Truyen3h.Co

Lies

Part 16

KimFany059

#Unicode

Jennie ကားထဲကနေ အပြင်ဘက်မှာ ပြုံးပြုံးကြီး မတ်တပ်ရပ်ပြီး သူမကို ကြည့်နေတဲ့ Jisooကို ခိုးကြည့်နေသည်

"Kim Jisooဟာလေ Stupid သာ ဖြစ်တယ် အရမ်းလှတာဘဲ "

Jisooကို ကြည့်ရင်း Jennie တစ်ယောက်တည်း ရေရွတ်နေသည်

Jennie မှာ Jisooကို အရမ်းလွမ်းနေခဲ့တာပါ ဟုတ်ပါတယ် Jennie တစ်ယောက် Jisooက သူမကို လိမ်ညာခဲ့တာကို စိတ်တိုစိတ်ဆိုးခဲ့ပေမယ့် Jisooဆီက ချစ်တယ်ဆိုတဲ့ စကားကို ကြားရတော့ ချက်ချင်း အရည်ပျော်သွားခဲ့တယ်လေ
သူ ချစ်နေရတဲ့ Jisooက သူ့ကို ချစ်နေမှန်း Jennie သိတော့ တော်တော်လေး ဝမ်းသာခဲ့မိသည်

Jisooကို Jennie ကားထဲကနေ ကြည့်နေတုံး Jisooမှာ Jennieရဲ့ ကားမှန်ကို လာခေါက်သည်

"ဘာလည်း '

Jennie ကားမှန်ကို အောက်ချပြီး ကားပြတင်းပေါက်ကနေ ခေါင်းလေးထွက်ကာ မေးတော့ Jisooမှာ Jennieရဲ့ နှုတ်ခမ်းကို ပြွတ်ခနဲ နမ်းပြီး ထွက်ပြေးသွားလေသည်

"အာ "

"ကားကိုသေချာမောင်းနော် Jen. .."

Jisooပြေးရင်း Jennieကြားအောင် လှမ်းအော်လိုက်သည်

Jennieမှာတော့ Jisooကြောင့် အသက်မရှူနိုင်ဘဲ စိတ်တွေလှုပ်ရှားနေသောကြောင့် မျက်လုံး ခဏမှိတ်ထားရသည်

Jennieရဲ့ စိတ်တိုစရာနေ့တွေက ပျောက်ဆုံးသွားပြီး ကြည်လင်တဲ့နေ့လေး ပြန်ရလာသည်

Jennie သီချင်းလေး ညည်းပြီး ကားမောင်းရင်း သူမ companyကို ရောက်လာသည်

သီချင်းလေးညည်းပြီး သူမ ရုံးခန်းဘက် Jennie လျှောက်လာရင်း ရုံးခန်းရှေ့က စားပွဲမှာ ထိုင်ကာ အလုပ်လုပ်နေတဲ့ Lisaကို နှုတ်ဆက်လိုက်သည်

"Hello Limario "

Jennie နှုတ်ဆက်သံကြောင့် Lisaမှာ Jennieကို မော့ကြည့်လေသည်

"ငါ့ ရုံးခန်းကို လာခဲ့ "

Jennie ပြောပြီး ရုံးခန်းထဲ ဝင်သွားတယ်

Lisaလည်း လုပ်လက်စအလုပ်ကို ခဏထားပြီး Jennie နောက် လိုက်သွားသည်

"ပြောလေ Jennie "

"ငါတို့ ရုပ်ရှင်အတူ နောက်ဆုံး ကြည့်ခဲ့တာ ဘယ်အချိန်လည်း "

"တစ်ပတ်ကျော်လောက်ကြာပြီ ထင်တယ် ဘာလို့လည်း "

Jennieမှာ ရုတ်တရက် အလုပ်နဲ့မဆိုင်တဲ့ စကားတွေပြောနေလို့ Lisa အံံ့သြနေသည်

"Pizzaနဲ့အအေးတွေဝယ်ပြီး Chaeyoungကိုပါ ခေါ်ခဲ့ ငါ့အိမ်မှာ ရုပ်ရှင်အတူတူကြည့်ကြမယ် ငါ့ချစ်သူငယ်ချင်းတွေနဲ့ အချိန်မဖြုန်းရတာ ကြာပေါ့ "

Jennieရဲ့ စကားကြောင့် Lisaမှာ Jennieက သူမကို စိတ်ဆိုးပြေသွားလို့ အရမ်းပျော်သွားတယ်

"Jennie "

Lisa ပျော်ပြီး ခုန်ပေါက်ကာ Jennieကို ဖက်လိုက်သည်

"Jennie နင် ငါ့ကို ပြန်ခေါ်ပြီပေါ့ "

"အေး ငါနင့်ကို ခွင့်လွှတ်ပေးလိုက်ပြီ Manoban "

"အား ချစ်လိုက်တာ လာပါအုံး အာဘွားပေးပါရစေ"

"နမ်းရဲနမ်းကြည့်လေ နင့်နှုတ်ခမ်းကို ဖြတ်ပစ်ပြီး တစ်သက်လုံး ခွင့်မလွှတ်ဘဲ နေပစ်မှာ "

Jennieရဲ့ စကားလည်းဆုံးရော Lisaမှာ Jennie ပါးကိုနမ်းပြီး ထွက်ပြေးသွားလေသည်

"Yah Lisa "

Lisaကတော့ တဟားဟားရယ်ပြီး အခန်းထဲက ထွက်သွားသည်

Knock knock

Jennie အခန်းတံခါးခေါက်သံကြောင့် စာရွက်တွေဖတ်ရင်း မော့မကြည့်ဘဲ ဖြေလိုက်သည်

"ဝင်ခဲ့ပါ "

"Hi "

Jennieမှာ အသံပိုင်ရှင် ကြောင့် လန့်ပြီး တုန်သွားလေသည်

Jennie မော့ကြည့်လိုက်တော့ သူမကို ပြုံးပြီး ကြည့်နေတဲ့ Jisooကို တွေ့ရလေသည်

Jennie ပြန်ပြုံးပြချင်ပေမယ့် သူမက Jisooကို လွယ်လွယ်နဲ့ ခွင့်လွှတ်တယ်လို့ Jisooက တွေးမှာဆိုးလို့ ခပ်ချေချေနဲ့ Jisooကို ကြည့်လိုက်သည်

"ဒီကို ဘာလာလုပ်တာလည်း "

Jisooကို မေးပြီး Jennieမှာ သူကြည့်နေတဲ့ ဖိုင်တွေကို ပြန်ကြည့်လိုက်သည်

"နေ့လည်စာ စားချိန်ရောက်တော့မယ်ဆိုတော့ ငါတို့အတူ နေ့လည်စာ စားရအောင် လာခဲ့တာ "

Jisooမှာ ပြောပြီး စားပွဲခုံတွင် ထမင်းဘူးတွေ တင်လိုက်သည်

"ငါက နင်နဲ့အတူ နေ့လည်စာစားမယ်ထင်နေတာလား "

"ပထမဆုံး နေ့လည်စာ စားကိုစားရမယ် ဘာလို့ဆို ငါ့ Jenလေး ဗိုက်ဆာပြီး တုန်နေမှာဆိုးလို့ ဒုတိယတစ်ချက်က ငါ ကိုယ်တိုင် Jenလေး စားဖို့ ငါကိုယ်တိုင်ချက်လာတာ ပြီးတော့ Jenလေး လာမစားမချင်း ဒီရုံးခန်းထဲကနေ တဖဝါးမှ မခွာဘူး "

Jisooရဲ့ စကားကြောင့် Jennie လုပ်လက်စအလုပ်ကို ထားကာ နှာခေါင်းရှုံ့ပြီး Jisooဘေးနား သွားထိုင်လိုက်သည်

"ဒီဟာတွေက နင်တကယ်ချက်ထားတာလား Jisoo "

"ဒါပေါ့ တစ်နာရီကျော်ကြာကြာထိ စိတ်ရှည်ရှည်နဲ့ အချစ်တွေထည့်ပြီး ချက်ပေးထားတာ "

Jisooပြောပြီး ထမင်းဘူးကို ဖွင့်လိုက်သည်

"ကြည့်လေ စားကောင်းတဲ့ပုံလေး မဟုတ်လား "

"မသိဘူးလေ "

Jennie ပခုံးတွန့်ပြတော့ Jisooမှာ ပြုံးပြီး ဇွန်းကိုယူကာ ထမင်းနဲ့ဟင်းကိုခပ်လိုက်သည်

"အာ....ကလေးလေး ပါးစပ်ဟပါအုံး "

"ငါ့ဘာသာငါ စားပါမယ် "

"မရဘူး ငါ့ရဲ့ ကလေးလေးကို ကျွေးချင်လို့ "

"ငါက ကလေး မဟုတ်တော့ဘူး အသက်က ၂၄နှစ်ရှိပါပြီနော် "

"ဒါဆို ငါ့ချစ်သူကို ကျွေးမယ်ကွာ "

Jisoo မျက်ခုံးပင့်ပြပြီး ပြောတော့ Jennie တံတွေးသီးသွားလေသည်

"နေပါအုံး နင့်ချစ်သူက ငါပါလို့ ဘယ်သူပြောလည်း"

"ငါ ပြောတာလေ "

Jisoo ပြောပြီး Jennieကို ထမင်းခွံ့ကျွေးလေသည်

Jennieမှာ Jisoo ခွံ့ကျွေးတဲ့ ထမင်းနဲ့ဟင်းကိုစားရင်း

"နင် ချက်တာ ဟုတ်လို့လား စျေးကြီးတဲ့ဆိုင်က ဝယ်လာတာမလား "

"မဟုတ်ပါဘူး Jen ရ "

Jennieမှာ Jisooနဲ့အတူ နေ့လည်စာ စားပြီးနောက်

"Jisoo ငါနင့်ကို စကားပြန်ပြောပြီဆိုတိုင်း နင်လုပ်ချင်တာလုပ်လို့ရပြီ မထင်နဲ့နော် "

"ငါ ဘာမှမလုပ်ချင်သေးလို့ ငါ့ပေါင်ပေါ်လာထိုင်ပါအုံး "

Jennieကို ဆွဲထူပြီး သူမပေါင်ပေါ်ကို Jisoo တက်ထိုင်ခိုင်းသည်

သူမပေါင်ပေါ် ထိုင်နေတဲ့ Jennieကို Jisoo ဖက်လိုက်သည်

"လွမ်းလိုက်တာ "

"ဟွန့် အဲ့တာ နင့်အမှားတွေကြောင့် ဖြစ်တာလေ "

"ငါ သိပါတယ် ဒါကြောင့်မို့ ထပ်ပြီး မလိမ်တော့ဘူးလေနော် ငါ့ကို ခွင့်လွှတ်ပါနော် Jen "

Jisoo ပြောပြီး Jennieရဲ့ လည်ပင်းကို နမ်းလိုက်သောကြောင့် Jennie ကြက်သီးထသွားလေသည်

"အာ...နောက်တစ်ခါ ထပ်မလိမ်နဲ့တော့ ထပ်လိမ်လို့ကတော့ နင့်လက်ချောင်းတွေကို ဖြတ်ပစ်မှာ ဟွန့် "

"ကိုယ့် လက်ချောင်းတွေကို ဖြတ်ပစ်ရင် ကိုယ် jen ကို ဟိုအချိန်ကျ ဘယ်လိုလုပ်..."

"Yah Kim Jisoo ညစ်တီးညစ်ပတ်လျှောက်မပြောနဲ့ "

"ဘာလို့လည်း "

"ပြန်တော့ ငါလုပ်စရာအလုပ်တွေ ရှိသေးတယ် "

"အင်းပါ မပြန်ခင်....."

Jisooပြောပြီး Jennieရဲ့ ပါးနှစ်ဖက်ကို ကိုင်ကာ Jennieရဲ့ နှုတ်ခမ်းလေးကို နမ်းလေသည်

Jennieကလည်း မျက်လုံးမှိတ်ပြီး Jisooရဲ့ အနမ်းတွေကို ပြန်လည်တုံ့ပြန်လေသည်

"ငါ နင့်ကို တကယ် လွမ်းနေတာ Jen. ..နင့်ဘဝထဲ ငါ့ကိုထပ်ပြီး ဝင်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် "

#TBC

#Zawgyi

Jennie ကားထဲကေန အျပင္ဘက္မွာ ၿပဳံးၿပဳံးႀကီး မတ္တပ္ရပ္ၿပီး သူမကို ၾကည့္ေနတဲ့ Jisooကို ခိုးၾကည့္ေနသည္

"Kim Jisooဟာေလ Stupid သာ ျဖစ္တယ္ အရမ္းလွတာဘဲ "

Jisooကို ၾကည့္ရင္း Jennie တစ္ေယာက္တည္း ေရ႐ြတ္ေနသည္

Jennie မွာ Jisooကို အရမ္းလြမ္းေနခဲ့တာပါ ဟုတ္ပါတယ္ Jennie တစ္ေယာက္ Jisooက သူမကို လိမ္ညာခဲ့တာကို စိတ္တိုစိတ္ဆိုးခဲ့ေပမယ့္ Jisooဆီက ခ်စ္တယ္ဆိုတဲ့ စကားကို ၾကားရေတာ့ ခ်က္ခ်င္း အရည္ေပ်ာ္သြားခဲ့တယ္ေလ
သူ ခ်စ္ေနရတဲ့ Jisooက သူ႕ကို ခ်စ္ေနမွန္း Jennie သိေတာ့ ေတာ္ေတာ္ေလး ဝမ္းသာခဲ့မိသည္

Jisooကို Jennie ကားထဲကေန ၾကည့္ေနတုံး Jisooမွာ Jennieရဲ႕ ကားမွန္ကို လာေခါက္သည္

"ဘာလည္း '

Jennie ကားမွန္ကို ေအာက္ခ်ၿပီး ကားျပတင္းေပါက္ကေန ေခါင္းေလးထြက္ကာ ေမးေတာ့ Jisooမွာ Jennieရဲ႕ ႏႈတ္ခမ္းကို ႁပြတ္ခနဲ နမ္းၿပီး ထြက္ေျပးသြားေလသည္

"အာ "

"ကားကိုေသခ်ာေမာင္းေနာ္ Jen. .."

Jisooေျပးရင္း Jennieၾကားေအာင္ လွမ္းေအာ္လိုက္သည္

Jennieမွာေတာ့ Jisooေၾကာင့္ အသက္မရႉနိုင္ဘဲ စိတ္ေတြလႈပ္ရွားေနေသာေၾကာင့္ မ်က္လုံး ခဏမွိတ္ထားရသည္

Jennieရဲ႕ စိတ္တိုစရာေန႕ေတြက ေပ်ာက္ဆုံးသြားၿပီး ၾကည္လင္တဲ့ေန႕ေလး ျပန္ရလာသည္

Jennie သီခ်င္းေလး ညည္းၿပီး ကားေမာင္းရင္း သူမ companyကို ေရာက္လာသည္

သီခ်င္းေလးညည္းၿပီး သူမ ႐ုံးခန္းဘက္ Jennie ေလွ်ာက္လာရင္း ႐ုံးခန္းေရွ႕က စားပြဲမွာ ထိုင္ကာ အလုပ္လုပ္ေနတဲ့ Lisaကို ႏႈတ္ဆက္လိုက္သည္

"Hello Limario "

Jennie ႏႈတ္ဆက္သံေၾကာင့္ Lisaမွာ Jennieကို ေမာ့ၾကည့္ေလသည္

"ငါ့ ႐ုံးခန္းကို လာခဲ့ "

Jennie ေျပာၿပီး ႐ုံးခန္းထဲ ဝင္သြားတယ္

Lisaလည္း လုပ္လက္စအလုပ္ကို ခဏထားၿပီး Jennie ေနာက္ လိုက္သြားသည္

"ေျပာေလ Jennie "

"ငါတို႔ ႐ုပ္ရွင္အတူ ေနာက္ဆုံး ၾကည့္ခဲ့တာ ဘယ္အခ်ိန္လည္း "

"တစ္ပတ္ေက်ာ္ေလာက္ၾကာၿပီ ထင္တယ္ ဘာလို႔လည္း "

Jennieမွာ ႐ုတ္တရက္ အလုပ္နဲ႕မဆိုင္တဲ့ စကားေတြေျပာေနလို႔ Lisa အံံ့ၾသေနသည္

"Pizzaနဲ႕အေအးေတြဝယ္ၿပီး Chaeyoungကိုပါ ေခၚခဲ့ ငါ့အိမ္မွာ ႐ုပ္ရွင္အတူတူၾကည့္ၾကမယ္ ငါ့ခ်စ္သူငယ္ခ်င္းေတြနဲ႕ အခ်ိန္မျဖဳန္းရတာ ၾကာေပါ့ "

Jennieရဲ႕ စကားေၾကာင့္ Lisaမွာ Jennieက သူမကို စိတ္ဆိုးေျပသြားလို႔ အရမ္းေပ်ာ္သြားတယ္

"Jennie "

Lisa ေပ်ာ္ၿပီး ခုန္ေပါက္ကာ Jennieကို ဖက္လိုက္သည္

"Jennie နင္ ငါ့ကို ျပန္ေခၚၿပီေပါ့ "

"ေအး ငါနင့္ကို ခြင့္လႊတ္ေပးလိုက္ၿပီ Manoban "

"အား ခ်စ္လိုက္တာ လာပါအုံး အာဘြားေပးပါရေစ"

"နမ္းရဲနမ္းၾကည့္ေလ နင့္ႏႈတ္ခမ္းကို ျဖတ္ပစ္ၿပီး တစ္သက္လုံး ခြင့္မလႊတ္ဘဲ ေနပစ္မွာ "

Jennieရဲ႕ စကားလည္းဆုံးေရာ Lisaမွာ Jennie ပါးကိုနမ္းၿပီး ထြက္ေျပးသြားေလသည္

"Yah Lisa "

Lisaကေတာ့ တဟားဟားရယ္ၿပီး အခန္းထဲက ထြက္သြားသည္

Knock knock

Jennie အခန္းတံခါးေခါက္သံေၾကာင့္ စာ႐ြက္ေတြဖတ္ရင္း ေမာ့မၾကည့္ဘဲ ေျဖလိုက္သည္

"ဝင္ခဲ့ပါ "

"Hi "

Jennieမွာ အသံပိုင္ရွင္ ေၾကာင့္ လန့္ၿပီး တုန္သြားေလသည္

Jennie ေမာ့ၾကည့္လိုက္ေတာ့ သူမကို ၿပဳံးၿပီး ၾကည့္ေနတဲ့ Jisooကို ေတြ႕ရေလသည္

Jennie ျပန္ၿပဳံးျပခ်င္ေပမယ့္ သူမက Jisooကို လြယ္လြယ္နဲ႕ ခြင့္လႊတ္တယ္လို႔ Jisooက ေတြးမွာဆိုးလို႔ ခပ္ေခ်ေခ်နဲ႕ Jisooကို ၾကည့္လိုက္သည္

"ဒီကို ဘာလာလုပ္တာလည္း "

Jisooကို ေမးၿပီး Jennieမွာ သူၾကည့္ေနတဲ့ ဖိုင္ေတြကို ျပန္ၾကည့္လိုက္သည္

"ေန႕လည္စာ စားခ်ိန္ေရာက္ေတာ့မယ္ဆိုေတာ့ ငါတို႔အတူ ေန႕လည္စာ စားရေအာင္ လာခဲ့တာ "

Jisooမွာ ေျပာၿပီး စားပြဲခုံတြင္ ထမင္းဘူးေတြ တင္လိုက္သည္

"ငါက နင္နဲ႕အတူ ေန႕လည္စာစားမယ္ထင္ေနတာလား "

"ပထမဆုံး ေန႕လည္စာ စားကိုစားရမယ္ ဘာလို႔ဆို ငါ့ Jenေလး ဗိုက္ဆာၿပီး တုန္ေနမွာဆိုးလို႔ ဒုတိယတစ္ခ်က္က ငါ ကိုယ္တိုင္ Jenေလး စားဖို႔ ငါကိုယ္တိုင္ခ်က္လာတာ ၿပီးေတာ့ Jenေလး လာမစားမခ်င္း ဒီ႐ုံးခန္းထဲကေန တဖဝါးမွ မခြာဘူး "

Jisooရဲ႕ စကားေၾကာင့္ Jennie လုပ္လက္စအလုပ္ကို ထားကာ ႏွာေခါင္းရႈံ႕ၿပီး Jisooေဘးနား သြားထိုင္လိုက္သည္

"ဒီဟာေတြက နင္တကယ္ခ်က္ထားတာလား Jisoo "

"ဒါေပါ့ တစ္နာရီေက်ာ္ၾကာၾကာထိ စိတ္ရွည္ရွည္နဲ႕ အခ်စ္ေတြထည့္ၿပီး ခ်က္ေပးထားတာ "

Jisooေျပာၿပီး ထမင္းဘူးကို ဖြင့္လိုက္သည္

"ၾကည့္ေလ စားေကာင္းတဲ့ပုံေလး မဟုတ္လား "

"မသိဘူးေလ "

Jennie ပခုံးတြန့္ျပေတာ့ Jisooမွာ ၿပဳံးၿပီး ဇြန္းကိုယူကာ ထမင္းနဲ႕ဟင္းကိုခပ္လိုက္သည္

"အာ....ကေလးေလး ပါးစပ္ဟပါအုံး "

"ငါ့ဘာသာငါ စားပါမယ္ "

"မရဘူး ငါ့ရဲ႕ ကေလးေလးကို ေကြၽးခ်င္လို႔ "

"ငါက ကေလး မဟုတ္ေတာ့ဘူး အသက္က ၂၄ႏွစ္ရွိပါၿပီေနာ္ "

"ဒါဆို ငါ့ခ်စ္သူကို ေကြၽးမယ္ကြာ "

Jisoo မ်က္ခုံးပင့္ျပၿပီး ေျပာေတာ့ Jennie တံေတြးသီးသြားေလသည္

"ေနပါအုံး နင့္ခ်စ္သူက ငါပါလို႔ ဘယ္သူေျပာလည္း"

"ငါ ေျပာတာေလ "

Jisoo ေျပာၿပီး Jennieကို ထမင္းခြံ႕ေကြၽးေလသည္

Jennieမွာ Jisoo ခြံ႕ေကြၽးတဲ့ ထမင္းနဲ႕ဟင္းကိုစားရင္း

"နင္ ခ်က္တာ ဟုတ္လို႔လား ေစ်းႀကီးတဲ့ဆိုင္က ဝယ္လာတာမလား "

"မဟုတ္ပါဘူး Jen ရ "

Jennieမွာ Jisooနဲ႕အတူ ေန႕လည္စာ စားၿပီးေနာက္

"Jisoo ငါနင့္ကို စကားျပန္ေျပာၿပီဆိုတိုင္း နင္လုပ္ခ်င္တာလုပ္လို႔ရၿပီ မထင္နဲ႕ေနာ္ "

"ငါ ဘာမွမလုပ္ခ်င္ေသးလို႔ ငါ့ေပါင္ေပၚလာထိုင္ပါအုံး "

Jennieကို ဆြဲထူၿပီး သူမေပါင္ေပၚကို Jisoo တက္ထိုင္ခိုင္းသည္

သူမေပါင္ေပၚ ထိုင္ေနတဲ့ Jennieကို Jisoo ဖက္လိုက္သည္

"လြမ္းလိုက္တာ "

"ဟြန့္ အဲ့တာ နင့္အမွားေတြေၾကာင့္ ျဖစ္တာေလ "

"ငါ သိပါတယ္ ဒါေၾကာင့္မို႔ ထပ္ၿပီး မလိမ္ေတာ့ဘူးေလေနာ္ ငါ့ကို ခြင့္လႊတ္ပါေနာ္ Jen "

Jisoo ေျပာၿပီး Jennieရဲ႕ လည္ပင္းကို နမ္းလိုက္ေသာေၾကာင့္ Jennie ၾကက္သီးထသြားေလသည္

"အာ...ေနာက္တစ္ခါ ထပ္မလိမ္နဲ႕ေတာ့ ထပ္လိမ္လို႔ကေတာ့ နင့္လက္ေခ်ာင္းေတြကို ျဖတ္ပစ္မွာ ဟြန့္ "

"ကိုယ့္ လက္ေခ်ာင္းေတြကို ျဖတ္ပစ္ရင္ ကိုယ္ jen ကို ဟိုအခ်ိန္က် ဘယ္လိုလုပ္..."

"Yah Kim Jisoo ညစ္တီးညစ္ပတ္ေလွ်ာက္မေျပာနဲ႕ "

"ဘာလို႔လည္း "

"ျပန္ေတာ့ ငါလုပ္စရာအလုပ္ေတြ ရွိေသးတယ္ "

"အင္းပါ မျပန္ခင္....."

Jisooေျပာၿပီး Jennieရဲ႕ ပါးႏွစ္ဖက္ကို ကိုင္ကာ Jennieရဲ႕ ႏႈတ္ခမ္းေလးကို နမ္းေလသည္

Jennieကလည္း မ်က္လုံးမွိတ္ၿပီး Jisooရဲ႕ အနမ္းေတြကို ျပန္လည္တုံ႕ျပန္ေလသည္

"ငါ နင့္ကို တကယ္ လြမ္းေနတာ Jen. ..နင့္ဘဝထဲ ငါ့ကိုထပ္ၿပီး ဝင္ခြင့္ေပးလို႔ ေက်းဇူးတင္ပါတယ္ "

#TBC

Bạn đang đọc truyện trên: Truyen3h.Co