်နေလို့ "
"ဟင် ဘာလို့ ရင်တလှပ်လှပ်ခုန်ရတာလည်း "
"Chuuက Jenကို Babeလို့ ခေါ်တဲ့အပြင် ကလေးမွေးမယ့် အကြောင်းပါပြောတော့...."
Jennie အဖြေကြောင့် Jisoo သဘောကျပြီး ရယ်လေသည်
"Aigoo Jendeukie လေးကတော့ "
Jennieကတော့ ရှက်ပြီး Jisoo ရင်ခွင်ထဲကနေ မဖယ်ပေ
"Jendeukie လေးရဲ့ ကိုယ် ချွေးတွေထွက်နေတာ ဖယ်ပါအုံး "
"ချွေးထွက်တော့ ဘာဖြစ်လည်း ချွေးနံ့လေးကအစ မွှေးနေတာကို..."
"ငချွဲမလေး "
"ချွဲတာမကြိုက်လို့လား "
Jennieမေးတော့ Jisoo မဖြေပေ
"Jenမေးတာ ဖြေပါအုံး Kim Jisoo shii "
Jennieက နှုတ်ခမ်းလေးစူပြီး မေးတော့ Jisoo အရမ်းအူယားနေသည်
"Aigoo ကြိုက်တာပေါ့ ကလေးလေးရဲ့ အဲ့ဒီချွဲတာလေးကို ချစ်နေရတာ "
Jisooပြောတော့ Jennie ရှက်ပြီး မျက်နှာလေး နီရဲလာသည်
"ဒီပါးဖောင်းဖောင်းလေးတွေက အရမ်းချစ်ဖို့ကောင်းတာဘဲ အထူးသဖြင့် နီရဲနေတဲ့အခါမျိုး "
Jisooက သူ့ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်တော့ Jennie သဘောကျပြီး ပြုံးလိုက်သည်
"Humm Jen. ..."
"Omm. .."
"Chuu တစ်ခုလောက် မေးလို့ရလား "
"မေးလေ Chuu "
"Jen... Chuuနဲ့ ပြန်တွဲမယ်ဆိုတာ သေချာတယ်နော် "
"Chuu ကလည်း Jenတို့ အတူနေတာ နှစ်ရက်ရှိပြီလေ ဘာလို့ မေးနေတာလည်း "
Jennie မျက်နှာလေး ငိုမဲ့မဲ့ဖြစ်သွားတော့ Jisoo အမြန်ချော့လိုက်ရသည်
"အယ် မငိုရဘူးလေ Jendeukie လေးရ "
"Chuက Jenနဲ့ ပြန်မတွဲချင်ဘူးလို့ ဘာလို့တွေးမိမှန်းမသိဘူး "
"အာ အဲ့လိုမဟုတ်ပါဘူး Jenရ ဝမ်းမနည်းရဘူးနော် Chuuက Jenနဲ့ ပြန်တွဲချင်တာမှ တစ်ပိုင်းကိုသေလို့...."
"ဟွန့်..."
Jennie မျက်စောင်းတွေထိုးတော့ Jisoo ရယ်ပြီး Jennieကို ဖက်ထားလိုက်သည်
"Guys. ..Jeongyeonကို ဒီစာရွက်တွေ သွားပေးရမှာ...ဘယ်သူအားလည်း "
Jinwoo စာရွက်တွေကိုင်ပြီး မေးပေမယ့် ဘယ်သူကမှ Jinwooမေးတာကို မဖြေပေ
Jinwooလည်း ဒီစာရွက်တွေထဲက အကြောင်းကို သတိရသွားပြီး
"ကောင်းပြီလေ ဘယ်သူမှမအားဘူးဆိုရင် Chaeyoungရဲ့ debut မယ့်နေ့က delay ဖြစ်မှာဘဲ "
"Hey ငါ့ကိုပေး "
Lisa Tv ကြည့်နေရာက ထပြီး Jinwooဆီ သွားကာ Jinwoo လက်က စာရွက်ကို ဆွဲယူလိုက်သည်
"တက်ကြွနေပါလား Lisa Manoban "
Mino computerကြည့်ရင်း မေးတော့ Seulgiက ဝင်ဖြေသည်
"တက်ကြွမှာပေါ့ Australian girlကို ဒင်းက တွေ့ချင်နေတာလေ "
"Yah ငါ ငါအပြင်ထွက်ချင်တာ သူ သူ့ကြောင့် မဟုတ်ပါဘူး... ငါ ...ငါ ...လေကောင်းလေသန့် ရှူချင်လို့ "
"Aww. ..ဒါနဲ့ Jeongyeon ကို ပြောခဲ့ပါအုံး Lisa "
"ဘာပြောရမှာလည်း "
"နင်နဲ့ ဝန်ထမ်းတစ်ချို့က နောက်တစ်ပတ်ကျ ဓာတ်ပုံလာရိုက်မယ်လို့"
"ဘာပုံလည်း "
Lisa မျက်မှောင်ကြုတ်ပြီး မေးတော့ Minoက ပခုံးတွန့်ပြသည်
Lisa ချက်ချင်း ဖုန်းထဲက သူမ schedule ကို ဖွင့်ကြည့်တော့
"Yah ...Chaeyoungရဲ့ debut ဖို့အတွက် ပုံရိုက်ဖို့က နောက်တစ်ပတ်ဆိုတာ နင်တို့ ငါ့ကိုမပြောကြဘူး "
"Suprise ဖြစ်သွားအောင်ပါ Lisaရ "
"Suprise အတွက် ကျေးဇူးး "
Lisa ပြောပြီး သူမရဲ့ coatကို ယူကာ Jeongyeonတို့ဆီ သွားလေသည်
"Hyorin. ..Jisooက Jennieရဲ့ ရည်းစားဟောင်းဆိုတာ သေချာလား "
Taeyangမှာ ဘီယာသောက်နေတဲ့ သူ့မိန်းမကို မေးလိုက်သည်
"ဒါပေါ့ Tvမှာ တွေ့ခဲ့တဲ့ ရှင့်တပည့်လေး Kim Jisoo ပါ ရှင် "
Hyorin ဖြေပြီး ဘီယာဆက်သောက်လိုက်သည်
"မင်းက တကယ် ရူးမိုက်တာဘဲ "
Taeyang စကားကြောင့် Hyorin သူမလက်ထဲက ဘီယာပုလင်းကို နံရံဘက် ပစ်ခွဲလိုက်သည်
"ဟုတ်တယ် ကျွန်မက ရူးမိုက်တယ် ရူးတယ် ဘာဖြစ်လည်း "
"Jisooကို မင်း တောင်းပန်သင့်တယ် Hyorin "
"မတောင်းပန်နိုင်ပါဘူး ဘာလို့တောင်းပန်ရမှာလည်း "
Hyorin သူမ အမှားဆိုတာ သိပေမယ့်Jisooကို တောင်းပန်ဖို့ သူ့မာနကိုတော့ အထိခိုက်မခံပေ
"မင်းကိုယ်တိုင် တောင်းပန်မလား ဒါမှမဟုတ်.... "
"ဒါမှမဟုတ် ဘာလည်း ဖြေပါအုံး Kim Taeyang "
"ဘာမှမဟုတ်တော့ဘူး "
Taeyangပြောပြီး သူ့မိန်းမနားက ထွက်လာသည်
"အမှန်တရားကို မင်း တစ်နေ့ကျမြင်ပြီး ငါ့တပည့်ကို မဖြစ်မနေ မင်းတောင်းပန်ရမယ် Hyorin "
Taeyang ရေရွတ်ပြီး သူ့အိမ်ထဲကနေ ထွက်လာသည်
"ငါတို့ ပွနျတှဲပွိီဆိုတာ သူတို့ကို ပြောပြရမလား "
Jennieကို Ireneဆီ ပြန်ပို့ရင်း Jisoo မေးလိုက်သည်
"Chuuရော ဘယ်လိုထင်လည်း "
"Chuuကို မေးခွန်းပြန်မထုတ်နဲ့လေ Chuuမေးတာကို ဖြေပါ "
Jisooပြောတော့ Jennie ခေါင်းခါပြသည်
"Jenလည်း မသိဘူး "
"Yes or noသာ ဖြေလိုက်ပါ Jen. ..Jen ဘာဖြေဖြေ Chuuက ဘာမှမဖြစ်ဘူးရယ် "
Jisooမှာ သူမနဲ့ Jennie တွဲနေကြောင်း တခြားသူတွေပါသိရင် Jennie carrer ထိခိုက်မှာကို သိသောကြောင့် နားလည်ပေးခြင်း ဖြစ်သည်
"Jenက Noလို့ ဖြေရင်ရော Chuu အဆင်ပြေပါ့မလား "
Jennieမှာ သူမ အမှန် ဖြေလိုက်လို့ Jisoo စိတ်ဆိုးပြီး သူမကို မခေါ်မှာ စိတ်ပူနေသည်
"ဒါပေါ့ Chuuက အဆင်ပြေပါတယ်...Jen ဒီနေရာထိရောက်လာဖို့ ဘယ်လောက်ကြိုးစားခဲ့ရလည်းဆိုတာ Chuuသိနေတာဘဲကို Chuuက Jen ဆုံးဖြတ်ချက်တွေကို လေးစားတယ် နားလည်ပေးတယ် "
Jisoo စကားကြောင့် Jennie အရည်ပျော်သွားပြီး ကားမောင်းနေတဲ့ Jisooကို နမ်းလိုက်သည်
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် Chuu ...Chuuကို ပိုင်ဆိုင်ခွင့်ပြန်ရလို့ အရမ်းပျော်တာဘဲ အရင်က လက်လွှတ်ခဲ့မိ..."
"ရှူး အတိတ်ကို အတိတ်မှာဘဲ ထားလိုက်ပါတော့ Jendeukie လေး....ဒါနဲ့ Omma နဲ့ရော စကားပြောဖြစ်လား"
Jisoo မေးခွန်းကို မဖြေဘဲ Jennie တစ်ဖက်ကိုလှည့်သွားသည်
"Jen သူ့ကို စိတ်ဆိုးနေတုံးလား "
"ဆိုးတာပေါ့ Chuuရ သူ့ကြောင့် Jenက Chuuကို အထင်လွဲမိပြီး လမ်းခွဲခဲ့တာလေ နာကျင်အောင်လုပ်ခဲ့တာလေ "
"သူ့မှာလည်း အဲ့လိုလုပ်ရတဲ့အကြောင်းပြချက် ရှိလို့နေမှာပေါ့ ဒုတိယအခွင့်အရေး ပေးလိုက်ပါ Jen. .."
"Chuu က ဘာလို့ သူ့ဘက်ပါနေတာလည်း တကယ်ဆို Chuuက သူ့ကို စိတ်ဆိုးသင့်တာလေ...သူက Chuuကို သစ္စာဖောက်လို့ စွပ်စွဲခဲ့တာလေ "
"Jenလည်း Chuu ကို စွပ်စွဲခဲ့တယ် မဟုတ်ဘူးလား....ဒါပေမယ့် Jenကို ချစ်လို့ Chuu ခွင့်လွှတ်ပေးခဲ့တယ်လေ Jenလည်း ကိုယ့်အမေကို ခွင့်လွှတ်ပေးလိုက်ပါ "
"Jen ကြိုးစားကြည့်ပါမယ် ...ချစ်တယ်နော်Chuu "
Jennie ပြောပြီး Jisoo အသည်းပုံနှုတ်ခမ်းလေးကို နမ်းလိုက်သည်
"Chuuလည်း Jenကို အရမ်းချစ်တယ် "
#tbc
#zawgyi
"Ahhh "
မတော်တဆဖြစ်တာဘဲကို "
"ငချွဲမလေး "
"Humm Jen. ..."
"Omm. .."
"မေးလေ Chuu "
"ဟွန့်..."
"Hey ငါ့ကိုပေး "
"ဘာပြောရမှာလည်း "
"ဘာပုံလည်း "
"ဘာမှမဟုတ်တော့ဘူး "
"ငါတို့ ပှနတြှဲပှီဆိုတာ သူတို့ကို ပြောပြရမလား "
"Jenလည်း မသိဘူး "
#tbc
Bạn đang đọc truyện trên: Truyen3h.Co