Truyen3h.Co

Lies

Part 17

KimFany059

#unicode

Jennie အိပ်နေရင်း တစ်ခုခုထူးဆန်းသလို ခံစားရလို့ မျက်လုံးဖွင့်ကြည့်သောအခါ

"နိုးပြီလား အချစ်ကလေး "

သူမကိုယ်ပေါ်ကို အုပ်မိုးကာ ပြုံးပြီး ကြည့်နေတဲ့ Jisooကို တွေ့ရလေသည်

"Yah ဘာလာလုပ်တာလည်း "

Jennie အော်ပြီး Jisooကို တွန်းပစ်လိုက်သည်

"ရန်လိုတတ်တဲ့ ကောင်မလေးဘဲ သဘောကျလိုက်တာ Aigoo "

Jisoo ပြောပြီး Jennie ကိုယ်ပေါ် တက်ခွပြန်သည်

"စောစောစီးစီး ငါ့ကို annoying ဖြစ်အောင်လုပ်ပြန်ပြီ Kim Jisoo ရေ ဒီကို ဘယ်လိုဝင်လာတာလည်း "

"ငါ့မှာ ပွားထားတဲ့ သော့ရှိတယ်လေ ဟီးဟီး...ကဲ အိပ်ရာကထတော့ ငါတို့အတွက် တစ်ခုခုစီစဥ်ထားတယ်  "

Jisooပြောပြီး Jennieကို ဆွဲထူလိုက်သည်

"စနေနေ့ အလုပ်ပိတ်ရက်လေးမှာ အေးဆေးနားပါရစေအုံး ....."

"မရဘူး အပြင်သွားရအောင်ပါ "

"အပြင်မှာအေးတယ် ငါ အပြင်မထွက်ချင်ဘူး Jisoo "

"ဒါဆိုရင် ဒီနေ့ တစ်နေကုန် အိမ်တွင်းအောင်းပြီး ကုတင်ပေါ်မှာဘဲ နေမလို့လား "

Jisoo မေးတော့ Jennie ခေါင်းညိတ်ပြသည်

"ကောင်းသားဘဲ ငါတို့နှစ်ယောက်လုံး ကုတင်ပေါ်မှာဘဲ တစ်နေကုန်လုံး အချိန်ဖြုန်းကြတာပေါ့ "

Jisooက စပ်ဖြီးဖြီးနဲ့ ပြောတော့ Jennieမှာ သဘောပေါက်သွားပြီး

"Yah ငါက အဲ့လိုသဘောနဲ့ပြောတာ မဟုတ်ဘူး "

"ဒါပေမယ့် ငါတို့ အဲ့လိုလုပ်လို့ရတာဘဲ "

Jisooမှာ ပြောပြီး Jennieရဲ့ လည်ပင်းလေးကို နမ်းလေသည်

Jennie ရုန်းဖို့လုပ်ပေမယ့် Jennieရဲ့ လက်နှစ်ဖက်ကို Jisooက ချူပ်ထားသည်

"Ji. ..."

Jisooမှာ Jennie လည်ပင်းကို နမ်းနေရာမှ ရပ်သွားသည်

ထို့နောက် Jennieပေါ်က ဖယ်ပြီး ကုတင်ပေါ်က ဆင်းလိုက်သည်

"ငါ နင့်ကို ဆက်နမ်းချင်ပေမယ့်...ငါတို့ အပြင်သွားရအောင်လေနော် Jen "

Jennieရဲ့ နှုတ်ခမ်းလေးကို Jisoo နမ်းပြီး Jennieကို ပွေ့ချီလိုက်သည်

"Yah ဘာလုပ်တာလည်း "

Jisooမှာ Jennieကို ရေချိုးခန်းထဲ ခေါ်သွားလေသည်

"ရေသေချာချိုးနော် ငါ  ဧည့်ခန်းထဲမှာ စောင့်နေမယ် "

Jisooပြောပြီး Jennieရဲ့ နဖူးကိုနမ်းကာ အခန်းထဲက ထွက်သွားသည်

နာရီဝက်လောက် ကြာသောအခါ Jennie တစ်ယောက် ရေချိုး အဝတ်အစားဝတ်ပြီး ထွက်လာလေသည်

"နောက်ဆုံးတော့ ရေချိုးပြီးပြီဘဲ ဒီမှာ စောင့်ရင်း အဘွားကြီး ဖြစ်တော့မယ် "

"ဘာလည်း နင်က ငြိုငြင်တာလား "

"မငြိုငြင်ပါဘူးနော် ငါက အဘွားကြီးဖြစ်ပြီး သေသွားတဲ့အထိ နင့်ဘေးနားမှာဘဲနေသွားချင်တာ "

Jisooရဲ့ စကားကြောင့် Jennie ရင်ခုန်သွားတယ်

Jisooဟာလေ ထပ်ပြီး Jennieကို ရှက်အောင် လုပ်နေပြန်ပြီ

Jennie ရှက်ပြီး မျက်နှာလေး နီရဲနေတာကို Jisoo မှာ သတိထားမိသွားတယ်

"Aigoo နင် ရှက်ပြီး မျက်နှာလေး နီရဲလို့ "

"Shut up "

"ကဲ လာပါ သွားကြစို့ "

Jennieရဲ့ လက်ကိုတွဲပြီး Jisoo သူမကားရှိရာသို့ ခေါ်လာသည်

"Jisoo ငါတို့ဘယ်သွားနေတာလည်း "

Jennie မှာ သူမ မရင်းနှီးတဲ့ လမ်းမပေါ် ရောက်နေလို့ Jisooကို မေးလိုက်သည်

"စိတ်ရှည်ရှည်နဲ့ လိုက်ခဲ့ပါ Jendeukie ရ စိတ်ကလည်း အရပ်အတိုင်းဘဲ "

"ဘာ....နင်နော် "

"Hahaha "

Jennieကို စနောက်ပြီး Jisooမှာ သဘောကျလို့ တဟားဟား ရယ်လေသည်

ထို့နောက် တစ်နေရာကို ရောက်တော့ Jisoo ကားရပ်လိုက်သည်

"Dog Cafe. ...Jisoo နင်က ငါ့ကို ဒိတ်ဖို့ ဒီနေရာ ခေါ်လာတာလား "

"ဟုတ်တယ် ခွေးလေးတွေနဲ့ ဘယ်လောက်ပျော်ဖို့ကောင်းမလည်း "

Jennieမှာ ဆိုင်းဘုတ်ကိုဖတ်ရင်း စိတ်ထဲမှာ ကြိတ်ပျော်နေတယ်

သူမက ခွေးချစ်တတ်တဲ့သူလေ ခွေးလေးတွေရှိတဲ့ cafeဆိုင်တွေဆီ သွားချင်ပေမယ့် တစ်ယောက်တည်းဖြစ်နေလို့ရော အချိန်မအားလို့ရော မသွားနိုင်ခဲ့ဘူးလေ

Jisooက တကယ်ဘဲ Jennieရဲ့ စိတ်ကိုသိနေတယ်

"လာ အထဲဝင်ကြစို့ "

Jennieတို့လည်း အထဲဝင်ရော ခွေးလေးတွေမှာ Jennieတို့ဆီ ပြေးလာကြသည်

Jisooမှာ ခွေးတွေကြားထဲ ပျော်နေတဲ့ Jennie ကို ဓာတ်ပုံ ရိုက်ပေးဖို့ ဘောင်းဘီအိတ်ထဲ ဖုန်းစမ်းတော့ ဖုန်းကိုမတွေ့ရပေ

"အာ ကားထဲဖုန်းကျန်ခဲ့ပြီထင်တယ် Jen ခဏနော် ဖုန်းသွားယူလိုက်အုံးမယ် "

Jisooမှာ ဖုန်းသွားယူနေစဥ် Jennie ကတော့ ခွေးလေးတွေနဲ့ ဆော့နေသည်

"Kumaကိုပါ ခေါ်ခဲ့ရမှာ သူတစ်ကောင်တည်း ပျင်းနေမှာ.... Hey bubby လာပါအုံး ချစ်စရာလေး "

သူ့ဆီကို ပြေးလာပြီးချွဲနေတဲ့ ခွေးဖြူလေးတစ်ကောင်ကို Jennie ပွေ့ချီလိုက်သည်

"သူ့နာမည်က Dalgomတဲ့ သူ့ကြည့်ရတာ မင်းကို သဘောကျတဲ့ပုံဘဲ "

ကောင်မလေးတစ်ယောက် ရောက်လာပြီး Jennieတို့ကို ကြည့်ကာ ပြောလိုက်သည်

"ဟုတ်တယ်နော် ဟီး "

"တကယ်တော့ သူက စွန့်ပစ်ခံရတဲ့ ခွေးလေးလေ လွန်ခဲ့တဲ့ လက Jisooက လမ်းမှာ တွေ့ပြီး ဒီကိုခေါ်လာတာ

"ဟင် တကယ်လား ဒါဆို ဘာလို့ Jisooက သူ့ကိုအိမ်ခေါ်မလာတာလည်း "

ခွေးလေးတွေကို ချစ်တတ်တဲ့ Jisooမှာ Dalgomကို ဘာလို့ အိမ်ခေါ်မလာဘဲ ဒီကိုပို့လိုက်လည်းဆိုပြီး Jennie တွေးနေသည်

"သူပြောတာကတော့ "

"Hey Jen "

Jisooမှာ cafeထဲဝင်လာပြီး Jennie ခါးကို ဖက်လိုက်သည်

"Jennie သူက Kim Taeyeonတဲ့ ဒီ cafeဆိုင် ပိုင်ရှင်ပေါ့ Taeyeon Unnie သူကတော့ Chawကောင်မလေး Jennie Kimတဲ့ ဟီး "

Jisooမှာ Jennieနဲ့ Taeyeon ကို မိတ်ဆက်ပေးလိုက်သည်

"Tae.... Princeရဲ့ အရုပ်လေး ဘယ်မှာ အို ဧည့်သည်ရောက်နေတာလား "

"မိတ်ဆက်ပေးရအုံးမယ် ဒါက ငါ့မိန်းမ Tiffanyတဲ့ "

Taeyeonမှာ သူမဆီလျှောက်လာတဲ့ Tiffanyရဲ့ လက်ကိုဆွဲပြီး Jisooတို့နဲ့ မိတ်ဆက်ပေးလေသည်

Jennieမှာ Taeyeonရဲ့ စကားကြောင့် အရမ်းအံ့သြသွားတယ်

"လက်ထပ်ထားပြီးသားလား "

"ဒါပေါ့ Jennieရ..."

"Tae. .ကလေးတွေ နှစ်ယောက်တည်း ပျော်ပါစေ လာ Princeက သူ့အရုပ်ပျောက်နေလို့တဲ့ လာတိုင်နေတယ် သွားရှာရအောင် Jisoo Shii ခွင့်ပြုပါအုံးနော် "

"ပျော်ပျော်ဆော့ကြနော် Guys "

Fanyမှာ Jisooတို့ကို နှုတ်ဆက်ပြီး Taeyeonလက်ကို တွဲကာ အခန်းထဲ ခေါ်သွားသည်

"ငါလည်း သူတို့လိုဖြစ်ချင်လိုက်တာ..."

"Dog cafe ပိုင်ရှင်လား "

Jisooရဲ့ စကားကို Jennie နောက်ပြောင်လိုက်သည်

"မဟုတ်ဘူး နင်နဲ့လက်ထပ်ချင်တာ နင့်မိန်းမ ဖြစ်ချင်တာ "

Jisooက ရုပ်တည်နဲ့ ပြောလို့ Jennieမှာ ရင်တွေအရမ်းခုန်သွားသည်

Jisoo ဆက်ပြောမှာဆိုးလို့ Jennie အမြန်ဘဲ စကားလမ်းကြောင်း လွှဲလိုက်ရသည်

"Dalgomကို ဘာလို့ အိမ်ခေါ်မလာတာလည်း "

"ဘာလို့ဆို အဲ့တုံးက နင့်အိမ်မှာ နေနေလို့လေ......နောက်ကျရင် သူ့ကိုခေါ်လာမှာပါ "

Dog cafeတွင် သုံးနာရီလောက် ခွေးလေးတွေနဲ့ဆော့ကစားပြီးနောက် နေ့လည်စာစားဖို့ စားသောက်ဆိုင်ကို ခေါ်သွားသည်

နေ့လည်စာကို ဟာသတွေပြောရင်း စားသောက်ပြီးနောက် Jennieနဲ့ Movie Dateလုပ်ဖို့ ရုပ်ရှင်ရုံကို Jisoo ခေါ်သွားလေသည်

Jensooတို့ ရုပ်ရှင်ကြည့်ပြီး ညစာစားပြီးနောက် အိမ်ကိုပြန်လာကြသည်

"ဂါး.... ပင်ပန်းလိုက်တာ "

Jennie ညည်းညူပြီး ကုတင်ပေါ်ပစ်လှဲလိုက်သည်

Jisooလည်း Jennieဘေး ပစ်လှဲပြီး Jennieကို ဖက်လိုက်သည်

"အိမ်မပြန်ဘူးလား "

"အားသွင်းချင်လို့ ခဏဖက်ထားချင်တယ် "

"ငါက အားသွင်းကြိုးနဲ့တူနေတာလား Jisoo "

"ဟုတ်တယ် "

Jisooပြောပြီး Jennieရဲ့ ပခုံးကို နမ်းလိုက်သည်

"ညကိုးနာရီကျော်နေပြီ.... ညနက်နေပြီမို့ ငါအိမ်မပြန်တော့ဘူး ဒီမှာနေလို့ရတယ်မလား Jen "

"ရပါတယ်.....ငါလည်း မပြန်ခိုင်းမလို့ တစ်ယောက်တည်း ပြန်တာ အန္တရာယ် များ...Yah Kim Jisoo "

Jisooမှာ သူမအပေါ် တက်ခွလိုက်သောကြောင့် Jennie တစ်ယောက် အော်ရပြန်သည်

#TBC

#zawgyi

#unicode


"နိုးပြီလား အချစ်ကလေး "


"Yah ဘာလာလုပ်တာလည်း "


















"Ji. ..."





"Yah ဘာလုပ်တာလည်း "












"Shut up "

"ကဲ လာပါ သွားကြစို့ "





"ဘာ....နင်နော် "

"Hahaha "








"လာ အထဲဝင်ကြစို့ "









"ဟုတ်တယ်နော် ဟီး "




"သူပြောတာကတော့ "

"Hey Jen "








"လက်ထပ်ထားပြီးသားလား "

"ဒါပေါ့ Jennieရ..."





"Dog cafe ပိုင်ရှင်လား "










"ဂါး.... ပင်ပန်းလိုက်တာ "



"အိမ်မပြန်ဘူးလား "



"ဟုတ်တယ် "





#TBC

Bạn đang đọc truyện trên: Truyen3h.Co