Part 48
#unicode
"Babeee. ...Jenတို့ ဆိုင်ကိုရှာနေတာ ကြာပြီ အခုထိ ဘာမှရှာမတွေ့သေးဘူးလေ "
Jennie မှာ ပြောရင်း Jisoo ဆွဲခေါ်ရာနောက် ပါလာသည်
"Jennie Kim. ...Chuuတို့ Bangရဲ့ အာတာပူစီမစားရချင်း အိမ်မပြန်ဘူးနော် ...Come on Jenလည်း ကြိုက်ရဲ့သားနဲ့ "
ကလေးဆန်နေတဲ့ Jisoo ကို ကြည့်ပြီး Jennie သက်ပြင်းချလိုက်သည်
"Jen မကြိုက်ဘူးလေ "
Jennie ပြောရင်း ဘေးနားကို ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်မှာ ပါးစပ်အဟောင်းသားဖြင့် သူတို့ကို ကြည့်နေတာကို တွေ့လိုက်ရသည်
"အဟမ်း အဟမ်း Excuse me Bang ရဲ့ အာတာပူစီဆိုင်က ဘယ်နားမှာလည်းဆိုတာ သိလားဟင် ....လိုက်ရှာနေပေမယ့် မတွေ့...."
Jennie စကားမဆုံးသေး ကောင်မလေးမှာ ထွက်ပြေးသွားလို့ Jennie မျက်မှောင်ကြုတ်လိုက်သည်
"What the. .."
Jisooမှာ ကောင်မလေး ပြေးသွားတဲ့နေရာကို ကြည့်တော့ သူတို့ရှာနေတဲ့ အာတာပူစီဆိုင် ဖြစ်နေသည်
"Jen ဟိုမှာ Chuuတို့ ရှာနေတဲ့ ဆိုင်ဘဲ လာ သွားကြစို့ "
ကျောင်းသူ ကျောင်းသားတွေ စုပြုံနေလို့ Jennie မှာ မသွားချင်ပေမယ့် ဘာလုပ်နိုင်မှာလည်း သူ့ချစ်သူ Jisoo ဆွဲခေါ်ရာနောက် ပါသွားတယ်လေ
လူအုပ်ကြားထဲ Jennieမှာ အဆင်မပြေ အသက် ရှူမဝသလို ဖြစ်နေတယ်
"Chuu..... Jen အသက်ရှူမဝတော့ဘူး "
Jennieရဲ့ စကားကြောင့် Jisooလည်း လူအုပ်ထဲကနေ Jennie လက်ကိုဆွဲပြီး ထွက်လာသည်
ထို့နောက် အနားရှိ ခုံတန်းရှည်တွင် Jennieကို ထိုင်ခိုင်းပြီး Jisoo သူမ လက်ကိုင်ပါဝါနဲ Jennie နဖူးက ချွေးတွေကို သုတ်ပေးနေသည်
"Jennieနဲ့ Jisooလား "
Jensooတို့မှာ သူမတို့ဆီ လျှောက်လာတဲ့ လူကြီးကို လှည့်ကြည့်ကြသည်
"Oh ငါ လူမမှားဘူး သမီးတို့ နှစ်ယောက်ဘဲ "
အသက်လေးဆယ်ကျော် အမျိူးသားမှာ Jensooတို့ နှစ်ယောက်ကို ဖက်ပြီးပြောလိုက်သည်
Jensooတို့မှာလည်း ပြုံးပြီး ထိုအမျိုးသားကို ပြန်ဖက်လိုက်သည်
"မတွေ့ရတာ အတော်ကြာရောပေါ့ ဦးလေး "
"ဟုတ်ပါ့ဗျာ... ဒါနဲ့ သမီးတို့က ဒီမှာ ဘာလုပ်နေကြတာလည်း "
"အာ Jennieနဲ့ Chawက အာတာပူစီ စားချင်လို့ လာတာ ဒါပေမယ့် လူတွေအရမ်းများနေလို့ ဒီမှာ ထိုင်စောင့်နေတာ "
"အာ... ဒါများ လာ ဦးလေးနောက် လိုက်ခဲ့ "
ထိုအမျိုးသားမှာ Jennieတို့ကို အာတာပူစီဆိုင်နောက်က အိမ်ထဲသို့ ခေါ်သွားလေသည်
"သမီးတို့ နှစ်ယောက်က နာမည်ကြီးidolနဲ့ CEO ဖြစ်နေတာ ဦးလေးဖြင့် အခုထိ မယုံနိုင်ဘူး "
ထိုအမျိူးသားမှာ အာတာပူစီလုပ်ရင်း ဝမ်းသာအားရပြောနေသည်
"ရော့ ရပြီ "
Jisooမှာ အာတာပူစီလှမ်းယူသော်လည်း Jennie ကတော့ အာတာပူစီကို မကြည့်ဘဲ တစ်ခုခုကို လိုက်ရှာနေသည်
"Jen ဘာရှာနေတာလည်း "
Jisoo မေးတာကို Jennie ခေါင်းခါပြသည်
"ဦးလေး...ဟိုလေ "
"Appa. ....ဆိုင်မှာ လူအသစ်ခေါ်ပေးလို့ရမလား....ကောင်မလေးတွေက ကျွန်တော့်ဖုန်းနံပါတ် ဇွတ်တောင်းနေလို့ "
အရပ်ရှည်ရှည်နဲ့ ကောင်လေးမှာ အိမ်ထဲ ဝင်လာပြီး သူ့ခါးမှာပတ်ထားတဲ့ Apronကို ချွတ်ပြီး ညည်းညူလိုက်သည်
"Oh my god "
Jennieမှာ ကောင်လေးကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေသည်
"ဦးလေး သူ သူက....Yedamလား.."
"ဟုတ်တယ် သူက Jennieရဲ့ Favorite Kidလေ Jisoo "
အမျိုးသားက ရယ်ပြီးပြောတော့ Yedamမှာ သူ့ရှေ့က မိန်းကလေးနှစ်ယောက်ကို ကြည့်ပြီး အော်လေသည်
"Jisoo. ...Jennie "
"Yedam. ...အမတွေကို အာတာပူစီလုပ်ပေးလိုက် Appaက ဆိုင်ဘက်သွားလိုက်တော့မယ် "
Yedamမှာ ပျော်ပြီး Jennieကို ပြေးဖက်လေသည်
"Jennie! Noonaနဲ့ ကစားခဲ့တဲ့အချိန်တွေကို ကျွန်တော် သတိရနေတာ Noonaသိလား Noona သီချင်းတွေ showတွေကို ကျွန်တော် အမြဲအားပေးနေတယ်ဆိုတာ ဟဲဟဲ ကျွန်တော်က Noonaရဲ့ biggest no. 1 fanပါနော် "
Yedam ပြောတော့ Jisooမှာ Yadamရဲ့ ပခုံးကို ကိုင်ပြီး
"နောက်ဆုတ်လိုက်ပါ Yedam ....အစ်မကမှ Jennie ရဲ့ နံပါတ်တစ် Biggest fanပါ "
"ဒါပေမယ့် ကျွန်တော်က Jennie Noona ရဲ့ နံပါတ်တစ်ဆိုတာ Jisoo Noona မေ့သွားပြီလား.... Jisoo Noonaက အာတာပူစီ စားချင်လို့ ဒီကိုလာပေမယ့် Jennie Noonaက ကျွန်တော်နဲ့ ကစားချင်လို့ ဒီကိုလာတာလေ "
Jennie မှာ သူ့ရှေ့ ကလေးဆန်ဆန် ရန်ဖြစ်နေကြတဲ့ Jisooတို့ကို ကြည့်ပြီး ရယ်လေသည်
"အဲ့တုံးက မင်းက အသက် ခုနှစ်နှစ် ဝဝကစ်ကစ် ချစ်စရာလေး ကလေးလေးမို့ သူက မင်းနဲ့ဆော့ရတာ နှစ်သက်တာလေ ချာတိတ်ရ....အခုတော့ မဟုတ်တော့ဘူး... အခု မင်းက ချစ်ဖို့မကောင်းတော့ဘူး "
Jisoo လျှာထုတ်ပြီး ပြောင်ပြတော့ Jennie ပိုပြီး ရယ်လိုက်သည်....အသက်သုံးဆယ်နားကပ်နေတဲ့ အမျိုးသမီးက ဆယ်ကျော်သက်ကလေးနဲ့ ဘာလို့ စကားနိုင်လုနေမှန်း Jennie နားမလည်ပေ
"Jisoo Noona သိဖို့ ပြောရအုံးမယ် ကျွန်တော်က ကျောင်းမှာ Major Kingနော် ဟဲဟဲ ကျွန်တော့်ကို တွေ့ချင်လို့ ကောင်မလေးတွေ နေ့တိုင်း အာတာပူစီ လာဝယ်ကြတာ ....ဆိုင်ရှေ့က ကောင်မလေးတွေက ကျွန်တော့် fanတွေ "
Yadamကပြောတော့ Jisooမှာ အာတာပူစီစားရင်း
"ကောင်မလေးတွေတော့ သနားပါတယ် ကလေးဆန်တဲ့ ကောင်လေးကို ကြိုက်နေကြတာ ကျွတ် ကျွတ် "
"Hey hey ကျွန်တော့်ကို အထင်မသေးနဲ့နော် Noona. ..နောင်တစ်ချိန် idolတောင် ဖြစ်လာနိုင်တယ် "
"နေပါအုံး.... Yedam နင် "
"Jennie Noonaရဲ့ အေဂျင်စီမှာ ဝင်ခွင့် ဝင်ဖြေထားတယ် အခုထိတော့ အကြောင်းမပြန်သေးဘူး "
"ငါပြောပေးရမလား Yedam "
"ရပါတယ်ဗျာ Jisoo Noona ရဲ့ companyကိုသာ သေချာဂရုစိုက်ပါ ခုနမီးလောင်လို့ဆို "
Yedamရဲ့ စကားကြောင့် Jensooတို့ အံ့သြသွားတယ်
Jensooတို့ မျက်နှာကိုကြည့်ပြီး Yedam မျက်မှောင်ကြုတ်ကာ
"ဟမ် Noonaတို့ သတင်းမတွေ့သေးဘူးလား Jisoo Noona အသင်းသားတွေကရော ဖုန်းမဆက်ဘူးလား "
"ဖုန်းကို ကားထဲမှာ ထားခဲ့တာ ခဏ "
Jisoo သူ့ဘောင်းဘီအိတ်ထဲက ကားသော့ကိုထုတ်ပြီး ကားဆီပြေးသွားလေသည်
Jennieနဲ့ yedamကလည်း Jisooနောက် ပြေးလိုက်သွားသည်
78 missed calls
99 messages
"Shit "
Jisoo ဖုန်းဖွင့်ဖွင့်ချင်း ကျိန်ဆဲလိုက်သည် ထို့နောက် Seulgi ဆီ ဖုန်းဆက်လိုက်သည်
"အေး Jisoo အမလေး ဘုရားရေ ကျေးဇူးတင်လိုက်တာ နင် ဖုန်းပြန်ခေါ်ပေးလို့ "
"ဘာတွေဖြစ်ကုန်တာလည်း Seul "
"လျှပ်စစ် ရှောခ့်ဖြစ်သွားတာ ငါ လန့်သွားလို့ ဖုန်းခေါ်လိုက်တာ နင်နဲ့ Jennie ချိန်းတွေ့တာကို နောက်ယှက်သလို ဖြစ်သွားရင် sorryပါနော်"
Jisoo သက်ပြင်းချပြီး
"အားလုံးရော safe ဖြစ်ရဲ့လား "
"ဖြစ်ပါတယ် စိတ်မပူပါနဲ့ ...ဒါပေမယ့် ငါတို့ လုပ်စရာအလုပ်တွေ ပေါ်လာတယ် "
"ဟင်... "
"Japan company က ဝန်ထမ်းတစ်ယောက်က ဖုန်းဆက်ပြောတယ်...ခုန မီးလောင်သွားလို့ ပြင်စရာတွေရှိလာတယ်တဲ့ ငါတို့ သန်ဘက်ခါကျ ဂျပန်ကို သွားမှ ဖြစ်မယ် "
Jisooမှာ Seulgiဘက်က စကားကိုကြားတော့ သက်ပြင်းရှည်ကြီး ချမိသည်
ထို့နောက် Seulgiကို နှုတ်ဆက်ပြီး ဖုန်းချလိုက်သည်
"Ji companyက အဆင်ပြေရဲ့လား "
Jisoo သက်ပြင်းခဏခဏချပြီး မျက်နှာပျက်နေတာ သတိထားမိလို့ Jisooရဲ့ လက်ကိုကိုင်ပြီး Jennie မေးလိုက်သည်
"ပြေပါတယ် Yedam ဒီမှာ အာတာပူစီဖိုးနော်....အစ်မတို့ကို လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်မတို့ သွားတော့မယ်နော် Jen ကားပေါ်တက် "
Yedamဆီက ပြန်ပြောတာမစောင့်ဘဲ Jisoo ကားပေါ်တက်ပြီး ကားစက်နှိုးလိုက်သည်
"Jen "
"Humm "
"Chuu ပြောစရာရှိတယ် "
"ဘာများလည်း "
"Japanကို ပြန်သွားရတော့မယ် "
Jisooရဲ့ စကားကို Jennie ပြန်မဖြေဘဲ ကားပြတင်းပေါက်ကနေ အပြင်ဘက်ကို Jennie ကြည့်နေသည်
"အင်း အင်းပေါ့ Jen တွေးထားသလိုဘဲပေါ့ Japan က company မှာလည်း Chuuတို့ ပြင်ဆင်စရာတွေရှိမှာပေါ့ "
"အင်း ဟုတ်တယ် "
"ဘယ်နေ့ ပြန်မှာလည်း '
"သန်ဘက်ခါ "
Jisoo ပြောပြီး လမ်းဘေးကို ကားထိုးရပ်လိုက်သည်
"ဘာ..."
Jisooမှာ Jennieကို ဖက်ပြီး ငိုလေသည်
"Chuu တောင်းပန်ပါတယ် "
"J. ..Ji... oh my god. ....Jenနဲ့ လမ်းခွဲမလို့လား "
"Chuu တောင်းပန်ပါတယ် Jen "
Jisoo စကားကြောင့် Jennieလည်း စိတ်ထိန်း မရဘဲ ငိုလေသည်
"Chuu ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့ Jen တောင်းပန်ပါတယ် Jenကို မဖြတ်ပါနဲ့ "
Jennie ငိုရင်း ရုတ်တရက် Jisoo ရယ်သံကြားလို့ မျက်မှောင်ကြုတ်သွားသည်
"What the fuck "
"Hahahaha ..."
Jisooမှာ ရယ်ရင်း သူမ မျက်ရည်တွေကို သုတ်တော့ Jisoo ရဲ့ လက်မောင်းကို Jennie ပိတ်ထိုးလိုက်သည်
"ဒါ ရယ်စရာမဟုတ်ဘူးနော် Chuu. ..Chuuက..တောင်းပန်စကားဘဲ ပြောနေတော့ Jenနဲ့ လမ်းခွဲမယ်ထင်နေတာကို "
"Jen တွေးထားတာထက် စောပြန်ရမှာမို့ Chuuက တောင်းပန်တာ အား နာတယ် "
Jennieမှာ သူမရဲ့ နားရွက်ကို လိမ်ဆွဲသောကြောင့် Jisoo အော်လေသည်
"Jenကို မပြောင်နဲ့ ဟွန့် "
"မပြောင်တော့ပါဘူး ချစ်တယ်နော် လွှတ်ပေးတော့ "
Jisooက သူမကို ချစ်တယ်လို့ပြောမှ Jennie နားရွက်ကို ဆွဲလိမ်ထားတာကို လွှတ်ပေးလိုက်သည်
"ခုန ဘာပြောလိုက်တယ် "
"တောင်းပန်ပါတယ်လို့ "
"မဟုတ်ဘူးလေ ခုလေးတင် Chuuပြောတဲ့ စကား "
"အာ...."
Jisoo ရှက်သွားတာကြည့်ပြီး Jennie အသည်းယားလာတာနဲ့ Jisoo ကို ဆွဲဖက်ကာ အသည်းပုံနှုတ်ခမ်းလေးကို တပ်မက်စွာ နမ်းလိုက်သည်
#tbc
#zawgyi
"Jen မကြိုက်ဘူးလေ "
"What the. .."
"Jennieနဲ့ Jisooလား "
အသက်လေးဆယ်ကျော် အမျိုးသားမှာ Jensooတို့ နှစ်ယောက်ကို ဖက်ပြီးပြောလိုက်သည်
ထိုအမျိုးသားမှာ အာတာပူစီလုပ်ရင်း ဝမ်းသာအားရပြောနေသည်
"ရော့ ရပြီ "
"Jen ဘာရှာနေတာလည်း "
"ဦးလေး...ဟိုလေ "
"Oh my god "
"ဦးလေး သူ သူက....Yedamလား.."
"Jisoo. ...Jennie "
"နေပါအုံး.... Yedam နင် "
"ငါပြောပေးရမလား Yedam "
78 missed calls
99 messages
"Shit "
Jisoo သက်ပြင်းချပြီး
"ဟင်... "
"Jen "
"Humm "
"Chuu ပြောစရာရှိတယ် "
"ဘာများလည်း "
"အင်း ဟုတ်တယ် "
"ဘယ်နေ့ ပြန်မှာလည်း '
"သန်ဘက်ခါ "
"ဘာ..."
"Chuu တောင်းပန်ပါတယ် "
"What the fuck "
"Hahahaha ..."
"ခုန ဘာပြောလိုက်တယ် "
"တောင်းပန်ပါတယ်လို့ "
"အာ...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co