Truyen3h.Co

Lies

Part 14

KimFany059

#Unicode

"Jennieက ငါ့ကိုပါ စိတ်ဆိုးနေတာ ခုထိဘဲ...အလုပ်တောင် မလာခိုင်းတော့ဘူး ...သူစိတ်ကြည်မှ ဖုန်းဆက်ခေါ်မယ်တဲ့"

Lisaပြောပြီး Jisooရဲ့အခန်းထဲကို ဝင်လာသည်

"အင်း သူလည်း ငါ့ကို စိတ်ဆိုးနေတာ..."

Jisoo မျက်နှာကြက်ကို မော့ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်

ဟုတ်ပါတယ် Jennie မှန်ပါတယ် Jisooက သူမကို လိမ်ညာခဲ့တာပါ ...

ဒါပေမယ့် Jisooက ရွေးချယ်စရာမရှိတာမို့ Jennieကို လိမ်ညာခဲ့တာပါ

Jennieနဲ့ နီးစပ်ဖို့ ဘယ်လိုလုပ်ရမလည်းဆိုတာ Jisoo တွေးမရဘူးလေ

Jennieကို Jisoo အထက်တန်းကျောင်းသူ ဘဝကတည်းက သိခဲ့တာ

ကျောင်းမှာ Jennieက ပေါ်ပြူလာဖြစ်ပေမယ့် Jisooက ပုံတုံးတုံးမို့ ဘယ်သူမှ အဖက်မလုပ်ပေ

ဒါကြောင့်လည်း Jennie က Jisooကို သတိမထားမိတာ....

Jisoo အထက်တန်းကျောင်းသူဘဝကတည်းက Jennieကို သဘောကျခဲ့ပေမယ့် ဖွင့်မပြောရဲခဲ့ပေ

ကောလိပ်ကျောင်းသူဘဝကို ရောက်တော့ ကားတိုက်မိမလို ဖြစ်နေတဲ့ Jisooကို Lisa ကယ်ခဲ့ရင်း Lisaနဲ့ Jisoo ရင်းနှီးသွားတယ်

Lisaနဲ့ ခင်မင်ရင်းနှီး သွားရင်း Lisaက Jennieရဲ့ သူငယ်ချင်းဆိုတာ Jisoo သိသွားတော့ Jennie ကို သူမ အထက်တန်းကျောင်းသူ ဘဝကတည်းက သဘောကျခဲ့ကြောင်း ရင်ဖွင့်ခဲ့မိသည်

ဒီလိုနဲ့ ကျောင်းပြီးသွားပြီးနောက် Jennieက CEOပေါက်စဖြစ်နေစဥ် Jisooမှာတော့ Jennieနဲ့ ရင်းနှီးချင်လို့ ဘယ်လိုလုပ်ရမလည်း ကြံစတွေးတောနေခဲ့သည်

ဒီလိုနဲ့ သရဲဝိညာဥ် အဖြစ် ဟန်ဆောင်မယ်ဆိုပြီး ခပ်တုံးတုံး အကြံဥာဏ်တစ်ခု ထွက်လာလေသည်

ဒီလိုနဲ့ သရဲအဖြစ် ဟန်ဆောင်ပြီး Jennieနဲ့ အတူနေ ကုတင်ပေါ် အတူ အိပ်ခွင့်ရတဲ့အပြင် Jennie ကိုပါ နမ်းခွင့်ရလေသည်

သို့သော်လည်း အမှန်တရားဆိုတာ တစ်ချိန်ချိန်တော့ ပေါ်လာစမြဲ မဟုတ်လား

"နင့်ကို ဒီအခြေအနေထဲ ဆွဲခေါ်ခဲ့မိလို့ တောင်းပန်ပါတယ် Lisa "

"ရပါတယ် ဒါပေမယ့် ငါအခုလို Jennieဆီု စိတ်ဆိုးခံရပြီး ကူညီပေးတဲ့အတွက် နင် Jennieနဲ့ အမြန်ဆုံး အဆင်ပြေအောင် လုပ်ရမယ်နော် Jisoo. ..တစ်ပတ်ရှိပြီ အခုထိ အခြေအနေကမထူးခြားသေးဘူး "

Jisoo သက်ပြင်းချလိုက်သည်

ထို့နောက် တစ်ခုခုကို တွေးမိပြီး

"ငါရေချိုးပြီး Jennieဆီကို သွားလိုက်အုံးမယ် Lisa. .."

Jisoo ပြောပြီး ရေချိုးခန်းထဲ ဝင်သွားသည်

Lisaကတော့ ကုတင်ပေါ် ပက်လက်လှဲရင်း ကျန်ခဲ့သည်

Jisoo အဝတ်အစားဝတ်ပြီး ဦးထုပ်ဆောင်းကာ Lisaကို နှုတ်ဆက်ပြီး အိမ်ကနေ ထွက်လာခဲ့သည်

"နားရက်လေးတော့ အေးဆေး နားပါရစေ Jisoo ရယ် "

သူမ အိမ်ထဲ ဝင်လာတဲ့ Trouble maker Jisooကို သူမရဲ့ သူငယ်ချင်း Seulgi မှ ပြောလိုက်သည်

"နေလေ နင့်ကို ငါက နားပူနားဆာလုပ်နေတာမှ မဟုတ်တာ ငါ့ဘာသာငါ နင့် မီးခိုချောင် ခဏငှားသုံးမလို့ကို "

"နင့်အိမ်က မီးဖိုချောင် နင်မသုံးဘဲ ဘာလို့ ငါ့အိမ်လာရတာတုံး "

"ငါ့အိမ်မှာ ဘာပစ္စည်းမှ မစုံလို့ပေါ့ Seulgiရယ်  ခဏပါဘဲ ကိတ်မုန့်လေးလုပ်ပြီး ပြန်မှာ "

"အေးအေး ငါ့မီးဖိုချောင်တော့ မီးမရှို့ပါနဲ့ Jisooရယ် "

"မရှို့ပါဘူး Seulgiရယ်... "

Jisoo ပြောပြီး ကိတ်မုန့် စလုပ်လေသည်

ကိတ်မုန့်ပေါ်တွင် ငိုနေတဲ့ မျက်နှာလေး ပုံဖော်ပြီး I Am Sorry Jennieလို့ စာသားလေးပါ ဖော်လိုက်သည်

ထို့နောက် ဘူးထဲ ကိတ်မုန့်ကို ထည့်ပြီး တိပ်နဲ့ပိတ်လိုက်သည်

"ကျေးဇူးဘဲ Seulgiရေ ဖွထားတာတွေ ခဏနေ ပြန်လာရှင်းပေးမယ်နော် တာ့တာ "

ကိတ်မုန့်ဖူးကိုင်ကာ သူမကို နှုတ်ဆက်စကားပြောသွားတဲ့ Jisooကို Seulgi အော်ဆဲလိုက်သည်

"ငါ့ကို အလုပ်ပေးသွားပြန်ပြီ ငုံးဥမ Kim Jisoo "

Jisoo ကိတ်မုန့်ဘူးလေး ကိုင်ပြီး Jennieရဲ့ companyကို သွားလေသည်

လုံခြုံရေး ဦးလေးနဲ့ jisooက Lisaကျေးဇူးကြောင့် ရင်းနှီးနေတော့Jisoo အလွယ်တကူပင် Jennie companyထဲ ဝင်ခွင့်ရပြီး Jennieရဲ့ ရုံးခန်းကို သွားလေသည်

"စောက်သုံးကို မကျဘူး ထွက်သွားစမ်း "

Jennie ရုံးခန်းနားရောက်တော့ Jennieရဲ့ အော်သံကြားလို့ Jisoo လန့်သွားသည်

ရုံးခန်းထဲကနေ ကောင်မလေးတစ်ယောက် ငိုပြီး ထွက်လာတော့ Jisoo တံတွေးမျိုချမိသွားသည်

"ငါတော့ အချိန်မှားပြီး ရောက်လာတာဘဲ မထူးပါဘူး ရောက်လက်စနဲ့ Fighting "

Jisoo သူ့ကိုယ်သူ အားပေးပြီး ရုံးခန်းတံခါးကို ခေါက်လိုက်သည်

Knock Knock

"ဘယ်သူမှ ဝင်မလာကြနဲ့ ထွက်သွား "

Jennie အမိန့်ပေးပေမယ့် ရုံးခန်းတံခါးက ပွင့်လာသောကြောင့် Jennie စိတ်ဆိုးပြီး ထရပ်လိုက်သည်

"ငါ ပြောနေတာ မကြား "

"Jen. ..."

သူမ ရုံးခန်းထဲ မျက်နှာငယ်လေးနဲ့ ဝင်လာတဲ့ Jisooကို Jennie မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်

"နင် ဘာလာလုပ်တာလည်း "

"ငါ နင့်အတွက် ကိတ်မုန့်လုပ်လာတယ် Jen "

"ထွက်သွား "

Jisoo သက်ပြင်းချပြီး ကိတ်မုန့်ဘူးကို စားပွဲခုံပေါ်တင်လိုက်သည်

"Jen ငါတောင်းပန်ပါတယ် နင် ငါ့ကို ခွင့်လွှတ်တယ်လို့ မပြောမချင်း ငါတောင်းပန်နေမှာဘဲ"

" ငါပြောတာ နင်ကြားတယ် မဟုတ်လား Jisoo. ..ထွက်သွား ခုချက်ချင်း "

"ငါ ရှင်းပြတာလေး နားထောင်ပေးပါ "

"ဘာမှ နားထောင်စရာမလိုဘူး Jisoo နင့်ရဲ့အရေးမပါတဲ့ စကားတွေ နားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး "

"Jen "

"ငါ လူလိုပြောနေတာကို နားမလည်ဘူးလား Jisoo ..ငါ နင့်ကို မြင်လည်း မမြင်ချင်ဘူး နင့်အသံလည်းမကြားချင်ဘူး ဖြစ်နိုင်ရင် ငါ့ဘဝထဲကပါ နင့်ကို ထွက်သွားစေချင်တာ "

"ငါနင့်ကို လိမ်ခဲ့မိလို့ တောင်းပန်ပါတယ် ငါဒီလို လုပ်ရတာလည်း ငါ့တည်ရှိမှုကို မသိတဲ့ နင်နဲ့ နီးစပ်ချင်လို့ပါ ငါ့အတွက် နင်နဲ့ နီးစပ်ဖို့ ဝေးကွာလွန်းတော့ နင့်ရယ်သံလေးကြားရဖို့ နင်နဲ့ အတူရှိရဖို့အတွက် ငါဒီလို ရူးမိုက်ခဲ့မိတာပါ..ငါ နင့်ကို လိမ်ခဲ့ပေမယ့် နင့်အပေါ်ထားတဲ့ ငါ့စိတ်က အမှန်ပါ....ငါ နင့်ကိုချစ်တယ် Jennie "

Jisoo ပြောပြီး မငိုမိခင် Jennieရဲ့ ရုံးခန်းထဲကပြေးထွက်လာခဲ့သည်

#TBC

#zawgyi

"Jennieက ငါ့ကိုပါ စိတ္ဆိုးေနတာ ခုထိဘဲ...အလုပ္ေတာင္ မလာခိုင္းေတာ့ဘူး ...သူစိတ္ၾကည္မွ ဖုန္းဆက္ေခၚမယ္တဲ့"

Lisaေျပာၿပီး Jisooရဲ႕အခန္းထဲကို ဝင္လာသည္

"အင္း သူလည္း ငါ့ကို စိတ္ဆိုးေနတာ..."

Jisoo မ်က္ႏွာၾကက္ကို ေမာ့ၾကည့္ၿပီး သက္ျပင္းခ်ကာ ေျပာလိုက္သည္

ဟုတ္ပါတယ္ Jennie မွန္ပါတယ္ Jisooက သူမကို လိမ္ညာခဲ့တာပါ ...

ဒါေပမယ့္ Jisooက ေ႐ြးခ်ယ္စရာမရွိတာမို႔ Jennieကို လိမ္ညာခဲ့တာပါ

Jennieနဲ႕ နီးစပ္ဖို႔ ဘယ္လိုလုပ္ရမလည္းဆိုတာ Jisoo ေတြးမရဘူးေလ

Jennieကို Jisoo အထက္တန္းေက်ာင္းသူ ဘဝကတည္းက သိခဲ့တာ

ေက်ာင္းမွာ Jennieက ေပၚျပဴလာျဖစ္ေပမယ့္ Jisooက ပုံတုံးတုံးမို႔ ဘယ္သူမွ အဖက္မလုပ္ေပ

ဒါေၾကာင့္လည္း Jennie က Jisooကို သတိမထားမိတာ....

Jisoo အထက္တန္းေက်ာင္းသူဘဝကတည္းက Jennieကို သေဘာက်ခဲ့ေပမယ့္ ဖြင့္မေျပာရဲခဲ့ေပ

ေကာလိပ္ေက်ာင္းသူဘဝကို ေရာက္ေတာ့ ကားတိုက္မိမလို ျဖစ္ေနတဲ့ Jisooကို Lisa ကယ္ခဲ့ရင္း Lisaနဲ႕ Jisoo ရင္းႏွီးသြားတယ္

Lisaနဲ႕ ခင္မင္ရင္းႏွီး သြားရင္း Lisaက Jennieရဲ႕ သူငယ္ခ်င္းဆိုတာ Jisoo သိသြားေတာ့ Jennie ကို သူမ အထက္တန္းေက်ာင္းသူ ဘဝကတည္းက သေဘာက်ခဲ့ေၾကာင္း ရင္ဖြင့္ခဲ့မိသည္

ဒီလိုနဲ႕ ေက်ာင္းၿပီးသြားၿပီးေနာက္ Jennieက CEOေပါက္စျဖစ္ေနစဥ္ Jisooမွာေတာ့ Jennieနဲ႕ ရင္းႏွီးခ်င္လို႔ ဘယ္လိုလုပ္ရမလည္း ႀကံစေတြးေတာေနခဲ့သည္

ဒီလိုနဲ႕ သရဲဝိညာဥ္ အျဖစ္ ဟန္ေဆာင္မယ္ဆိုၿပီး ခပ္တုံးတုံး အႀကံဥာဏ္တစ္ခု ထြက္လာေလသည္

ဒီလိုနဲ႕ သရဲအျဖစ္ ဟန္ေဆာင္ၿပီး Jennieနဲ႕ အတူေန ကုတင္ေပၚ အတူ အိပ္ခြင့္ရတဲ့အျပင္ Jennie ကိုပါ နမ္းခြင့္ရေလသည္

သို႔ေသာ္လည္း အမွန္တရားဆိုတာ တစ္ခ်ိန္ခ်ိန္ေတာ့ ေပၚလာစၿမဲ မဟုတ္လား

"နင့္ကို ဒီအေျခအေနထဲ ဆြဲေခၚခဲ့မိလို႔ ေတာင္းပန္ပါတယ္ Lisa "

"ရပါတယ္ ဒါေပမယ့္ ငါအခုလို Jennieဆီု စိတ္ဆိုးခံရၿပီး ကူညီေပးတဲ့အတြက္ နင္ Jennieနဲ႕ အျမန္ဆုံး အဆင္ေျပေအာင္ လုပ္ရမယ္ေနာ္ Jisoo. ..တစ္ပတ္ရွိၿပီ အခုထိ အေျခအေနကမထူးျခားေသးဘူး "

Jisoo သက္ျပင္းခ်လိဳက္သည္

ထို႔ေနာက္ တစ္ခုခုကို ေတြးမိၿပီး

"ငါေရခ်ိဳးၿပီး Jennieဆီကို သြားလိုက္အုံးမယ္ Lisa. .."

Jisoo ေျပာၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားသည္

Lisaကေတာ့ ကုတင္ေပၚ ပက္လက္လွဲရင္း က်န္ခဲ့သည္

Jisoo အဝတ္အစားဝတ္ၿပီး ဦးထုပ္ေဆာင္းကာ Lisaကို ႏႈတ္ဆက္ၿပီး အိမ္ကေန ထြက္လာခဲ့သည္

"နားရက္ေလးေတာ့ ေအးေဆး နားပါရေစ Jisoo ရယ္ "

သူမ အိမ္ထဲ ဝင္လာတဲ့ Trouble maker Jisooကို သူမရဲ႕ သူငယ္ခ်င္း Seulgi မွ ေျပာလိုက္သည္

"ေနေလ နင့္ကို ငါက နားပူနားဆာလုပ္ေနတာမွ မဟုတ္တာ ငါ့ဘာသာငါ နင့္ မီးခိုေခ်ာင္ ခဏငွားသုံးမလို႔ကို "

"နင့္အိမ္က မီးဖိုေခ်ာင္ နင္မသုံးဘဲ ဘာလို႔ ငါ့အိမ္လာရတာတုံး "

"ငါ့အိမ္မွာ ဘာပစၥည္းမွ မစုံလို႔ေပါ့ Seulgiရယ္  ခဏပါဘဲ ကိတ္မုန့္ေလးလုပ္ၿပီး ျပန္မွာ "

"ေအးေအး ငါ့မီးဖိုေခ်ာင္ေတာ့ မီးမရွို႔ပါနဲ႕ Jisooရယ္ "

"မရွို႔ပါဘူး Seulgiရယ္... "

Jisoo ေျပာၿပီး ကိတ္မုန့္ စလုပ္ေလသည္

ကိတ္မုန့္ေပၚတြင္ ငိုေနတဲ့ မ်က္ႏွာေလး ပုံေဖာ္ၿပီး I Am Sorry Jennieလို႔ စာသားေလးပါ ေဖာ္လိုက္သည္

ထို႔ေနာက္ ဘူးထဲ ကိတ္မုန့္ကို ထည့္ၿပီး တိပ္နဲ႕ပိတ္လိုက္သည္

"ေက်းဇူးဘဲ Seulgiေရ ဖြထားတာေတြ ခဏေန ျပန္လာရွင္းေပးမယ္ေနာ္ တာ့တာ "

ကိတ္မုန့္ဖူးကိုင္ကာ သူမကို ႏႈတ္ဆက္စကားေျပာသြားတဲ့ Jisooကို Seulgi ေအာ္ဆဲလိုက္သည္

"ငါ့ကို အလုပ္ေပးသြားျပန္ၿပီ ငုံးဥမ Kim Jisoo "

Jisoo ကိတ္မုန့္ဘူးေလး ကိုင္ၿပီး Jennieရဲ႕ companyကို သြားေလသည္

လုံၿခဳံေရး ဦးေလးနဲ႕ jisooက Lisaေက်းဇူးေၾကာင့္ ရင္းႏွီးေနေတာ့Jisoo အလြယ္တကူပင္ Jennie companyထဲ ဝင္ခြင့္ရၿပီး Jennieရဲ႕ ႐ုံးခန္းကို သြားေလသည္

"ေစာက္သုံးကို မက်ဘဴး ထြက္သြားစမ္း "

Jennie ႐ုံးခန္းနားေရာက္ေတာ့ Jennieရဲ႕ ေအာ္သံၾကားလို႔ Jisoo လန့္သြားသည္

႐ုံးခန္းထဲကေန ေကာင္မေလးတစ္ေယာက္ ငိုၿပီး ထြက္လာေတာ့ Jisoo တံေတြးမ်ိဳခ်မိသြားသည္

"ငါေတာ့ အခ်ိန္မွားၿပီး ေရာက္လာတာဘဲ မထူးပါဘူး ေရာက္လက္စနဲ႕ Fighting "

Jisoo သူ႕ကိုယ္သူ အားေပးၿပီး ႐ုံးခန္းတံခါးကို ေခါက္လိုက္သည္

Knock Knock

"ဘယ္သူမွ ဝင္မလာၾကနဲ႕ ထြက္သြား "

Jennie အမိန့္ေပးေပမယ့္ ႐ုံးခန္းတံခါးက ပြင့္လာေသာေၾကာင့္ Jennie စိတ္ဆိုးၿပီး ထရပ္လိုက္သည္

"ငါ ေျပာေနတာ မၾကား "

"Jen. ..."

သူမ ႐ုံးခန္းထဲ မ်က္ႏွာငယ္ေလးနဲ႕ ဝင္လာတဲ့ Jisooကို Jennie မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္

"နင္ ဘာလာလုပ္တာလည္း "

"ငါ နင့္အတြက္ ကိတ္မုန့္လုပ္လာတယ္ Jen "

"ထြက္သြား "

Jisoo သက္ျပင္းခ်ၿပီး ကိတ္မုန့္ဘူးကို စားပြဲခုံေပၚတင္လိုက္သည္

"Jen ငါေတာင္းပန္ပါတယ္ နင္ ငါ့ကို ခြင့္လႊတ္တယ္လို႔ မေျပာမခ်င္း ငါေတာင္းပန္ေနမွာဘဲ"

" ငါေျပာတာ နင္ၾကားတယ္ မဟုတ္လား Jisoo. ..ထြက္သြား ခုခ်က္ခ်င္း "

"ငါ ရွင္းျပတာေလး နားေထာင္ေပးပါ "

"ဘာမွ နားေထာင္စရာမလိုဘူး Jisoo နင့္ရဲ႕အေရးမပါတဲ့ စကားေတြ နားေထာင္ဖို႔ ငါ့မွာ အခ်ိန္မရွိဘူး "

"Jen "

"ငါ လူလိုေျပာေနတာကို နားမလည္ဘူးလား Jisoo ..ငါ နင့္ကို ျမင္လည္း မျမင္ခ်င္ဘူး နင့္အသံလည္းမၾကားခ်င္ဘူး ျဖစ္နိုင္ရင္ ငါ့ဘဝထဲကပါ နင့္ကို ထြက္သြားေစခ်င္တာ "

"ငါနင့္ကို လိမ္ခဲ့မိလို႔ ေတာင္းပန္ပါတယ္ ငါဒီလို လုပ္ရတာလည္း ငါ့တည္ရွိမႈကို မသိတဲ့ နင္နဲ႕ နီးစပ္ခ်င္လို႔ပါ ငါ့အတြက္ နင္နဲ႕ နီးစပ္ဖို႔ ေဝးကြာလြန္းေတာ့ နင့္ရယ္သံေလးၾကားရဖို႔ နင္နဲ႕ အတူရွိရဖို႔အတြက္ ငါဒီလို ႐ူးမိုက္ခဲ့မိတာပါ..ငါ နင့္ကို လိမ္ခဲ့ေပမယ့္ နင့္အေပၚထားတဲ့ ငါ့စိတ္က အမွန္ပါ....ငါ နင့္ကိုခ်စ္တယ္ Jennie "

Jisoo ေျပာၿပီး မငိုမိခင္ Jennieရဲ႕ ႐ုံးခန္းထဲကေျပးထြက္လာခဲ့သည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co