Part 49
#Unicode
Jennieနဲ့ Jisooမှာ အိမ်မပြန်တော့ဘဲ ဟိုတယ်မှာ နေဖို့ ဆုံးဖြတ်လိုက်သည်
Jisooက အေးဆေးအိပ်ရဖို့ အိမ်ပြန်ချင်ပေမယ့် Jennie ကတော့ လက်မခံပေ
ဘာလို့ဆို ဒီတစ်ညတော့ Jisoo နဲ့ အေးဆေးဖြတ်သန်းချင်လို့ပင် ဖြစ်သည်
အဖွဲ့သားတွေနဲ့နေတဲ့ အိမ်မှာဆိုလည်း Minoတို့ကြောင့် အေးဆေးအိပ်ရမည် မဟုတ်သလို သူမတို့ ပိုင်တဲ့အိမ်မှာဆိုလည်း Irene ဒါမှမဟုတ် Jennie အမေက ရောက်လာမှာဆိုးလို့ ဟိုတယ်မှာဘဲ အိပ်ဖို့ Jennie ပြောနေသည်
ကားမောင်းနေတဲ့ အတောအတွင်းမှာလည်း Jisooကို ပိုလာဝက်ဝံတစ်ကောင်လို Jennie ဖက်တွယ်ပြီး စကားတွေပြောနေသည်
မနက်ဖြန်ညဆို သူတို့တွေခွဲရတော့မယ်လေ.....
"Jen ဖုန်းလာနေတယ်လေ "
ကုတင်ပေါ်တွင် သူမကို ပိုလာဝက်ဝံလို ဖက်ထားတဲ့ Jennieကို ကြည့်ပြီး Jisoo ပြောလိုက်သည်
"မကိုင်ချင်ဘူး Jenတို့ရဲ့ အဖိုးတန်အချိန်လေးကို အနှောင့်အယှက် မဖြစ်ချင်ဘူး "
Jisoo သက်ပြင်းချပြီး Jennie ဖုန်းကို ကောက်ကိုင်လိုက်သည်
"Ireneဘဲ ..."
"Shit "
Jennieမှာ ကျိန်ဆဲလိုက်ပြီး Jisooကို ဖက်ထားရမှ ခွာလိုက်သည်
ထို့နောက် ငုတ်တုတ်ထထိုင်ကာ Jisooဆီက ဖုန်းကို ယူပြီး ကိုင်လိုက်သည်
"ဘာလည်း ..."
"Yah ကောင်းကောင်းမွန်မွန်ထူးစမ်း Jennie Kim ...ငါ သောက်ရမ်း ဝမ်းနည်းနေတာ သိလား "
Irene အော်သံကြောင့် Jennieမှာ ဖုန်းနဲ့ နားနဲ့ ခွာပစ်လိုက်သည်
"သိပါတယ် ဝမ်းနည်းနေတာ သိပါတယ် ငါတို့ ချစ်သူတွေက မနက်ဖြန်ဆို ဂျပန်ပြန်သွားတော့မှာလေ အဲ့တာကြောင့် ငိုနေတာ မဟုတ်လား "
Jennie မေးပြီး လက်တစ်ဖက်က Jisooကို ဖက်ထားသည်
"ဟုတ်တယ် အီးဟီးဟီး "
Irene က ပိုပြီး အော်ငိုသောကြောင့် Jennie သက်ပြင်းချလိုက်သည်
"Dorm ကို ပြန်လာခဲ့ အတူ သောက်ရအောင်..."
"Sorry bitch ငါအခု Jisooနဲ့ အတူရှိနေတာ ..."
Jennieရဲ့ စကားကြောင့် Irene မျက်မှောင်ကြုတ်သွားတယ်
"Ahh ငါ ဘာလုပ်ရမလည်း ဘီယာတွေအများကြီး ဝယ်ထားတာဟ "
"Bae Joohyunရေ ဘီယာပုံးထဲ ခုန်ဆင်းမယ့်အစား အခုချိန် နင့်ရဲ့ အူတူတူ အတတ ချစ်သူကို ဖုန်းဆက်ခေါ်လိုက်လေ ကျန်ရှိနေတဲ့ အချိန်ကို ချစ်သူနဲ့အတူ အချိန်ဖြုန်းပါ့လားဟဲ့ "
"Jenရ သူ့ကို ကောင်းကောင်းမွန်မွန်ပြောလိုက်ပါ "
Jisooပြောတော့ Jennieမှာ Jisooကို ပြုံးပြလိုက်သည်
"ငါ Seulgiကို သတိရတော့မှာဘဲ "
Irene ငိုပြီးပြောနေသည်
"သူ ငါ့ကို စနောက်နေတာတွေ လွမ်းနေတော့မှာ
ငါ ချမ်းပြီးကြောက်နေတဲ့အခါတိုင်း သူ င့ါကို ဖက်ထားတာလေး လွမ်းနေရတော့မယ်...သူ ငါ့ကို "
Irene ပြောတာ နားထောင်ရင်း Jennie မျက်ရည်တွေ ဝဲလာတယ် ...
"Irene တော်ပါတော့ဟာ နင့်ကြောင့် ငါပါ ငိုချင်လာပြီ "
"Sorryပါဟာ ငါ မွန်းကြပ်နေလို့ နင်လည်း ငိုချင်ရင် ငိုချလိုက် Jennie "
Ireneမှာ Seulgiနဲ့အတူ ရှိတုံးက အကြောင်းတွေ ပြောပြနေချိန် Jennieကလည်း Jisooနဲ့အတူ ရှိခဲ့စဥ်က အမှတ်တရတွေ ပြန်တွေးမိနေသည်
"တော်ပြီ ငါ သောက်တော့မယ် နင်တို့ကိုလည်း မနှောင့်ယှက်တော့ပါဘူး ဒါဘဲနော်"
Irene နှုတ်ဆက်ပြီး ဖုန်းချလိုက်သည်
Jennieလည်း ဖုန်းချပြီး ထိုင်ငိုတော့ Jisooမှာ စိတ်ပူပြီး Jennieရဲ့ လက်ကို ကိုင်လိုက်သည်
"Jen ဘာလို့ ငိုနေတာလည်း "
"Ireneလေ သူက Chuu ကို ပိုလွမ်းအောင်လုပ်နေတယ် "
Jennie နှုတ်ခမ်းစူပြီး ပြောတော့ Jisooမှာ စောင်ကို ဆွဲခြုံရင်း
"ကဲပါ Jenရယ် အိပ်ကြရအောင်ပါ လာ...မနက်ဖြန်က နေ့ကောင်းနေ့မြတ်လေး ဖြစ်မှာပါ "
"Jenတို့ရဲ့ Drama Wrap up Party ရယ် ပြီးကျ Chuuတို့ ဂျပန်ကို ပြန်သွားမယ့် နေ့က
ဘယ်လိုနေ့ကောင်းနေ့မြတ်ဖြစ်မှာလည်း Chuu ရ..."
"ကဲပါ Jenလေးရယ် အိပ်ရအောင်ပါ...."
Jennieရဲ့ ပါးဖောင်းဖောင်းလေးကို ကိုင်ပြီး Jisoo နမ်းလိုက်သည်
Jennieမှာ ခေါင်းခါပြီး Jisoo ရင်ခွင်ထဲ ဝင်လိုက်သည်
"Jen မအိပ်ချင်ဘူး ...Chuu ကို တစ်ညလုံး ထိုင်ကြည့်ချင်တာ "
Jennie ရဲ့ စကားကြောင့် Jisooရယ်လိုက်သည်
Jennieမှာ မျက်မှောင်ကြုတ်ပြီး သူ့ကောင်မလေး ပခုံးကို ရိုက်လိုက်သည်
"Jenက တကယ်ပြောနေတာနော် Kim Jisoo "
"ဟုတ်ပါပြီ ဟုတ်ပါပြီ Miss Jennie Kimရယ် "
Jisoo ပြောပြီး Jennieကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
"အိပ်ရအောင်နော် မနက်ကျ Partyမယ် Jenလေး မျက်ကွင်းညိုနေမှာဆိုးလို့ "
"အင်းပါ.... Chuuကို အရမ်းချစ်တယ်နော် "
"Chuuလည်း Jen ကို သိပ်ချစ်တာ "
Jisooပြောပြီး Jennieရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်သည်
"ငါ သူ့ကို သတိရနေမှာ နှစ်တွေ ဘယ်လောက်ကြာကြာ သူ့ကို သတိရနေမှာ "
Ireneပြောရင်း သူမလက်သည်းကို သူမ ပြန်ကိုက်နေသည်
Irene ဘီယာနောက်တစ်ဘူးသောက်မလို့ ဖောက်နေစဥ် တံခါးခေါက်သံကြားရလေသည်
Ireneလည်း ယိုင်တိုင်တိုင်နဲ့ တံခါးဖွင့်ပေးဖို့ သွားလေသည်
"ဘယ်သူလည်း "
"ကိုယ်ပါ တံခါးဖွင့်ပေးပါအုံး "
Ireneမှာ တွေဝေခြင်းမရှိဘဲ ချက်ချင်း တံခါးဖွင့်ပေးလိုက်သည်
"Seulgi "
Ireneမှာ တံခါးဖွင့်ပြီးနောက် တံခါးရှေ့က Seulgiပေါ် တက်ခွလေသည်
Seulgiလည်း Ireneကို ပွေ့ချီပြီး အိမ်ထဲဝင်လာသည်
"အာ ဘီယာဘူးခွံတွေ ပွနေတာဘဲ ကိုယ်ရှင်း "
"ဟင့်အင်း မရှင်းပါနဲ့ ခုလိုလေး နေပေးပါ Seulရဲ့ ရင်ခွင်ထဲ အခုလိုလေး နေချင်တယ် '
Seulgiလည်း ဆိုဖာပေါ် ထိုင်လိုက်ပြီး သူမကိုယ်ပေါ်က Ireneကို ပွေ့ဖက်ထားလေသည်
"Irene "
"Humm "
"အဖွဲ့ထဲမှာ ကိုယ်က ငပွေမလေး....ပြဿနာအမြဲ ရှာတတ်တဲ့သူဆိုတာ သိပါတယ် ...."
Seulgi ပြောရင်း Ireneရဲ့ ဆံပင်လေးကို နမ်းလိုက်သည်
"ဒါပေမယ့် ကိုယ် ကတိပေးပါတယ် ကိုယ် အရင်က မင်းတွေ့ဖူးတဲ့ Seulgi နဲ့ မတူစေရဘူးလို့ တကယ် ကတိပေးပါတယ် ...အရင်ကလို မပွေမရှုပ်တော့ပါဘူး....မင်းကိုဘဲ ကိုယ် သစ္စာရှိရှိ ချစ်သွားပါမယ် Irene ....မင်း သတိရတဲ့အခါ ဘယ်အချိန် ဖြစ်ဖြစ် ကိုယ့်ဆီ ဖုန်းဆက်လို့ရပါတယ် မင်းစိတ်ညစ်တဲ့အခါတိုင်း ကိုယ့်ကို ဝေမျှလို့ရတယ် ဒါကြောင့် ဝမ်းနည်းမနေပါနဲ့နော် နှစ်နှစ်ဆိုတာ ခဏလေးပါ ငါတို့အလုပ်တွေနဲ့ ချက်ချင်း ကုန်ဆုံးသွားမှာပါ "
Seulgi ပြောရင်း Ireneရဲ့ ဟောက်သံကြားရလို့ အူကြောင်ကြောင် ဖြစ်သွားတယ်
Seulgi ငုံ့ကြည့်တော့ Ireneလေးက မူးပြီး သူမရင်ခွင်ထဲ အိပ်ပျော်နေတယ်လေ
"Lisa ရယ် မငိုပါနဲ့တော့ "
Chaeyoungမှာ ငိုနေတဲ့ သူ့ကောင်မလေးကို ဖက်ပြီး ချော့နေသည်
"ငါ ငါ တောင်းပန်ပါတယ် Chaeရာ ငါ နင့်ကို မထားသွားနိုင်ဘူး Chaeyoung Ahhhhhhh "
"What the hell "
Chaeyoungမှာ သူမကို ဖက်ကာ ငိုနေတဲ့ ကောင်မလေးကို ရိုက်လိုက်သည်
"Lisa. ..အခုချိန် ငိုရမှာ Chaeလေ....Lisa က ဘာလို့ အရမ်းငိုနေရတာလည်း "
Lisa မှာ ခေါင်းခါပြီး Chaeyoung ကို ဆွဲဖက်ကာ
"မသိဘူးကွာ မသိဘူး ငါ ဂရုမစိုက်ဘူး Chaeကို အရမ်း လွမ်းနေတော့မှာ "
Lisa အော်ငိုနေသောကြောင့် Chaeyoung သက်ပြင်းချလိုက်သည်
"Chaeလည်း Lisaကို လွမ်းနေမှာပါ ဒါကြောင့် မငိုနဲ့တော့နော် "
"လွမ်းနေမယ်သာပြောတယ် Chae ကြည့်ရတာ တည်ငြိမ်နေတာဘဲ ငိုတောင်မငိုဘူး "
Lisa နှုတ်ခမ်းစူကာ ပြောတော့ Chaeyoung ရယ်ကာ Lisa နှုတ်ခမ်းလေးကို နမ်းလိုက်သည်
"Chaeရဲ့ ချစ်သူက တစ်ကိုယ်ကောင်းဆန်မှာ သိလို့ Chae မငိုတာ....Chaeသာ ငိုပြီး Lisaကို လွမ်းတယ် ပြောရင် Lisaက ချက်ချင်း အလုပ်ထွက်ပြီး Chae အနားမှာဘဲနေမှာ သိလို့ မပြောတာ....Jisooတို့လည်း Lisa ကို လိုအပ်မှာဘဲလေ မဟုတ်ဘူးလား "
"Park Chaeyoung. ...ဘာလို့ ငါ့အကြောင်း အရမ်းသိနေရတာလည်း...."
"ကဲပါ မငိုနဲ့တော့နော် Lisaအတွက် Chae လက်ဆောင်ဝယ်ပေးထားတယ် "
"ဘာများလည်း "
"Underwear "
"ဟင်...."
"ဂျပန်မှာ Chaeကို သတိရတိုင်း Chae လက်ဆောင်ပေးတဲ့ အတွင်းခံလေး ဝတ်လေနော် "
"ပေါက်ပေါက်ရှာရှာတွေ ပေးပြန်ပြီ Chaeရာ "
"ချစ်တယ် Lisa. .."
"Chae ထက်...ပိုချစ်တယ်"
သူမကို မျက်စောင်းထိုးပြီးပြောတဲ့ Lisa ကို ကြည့်ပြီး Chaeyoung ရယ်ကာ Lisaကို တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်
#TBC
ဒါလေး ဇာတ်သိမ်းဖို့ နှစ်ပိုင်းလောက်ဘဲ ကျန်ပါတော့တယ်
#zawgyi
Jennieနဲ႕ Jisooမွာ အိမ္မျပန္ေတာ့ဘဲ ဟိုတယ္မွာ ေနဖို႔ ဆုံးျဖတ္လိုက္သည္
Jisooက ေအးေဆးအိပ္ရဖို႔ အိမ္ျပန္ခ်င္ေပမယ့္ Jennie ကေတာ့ လက္မခံေပ
ဘာလို႔ဆို ဒီတစ္ညေတာ့ Jisoo နဲ႕ ေအးေဆးျဖတ္သန္းခ်င္လို႔ပင္ ျဖစ္သည္
အဖြဲ႕သားေတြနဲ႕ေနတဲ့ အိမ္မွာဆိုလည္း Minoတို႔ေၾကာင့္ ေအးေဆးအိပ္ရမည္ မဟုတ္သလို သူမတို႔ ပိုင္တဲ့အိမ္မွာဆိုလည္း Irene ဒါမွမဟုတ္ Jennie အေမက ေရာက္လာမွာဆိုးလို႔ ဟိုတယ္မွာဘဲ အိပ္ဖို႔ Jennie ေျပာေနသည္
ကားေမာင္းေနတဲ့ အေတာအတြင္းမွာလည္း Jisooကို ပိုလာဝက္ဝံတစ္ေကာင္လို Jennie ဖက္တြယ္ၿပီး စကားေတြေျပာေနသည္
မနက္ျဖန္ညဆို သူတို႔ေတြခြဲရေတာ့မယ္ေလ.....
"Jen ဖုန္းလာေနတယ္ေလ "
ကုတင္ေပၚတြင္ သူမကို ပိုလာဝက္ဝံလို ဖက္ထားတဲ့ Jennieကို ၾကည့္ၿပီး Jisoo ေျပာလိုက္သည္
"မကိုင္ခ်င္ဘူး Jenတို႔ရဲ႕ အဖိုးတန္အခ်ိန္ေလးကို အႏွောင့္အယွက္ မျဖစ္ခ်င္ဘူး "
Jisoo သက္ျပင္းခ်ၿပီး Jennie ဖုန္းကို ေကာက္ကိုင္လိုက္သည္
"Ireneဘဲ ..."
"Shit "
Jennieမွာ က်ိန္ဆဲလိုက္ၿပီး Jisooကို ဖက္ထားရမွ ခြာလိုက္သည္
ထို႔ေနာက္ ငုတ္တုတ္ထထိုင္ကာ Jisooဆီက ဖုန္းကို ယူၿပီး ကိုင္လိုက္သည္
"ဘာလည္း ..."
"Yah ေကာင္းေကာင္းမြန္မြန္ထူးစမ္း Jennie Kim ...ငါ ေသာက္ရမ္း ဝမ္းနည္းေနတာ သိလား "
Irene ေအာ္သံေၾကာင့္ Jennieမွာ ဖုန္းနဲ႕ နားနဲ႕ ခြာပစ္လိုက္သည္
"သိပါတယ္ ဝမ္းနည္းေနတာ သိပါတယ္ ငါတို႔ ခ်စ္သူေတြက မနက္ျဖန္ဆို ဂ်ပန္ျပန္သြားေတာ့မွာေလ အဲ့တာေၾကာင့္ ငိုေနတာ မဟုတ္လား "
Jennie ေမးၿပီး လက္တစ္ဖက္က Jisooကို ဖက္ထားသည္
"ဟုတ္တယ္ အီးဟီးဟီး "
Irene က ပိုၿပီး ေအာ္ငိုေသာေၾကာင့္ Jennie သက္ျပင္းခ်လိဳက္သည္
"Dorm ကို ျပန္လာခဲ့ အတူ ေသာက္ရေအာင္..."
"Sorry bitch ငါအခု Jisooနဲ႕ အတူရွိေနတာ ..."
Jennieရဲ႕ စကားေၾကာင့္ Irene မ်က္ေမွာင္ၾကဳတ္သြားတယ္
"Ahh ငါ ဘာလုပ္ရမလည္း ဘီယာေတြအမ်ားႀကီး ဝယ္ထားတာဟ "
"Bae Joohyunေရ ဘီယာပုံးထဲ ခုန္ဆင္းမယ့္အစား အခုခ်ိန္ နင့္ရဲ႕ အူတူတူ အတတ ခ်စ္သူကို ဖုန္းဆက္ေခၚလိုက္ေလ က်န္ရွိေနတဲ့ အခ်ိန္ကို ခ်စ္သူနဲ႕အတူ အခ်ိန္ျဖဳန္းပါ့လားဟဲ့ "
"Jenရ သူ႕ကို ေကာင္းေကာင္းမြန္မြန္ေျပာလိုက္ပါ "
Jisooေျပာေတာ့ Jennieမွာ Jisooကို ၿပဳံးျပလိုက္သည္
"ငါ Seulgiကို သတိရေတာ့မွာဘဲ "
Irene ငိုၿပီးေျပာေနသည္
"သူ ငါ့ကို စေနာက္ေနတာေတြ လြမ္းေနေတာ့မွာ
ငါ ခ်မ္းၿပီးေၾကာက္ေနတဲ့အခါတိုင္း သူ င့ါကို ဖက္ထားတာေလး လြမ္းေနရေတာ့မယ္...သူ ငါ့ကို "
Irene ေျပာတာ နားေထာင္ရင္း Jennie မ်က္ရည္ေတြ ဝဲလာတယ္ ...
"Irene ေတာ္ပါေတာ့ဟာ နင့္ေၾကာင့္ ငါပါ ငိုခ်င္လာၿပီ "
"Sorryပါဟာ ငါ မြန္းၾကပ္ေနလို႔ နင္လည္း ငိုခ်င္ရင္ ငိုခ်လိဳက္ Jennie "
Ireneမွာ Seulgiနဲ႕အတူ ရွိတုံးက အေၾကာင္းေတြ ေျပာျပေနခ်ိန္ Jennieကလည္း Jisooနဲ႕အတူ ရွိခဲ့စဥ္က အမွတ္တရေတြ ျပန္ေတြးမိေနသည္
"ေတာ္ၿပီ ငါ ေသာက္ေတာ့မယ္ နင္တို႔ကိုလည္း မႏွောင့္ယွက္ေတာ့ပါဘူး ဒါဘဲေနာ္"
Irene ႏႈတ္ဆက္ၿပီး ဖုန္းခ်လိဳက္သည္
Jennieလည္း ဖုန္းခ်ၿပီး ထိုင္ငိုေတာ့ Jisooမွာ စိတ္ပူၿပီး Jennieရဲ႕ လက္ကို ကိုင္လိုက္သည္
"Jen ဘာလို႔ ငိုေနတာလည္း "
"Ireneေလ သူက Chuu ကို ပိုလြမ္းေအာင္လုပ္ေနတယ္ "
Jennie ႏႈတ္ခမ္းစူၿပီး ေျပာေတာ့ Jisooမွာ ေစာင္ကို ဆြဲၿခဳံရင္း
"ကဲပါ Jenရယ္ အိပ္ၾကရေအာင္ပါ လာ...မနက္ျဖန္က ေန႕ေကာင္းေန႕ျမတ္ေလး ျဖစ္မွာပါ "
"Jenတို႔ရဲ႕ Drama Wrap up Party ရယ္ ၿပီးက် Chuuတို႔ ဂ်ပန္ကို ျပန္သြားမယ့္ ေန႕က
ဘယ္လိုေန႕ေကာင္းေန႕ျမတ္ျဖစ္မွာလည္း Chuu ရ..."
"ကဲပါ Jenေလးရယ္ အိပ္ရေအာင္ပါ...."
Jennieရဲ႕ ပါးေဖာင္းေဖာင္းေလးကို ကိုင္ၿပီး Jisoo နမ္းလိုက္သည္
Jennieမွာ ေခါင္းခါၿပီး Jisoo ရင္ခြင္ထဲ ဝင္လိုက္သည္
"Jen မအိပ္ခ်င္ဘူး ...Chuu ကို တစ္ညလုံး ထိုင္ၾကည့္ခ်င္တာ "
Jennie ရဲ႕ စကားေၾကာင့္ Jisooရယ္လိုက္သည္
Jennieမွာ မ်က္ေမွာင္ၾကဳတ္ၿပီး သူ႕ေကာင္မေလး ပခုံးကို ရိုက္လိုက္သည္
"Jenက တကယ္ေျပာေနတာေနာ္ Kim Jisoo "
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ Miss Jennie Kimရယ္ "
Jisoo ေျပာၿပီး Jennieကို တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္သည္။
"အိပ္ရေအာင္ေနာ္ မနက္က် Partyမယ္ Jenေလး မ်က္ကြင္းညိုေနမွာဆိုးလို႔ "
"အင္းပါ.... Chuuကို အရမ္းခ်စ္တယ္ေနာ္ "
"Chuuလည္း Jen ကို သိပ္ခ်စ္တာ "
Jisooေျပာၿပီး Jennieရဲ႕ ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
"ငါ သူ႕ကို သတိရေနမွာ ႏွစ္ေတြ ဘယ္ေလာက္ၾကာၾကာ သူ႕ကို သတိရေနမွာ "
Ireneေျပာရင္း သူမလက္သည္းကို သူမ ျပန္ကိုက္ေနသည္
Irene ဘီယာေနာက္တစ္ဘူးေသာက္မလို႔ ေဖာက္ေနစဥ္ တံခါးေခါက္သံၾကားရေလသည္
Ireneလည္း ယိုင္တိုင္တိုင္နဲ႕ တံခါးဖြင့္ေပးဖို႔ သြားေလသည္
"ဘယ္သူလည္း "
"ကိုယ္ပါ တံခါးဖြင့္ေပးပါအုံး "
Ireneမွာ ေတြေဝျခင္းမရွိဘဲ ခ်က္ခ်င္း တံခါးဖြင့္ေပးလိုက္သည္
"Seulgi "
Ireneမွာ တံခါးဖြင့္ၿပီးေနာက္ တံခါးေရွ႕က Seulgiေပၚ တက္ခြေလသည္
Seulgiလည္း Ireneကို ေပြ႕ခ်ီၿပီး အိမ္ထဲဝင္လာသည္
"အာ ဘီယာဘူးခြံေတြ ပြေနတာဘဲ ကိုယ္ရွင္း "
"ဟင့္အင္း မရွင္းပါနဲ႕ ခုလိုေလး ေနေပးပါ Seulရဲ႕ ရင္ခြင္ထဲ အခုလိုေလး ေနခ်င္တယ္ '
Seulgiလည္း ဆိုဖာေပၚ ထိုင္လိုက္ၿပီး သူမကိုယ္ေပၚက Ireneကို ေပြ႕ဖက္ထားေလသည္
"Irene "
"Humm "
"အဖြဲ႕ထဲမွာ ကိုယ္က ငေပြမေလး....ျပႆနာအၿမဲ ရွာတတ္တဲ့သူဆိုတာ သိပါတယ္ ...."
Seulgi ေျပာရင္း Ireneရဲ႕ ဆံပင္ေလးကို နမ္းလိုက္သည္
"ဒါေပမယ့္ ကိုယ္ ကတိေပးပါတယ္ ကိုယ္ အရင္က မင္းေတြ႕ဖူးတဲ့ Seulgi နဲ႕ မတူေစရဘူးလို႔ တကယ္ ကတိေပးပါတယ္ ...အရင္ကလို မေပြမရႈပ္ေတာ့ပါဘူး....မင္းကိုဘဲ ကိုယ္ သစၥာရွိရွိ ခ်စ္သြားပါမယ္ Irene ....မင္း သတိရတဲ့အခါ ဘယ္အခ်ိန္ ျဖစ္ျဖစ္ ကိုယ့္ဆီ ဖုန္းဆက္လို႔ရပါတယ္ မင္းစိတ္ညစ္တဲ့အခါတိုင္း ကိုယ့္ကို ေဝမွ်လို႔ရတယ္ ဒါေၾကာင့္ ဝမ္းနည္းမေနပါနဲ႕ေနာ္ ႏွစ္ႏွစ္ဆိုတာ ခဏေလးပါ ငါတို႔အလုပ္ေတြနဲ႕ ခ်က္ခ်င္း ကုန္ဆုံးသြားမွာပါ "
Seulgi ေျပာရင္း Ireneရဲ႕ ေဟာက္သံၾကားရလို႔ အူေၾကာင္ေၾကာင္ ျဖစ္သြားတယ္
Seulgi ငုံ႕ၾကည့္ေတာ့ Ireneေလးက မူးၿပီး သူမရင္ခြင္ထဲ အိပ္ေပ်ာ္ေနတယ္ေလ
"Lisa ရယ္ မငိုပါနဲ႕ေတာ့ "
Chaeyoungမွာ ငိုေနတဲ့ သူ႕ေကာင္မေလးကို ဖက္ၿပီး ေခ်ာ့ေနသည္
"ငါ ငါ ေတာင္းပန္ပါတယ္ Chaeရာ ငါ နင့္ကို မထားသြားနိုင္ဘူး Chaeyoung Ahhhhhhh "
"What the hell "
Chaeyoungမွာ သူမကို ဖက္ကာ ငိုေနတဲ့ ေကာင္မေလးကို ရိုက္လိုက္သည္
"Lisa. ..အခုခ်ိန္ ငိုရမွာ Chaeေလ....Lisa က ဘာလို႔ အရမ္းငိုေနရတာလည္း "
Lisa မွာ ေခါင္းခါၿပီး Chaeyoung ကို ဆြဲဖက္ကာ
"မသိဘူးကြာ မသိဘူး ငါ ဂ႐ုမစိုက္ဘူး Chaeကို အရမ္း လြမ္းေနေတာ့မွာ "
Lisa ေအာ္ငိုေနေသာေၾကာင့္ Chaeyoung သက္ျပင္းခ်လိဳက္သည္
"Chaeလည္း Lisaကို လြမ္းေနမွာပါ ဒါေၾကာင့္ မငိုနဲ႕ေတာ့ေနာ္ "
"လြမ္းေနမယ္သာေျပာတယ္ Chae ၾကည့္ရတာ တည္ၿငိမ္ေနတာဘဲ ငိုေတာင္မငိုဘူး "
Lisa ႏႈတ္ခမ္းစူကာ ေျပာေတာ့ Chaeyoung ရယ္ကာ Lisa ႏႈတ္ခမ္းေလးကို နမ္းလိုက္သည္
"Chaeရဲ႕ ခ်စ္သူက တစ္ကိုယ္ေကာင္းဆန္မွာ သိလို႔ Chae မငိုတာ....Chaeသာ ငိုၿပီး Lisaကို လြမ္းတယ္ ေျပာရင္ Lisaက ခ်က္ခ်င္း အလုပ္ထြက္ၿပီး Chae အနားမွာဘဲေနမွာ သိလို႔ မေျပာတာ....Jisooတို႔လည္း Lisa ကို လိုအပ္မွာဘဲေလ မဟုတ္ဘူးလား "
"Park Chaeyoung. ...ဘာလို႔ ငါ့အေၾကာင္း အရမ္းသိေနရတာလည္း...."
"ကဲပါ မငိုနဲ႕ေတာ့ေနာ္ Lisaအတြက္ Chae လက္ေဆာင္ဝယ္ေပးထားတယ္ "
"ဘာမ်ားလည္း "
"Underwear "
"ဟင္...."
"ဂ်ပန္မွာ Chaeကို သတိရတိုင္း Chae လက္ေဆာင္ေပးတဲ့ အတြင္းခံေလး ဝတ္ေလေနာ္ "
"ေပါက္ေပါက္ရွာရွာေတြ ေပးျပန္ၿပီ Chaeရာ "
"ခ်စ္တယ္ Lisa. .."
"Chae ထက္...ပိုခ်စ္တယ္"
သူမကို မ်က္ေစာင္းထိုးၿပီးေျပာတဲ့ Lisa ကို ၾကည့္ၿပီး Chaeyoung ရယ္ကာ Lisaကို တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္သည္
#TBC
ဒါေလး ဇာတ္သိမ္းဖို႔ ႏွစ္ပိုင္းေလာက္ဘဲ က်န္ပါေတာ့တယ္
Bạn đang đọc truyện trên: Truyen3h.Co