Part 15
#unicode
"Jisoo တံခါးဖွင့်..... "
Jisoo အပြင်ဘက်ကနေ သူမနာမည်ကို ခေါ်ပြီး တံခါးကို တစ်ဘုန်းဘုန်းထုတဲ့အသံတွေ ကြားပေမယ့် မကြားချင်ယောင်ဆောင်ကာ ခေါင်းအုံးပေါ် မျက်နှာအပ်ပြီး ငိုနေသည်
"Jisooရေ တံခါးဖွင့်ပါဟ Chaeyoung နဲ့ငါ နင့်ကို အရမ်းစိတ်ပူနေပြီ "
Jisoo မျက်ရည်သုတ်ကာ အိပ်ရာက ထပြီး Lisaတို့ကို တံခါးထဖွင့်ပေးသည်
ထို့နောက် သူမအခန်းထဲ ပြန်ဝင်လာပြီး စောင်ကိုခေါင်းမြီးခြုံလိုက်သည်
"Jisoo. ..."
Chaeyoungမှာ Jisoo ကုတင်ပေါ် တက်ထိုင်ပြီး Jisooကို ခေါ်လိုက်သည်
"ငါတို့ နင်ကြိုက်တဲ့ ကြက်ကြော် ဝယ်လာခဲ့တယ် "
"ငါ ဗိုက်မဆာဘူး Chaeyoung "
Jisoo ရှိုက်ရင်း ပြောလိုက်သည်
"နင် ဘာမှမစားဘဲနေတာ သုံးရက်ရှိနေပြီ...ဗိုက်မဆာဘူးဆိုတာ လျှောက်ပြောနေတာ လာပါ တစ်ခုခု စားစမ်းပါ ကိုယ့်ကိုကိုယ် အငတ်ခံပြီး အသေခံမလို့လား "
Chaeyoungရဲ့ စကားကြောင့် Jisoo သူမ ဘာမှမစားဘဲ အခန်းတွင်းအောင်းနေတာ သုံးရက်ရှိမှန်း သတိရသွားတယ်
Jisoo ဒီသုံးရက်အတွင်း ဘာမှမစားဘဲ အခန်းတွင်းအောင်းနေပြီး ငိုနေခဲ့တာလေ
Jisoo သက်ပြင်းချပြီး စောင်ကိုဖယ်ကာ ထထိုင်လိုက်သည်
Chaelisaတို့မှာ မျက်ရည်တွေနဲ့ jisooကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြသည်
"နင် ငိုတာ ငါတစ်ခါမှ မမြင်ဖူးဘူး Jisooရယ် နင့်ကြည့်ပြီး ငါ ရင်ထဲ နာကျင်လိုက်တာ "
Lisaက Jisooကိုကြည့်ပြီး ပြောသလို Chaeyoungမှာလည်း သူမ ပါးပေါ်က မျက်ရည်စတွေကို လက်နဲ့ သုတ်လေသည်
ခံစားလွယ်တဲ့ Chaeyoungလေးမှာ Jisooကို ကြည့်ပြီး ငိုနေပြီလေ
"Aigoo Cry babyလေးကတော့ ငါ့အတွက် မငိုပါနဲ့ Chaeyoung ရယ် "
Jisooမှာ ငိုနေတဲ့ ကလေးလေးကို ဖက်ပြီး နှစ်သိမ့်လိုက်သည်
"ငါတို့ စိတ်မကောင်း ဖြစ်လို့ပါဟာ "
"ငါ အဆင်ပြေပါတယ် ငါအဆင်ပြေသွားမှာပါ "
Jennieရဲ့ စကားလုံးတွေကြောင့် Jisoo သေမတတ်နာကျင်နေပေမယ့် Chaelisaတို့ စိတ်မကောင်းဖြစ်ပြီး ထပ်ငိုမှာဆိုးလို့ Jisoo ဟန်ဆောင်ပြီး ရယ်ကာ ပြောလိုက်သည်
"ဒါဆို ငါ ကြက်ကြော် သွားပြင်လိုက်အုံးမယ် နင်စားရမယ်နော် Jisoo "
"အင်းပါ"
Chaeyoung အခန်းထဲက ထွက်သွားသောအခါ
"Lisa... Jennie အခြေအနေ ဘယ်လို ရှိလည်း "
"သူ့ကို အသာထားပါအုံး နင့်ကိုသာ အဆင်ပြေလား ငါမေးရမှာ "
"သူ အရင်ကထက် ပိုကြောက်ဖို့ကောင်းလာတယ် မဟုတ်လား "
"အမှန်ဘဲ....သူ့ကို စိတ်အေးချမ်းအောင်လုပ်ဖို့ လိုနေပြီ..."
"သူ့ကို စိတ်အေးချမ်းအောင်လုပ်နိုင်တဲ့သူက ငါဖြစ်ချင်လိုက်တာ Lisaရယ် "
*********************
နောက်တစ်နေ့ မနက်မှာတော့ Jisoo အိမ်တွင်းအောင်းပြီး မငိုချင်တော့လို့ စိတ်ရောခန္ဓာကိုယ်ပါ လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် အပြင်ကို ထွက်ဖို့ တွေးလေသည်
အိမ်နားက ပန်းခြံနား Jisoo လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်နေသည်
ခဏကြာတော့ မောလို့ ရေဝယ်သောက်ပြီး ဒန်းပေါ်တွင် ထိုင်နေသည်
သူမကိုယ်ပေါ် ဖြာကျနေတဲ့ နေအလင်းရောင်ကို Jisoo အရမ်းသဘောကျသည်
နွေးထွေးသည် Jennie ရဲ့အပြုံးလိုပါဘဲ....
Jisoo ရုတ်တရက် Jennie အကြောင်း တွေးမိသွားပြီး Jennieကို သတိရလာသည်
"လွမ်းလိုက်တာ တစ်ခါလောက်ထပ်တွေ့ရရင် ကောင်းမှာဘဲ"
Jisoo တွေးရင်း မျက်ရည်ထပ်ကျလာပြန်သည်
"နင့်လို မိန်းမချောလေးက ငိုနေရမှာ မဟုတ်ဘူး ပျော်နေသင့်တာလေ.... '
ကောင်မလေးတစ်ယောက်က ရုတ်တရက် Jisooဘေးနားက ဒန်းပေါ် ဝင်ထိုင်ပြီး ပြောလိုက်သောကြောင့် Jisooမှာ သူမဘေးက ကောင်မလေးကို ကြည့်လိုက်သည်
"ဒီနေ့က နေသာတဲ့နေ့လေးဘဲ ဒီနေ့လိုနေ့မျိုးမှာ ငိုနေတာထက် ပြုံးနေတာ ပိုမကောင်းဘူးလား "
"Humm "
"ငါက Nayeon ပါ နင်ကရော..."
Nayeonမှာ ပြုံးပြီး သူမကိုယ်သူမ မိတ်ဆက်လိုက်သည်
"Jisoo "
Jisooက သူမနာမည်ကို ပြောပြသောကြောင့် Nayeon ခေါင်းညိတ်လိုက်သည်
"အင်း နင့််ကြည့်ရတာ ဝမ်းနည်းနေသလိုဘဲ Jisoo "
Jisooမှာ သက်ပြင်းချပြီး အဝေးကိုကြည့်လိုက်သည် Nayeonကို ဘယ်လိုပြောရမလည်း Jisooမသိ....
Nayeon က အခုမှ သူမနဲ့ စကားပြောဖူးတဲ့ သူစိမ်းမဟုတ်လား...သူစိမ်းတစ်ယောက်ကို သူမအကြောင်း အလွယ်ပြောပြလို့မဖြစ်ဘူးလေ
"ဒီတိုင်း ငါ့မှာ ခက်ခဲတဲ့အချိန်လေးတွေ ရှိလို့ "
"Aww နင်သိလား ငါ့ကို တစ်စုံတစ်ယောက်က ပြောပြဖူးတယ် စိတ်ဓာတ်ကျနေတဲ့အခါ ဘဝကို ပြိုလဲကျအောင် မနေပါနဲ့တဲ့ အခက်အခဲတွေကို အားတင်းတိုက်ခိုက်ပြီး အောင်မြင်မှု ပျော်ရွှင်မှု ပန်းတိုင်ဆီ အရောက်သွားပါတဲ့...စိတ်ပင်ပန်းနေချိန် တိုက်ခိုက်ရတာ ပင်ပန်းမှန်းသိပါတယ် ဒါပေမယ့် လူတိုင်းက ပျော်ရွှင်မှုနဲ့ ထိုက်တန်တယ် မဟုတ်လား Jisoo "
"နင့်စကားတွေက ငါ့ကို အားတက်စေတာဘဲ Nayeon "
Nayeonရဲ့ စကားတွေကို Jisoo သဘောကျပြီး ရယ်ကာ ပြောလိုက်သည်
"ငါက ဒီတိုင်း ပြောလိုက်တာပါ နင့်ကို အားတက်စေတယ်ဆို ငါကျေနပ်ပါတယ် "
"What "
"ဟီးဟီး ငါက ငါ့ခေါင်းထဲ ပေါ်လာတာ ပြောချတာ....အများအားဖြင့် ငါ အရာအားလုံးကို တအား Serious မထားဘူး ပင်ပန်းလို့လေ ပျော်ပျော်နေတယ် ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းတယ် အင်း ငါ အလေးထားတာဆိုလို့ တစ်ခုဘဲရှိတယ် "
"ဘာများလည်း '
Jisoo သိချင်လို့ Nayeonကို မေးလိုက်သည်
"ငါ့ကောင်မလေးလေ "
Nayeonရဲ့ စကားကြောင့် Jisoo အံ့သြပြီး ရယ်လိုက်သည်
"ဝိုး ကြည့်ရတာ ငါနဲ့တူတဲ့ တစ်ယောက် တွေ့ပြီဘဲ "
"ဟမ် နင်ကလည်း lesbian ဘဲလား "
Jisooရဲ့ စကားကြောင့် Nayeon အံ့သြပြီး မေးလိုက်သည်
"ဟုတ်တယ် "
"ဟယ် အံ့သြစရာကြီး နင့်ကြည့်ရတာ lesbianနဲ့လည်းမတူဘူး Straight နဲ့တူနေရော် "
"နင်ရောပါဘဲနော် "
"Haha ကဲ မနက်စာ သွားစားကြမလား နင်လည်း မစားရသေးဘူးမဟုတ်လား "
"အင်း သွားကြမယ် "
Jisooလည်း Nayeonနဲ့အတူ မနက်စာ စားဖို့ သဘောတူလိုက်သည်
Nayeonနဲ့ cafeဆိုင်ကို သွားတဲ့ လမ်း တစ်လျှောက်လုံး Nayeonမှာ ဟာသတွေပြောပြီး တဟားဟားရယ်ကာ Jisooကို ရိုက်နေသည်
Jisooမှာ ကော်ဖီဆိုင်အမြန်ရောက်ဖို့ ဆုတောင်း
ပေမယ့် ကော်ဖီဆိုင်ထဲ ရောက်တော့လည်း Nayeonမှာ ဟာသတွေပြောပြီး အော်ရယ်နေတော့ Jisoo အနေရခက်နေသည်
တော်တော်ကို အရယ်သန်တဲ့ မိန်းကလေးပါဘဲ!
Jisooမှာ Nayeonနဲ့ မနက်စာစား ရယ်မောနေရင်း တစ်စုံတစ်ယောက်က သူမကို စိုက်ကြည့်နေသလို ခံစားရလို့ ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်ပေမယ့် သူတို့အလုပ်သူတို့လုပ်ပြီး အချင်းချင်းစကားပြောနေတဲ့ လူတွေကိုသာ တွေ့ရသည်
မနက်စာစားပြီးနောက် ကော်ဖီဆိုင်ရှေ့မှာဘဲ Jisooတို့ နှုတ်ဆက်လမ်းခွဲကြသည်
"Bye Jisoo နောက်ရက်ကျမှ တွေ့ရအောင် Jeongyeonနဲ့ နင့်ကိုမိတ်ဆက်ပေးချင်သေးတယ် "
"ဟုတ်ပြီလေ နင် အားရင် ဖုန်းဆက်လိုက်ပေါ့ bye Nayeon "
Jisooမှာ Nayeonကို နှုတ်ဆက်ပြီး သူမအိမ်ဘက် လှည့်ပြန်လာသည်
ထိုစဥ် သူမ နောက်ကျောကို တစ်ခုခုလာမှန်လို့ လှည့်ကြည့်တော့ အအေးဘူးခွံသာ တွေ့ပြီး ပစ်တဲ့သူကို မတွေ့ရပေ
Jisoo လည်း လျစ်လျူရှုပြီး အရှေ့ပြန်လှည့်စဥ် ထပ်ပြီး ရေသန့်ဘူးနဲ့ ပေါက်ခံရပြန်သည်
"ဘယ်သူလုပ်တာလည်း သတ္တိရှိရင် ပုန်းမနေဘဲ ထွက်လာစမ်း "
Jisoo ဒုတိယအကြိမ် ရေဘူးနဲ့ပေါက်ခံရလို့ စိတ်တိုပြီး အော်ဟစ်သောအခါ သူမအနားက ကားတစ်စီးပေါ်မှ မျက်မှန်အမည်းကြီးနဲ့ ကောင်မလေးတစ်ယောက် ထွက်လာခဲ့သည်
"နင်က ငါ့ကို ရိုက်မလို့လား Kim Jisoo "
"ဟို ဟို...."
Jisooမှာ သူမလွမ်းနေတဲ့ ကောင်မလေးကို တွေ့လိုက်ရတော့ စကားတွေထစ်အကုန်သည်
သို့သော်လည်း Jennieက သူမကို မတွေ့ချင်ဘူးလို့ တစ်လောက ပြောထားလို့ Jisoo ခေါင်းခါပြီး လှည့်ထွက်သွားတော့ Jennieမှာ Jisooရဲ့ လက်ကို လှမ်းဆွဲသည်
"ဘာဖြစ်လို့လည်း Jennie "
"ဘာဖြစ်လို့လည်း ဟုတ်လား နင်ကသာ ဘာဖြစ်နေတာလည်း... ဟမ်...နင်က ငါ့ကိုချစ်တယ်ပြောပြီး အခုကျ တခြားကောင်မလေးတစ်ယောက်နဲ့ ရယ်မောနေတယ်လေ လွယ်လွယ်နဲ့ မေ့သွားတာလား "
Jennieက သဝန်တိုနေတဲ့ပုံပေါ်နေလို့ Jisooပျော်သွားသည် ..Jisoo မပြုံးမိအောင် ကြိုးစားရင်း
"နင်ဘဲ ငါ့ကို မတွေ့ချင်ဘူး နင့်ဘဝထဲက ထွက်သွားပေးပါလို့ပြောပြီး..."
"အဲ့လိုပြောတိုင်း နင်က တခြားမိန်းကလေးနဲ့ တွေ့စရာ အီစရာလား Kim Jisoo"
Jennie ပြောပြီး Jisooကို သူမအနားသို့ ဆောင့်ဆွဲသည်
"နောက်တစ်ခါ တစ်ခြားကောင်မလေးနဲ့ ရယ်မောနေတာ မြင်ရရင် နင့်နှုတ်ခမ်းကို ငါ ဓားနဲ့ဖြတ်ပစ်မှာ ငါ့ကိုထပ်တွေ့ရမယ်မထင်နဲ့ "
Jennieပြောပြီး Jisooကို ဆောင့်တွန်းကာ ကားပေါ်ကို တက်သွားသည်
Jisooမှာ Jennieက ရုတ်တရက်ရောက်လာပြီး သဝန်တိုသလို ပုံစံနဲ့ ပြောနေသောကြောင့် အံ့သြပြီး ကျောက်ရုပ်လို ဖြစ်ကျန်ခဲ့သည်
#TBC
#Zaw
"Jisoo တံခါးဖြင့္..... "
Jisoo အျပင္ဘက္ကေန သူမနာမည္ကို ေခၚၿပီး တံခါးကို တစ္ဘုန္းဘုန္းထုတဲ့အသံေတြ ၾကားေပမယ့္ မၾကားခ်င္ေယာင္ေဆာင္ကာ ေခါင္းအုံးေပၚ မ်က္ႏွာအပ္ၿပီး ငိုေနသည္
"Jisooေရ တံခါးဖြင့္ပါဟ Chaeyoung နဲ႕ငါ နင့္ကို အရမ္းစိတ္ပူေနၿပီ "
Jisoo မ်က္ရည္သုတ္ကာ အိပ္ရာက ထၿပီး Lisaတို႔ကို တံခါးထဖြင့္ေပးသည္
ထို႔ေနာက္ သူမအခန္းထဲ ျပန္ဝင္လာၿပီး ေစာင္ကိုေခါင္းၿမီးၿခဳံလိုက္သည္
"Jisoo. ..."
Chaeyoungမွာ Jisoo ကုတင္ေပၚ တက္ထိုင္ၿပီး Jisooကို ေခၚလိုက္သည္
"ငါတို႔ နင္ႀကိဳက္တဲ့ ၾကက္ေၾကာ္ ဝယ္လာခဲ့တယ္ "
"ငါ ဗိုက္မဆာဘူး Chaeyoung "
Jisoo ရွိုက္ရင္း ေျပာလိုက္သည္
"နင္ ဘာမွမစားဘဲေနတာ သုံးရက္ရွိေနၿပီ...ဗိုက္မဆာဘူးဆိုတာ ေလွ်ာက္ေျပာေနတာ လာပါ တစ္ခုခု စားစမ္းပါ ကိုယ့္ကိုကိုယ္ အငတ္ခံၿပီး အေသခံမလို႔လား "
Chaeyoungရဲ႕ စကားေၾကာင့္ Jisoo သူမ ဘာမွမစားဘဲ အခန္းတြင္းေအာင္းေနတာ သုံးရက္ရွိမွန္း သတိရသြားတယ္
Jisoo ဒီသုံးရက္အတြင္း ဘာမွမစားဘဲ အခန္းတြင္းေအာင္းေနၿပီး ငိုေနခဲ့တာေလ
Jisoo သက္ျပင္းခ်ၿပီး ေစာင္ကိုဖယ္ကာ ထထိုင္လိုက္သည္
Chaelisaတို႔မွာ မ်က္ရည္ေတြနဲ႕ jisooကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနၾကသည္
"နင္ ငိုတာ ငါတစ္ခါမွ မျမင္ဖူးဘူး Jisooရယ္ နင့္ၾကည့္ၿပီး ငါ ရင္ထဲ နာက်င္လိုက္တာ "
Lisaက Jisooကိုၾကည့္ၿပီး ေျပာသလို Chaeyoungမွာလည္း သူမ ပါးေပၚက မ်က္ရည္စေတြကို လက္နဲ႕ သုတ္ေလသည္
ခံစားလြယ္တဲ့ Chaeyoungေလးမွာ Jisooကို ၾကည့္ၿပီး ငိုေနၿပီေလ
"Aigoo Cry babyေလးကေတာ့ ငါ့အတြက္ မငိုပါနဲ႕ Chaeyoung ရယ္ "
Jisooမွာ ငိုေနတဲ့ ကေလးေလးကို ဖက္ၿပီး ႏွစ္သိမ့္လိုက္သည္
"ငါတို႔ စိတ္မေကာင္း ျဖစ္လို႔ပါဟာ "
"ငါ အဆင္ေျပပါတယ္ ငါအဆင္ေျပသြားမွာပါ "
Jennieရဲ႕ စကားလုံးေတြေၾကာင့္ Jisoo ေသမတတ္နာက်င္ေနေပမယ့္ Chaelisaတို႔ စိတ္မေကာင္းျဖစ္ၿပီး ထပ္ငိုမွာဆိုးလို႔ Jisoo ဟန္ေဆာင္ၿပီး ရယ္ကာ ေျပာလိုက္သည္
"ဒါဆို ငါ ၾကက္ေၾကာ္ သြားျပင္လိုက္အုံးမယ္ နင္စားရမယ္ေနာ္ Jisoo "
"အင္းပါ"
Chaeyoung အခန္းထဲက ထြက္သြားေသာအခါ
"Lisa... Jennie အေျခအေန ဘယ္လို ရွိလည္း "
"သူ႕ကို အသာထားပါအုံး နင့္ကိုသာ အဆင္ေျပလား ငါေမးရမွာ "
"သူ အရင္ကထက္ ပိုေၾကာက္ဖို႔ေကာင္းလာတယ္ မဟုတ္လား "
"အမွန္ဘဲ....သူ႕ကို စိတ္ေအးခ်မ္းေအာင္လုပ္ဖို႔ လိုေနၿပီ..."
"သူ႕ကို စိတ္ေအးခ်မ္းေအာင္လုပ္နိုင္တဲ့သူက ငါျဖစ္ခ်င္လိုက္တာ Lisaရယ္ "
*********************
ေနာက္တစ္ေန႕ မနက္မွာေတာ့ Jisoo အိမ္တြင္းေအာင္းၿပီး မငိုခ်င္ေတာ့လို႔ စိတ္ေရာခႏၶာကိုယ္ပါ လန္းလန္းဆန္းဆန္း ျဖစ္သြားေအာင္ အျပင္ကို ထြက္ဖို႔ ေတြးေလသည္
အိမ္နားက ပန္းၿခံနား Jisoo လမ္းေလွ်ာက္ၿပီး ေလ့က်င့္ခန္းလုပ္ေနသည္
ခဏၾကာေတာ့ ေမာလို႔ ေရဝယ္ေသာက္ၿပီး ဒန္းေပၚတြင္ ထိုင္ေနသည္
သူမကိုယ္ေပၚ ျဖာက်ေနတဲ့ ေနအလင္းေရာင္ကို Jisoo အရမ္းသေဘာက်သည္
ႏြေးေထြးသည္ Jennie ရဲ႕အၿပဳံးလိုပါဘဲ....
Jisoo ႐ုတ္တရက္ Jennie အေၾကာင္း ေတြးမိသြားၿပီး Jennieကို သတိရလာသည္
"လြမ္းလိုက္တာ တစ္ခါေလာက္ထပ္ေတြ႕ရရင္ ေကာင္းမွာဘဲ"
Jisoo ေတြးရင္း မ်က္ရည္ထပ္က်လာျပန္သည္
"နင့္လို မိန္းမေခ်ာေလးက ငိုေနရမွာ မဟုတ္ဘူး ေပ်ာ္ေနသင့္တာေလ.... '
ေကာင္မေလးတစ္ေယာက္က ႐ုတ္တရက္ Jisooေဘးနားက ဒန္းေပၚ ဝင္ထိုင္ၿပီး ေျပာလိုက္ေသာေၾကာင့္ Jisooမွာ သူမေဘးက ေကာင္မေလးကို ၾကည့္လိုက္သည္
"ဒီေန႕က ေနသာတဲ့ေန႕ေလးဘဲ ဒီေန႕လိုေန႕မ်ိဳးမွာ ငိုေနတာထက္ ၿပဳံးေနတာ ပိုမေကာင္းဘူးလား "
"Humm "
"ငါက Nayeon ပါ နင္ကေရာ..."
Nayeonမွာ ၿပဳံးၿပီး သူမကိုယ္သူမ မိတ္ဆက္လိုက္သည္
"Jisoo "
Jisooက သူမနာမည္ကို ေျပာျပေသာေၾကာင့္ Nayeon ေခါင္းညိတ္လိုက္သည္
"အင္း နင့္္ၾကည့္ရတာ ဝမ္းနည္းေနသလိုဘဲ Jisoo "
Jisooမွာ သက္ျပင္းခ်ၿပီး အေဝးကိုၾကည့္လိုက္သည္ Nayeonကို ဘယ္လိုေျပာရမလည္း Jisooမသိ....
Nayeon က အခုမွ သူမနဲ႕ စကားေျပာဖူးတဲ့ သူစိမ္းမဟုတ္လား...သူစိမ္းတစ္ေယာက္ကို သူမအေၾကာင္း အလြယ္ေျပာျပလို႔မျဖစ္ဘူးေလ
"ဒီတိုင္း ငါ့မွာ ခက္ခဲတဲ့အခ်ိန္ေလးေတြ ရွိလို႔ "
"Aww နင္သိလား ငါ့ကို တစ္စုံတစ္ေယာက္က ေျပာျပဖူးတယ္ စိတ္ဓာတ္က်ေနတဲ့အခါ ဘဝကို ၿပိဳလဲက်ေအာင္ မေနပါနဲ႕တဲ့ အခက္အခဲေတြကို အားတင္းတိုက္ခိုက္ၿပီး ေအာင္ျမင္မႈ ေပ်ာ္႐ႊင္မႈ ပန္းတိုင္ဆီ အေရာက္သြားပါတဲ့...စိတ္ပင္ပန္းေနခ်ိန္ တိုက္ခိုက္ရတာ ပင္ပန္းမွန္းသိပါတယ္ ဒါေပမယ့္ လူတိုင္းက ေပ်ာ္႐ႊင္မႈနဲ႕ ထိုက္တန္တယ္ မဟုတ္လား Jisoo "
"နင့္စကားေတြက ငါ့ကို အားတက္ေစတာဘဲ Nayeon "
Nayeonရဲ႕ စကားေတြကို Jisoo သေဘာက်ၿပီး ရယ္ကာ ေျပာလိုက္သည္
"ငါက ဒီတိုင္း ေျပာလိုက္တာပါ နင့္ကို အားတက္ေစတယ္ဆို ငါေက်နပ္ပါတယ္ "
"What "
"ဟီးဟီး ငါက ငါ့ေခါင္းထဲ ေပၚလာတာ ေျပာခ်တာ....အမ်ားအားျဖင့္ ငါ အရာအားလုံးကို တအား Serious မထားဘူး ပင္ပန္းလို႔ေလ ေပ်ာ္ေပ်ာ္ေနတယ္ ဘဝကို ေပါ့ေပါ့ပါးပါးနဲ႕ ျဖတ္သန္းတယ္ အင္း ငါ အေလးထားတာဆိုလို႔ တစ္ခုဘဲရွိတယ္ "
"ဘာမ်ားလည္း '
Jisoo သိခ်င္လို႔ Nayeonကို ေမးလိုက္သည္
"ငါ့ေကာင္မေလးေလ "
Nayeonရဲ႕ စကားေၾကာင့္ Jisoo အံ့ၾသၿပီး ရယ္လိုက္သည္
"ဝိုး ၾကည့္ရတာ ငါနဲ႕တူတဲ့ တစ္ေယာက္ ေတြ႕ၿပီဘဲ "
"ဟမ္ နင္ကလည္း lesbian ဘဲလား "
Jisooရဲ႕ စကားေၾကာင့္ Nayeon အံ့ၾသၿပီး ေမးလိုက္သည္
"ဟုတ္တယ္ "
"ဟယ္ အံ့ၾသစရာႀကီး နင့္ၾကည့္ရတာ lesbianနဲ႕လည္းမတူဘူး Straight နဲ႕တူေနေရာ္ "
"နင္ေရာပါဘဲေနာ္ "
"Haha ကဲ မနက္စာ သြားစားၾကမလား နင္လည္း မစားရေသးဘူးမဟုတ္လား "
"အင္း သြားၾကမယ္ "
Jisooလည္း Nayeonနဲ႕အတူ မနက္စာ စားဖို႔ သေဘာတူလိုက္သည္
Nayeonနဲ႕ cafeဆိုင္ကို သြားတဲ့ လမ္း တစ္ေလွ်ာက္လုံး Nayeonမွာ ဟာသေတြေျပာၿပီး တဟားဟားရယ္ကာ Jisooကို ရိုက္ေနသည္
Jisooမွာ ေကာ္ဖီဆိုင္အျမန္ေရာက္ဖို႔ ဆုေတာင္း
ေပမယ့္ ေကာ္ဖီဆိုင္ထဲ ေရာက္ေတာ့လည္း Nayeonမွာ ဟာသေတြေျပာၿပီး ေအာ္ရယ္ေနေတာ့ Jisoo အေနရခက္ေနသည္
ေတာ္ေတာ္ကို အရယ္သန္တဲ့ မိန္းကေလးပါဘဲ!
Jisooမွာ Nayeonနဲ႕ မနက္စာစား ရယ္ေမာေနရင္း တစ္စုံတစ္ေယာက္က သူမကို စိုက္ၾကည့္ေနသလို ခံစားရလို႔ ပတ္ဝန္းက်င္ကို တစ္ခ်က္ လွမ္းၾကည့္ေပမယ့္ သူတို႔အလုပ္သူတို႔လုပ္ၿပီး အခ်င္းခ်င္းစကားေျပာေနတဲ့ လူေတြကိုသာ ေတြ႕ရသည္
မနက္စာစားၿပီးေနာက္ ေကာ္ဖီဆိုင္ေရွ႕မွာဘဲ Jisooတို႔ ႏႈတ္ဆက္လမ္းခြဲၾကသည္
"Bye Jisoo ေနာက္ရက္က်မွ ေတြ႕ရေအာင္ Jeongyeonနဲ႕ နင့္ကိုမိတ္ဆက္ေပးခ်င္ေသးတယ္ "
"ဟုတ္ၿပီေလ နင္ အားရင္ ဖုန္းဆက္လိုက္ေပါ့ bye Nayeon "
Jisooမွာ Nayeonကို ႏႈတ္ဆက္ၿပီး သူမအိမ္ဘက္ လွည့္ျပန္လာသည္
ထိုစဥ္ သူမ ေနာက္ေက်ာကို တစ္ခုခုလာမွန္လို႔ လွည့္ၾကည့္ေတာ့ အေအးဘူးခြံသာ ေတြ႕ၿပီး ပစ္တဲ့သူကို မေတြ႕ရေပ
Jisoo လည္း လ်စ္လ်ဴရႈၿပီး အေရွ႕ျပန္လွည့္စဥ္ ထပ္ၿပီး ေရသန့္ဘူးနဲ႕ ေပါက္ခံရျပန္သည္
"ဘယ္သူလုပ္တာလည္း သတၱိရွိရင္ ပုန္းမေနဘဲ ထြက္လာစမ္း "
Jisoo ဒုတိယအႀကိမ္ ေရဘူးနဲ႕ေပါက္ခံရလို႔ စိတ္တိုၿပီး ေအာ္ဟစ္ေသာအခါ သူမအနားက ကားတစ္စီးေပၚမွ မ်က္မွန္အမည္းႀကီးနဲ႕ ေကာင္မေလးတစ္ေယာက္ ထြက္လာခဲ့သည္
"နင္က ငါ့ကို ရိုက္မလို႔လား Kim Jisoo "
"ဟို ဟို...."
Jisooမွာ သူမလြမ္းေနတဲ့ ေကာင္မေလးကို ေတြ႕လိုက္ရေတာ့ စကားေတြထစ္အကုန္သည္
သို႔ေသာ္လည္း Jennieက သူမကို မေတြ႕ခ်င္ဘူးလို႔ တစ္ေလာက ေျပာထားလို႔ Jisoo ေခါင္းခါၿပီး လွည့္ထြက္သြားေတာ့ Jennieမွာ Jisooရဲ႕ လက္ကို လွမ္းဆြဲသည္
"ဘာျဖစ္လို႔လည္း Jennie "
"ဘာျဖစ္လို႔လည္း ဟုတ္လား နင္ကသာ ဘာျဖစ္ေနတာလည္း... ဟမ္...နင္က ငါ့ကိုခ်စ္တယ္ေျပာၿပီး အခုက် တျခားေကာင္မေလးတစ္ေယာက္နဲ႕ ရယ္ေမာေနတယ္ေလ လြယ္လြယ္နဲ႕ ေမ့သြားတာလား "
Jennieက သဝန္တိုေနတဲ့ပုံေပၚေနလို႔ Jisooေပ်ာ္သြားသည္ ..Jisoo မၿပဳံးမိေအာင္ ႀကိဳးစားရင္း
"နင္ဘဲ ငါ့ကို မေတြ႕ခ်င္ဘူး နင့္ဘဝထဲက ထြက္သြားေပးပါလို႔ေျပာၿပီး..."
"အဲ့လိုေျပာတိုင္း နင္က တျခားမိန္းကေလးနဲ႕ ေတြ႕စရာ အီစရာလား Kim Jisoo"
Jennie ေျပာၿပီး Jisooကို သူမအနားသို႔ ေဆာင့္ဆြဲသည္
"ေနာက္တစ္ခါ တစ္ျခားေကာင္မေလးနဲ႕ ရယ္ေမာေနတာ ျမင္ရရင္ နင့္ႏႈတ္ခမ္းကို ငါ ဓားနဲ႕ျဖတ္ပစ္မွာ ငါ့ကိုထပ္ေတြ႕ရမယ္မထင္နဲ႕ "
Jennieေျပာၿပီး Jisooကို ေဆာင့္တြန္းကာ ကားေပၚကို တက္သြားသည္
Jisooမွာ Jennieက ႐ုတ္တရက္ေရာက္လာၿပီး သဝန္တိုသလို ပုံစံနဲ႕ ေျပာေနေသာေၾကာင့္ အံ့ၾသၿပီး ေက်ာက္႐ုပ္လို ျဖစ္က်န္ခဲ့သည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co