Part 13
#Unicode
ဝန်ထမ်းကောင်လေး ပေးတဲ့ သူမဖုန်းကို ယူပြီး Jennie စားသောက်ဆိုင်ထဲက ထွက်လာခဲ့သည်
"Jennie စောင့်ပါအုံး "
Jennie နောက်ကို ပြေးလိုက်သွားရင် သူမဟာ အော်ပြောလိုက်သည်
Jennieမှာ နောက်ကို လှည့်မကြည့်ဘဲ ရှေ့ကိုသာ ဆက်သွားနေသည် စိတ်ထဲမှာတော့ လမ်းလျှောက်တာထက် ပြေးချင်စိတ်တွေ ဖြစ်နေသည်
Jennieရဲ့ နှလုံးသားက လေးလံလာပြီး မျက်ဝန်းကလည်း မျက်ရည်တွေ ပြိုကျလုမတတ်ဖြစ်နေသည်
သူ ဘာလို့ ငါ့အပေါ် အဲ့လို လုပ်ရက်တာလည်း
Jennie ကားတံခါးကို ဆွဲဖွင့်စဥ် သူမရဲ့လက်ကို တစ်စုံတစ်ယောက်က လှမ်းဆွဲသည်
"ငါပြောတာ နားထောင်ပါအုံး Jennie "
"ငါ့လက်ကို လွှတ် "
Jennieမှာ ရုန်းကာ အော်လိုက်သည်
"မလွှတ်ဘူး ငါရှင်းပြတာကို နားထောင်ပါအုံး Jennieရာ "
"ဘာ ဖြေရှင်းချက်မှ ငါနားမထောင်ချင်ဘူး ....နင်က လူလိမ်မဘဲ နင်ငါ့ကို ဘယ်လိုအမျိုးအစားထင်လို့ ဒီလိုလုပ်ရဲတာလည်း ငါ့ကို နင် အရူးလုပ်တာ ခံရမယ့် အရုပ်ထင်နေတာလား Jisoo "
Jennie အော်ရင်း သူမ ပါးပေါ် မျက်ရည်တွေ ကျလာသည်
"အဲ့လို မဟုတ်ပါဘူး နင်ပြောသလို ငါ တစ်ခါမှ မတွေးခဲ့ပါဘူး "
Jisooမှာ Jennieရဲ့ ပါးပေါ်က မျက်ရည်တွေ သုတ်ပေးဖို့ လုပ်ပေမယ့် Jennieမှာ Jisooကို ဆောင့်တွန်းလိုက်သည်
Jisoo မြေကြီးပေါ် လဲကျသွားစဥ် Jennieမှာ ကားထဲ အမြန်ဝင်ပြီး ကားတံခါးကို လော့ချလိုက်သည်
Jisooမှာ လဲကျရာက အမြန်ထပြီး Jennieရဲ့ ကားပြတင်းပေါက်ကို တစ်ဘုန်းဘုန်းထုရိုက်လိုက်သည်
"Jennie Jennie "
Jennieမှာ သူ့ကားမှန်ကို ထုရိုက်နေတဲ့ ကောင်မလေးကို ဂရုမစိုက်ဘဲ ကားစက်နှိုးကာ မောင်းထွက်လာသည်
Jennie ကားမောင်းရင်း မျက်ရည်သုတ်နေစဥ် ရုတ်တရက် သူမဖုန်းက ဝင်လာသည်
ဘယ်သူလည်းဆိုတာ သိနေလို့ Bluetooth နဲ့ နားကြပ်ကို joinပြီး ဖုန်းကိုင်လိုက်သည်
"စုံစမ်းတာကို ရပ်လိုက်တော့ Irene "
Jennie ပြောပြီး ကျန်တာဆက်မပြောချင်လို့ ဖုန်းချလိုက်သည်
"ငါ့ကို တစ်ချိန်လုံး ကစားနေခဲ့တာဘဲ ....သူ့ရဲ့ အလိမ်အညာတွေကို ငါ ယုံကြည်အောင်လို့ သူ လှည့်စားခဲ့တာ သူလှည့်စားခဲ့သမျှ ငါက အရူးလို ယုံကြည်ခဲ့တာ နင် စောက်ရူးဘဲ Jennie Kim"
Jennie သူမကိုယ်သူမ ကျိန်ဆဲပြီး ကားစီယာတိုင်ကို တဘုန်းဘုန်းနဲ့ထုရိုက်လေသည်
Jennie အလုပ်ကိုပြန်မသွားတော့ဘဲ ဘီယာအရက်တွေ ဝယ်ကာ အိမ်ကိုပြန်လာခဲ့သည်
ထမင်းစားခန်းထဲတွင် အရက်သောက်နေရင်း Jisoo ကိုဘဲ မြင်ယောင်မိနေသည်
Jennieရင်ဘတ်ထဲ နာကျင်လွန်းလို့ သူမ မျက်လုံးကို မှိတ်ထားမိသည်
ထိုစဥ် သူမဆီ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ဖုန်းခေါ်သူက Lisa. ...
Jennieမှာ Lisaရဲ့ ဖုန်းကို ကိုင်ချင်စိတ်မရှိပေ ဘာလို့ဆို စားသောက်ဆိုင်မှာ Jisooကို Lisaနဲ့အတူ တွေ့ခဲ့လို့လေ
Lisaကလည်း Jennieကို လိမ်ညာခဲ့တာဘဲ အခင်ဆုံး သူငယ်ချင်းက သူမကို လိမ်ညာခဲ့လို့ Jennie အရမ်းနာကျင်နေရပါတယ်
Jennie ဘီယာပုလင်းကိုင်ပြီး ဧည့်ခန်းထဲ ပြန် လာတယ်
Lisa ခေါ်နေတဲ့ သူ့ရဲ့ဖုန်းကို Jennie ပိတ်ပစ်ပြီး ဆိုဖာပေါ် ပစ်တင်လိုက်သည်
"Jennie တံခါးဖွင့်ပါအုံး "
Jennie အပြင်ဘက်ကနေ သူမရဲ့ အိမ်တံခါးခေါက်သံကို ကြားရလေသည်
"Jennie "
Jennieကတော့ မကြားချင်ယောင်ဆောင်ပြီး ဘီယာနောက်တစ်ဗူးကို ဖောက်သောက်လေသည်
"Jennie နင် တံခါးဖွင့်မပေးဘူးဆိုရင် ငါအိမ်တံခါးဖျက်ပြီး ဝင်လာမှာနော် "
"ဖျက်လေ "
Jennie ရေရွတ်ပြီး ဘီယာမော့သောက်လိုက်သည်
မိနစ်အနည်းငယ်ကြာတော့ Jisooရဲ့အသံနဲ့ တံခါးခေါက်သံဟာ တိတ်ဆိတ်သွားသည်
"Jisoo ပြန်သွားပြီထင်တယ် ကောင်းတယ် ငါ သူနဲ့ မျက်နှာချင်းဆိုင်ချင်တာ မဟုတ်ဘူး "
Jennie ရေရွတ်ပြီး သူမအခန်းထဲကို ဝင်သွားကာ စောင်ခြုံပြီး အိပ်လိုက်သည်
ထိုစဥ် သူမရဲ့ အခန်းတံခါးက ရုတ်တရက် ပွင့်သွားလို့ Jennie လန့်သွားသည်
"ဟီး ငါ သော့ပွားထားတာလေ "
"ငါ့အိမ်ထဲကနေ ထွက်သွားစမ်း Jisoo "
Jennie အိပ်ရာကနေ ထရပ်ပြီး Jisooကို နှင်ထုတ်လိုက်သည်
"ငါပြောတာ နားထောင်ပါအုံး Jennieရယ် "
"လူလိမ်မ စကား ဘာမှနားထောင်စရာမလိုဘူး "
"ဟုတ်ပါတယ် ငါ နင့်ကို လိမ်ခဲ့ပါတယ် ဒါပေမယ့် ဘာလို့လိမ်ရလည်းဆိုတဲ့ အကြောင်းပြချက် ငါ့မှာရှိပါတယ် "
"ဘာအကြောင်းပြချက်မှ မကြားချင်ဘူး နင် ငါ့ကို လိမ်ခဲ့တယ် နင်ငါ့ကို အရူးလုပ်ခဲ့တယ်..."
Jisoo မှာ Jennie ကို ဆွဲဖက်လိုက်သည်
Jennieက Jisooကို တွန်းလွှတ်ပေမယ့် jisooက jennieကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်
"ငါ နင့်ကို ကူညီချင်ခဲ့တာ နင်ခံစားရတာတွေကို ပျောက်သွားအောင် ကူညီချင်ခဲ့တာလေ ဒါပေမယ့် နင်ကဘဲ ငါ့ကို နာကျင်အောင် လုပ်သွားတယ် "
Jennie ပြောရင်း ငိုလေသည်
"ငါ သိပါတယ် ငါတောင်းပန်ပါတယ်ဟာ "
"Fuck you Kim Jisoo "
"ငါ့ကို ခွင့်လွှတ်ပါ Jennieရယ် "
Jennie ကို ဖက်ထားရာက ခွာပြီး Jisoo တောင်းပန်လိုက်သည်
Jennie ရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို Jisoo သုတ်ပေးရင်း
"ငါ ရှင်းပြတာကို နားထောင်ပေးပါ ဒါဆို ငါဘာလို့ နင့်ကို ခုလို လိမ်ရလည်းဆိုတာ နင် သိပါလိမ့်မယ် Jennie "
Jisoo အသံက စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေပုံပေါက်တာ Jennie သတိထားမိပေမယ့် Jisooက သူ့ကို ထပ်လိမ်ညာပြောမှာကို Jennie လက်မခံနိုင်ပေ
"ထွက်သွား နင့်ကို ငါမသိဘူး "
"အခု နင်စိတ်ဆိုးနေလို့ ငါ...ရှောင်ပေးပါမယ် မနက်ဖြန်ထပ်လာခဲ့မယ် နင့်ကို ဒူးထောက်တောင်းပန်ပြီး ငါ ဘာလို့လိမ်ညာခဲ့လည်းဆိုတာ ရှင်းပြပါမယ် "
Jisoo ပြောပြီး ခေါင်းငိုက်စိုက်ကာ ထွက်သွားသည်
Jisoo ထွက်သွားပြီး မကြာခင် Lisaက သူမအိမ်ထဲဝင်လာသည်
"Jennie "
"ငါ နင်နဲ့ စကားမပြောချင်ဘူး Lisa "
"ငါ့ကို ကြည့်ပါ Jennie. ..ငါ ငါ့သူငယ်ချင်းကို ကူညီပေးချင်လို့ ငါ.. "
"ငါ့ကို လိမ်ညာခဲ့တာပေါ့ ဟုတ်လား Lisa "
"Jennie "
"ငါက နင့်ကို အရမ်းခင်ပြီး ယုံကြည်တာကို နင်က သိလို့ ငါ့ ယုံကြည်မှုကို အလွဲသုံးစား လုပ်ပြီး လိမ်ခဲ့တယ် ... ငါက ငါက အဲ့တစ်ယောက် အကြောင်း ခေါင်းတောက်နေအောင် ရှာနေချိန် နင်က ကူညီပေးရအုံးမလားဆိုပြီးတောင် ဟန်ဆောင်ခဲ့ပါလား Lisaရယ် "
Jennie ပြောပြီး စိတ်တိုလို့ ရယ်လိုက်သည်
"ငါသိပါတယ် ငါ အမှားလုပ်မိမှန်း ငါသိပါတယ် ငါတောင်းပန်ပါတယ် ဒါပေမယ့် Jisooကလည်း ငါ့သူငယ်ချင်း ဖြစ်နေလို့ နင် သူပြောတာကို နားထောင်မယ်ဆို နင်သိပါလိမ့်မယ် "
"ဘာမှနားမထောင်နိုင်ဘူး နင်တို့ ချီးစကားတွေ ငါမယုံဘူး နင်ငါ့ကို စိတ်ပျက်စေခဲ့တယ် Lisa ....ငါ အရမ်းခင်ရ ချစ်ရတဲ့ နင်နဲ့ သူက ငါ့ကို လိမ်ညာပြီး ဆော့ကစားခဲ့တာ ငါနာကျင်လိုက်တာ "
"ထွက်သွားပါတော့ Lisa "
Jennie ပြောပြီး Lisaကို ကျောပေးလိုက်သည်
Lisaလည်း သက်ပြင်းချပြီး Jennieကို ထားခဲ့ကာ ထွက်သွားလေသည်
" Jisoo. ..သူ့ကို ငါ့ဘဝထဲ လက်မခံခဲ့သင့်ဘူး...lisaနဲ့ ငါ ရန်ဖြစ်တာလည်း Jisooကြောင့် မဖြစ်သင့်ဘူး ချီးဘဲ ဘာလို့ လူလိမ်တစ်ယောက်ကို ငါက ချစ်မိသွားရတာလည်း အမှန်တရား ကို ငါ မသိချင်ဘူး အမှန်တရားကို သိပြီး ငါ့ကို လိမ်ညာခဲ့တဲ့ Jisooကို ပိုသဘောကျမိသွားလိမ့်မယ်...."
Jennie ထိုင်ခုံတွင် ထိုင်ကာ ငိုနေစဥ် သူမအိမ်ထဲ တစ်စုံတစ်ယောက်က ဝင်လာတဲ့အသံကြားရလေသည်
"Leave me alone "
"Jen. .."
Chaeyoungရဲ့ အသံကြောင့် Jennie ပျော်သွားတယ် နောက်ဆုံးတော့ သူမကို နှစ်သိမ့်ပေးနိုင်တဲ့သူ ပေါ်လာပြီလေ
"Chaeng "
Chaeyoung ကို ဖက်ပြီး Jennie အားပါးတရ ငိုချလိုက်သည်
"နင့်ချစ်သူကို ငါအရမ်းမုန်းတာဘဲ Chaeng "
"ငါသိပါတယ် သူ ငါ့ကို အကုန် ပြောပြထားတယ် "
"သူတို့ ငါ့ကို ဘာလို့ လိမ်ထားကြတာလည်း ငါနာကျင်တာကို မြင်ချင်လို့လားဟာ "
"မဟုတ်တာ Jenရယ် အရာအားလုံးမှာ အကြောင်းပြချက်ဆိုတာ ရှိပါတယ် နင့်စိတ်ကို ရှင်းရှင်းထားပြီး သူရှင်းပြတာ နားထောင်လိုက်ပါ "
"နင်ကရော သူတို့ဘက်က မဟုတ်ဘူးမလား "
"မဟုတ်ပါဘူး Jenရယ် ငါက လိမ်ရတာကို အရမ်းမုန်းတာ နင်လည်းသိရက်နဲ့....ငါ အဲ့မိန်းကလေးကို နင့်အိမ်အလည်လာတုံးက တွေ့ခဲ့ပါ့ ငါက နင် ငါတို့ကို သူနဲ့မိတ်ဆက်ပေးမယ်ထင်လို့ ငါက စောင့်နေခဲ့တာ ဒါပေမယ့် နင်က သူ့လက်ကို ဆွဲပြီး ထွက်သွားတယ်လေ "
"အာ....."
"နင် စိတ်ညစ်နေတယ် မဟုတ်လား Aigoo ငါ့ချစ်ကလေးကို ဘယ်သူက စိတ်ညစ်အောင် လုပ်တာလည်း ရိုက်အုံးမယ် သူတို့ကို "
Jenniရဲ့ မျက်ရည်တွေကို သုတ်ပေးပြီး Chaeyoung ပြောလိုက်သည်
"စိတ်ညစ်နေတယ်ဆိုတော့ နင့်အိမ်နားက ရေခဲမုန့်သွားစားကြမလား "
". .."
"စိတ်မပူပါနဲ့ ဟိုနှစ်ယောက်က အိမ်ရှေ့မှာ မရှိဘူး "
Chaeyoung စကားကြောင့် Jennie ခေါင်းညိတ်ပြတော့ Chaeyoungမှာ Jennieရဲ့ လက်ကို တွဲပြီး ရေခဲမုန့်ဆိုင်သို့ ခေါ်သွားလေသည်
#Tbc
#Zawgyi
ဝန္ထမ္းေကာင္ေလး ေပးတဲ့ သူမဖုန္းကို ယူၿပီး Jennie စားေသာက္ဆိုင္ထဲက ထြက္လာခဲ့သည္
"Jennie ေစာင့္ပါအုံး "
Jennie ေနာက္ကို ေျပးလိုက္သြားရင္ သူမဟာ ေအာ္ေျပာလိုက္သည္
Jennieမွာ ေနာက္ကို လွည့္မၾကည့္ဘဲ ေရွ႕ကိုသာ ဆက္သြားေနသည္ စိတ္ထဲမွာေတာ့ လမ္းေလွ်ာက္တာထက္ ေျပးခ်င္စိတ္ေတြ ျဖစ္ေနသည္
Jennieရဲ႕ ႏွလုံးသားက ေလးလံလာၿပီး မ်က္ဝန္းကလည္း မ်က္ရည္ေတြ ၿပိဳက်လဳမတတ္ျဖစ္ေနသည္
သူ ဘာလို႔ ငါ့အေပၚ အဲ့လို လုပ္ရက္တာလည္း
Jennie ကားတံခါးကို ဆြဲဖြင့္စဥ္ သူမရဲ႕လက္ကို တစ္စုံတစ္ေယာက္က လွမ္းဆြဲသည္
"ငါေျပာတာ နားေထာင္ပါအုံး Jennie "
"ငါ့လက္ကို လႊတ္ "
Jennieမွာ ႐ုန္းကာ ေအာ္လိုက္သည္
"မလႊတ္ဘူး ငါရွင္းျပတာကို နားေထာင္ပါအုံး Jennieရာ "
"ဘာ ေျဖရွင္းခ်က္မွ ငါနားမေထာင္ခ်င္ဘူး ....နင္က လူလိမ္မဘဲ နင္ငါ့ကို ဘယ္လိုအမ်ိဳးအစားထင္လို႔ ဒီလိုလုပ္ရဲတာလည္း ငါ့ကို နင္ အ႐ူးလုပ္တာ ခံရမယ့္ အ႐ုပ္ထင္ေနတာလား Jisoo "
Jennie ေအာ္ရင္း သူမ ပါးေပၚ မ်က္ရည္ေတြ က်လာသည္
"အဲ့လို မဟုတ္ပါဘူး နင္ေျပာသလို ငါ တစ္ခါမွ မေတြးခဲ့ပါဘူး "
Jisooမွာ Jennieရဲ႕ ပါးေပၚက မ်က္ရည္ေတြ သုတ္ေပးဖို႔ လုပ္ေပမယ့္ Jennieမွာ Jisooကို ေဆာင့္တြန္းလိုက္သည္
Jisoo ေျမႀကီးေပၚ လဲက်သြားစဥ္ Jennieမွာ ကားထဲ အျမန္ဝင္ၿပီး ကားတံခါးကို ေလာ့ခ်လိဳက္သည္
Jisooမွာ လဲက်ရာက အျမန္ထၿပီး Jennieရဲ႕ ကားျပတင္းေပါက္ကို တစ္ဘုန္းဘုန္းထုရိုက္လိုက္သည္
"Jennie Jennie "
Jennieမွာ သူ႕ကားမွန္ကို ထုရိုက္ေနတဲ့ ေကာင္မေလးကို ဂ႐ုမစိုက္ဘဲ ကားစက္ႏွိုးကာ ေမာင္းထြက္လာသည္
Jennie ကားေမာင္းရင္း မ်က္ရည္သုတ္ေနစဥ္ ႐ုတ္တရက္ သူမဖုန္းက ဝင္လာသည္
ဘယ္သူလည္းဆိုတာ သိေနလို႔ Bluetooth နဲ႕ နားၾကပ္ကို joinၿပီး ဖုန္းကိုင္လိုက္သည္
"စုံစမ္းတာကို ရပ္လိုက္ေတာ့ Irene "
Jennie ေျပာၿပီး က်န္တာဆက္မေျပာခ်င္လို႔ ဖုန္းခ်လိဳက္သည္
"ငါ့ကို တစ္ခ်ိန္လုံး ကစားေနခဲ့တာဘဲ ....သူ႕ရဲ႕ အလိမ္အညာေတြကို ငါ ယုံၾကည္ေအာင္လို႔ သူ လွည့္စားခဲ့တာ သူလွည့္စားခဲ့သမွ် ငါက အ႐ူးလို ယုံၾကည္ခဲ့တာ နင္ ေစာက္႐ူးဘဲ Jennie Kim"
Jennie သူမကိုယ္သူမ က်ိန္ဆဲၿပီး ကားစီယာတိုင္ကို တဘုန္းဘုန္းနဲ႕ထုရိုက္ေလသည္
Jennie အလုပ္ကိုျပန္မသြားေတာ့ဘဲ ဘီယာအရက္ေတြ ဝယ္ကာ အိမ္ကိုျပန္လာခဲ့သည္
ထမင္းစားခန္းထဲတြင္ အရက္ေသာက္ေနရင္း Jisoo ကိုဘဲ ျမင္ေယာင္မိေနသည္
Jennieရင္ဘတ္ထဲ နာက်င္လြန္းလို႔ သူမ မ်က္လုံးကို မွိတ္ထားမိသည္
ထိုစဥ္ သူမဆီ ဖုန္းဝင္လာလို႔ ၾကည့္လိုက္ေတာ့ ဖုန္းေခၚသူက Lisa. ...
Jennieမွာ Lisaရဲ႕ ဖုန္းကို ကိုင္ခ်င္စိတ္မရွိေပ ဘာလို႔ဆို စားေသာက္ဆိုင္မွာ Jisooကို Lisaနဲ႕အတူ ေတြ႕ခဲ့လို႔ေလ
Lisaကလည္း Jennieကို လိမ္ညာခဲ့တာဘဲ အခင္ဆုံး သူငယ္ခ်င္းက သူမကို လိမ္ညာခဲ့လို႔ Jennie အရမ္းနာက်င္ေနရပါတယ္
Jennie ဘီယာပုလင္းကိုင္ၿပီး ဧည့္ခန္းထဲ ျပန္ လာတယ္
Lisa ေခၚေနတဲ့ သူ႕ရဲ႕ဖုန္းကို Jennie ပိတ္ပစ္ၿပီး ဆိုဖာေပၚ ပစ္တင္လိုက္သည္
"Jennie တံခါးဖြင့္ပါအုံး "
Jennie အျပင္ဘက္ကေန သူမရဲ႕ အိမ္တံခါးေခါက္သံကို ၾကားရေလသည္
"Jennie "
Jennieကေတာ့ မၾကားခ်င္ေယာင္ေဆာင္ၿပီး ဘီယာေနာက္တစ္ဗူးကို ေဖာက္ေသာက္ေလသည္
"Jennie နင္ တံခါးဖြင့္မေပးဘူးဆိုရင္ ငါအိမ္တံခါးဖ်က္ၿပီး ဝင္လာမွာေနာ္ "
"ဖ်က္ေလ "
Jennie ေရ႐ြတ္ၿပီး ဘီယာေမာ့ေသာက္လိုက္သည္
မိနစ္အနည္းငယ္ၾကာေတာ့ Jisooရဲ႕အသံနဲ႕ တံခါးေခါက္သံဟာ တိတ္ဆိတ္သြားသည္
"Jisoo ျပန္သြားၿပီထင္တယ္ ေကာင္းတယ္ ငါ သူနဲ႕ မ်က္ႏွာခ်င္းဆိုင္ခ်င္တာ မဟုတ္ဘူး "
Jennie ေရ႐ြတ္ၿပီး သူမအခန္းထဲကို ဝင္သြားကာ ေစာင္ၿခဳံၿပီး အိပ္လိုက္သည္
ထိုစဥ္ သူမရဲ႕ အခန္းတံခါးက ႐ုတ္တရက္ ပြင့္သြားလို႔ Jennie လန့္သြားသည္
"ဟီး ငါ ေသာ့ပြားထားတာေလ "
"ငါ့အိမ္ထဲကေန ထြက္သြားစမ္း Jisoo "
Jennie အိပ္ရာကေန ထရပ္ၿပီး Jisooကို ႏွင္ထုတ္လိုက္သည္
"ငါေျပာတာ နားေထာင္ပါအုံး Jennieရယ္ "
"လူလိမ္မ စကား ဘာမွနားေထာင္စရာမလိုဘူး "
"ဟုတ္ပါတယ္ ငါ နင့္ကို လိမ္ခဲ့ပါတယ္ ဒါေပမယ့္ ဘာလို႔လိမ္ရလည္းဆိုတဲ့ အေၾကာင္းျပခ်က္ ငါ့မွာရွိပါတယ္ "
"ဘာအေၾကာင္းျပခ်က္မွ မၾကားခ်င္ဘူး နင္ ငါ့ကို လိမ္ခဲ့တယ္ နင္ငါ့ကို အ႐ူးလုပ္ခဲ့တယ္..."
Jisoo မွာ Jennie ကို ဆြဲဖက္လိုက္သည္
Jennieက Jisooကို တြန္းလႊတ္ေပမယ့္ jisooက jennieကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားသည္
"ငါ နင့္ကို ကူညီခ်င္ခဲ့တာ နင္ခံစားရတာေတြကို ေပ်ာက္သြားေအာင္ ကူညီခ်င္ခဲ့တာေလ ဒါေပမယ့္ နင္ကဘဲ ငါ့ကို နာက်င္ေအာင္ လုပ္သြားတယ္ "
Jennie ေျပာရင္း ငိုေလသည္
"ငါ သိပါတယ္ ငါေတာင္းပန္ပါတယ္ဟာ "
"Fuck you Kim Jisoo "
"ငါ့ကို ခြင့္လႊတ္ပါ Jennieရယ္ "
Jennie ကို ဖက္ထားရာက ခြာၿပီး Jisoo ေတာင္းပန္လိုက္သည္
Jennie ရဲ႕ မ်က္ႏွာေပၚက မ်က္ရည္ေတြကို Jisoo သုတ္ေပးရင္း
"ငါ ရွင္းျပတာကို နားေထာင္ေပးပါ ဒါဆို ငါဘာလို႔ နင့္ကို ခုလို လိမ္ရလည္းဆိုတာ နင္ သိပါလိမ့္မယ္ Jennie "
Jisoo အသံက စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းေနပုံေပါက္တာ Jennie သတိထားမိေပမယ့္ Jisooက သူ႕ကို ထပ္လိမ္ညာေျပာမွာကို Jennie လက္မခံနိုင္ေပ
"ထြက္သြား နင့္ကို ငါမသိဘူး "
"အခု နင္စိတ္ဆိုးေနလို႔ ငါ...ေရွာင္ေပးပါမယ္ မနက္ျဖန္ထပ္လာခဲ့မယ္ နင့္ကို ဒူးေထာက္ေတာင္းပန္ၿပီး ငါ ဘာလို႔လိမ္ညာခဲ့လည္းဆိုတာ ရွင္းျပပါမယ္ "
Jisoo ေျပာၿပီး ေခါင္းငိုက္စိုက္ကာ ထြက္သြားသည္
Jisoo ထြက္သြားၿပီး မၾကာခင္ Lisaက သူမအိမ္ထဲဝင္လာသည္
"Jennie "
"ငါ နင္နဲ႕ စကားမေျပာခ်င္ဘူး Lisa "
"ငါ့ကို ၾကည့္ပါ Jennie. ..ငါ ငါ့သူငယ္ခ်င္းကို ကူညီေပးခ်င္လို႔ ငါ.. "
"ငါ့ကို လိမ္ညာခဲ့တာေပါ့ ဟုတ္လား Lisa "
"Jennie "
"ငါက နင့္ကို အရမ္းခင္ၿပီး ယုံၾကည္တာကို နင္က သိလို႔ ငါ့ ယုံၾကည္မႈကို အလြဲသုံးစား လုပ္ၿပီး လိမ္ခဲ့တယ္ ... ငါက ငါက အဲ့တစ္ေယာက္ အေၾကာင္း ေခါင္းေတာက္ေနေအာင္ ရွာေနခ်ိန္ နင္က ကူညီေပးရအုံးမလားဆိုၿပီးေတာင္ ဟန္ေဆာင္ခဲ့ပါလား Lisaရယ္ "
Jennie ေျပာၿပီး စိတ္တိုလို႔ ရယ္လိုက္သည္
"ငါသိပါတယ္ ငါ အမွားလုပ္မိမွန္း ငါသိပါတယ္ ငါေတာင္းပန္ပါတယ္ ဒါေပမယ့္ Jisooကလည္း ငါ့သူငယ္ခ်င္း ျဖစ္ေနလို႔ နင္ သူေျပာတာကို နားေထာင္မယ္ဆို နင္သိပါလိမ့္မယ္ "
"ဘာမွနားမေထာင္နိုင္ဘူး နင္တို႔ ခ်ီးစကားေတြ ငါမယုံဘူး နင္ငါ့ကို စိတ္ပ်က္ေစခဲ့တယ္ Lisa ....ငါ အရမ္းခင္ရ ခ်စ္ရတဲ့ နင္နဲ႕ သူက ငါ့ကို လိမ္ညာၿပီး ေဆာ့ကစားခဲ့တာ ငါနာက်င္လိုက္တာ "
"ထြက္သြားပါေတာ့ Lisa "
Jennie ေျပာၿပီး Lisaကို ေက်ာေပးလိုက္သည္
Lisaလည္း သက္ျပင္းခ်ၿပီး Jennieကို ထားခဲ့ကာ ထြက္သြားေလသည္
" Jisoo. ..သူ႕ကို ငါ့ဘဝထဲ လက္မခံခဲ့သင့္ဘူး...lisaနဲ႕ ငါ ရန္ျဖစ္တာလည္း Jisooေၾကာင့္ မျဖစ္သင့္ဘူး ခ်ီးဘဲ ဘာလို႔ လူလိမ္တစ္ေယာက္ကို ငါက ခ်စ္မိသြားရတာလည္း အမွန္တရား ကို ငါ မသိခ်င္ဘူး အမွန္တရားကို သိၿပီး ငါ့ကို လိမ္ညာခဲ့တဲ့ Jisooကို ပိုသေဘာက်မိသြားလိမ့္မယ္...."
Jennie ထိုင္ခုံတြင္ ထိုင္ကာ ငိုေနစဥ္ သူမအိမ္ထဲ တစ္စုံတစ္ေယာက္က ဝင္လာတဲ့အသံၾကားရေလသည္
"Leave me alone "
"Jen. .."
Chaeyoungရဲ႕ အသံေၾကာင့္ Jennie ေပ်ာ္သြားတယ္ ေနာက္ဆုံးေတာ့ သူမကို ႏွစ္သိမ့္ေပးနိုင္တဲ့သူ ေပၚလာၿပီေလ
"Chaeng "
Chaeyoung ကို ဖက္ၿပီး Jennie အားပါးတရ ငိုခ်လိဳက္သည္
"နင့္ခ်စ္သူကို ငါအရမ္းမုန္းတာဘဲ Chaeng "
"ငါသိပါတယ္ သူ ငါ့ကို အကုန္ ေျပာျပထားတယ္ "
"သူတို႔ ငါ့ကို ဘာလို႔ လိမ္ထားၾကတာလည္း ငါနာက်င္တာကို ျမင္ခ်င္လို႔လားဟာ "
"မဟုတ္တာ Jenရယ္ အရာအားလုံးမွာ အေၾကာင္းျပခ်က္ဆိုတာ ရွိပါတယ္ နင့္စိတ္ကို ရွင္းရွင္းထားၿပီး သူရွင္းျပတာ နားေထာင္လိုက္ပါ "
"နင္ကေရာ သူတို႔ဘက္က မဟုတ္ဘူးမလား "
"မဟုတ္ပါဘူး Jenရယ္ ငါက လိမ္ရတာကို အရမ္းမုန္းတာ နင္လည္းသိရက္နဲ႕....ငါ အဲ့မိန္းကေလးကို နင့္အိမ္အလည္လာတုံးက ေတြ႕ခဲ့ပါ့ ငါက နင္ ငါတို႔ကို သူနဲ႕မိတ္ဆက္ေပးမယ္ထင္လို႔ ငါက ေစာင့္ေနခဲ့တာ ဒါေပမယ့္ နင္က သူ႕လက္ကို ဆြဲၿပီး ထြက္သြားတယ္ေလ "
"အာ....."
"နင္ စိတ္ညစ္ေနတယ္ မဟုတ္လား Aigoo ငါ့ခ်စ္ကေလးကို ဘယ္သူက စိတ္ညစ္ေအာင္ လုပ္တာလည္း ရိုက္အုံးမယ္ သူတို႔ကို "
Jenniရဲ႕ မ်က္ရည္ေတြကို သုတ္ေပးၿပီး Chaeyoung ေျပာလိုက္သည္
"စိတ္ညစ္ေနတယ္ဆိုေတာ့ နင့္အိမ္နားက ေရခဲမုန့္သြားစားၾကမလား "
". .."
"စိတ္မပူပါနဲ႕ ဟိုႏွစ္ေယာက္က အိမ္ေရွ႕မွာ မရွိဘူး "
Chaeyoung စကားေၾကာင့္ Jennie ေခါင္းညိတ္ျပေတာ့ Chaeyoungမွာ Jennieရဲ႕ လက္ကို တြဲၿပီး ေရခဲမုန့္ဆိုင္သို႔ ေခၚသြားေလသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co